Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 28, 2015

ယုံကြည်ချက်ကို အသက်နှင့် လဲသူ (သို့မဟုတ်) တိုက်ရေယာဉ် ၁၀၃

မျက်နှာက တင်းမာခက်ထန်နေသည်။ မျက်လုံးများက ထီမထင်၊သရော်အပြုံးနှင့် လေးထောင့်ကျကျ မေးရိုးကလာမည့်ဘေးပြေးတွေ့မည့်သဏ္ဌာန်၊ ကျန်းမာရေး ချို့ယွင်းနေပုံရသော်လည်း ကိုယ်နေဟန်မတ်မတ်က ဘာကိုမျှ မကြောက်ရွံ့သည့်ဟန်၊ အမှန်တရား
အတွက် မတရားမှုများအတွက် သေသေကျေကျေ အဆုံးစွန်အထိ တိုက်ဖျက်သွားမည့် သဏ္ဌာန် . . ။

လွန်ခဲ့သော (၂၇)နှစ်က အစိုးရသတင်းစာကျောဖုံးတွင်ပါ လာသည့် ထိုဓာတ်ပုံကို ယနေ့တိုင် မမေ့နိုင်သေး။ ဓာတ်ပုံနှင့်ယှဉ်တွဲပါလာသည်က ဗိုလ်မှူးဟောင်းဘသော် (စာရေးဆရာ မောင်သော်က) အား နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှု၊ အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် ထောင်ဒဏ်နှစ် (၂၀) ချမှတ်လိုက်ခြင်းသတင်း။

မနက် မနက်ဆို ဖရုသဝါစာ အပြည့်ရောက်လာတတ်သော စစ် အစိုးရ၏ဝါဒဖြန့်သတင်းစာပါ ထို ဓာတ်ပုံနှင့်သတင်းက ကြည်လင်သာယာသော မနက်ခင်းကို ကျက်သရေကင်းမဲ့စွာ ဖြိုခွဲလိုက်ပါသည်။

(၁)

ဗြိတိသျှဘုရင်မကြီးအယ်လိဇဘက်လက်ဆောင်ပေးသည့် မေယုစစ်သင်္ဘောကို ဗိုလ်ချုပ်အောင်ဆန်းလက်ခံယူရာတွင် ဂုဏ်ပြုတပ်ဖွဲ့၌ ပါဝင်ခဲ့သူ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ နေအိမ်တွင်နေထိုင်ရင်း တပ်မတော်ထဲ ဝင်ရောက်ခဲ့သူ၊ လက်ဝှေ့ကျော်ကျားဘညိမ်းနှင့် ညီအစ်ကိုတော်စပ်သူ၊ တိုက်ရေယာဉ်၁၀၃ နစ်မြုပ်ရာ၌ စစ်ရေယာဉ်မှူးအဖြစ် ခေါင်းဆောင်ပီသစွာ ဦးစီးဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင်ထဲ ၁၃ရက်ကြာ
မျောပါနေရာမှ ရဲဘော်များအား ကြံ့ကြံ့ခံနိုင်အောင် တွန်းအားပေးခဲ့သူ၊ သတင်းစာ၊ ဂျာနယ်များတွင်သရော်စာ အရေးကောင်းသူ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း စာနယ်ဇင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး သတင်းစာများတွင် လှုံ့ဆော် ရေးသားခဲ့သူ၊ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံ့အရေးဆောင်ရွက်ပေး ရန် တွန်းအားပေးခဲ့သူ သုံး၊ လေးဦး တွင်ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်တိုင်းပြည်သို့ ပထမဆုံးမိန့်ခွန်းပြောရာ၌ နံဘေးမှ ဝိုင်းရံပေးခဲ့သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ၊ ထောင်ဒဏ်ချမှတ်ခံ ရပြီး ကြိုးတိုက်အတွင်းနေရကာ နှိပ်စက်ခံရသူ၊ ထို့နောက်
ထောင်အာဏာပိုင်များက အပြစ်လွတ်အောင် ဆေးရုံတင်ပို့ရာမှ ကွယ် လွန်ခဲ့သူ ဆရာမောင်သော်က သည် ရွှေဘိုဇာတိဖွားဖြစ်ပါသည်။ ဗမာ-မွတ်စလင်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဘသောင်းဟုတွင်လေသည်။

