လူေတြ၊ တိရိစာၦန္ေတြ အလုပ္လုပ္တဲ႔အတိုင္း စက္ရုပ္တစ္ခုက သူ႔ကိုယ္တိုင္ လမ္းေၾကာင္းျပၿပီး ဘယ္လိုေမာင္းႏွင္မယ္ဆိုတဲ႔ အေၾကာင္းကို စင္ကာပူ သိပၸံ၊ နည္းပညာႏွင္႔ သုေတသန အစိုးရဌာနမွ သုေတသီမ်ားအဖြဲ႕က ထုတ္ျပန္ေၾကညာခဲ႔ပါတယ္။
သတၱဝါေတြကို သဘာဝအတိုင္း ေျမမ်က္ႏွာျပင္အေနအထား သိရွိဖို႔ ကူညီေပးတဲ႔ ဦးေႏွာက္ဆဲလ္ ႏွစ္မ်ိဳးကို ဒီဂ်စ္တယ္လ္ နည္းနဲ႔ ဖန္တီးပြားယူၿပီး စက္ရုပ္ေတြမွာ အလုပ္လုပ္ႏုိင္ေစခဲ႔တယ္လို႔ သတင္း ရရွိပါတယ္။
ဒီဦးေႏွာက္ဆဲလ္ေတြကို “Grid” နဲ႔ “Place” ဆဲလ္ေတြဆိုၿပီး သိထားၾကပါတယ္။
Place ဆဲလ္ေတြကို ႏိုဘယ္လ္ဆုရွင္ ဦးေႏွာက္သိပၸံပညာရွင္ John O’Keefe က ၁၉၇၀ ခုႏွစ္မွာ ပထမဆံုးအႀကိမ္ ရွာေဖြေတြ႕ရွိခဲ႔တာပါ။ သတၱဝါတစ္ေကာင္က သူ႔ပတ္ဝန္းက်င္မွာ ရင္းႏွီးၿပီးသား ေနရာကိုျဖတ္သြားတိုင္း ဒီဆဲလ္ေတြက အလုပ္လုပ္ေပးပါတယ္။
Grid ဆဲလ္ေတြကိုေတာ႔ ၂၀၀၅ခုႏွစ္မွာ ရွာေတြ႔ခဲ႔ၿပီး သူတို႔က 3D ေနရာလြတ္ တည္ေနရာေတြကို အေသးစိတ္ ခံစားသိရွိဖို႔နဲ႔ စိတ္ေျမပံု တည္ေဆာင္ဖို႔ကို ကူညီေပးပါတယ္။
“ဖန္တီးထားတဲ႔ Grid ဆဲလ္ေတြက က်င္႔သားရႏိုင္တဲ႔ ေျမပံုနဲ႔ လမ္းေၾကာင္းျပ စနစ္ကို ေထာက္ပံ႔ေပးႏုိင္ပါတယ္။” လို႔ ဦးေဆာင္သုေတသီ Haizhou Li ကေျပာခဲ႔ပါတယ္။
( Skyler )
#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com
Ref: engadget
................
ဖန်တီးထားတဲ့ ဦးနှောက်ဆဲလ်တွေက စက်ရုပ်တွေကို အလိုအလျောက် မောင်းနှင်မှုအတတ်ပေး
ဖန်တီးထားတဲ့ ဦးနှောက်ဆဲလ်တွေက စက်ရုပ်တွေကို အလိုအလျောက် မောင်းနှင်မှုအတတ်ပေး
လူတွေ၊ တိရိစ္ဆာန်တွေ အလုပ်လုပ်တဲ့အတိုင်း စက်ရုပ်တစ်ခုက သူ့ကိုယ်တိုင် လမ်းကြောင်းပြပြီး ဘယ်လိုမောင်းနှင်မယ်ဆိုတဲ့ အကြောင်းကို စင်ကာပူ သိပ္ပံ၊ နည်းပညာနှင့် သုတေသန အစိုးရဌာနမှ သုတေသီများအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သတ္တဝါတွေကို သဘာဝအတိုင်း မြေမျက်နှာပြင်အနေအထား သိရှိဖို့ ကူညီပေးတဲ့ ဦးနှောက်ဆဲလ် နှစ်မျိုးကို ဒီဂျစ်တယ်လ် နည်းနဲ့ ဖန်တီးပွားယူပြီး စက်ရုပ်တွေမှာ အလုပ်လုပ်နိုင်စေခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ဒီဦးနှောက်ဆဲလ်တွေကို “Grid” နဲ့ “Place” ဆဲလ်တွေဆိုပြီး သိထားကြပါတယ်။
Place ဆဲလ်တွေကို နိုဘယ်လ်ဆုရှင် ဦးနှောက်သိပ္ပံပညာရှင် John O’Keefe က ၁၉၇၀ ခုနှစ်မှာ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တာပါ။ သတ္တဝါတစ်ကောင်က သူ့ပတ်ဝန်းကျင်မှာ ရင်းနှီးပြီးသား နေရာကိုဖြတ်သွားတိုင်း ဒီဆဲလ်တွေက အလုပ်လုပ်ပေးပါတယ်။
Grid ဆဲလ်တွေကိုတော့ ၂၀၀၅ခုနှစ်မှာ ရှာတွေ့ခဲ့ပြီး သူတို့က 3D နေရာလွတ် တည်နေရာတွေကို အသေးစိတ် ခံစားသိရှိဖို့နဲ့ စိတ်မြေပုံ တည်ဆောင်ဖို့ကို ကူညီပေးပါတယ်။
“ဖန်တီးထားတဲ့ Grid ဆဲလ်တွေက ကျင့်သားရနိုင်တဲ့ မြေပုံနဲ့ လမ်းကြောင်းပြ စနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။” လို့ ဦးဆောင်သုတေသီ Haizhou Li ကပြောခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: engadget
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 23, 2015
ဖန္တီးထားတဲ႔ ဦးေႏွာက္ဆဲလ္ေတြက စက္ရုပ္ေတြကို အလိုအေလ်ာက္ ေမာင္းႏွင္မႈအတတ္ေပး
ဖန္တီးထားတဲ႔ ဦးေႏွာက္ဆဲလ္ေတြက စက္ရုပ္ေတြကို အလိုအေလ်ာက္ ေမာင္းႏွင္မႈအတတ္ေပး
Reviewed by MP4 YoU
on
October 23, 2015
Rating: 5
Reviewed by MP4 YoU
on
October 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment