Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

လာအုိ ပထမဆံုးကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္

ဗီယန္က်န္း၊ ႏို၀င္ဘာ-၂၃ ။              ။ လာအိုႏိုင္ငံ၏ ပထမဆံုး ဆက္သြယ္ေရးၿဂိဳဟ္တု Lao Sat-1ကို ႏိုင္၀င္ဘာ ၂၁ရက္ေန႔က ေဒသစံေတာ္ခ်ိန္ ၀၀:o၇ နာရီတြင္ ဆီခြၽန္ျပည္နယ္ ရွီခ်န္း ၿဂိဳဟ္တုလႊတ္တင္ေရးဌာနမွ ပတ္လမ္းအတြင္းသို႔ လႊတ္တင္ခဲ့သည္။
Lao Sat-1ၿဂိဳဟ္တုမွာ အျမင့္တြင္ ဒုံုးပ်ံမွ ေအာင္ျမင္စြာ ခြဲထြက္သြားခဲ့ၿပီး ပ်ံတက္အၿပီးတြင္ ၄င္း၏ ဆိုလာျပားမ်ားကို ျဖန္႔က်က္လိုက္သည္ဟု ဆိုသည္။
ထိုၿဂိဳဟ္တုကို ကန္ေဒၚလာ ၂၅၉သန္း ကုန္က်သည့္ စီမံကိန္းျဖင့္ တရုတ္က ဒီဇုိင္းထုတ္ တည္ေဆာက္ကာ ပတ္လမ္းအတြင္းသို႔ လႊတ္တင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
သိပၸံပညာရွင္မ်ား၏ ေျပာၾကားခ်က္အရ ကုလသမဂၢအဖြဲ႕၀င္ ၁၉၃ႏိုင္ငံအနက္ တစ္၀က္ေလ်ာ့ေလ်ာ့ခန္႔မွာ ယခုအခ်ိန္အထိ ကိုယ္ပိုင္ၿဂိဳဟ္တု မရွိၾကေသးဟု ဆိုသည္။
အဆိုပါ ၿဂိဳဟ္တုလႊတ္တင္ပြဲအခမ္းအနားသို႔ လာအိုဒီမိုကရတ္တစ္သမၼတႏိုင္ငံ ဒုတိယသမၼတ ဘြန္ဟမ္း ဗုိရာခ်စ္ႏွင့္ ၀န္ႀကီးမ်ား၊ လာအိုႏွင့္ တရုတ္ႏိုင္ငံတို႔မွ အႀကီးတန္း အစိုးရအရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကသည္ဟု ဆိုသည္။  
ဘြန္ဟမ္းက ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ႏိုင္သည့္အတြက္ လာအိုႏိုင္ငံအေနျဖင့္ ဂုဏ္ယူေၾကာင္း၊ လာအိုသမိုင္းတြင္ မွတ္တိုင္တစ္ခုဟု ယူဆေၾကာင္း ေျပာၾကားခဲ့သည္။
ဆက္လက္ၿပီး ၿဂိဳဟ္တုလႊတ္တင္မႈက လာအိုႏွင့္ တရုတ္ၾကား ဆက္ဆံေရးႏွင့္ မဟာဗ်ဴဟာေျမာက္ အက်ိဳးတူဖက္ျဖစ္မႈကို ထည့္၀င္ျမွင့္တင္လိမ့္မည္ျဖစ္ေၾကာင္းလည္း ဘြန္ဟမ္းက ေျပာၾကားခဲ့သည္။
ၿဂိဳဟ္တုကို အစိုးရအလုပ္အတြက္ ဆက္သြယ္ေရးခ်ိတ္ဆက္မ်ား ထူေထာင္ႏိုင္ေအာင္ႏွင့္ လာအိုႏိုင္ငံတြင္ ရုပ္သံ ထုတ္လႊင့္မႈႏွင့္ ဆက္သြယ္ေရးအသံုးမ်ားကို တြင္တြင္က်ယ္က်ယ္ သံုးလာႏိုင္ေစရန္ ရည္ရြယ္ဒီဇိုင္းထုတ္ထားျခင္းျဖစ္သည္ဟု ဆိုသည္။
ပညာေရး၊ က်န္းမာေရး၊ ကာကြယ္ေရးႏွင့္ လံုၿခံဳေရးအပါအ၀င္ အျခားရည္ရြယ္ခ်က္မ်ားအတြက္လည္း ၿဂိဳဟ္တုကို အသံုးျပဳႏုိင္သည္ဟု ဆိုသည္။
- See more at: http://mizzimaburmese.com/article/7763#sthash.PiUED1Of.yEPUztwv.dpuf
..........................
ကမ္ဘာ့သတင်း
The Nation


ဗီယန်ကျန်း၊ နိုဝင်ဘာ-၂၃ ။              ။ လာအိုနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု Lao Sat-1ကို နိုင်ဝင်ဘာ ၂၁ရက်နေ့က ဒေသစံတော်ချိန် ၀၀:o၇ နာရီတွင် ဆီချွန်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးဌာနမှ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့သည်။

Lao Sat-1ဂြိုဟ်တုမှာ အမြင့်တွင် ဒုုံးပျံမှ အောင်မြင်စွာ ခွဲထွက်သွားခဲ့ပြီး ပျံတက်အပြီးတွင် ၄င်း၏ ဆိုလာပြားများကို ဖြန့်ကျက်လိုက်သည်ဟု ဆိုသည်။

ထိုဂြိုဟ်တုကို ကန်ဒေါ်လာ ၂၅၉သန်း ကုန်ကျသည့် စီမံကိန်းဖြင့် တရုတ်က ဒီဇိုင်းထုတ် တည်ဆောက်ကာ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံအနက် တစ်ဝက်လျော့လျော့ခန့်မှာ ယခုအချိန်အထိ ကိုယ်ပိုင်ဂြိုဟ်တု မရှိကြသေးဟု ဆိုသည်။

အဆိုပါ ဂြိုဟ်တုလွှတ်တင်ပွဲအခမ်းအနားသို့ လာအိုဒီမိုကရတ်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ ဘွန်ဟမ်း ဗိုရာချစ်နှင့် ၀န်ကြီးများ၊ လာအိုနှင့် တရုတ်နိုင်ငံတို့မှ အကြီးတန်း အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။  

ဘွန်ဟမ်းက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်သည့်အတွက် လာအိုနိုင်ငံအနေဖြင့် ဂုဏ်ယူကြောင်း၊ လာအိုသမိုင်းတွင် မှတ်တိုင်တစ်ခုဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂြိုဟ်တုလွှတ်တင်မှုက လာအိုနှင့် တရုတ်ကြား ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် အကျိုးတူဖက်ဖြစ်မှုကို ထည့်ဝင်မြှင့်တင်လိမ့်မည်ဖြစ်ကြောင်းလည်း ဘွန်ဟမ်းက ပြောကြားခဲ့သည်။

ဂြိုဟ်တုကို အစိုးရအလုပ်အတွက် ဆက်သွယ်ရေးချိတ်ဆက်များ ထူထောင်နိုင်အောင်နှင့် လာအိုနိုင်ငံတွင် ရုပ်သံ ထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးအသုံးများကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်စေရန် ရည်ရွယ်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် လုံခြံုရေးအပါအဝင် အခြားရည်ရွယ်ချက်များအတွက်လည်း ဂြိုဟ်တုကို အသုံးပြုနိုင်သည်ဟု ဆိုသည်။


- See more at: http://mizzimaburmese.com/article/7763#sthash.PiUED1Of.yEPUztwv.dpuf

No comments:

Post a Comment