၁၉၄၇ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အာဇာနည် ဦးရာဇတ်၏ဇနီးဒေါ်ခင်ခင်၏ ကူညီမှုဖြင့် တပ်မတော်(ရေ)ထဲသို့ တပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။ ထို့နောက် ဗိုလ်ရွေးအဖွဲ့သို့ အကြိမ်ကြိမ်ဝင်ရောက်ဖြေဆိုရာမှ အရာရှိဖြစ်လာပြီး ရခိုင်နှင့်မြစ်ဝကျွန်းပေါ် ဒေသတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရ ပြီး ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်၌ တပ်မတော်(ရေ)အရာရှိတစ်ဦးအဖြစ် သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရသည်။ တိုက်ပွဲများကဆက်နေပြီး ၁၉၅၆ တွင် တိုက်လေယာဉ် ၁၀၃၏ ဦးစီးမှူး (စစ်ရေယာဉ်မှူး)အဖြစ် ခန့်အပ်ခံရသည်။ ထို့နောက် တိုက်ရေယာဉ် ၁၀၃ သည် မြိတ်သို့သွားရောက်ရာမှ လောင်းလုံးကျွန်းစုအနီး လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့် နစ်မြုပ်ခဲ့ရသည်။ ကံကောင်းထောက် မ၍ အသက်မသေသော ရေတပ်သားတစ်စုကိုဦးဆောင်၍ အသက်ကယ်ဖောင်ဖြင့် ပင်လယ်ထဲမျောပါခဲ့ကြသည်။ ၁၃ ရက် ကြာမျောပါနေရာမှ ‘အိစန်မန်ဂူ’ အမည်ရှိ ဂျပန်သင်္ဘောတစ်စီးက တွေ့ရှိကယ်ဆယ်သဖြင့် အသက် ရှင်ခွင့်ရခဲ့သည်။ ဗိုလ်မှူးဘသော်သည် ထိုသို့ အသက်ရှင်ခဲ့သော်လည်း ထိုအချိန်ကစ၍ ကျန်းမာရေး မကောင်းတော့၊ထို့ကြောင့် ၁၉၆၉တွင် တပ်မတော်မှ မကျန်းမာမှုပင်စင် (ဆေးပင်စင်)ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉ နှစ်အရွယ်ကစ၍ တပ်မတော်ထဲဝင်ခဲ့သော ဗိုလ်မှူးဘသော်သည် ပင်စင်ယူချိန်၌ လုပ်သက် (စစ်သက်)နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့သည်။

(၂)

တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကပင် ၁၉၄၉ ၌ ပဒေသာမဂ္ဂဇင်းတွင် ရွှေကျောက်ဆူးကလောင်အမည်ဖြင့် ဝတ္ထုတို စတင်ဖော်ပြခံရသည်။ ထို့နောက် ဗိုလ်ဘသော် (ရေတပ်)ကလောင်ဖြင့် ရေကြောင်းစာပေများ
ရေးသားခဲ့သည်။ မောင်သော်က ကလောင်အမည်ကို ၁၉၅၆ သြဂုတ်လထုတ် မြဝတီမဂ္ဂဇင်းပါဆောင်းပါး၌ စတင်အသုံးပြုခဲ့သည်။ ထိုမြဝတီမဂ္ဂဇင်း၌ပင် ဝတ္ထုနှင့်ဆောင်းပါးများရေးသားခဲ့ရာ အတန်ငယ် ထင်ရှားလာပါသည်။ ထို့နောက် တပ်မတော်မှထွက်ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ဝေသော ရှေ့သို့နှင့် Forwards စာစောင်များ၌ စာတည်းချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး စာပေရေးသားခြင်းအလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ မဆလအစိုးရ အာဘော်စာစောင်တွင် လုပ်ကိုင်နေသော်လည်း ဆရာမောင်သော်ကသည် ပြည်သူ့အတွက် မလစ်ဟင်းခဲ့။ ရေးခွင့်သာလျှင် သာသည့်အလျောက် ပြည်သူများ နေ့စဉ်ကြုံတွေ့နေသော အခက်အခဲ၊ အကျပ်အတည်းများကို ကလောင်စွမ်းပြ၍ ရေးခဲ့သည်။ ပင်ကိုသရော်ဉာဏ်ရှိသူဖြစ်ပြီး အာဝဇ္ဇန်းရွှင်သူတစ်ယောက်ဖြစ်၍ ဆရာမောင်သော်က၏ စာများကို နေ့စဉ်စောင့်ဖတ်သူ မနည်းခဲ့။ ထိုကာလက ပုဂ္ဂလိကသတင်းစာ ဟူ၍မရှိတော့ဘဲ အစိုးရကချုပ်ကိုင်ထားလေရာ သုံး၊ လေးစောင် မျှသာရှိသော သတင်းစာများ၌ ဆရာမောင်သော်က လှည့်ပတ်ရေးလေသည်။ စာရေးရာ၌ လက်သံပြောင်လွန်း၍ ဆရာမောင်သော်က ၏ဆောင်းပါးများ၊ သရော်စာများမှာ လူထုကြား ပြောစမှတ်တွင်ခဲ့သည်။

လုပ်သားပြည်သူ့သတင်းစာတွင် ဖော်ပြခဲ့သော တာဆာဒေးဟေ့တို့မြန်မာ သရော်ဆောင်းပါးသည် မဆလအစိုးရလက်ထက် ဆပ်ပြာဝယ်မရအောင်ရှားပါးလွန်းသည့် အခြေအနေကို ဖော်ပြထားပြီး ညစ်ပတ်သောလူများသာ ဆပ်ပြာသုံးကြကြောင်း၊ သန့်ရှင်းပြီး လူများအနေဖြင့် ဆပ်ပြာသုံးရန် မလိုကြောင်း၊ ထို့ကြောင့် မိမိအိမ်တွင် ဆပ်ပြာအသုံးပြုခြင်းကို တားမြစ်ထားကြောင်း ရေးထားရာ လူထုကြား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။ ထို့အတူ ထိုခေတ်က ဂဠုန်စီမံချက်ဆိုသည့် ပလက်ဖောင်းဈေးသည်များကို မကြာခဏ ဖမ်းနေခြင်းနှင့် ပတ်သက်၍ ပလက်ဖောင်းများရှိနေ၍သာ ဈေးရောင်းနေကြသဖြင့် ထိုပလက်ဖောင်းများဖျက်လိုက်ပါက ဈေးသည်များအလိုလို ပပျောက်သွားမည်ဖြစ်ကြောင်း အချိန်ကုန်လူပန်း သက်သာစေမည့်အကြောင်း တစ်တစ်ခွခွရေးလိုက်ရာ စာဖတ်သူပြည်သူများ မနောခွေ့ခဲ့ကြသည်။

တစ်ဖန် မဆလခေတ်တွင် အစစအရာရာရှားပါးပြီး နေရာတကာအတုနှင့် အရောအနှောများသာ ကြုံနေရခြင်းကို ဓာတ်ဆီထဲရေ ရောထားခြင်း၊ ရေနံဆီထဲရေရော ထား၍ မီးမွှေးမရခြင်း၊ စိတ်ညစ်ညစ်ဖြင့် အရက်သောက်ခါမှ အရက်ထဲရေရောထားခြင်း၊ နောက်ဆုံး ချစ်တီးထမင်းဆိုင်သွားစားရာ၌ စိတ်ပေါက်ပေါက်ဖြင့် ငါ့ကိုရေနွေးရောထားတဲ့ စွပ်ပြုတ်တစ်ခွက်နဲ့ ပဲမှုန့်နဲ့ဂျုံမှုန့် ရောဖုတ်ထားတဲ့ နံပြားနှစ်ချပ်ချပေးဟုရေးထားရာ အလွန်လူကြိုက်များခဲ့သည်။ ထိုသို့သတင်းစာများတွင် သရော်စာ ရေးသားခြင်းနှင့် ပတ်သက်၍ ‘‘အခြေအနေ အကျဉ်းအကျပ် တစ်ရပ်ကို ရင်ဆိုင်ရတဲ့အခါ ဟာသဓာတ်ခံရှိတာဟာ အကောင်းဆုံး ရင်ဆိုင်ရဲတဲ့သတ္တိကို
ပေါက်ဖွားစေတယ်။ ပေါက်ကွဲတော့မယ့် ဘွိုင်လာအိုးကြီးတစ်လုံးကို ရေနွေးငွေ့ထုတ်ပေါက် Safety Valve (ဘား) ဖွင့်ပေးတာနဲ့အတူတူပဲ။ လူတွေရဲ့ ရင်မှာခံစားချက်၊ မျိုသိပ်ရတဲ့ခံစားချက်တို့ကို တစ်ဆို့ပေါက်ကွဲ မတတ်ဖြစ်ရာက သက်သက်သာသာနဲ့ ထွက်ပေါက်ပေးလိုက်တာဟာ Satire ပါပဲတဲ့ဗျာ’’ဟု အဓိပ္ပာယ် ရှင်းလင်းခဲ့သည်။

အချို့က ဆရာမောင်သော်က အစိုးရသတင်းစာများတွင် ရေးသားနေခြင်းနှင့်ပတ်သက်၍ နှာခေါင်းရှုံ့ကြသည်။ ထိုသို့မရေးစေလိုကြ၊ သို့သော် ဤသည်ကိုသိသော ဆရာမောင်သော်ကက ‘‘ကိုယ်ကတော့ ကိုယ့်ရေးသားချက်တွေကို လူတစ်စုလက်ခံတာ၊ လက်မခံတာထက် အများပြည်သူ လက်ခံတယ်၊ လက်မခံတယ်က ပိုအရေးကြီးတယ် ထင်တယ်။ မကြိုက်ကြလို့ ဆဲကြလည်းမမှုဘူး’’ဟုပြောခဲ့သည်။ သတင်းစာတွင်ရေးရခြင်းနှင့် စပ်လျဉ်း၍လည်း‘သတင်းစာရဲ့အရှိန်အဝါက အင်မတန်ကြီးတယ်။ စာဖတ်ပရိသတ် ပိုပြီးကျယ်ပြန့်တယ်။ သတင်းစာမှာပါတဲ့ ဆောင်းပါးကို လူတွေကဖတ်ကြတယ်။ စိတ်ဝင်စားကြတယ်။ ဆွေးနွေးကြတယ်။ အဲဒီတော့ သူကပိုပြီး ထိရောက်တယ်’ဟူ၍ ဆိုပါသည်။ ဆရာမောင်သော်ကသည်ပြောသည့်အတိုင်းပင် ကြေးမုံ၊ လုပ်သားအစရှိသည့် သတင်းစာများ၌ တွင်တွင်ကြီး ရေးခဲ့သည်။ သို့သော် သူရေးလေသမျှ ဖားတာဘာတစ်ခုမှမပါ။ အများပြည်သူအတွက်သာ ရေးခဲ့ခြင်းဖြစ်သည်။

၁၉၈၇ မတ်လမှ ဇူလိုင်လ အတွင်း ပေဖူးလွှာမဂ္ဂဇင်းတွင်တိုက် ရေယာဉ် ၁၀၃ ကိုယ်တွေ့ဝတ္ထုရှည် ကြီးပါလာသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စာနယ်ဇင်း လောကသာမက အုပ်စိုးသူစစ် တပ်အသိုင်းအဝိုင်းအထိပါ ဂယက်ရိုက်ခတ်သွားသည်။ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အမှန်မှာ နှစ်များစွာကြာ တအုံနွေးနွေးဖြစ်ခဲ့သော ကိုယ်တွေ့အဖြစ်အပျက်များကို ဇီဝဇိုးငှက်တစ်ကောင်လို ထွေးထုတ်လိုက်ခြင်း၊ တစ်သက်လုံး သိမ်းဆည်းခဲ့သော အကြောင်းအရာကို ဖွင့်ချလိုက်ခြင်း၊ တိုက်ရေယာဉ် ၁၀၃ မှာ မူရင်းနာမည် မဟုတ်၊ မူရင်းနာမည်က ငရဲသို့တစ်ခေါက်ဟု ပေးထားသည်။ ဆိုင်ရာကပြော၍ ပြောင်းလဲပေးခဲ့ရခြင်း၊ ထိုပြောင်းလဲသည့် တိုက်ရိုက်အမည် ‘တိုက်ရေယာဉ် ၁၀၃’က ပင် သတင်းပိုဆန်နေပြီး ပိုမိုရှင်သန်နေသည်။ ‘တိုက်ရေယာဉ်၁၀၃’အောင်မြင်မှုဖြင့် မောင်သော်က ကလောင်သည်လည်း ပိုမိုအရှိန် အဝါကြီးလာသည်။ လူကတော့ ကျန်းမာရေး မကောင်းတော့၍ ပေစောင်းပေစောင်း၊ ခေါင်းငဲ့မရ၍ ခန္ဓာကိုယ်ပါလှည့်လှည့်ကြည့်ရသည်။ ခြေတစ်ဖက်က သိပ်မသန်ချင်။ သို့သော် ဇွဲနှင့်မာန်ကား တစ်ပြားသားမှမလျှော့။ တိုက်ရေယာဉ် ၁၀၃ နှင့်ပတ်သက်၍ မလိခအညွှန်း ရေးသူဆရာနတ်နွယ်က - တိုက်ရေယာဉ် ၁၀၃ လိုဝတ္ထုမျိုး မြန်မာစာပေလောကတွင်မရှိသေးပါ။ မပေါ်သေးပါ။ ထိုမျှမကပြောရလျှင် ဤဝတ္ထုသည် အကြောင်းအရာအရရော၊ ရေးသားတင်ပြမှု အတတ်ပညာ အရရော နိုင်ငံတကာ အဆင့်မီဝတ္ထုတစ်ပုဒ်ဆိုလျှင် လွန်အံ့မထင်။ ချီးမွမ်းထိုက်သူကို ချီးမွမ်းအပ်ရာ၏ဟု ရေးသားခဲ့ပါသည်။

(၃)

၁၉၈၈ တွင် ကျောင်းသားများ ဦးဆောင်သော ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ ဆရာမောင်သော်ကသည် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကာလအတွင်း လွတ်လပ်စွာ ထုတ်ဝေသည့် သတင်းစာများတွင် ကလောင်စွမ်းပြသည်။ နဂိုကတည်းက ချုပ်နှောင်မှုအောက်တွင် လူးလွန့်ဖောက်ထွက် ရေးသားခဲ့ရသည့် ဆရာမောင်သော်ကသည် အချုပ်အနှောင်ကင်းကင်း ရေးခွင့်သာသောအခါ အင်တိုက်အားတိုက် ရေးလေသည်။ သို့သော် အတော်များများမှာ နာမည်မခံ။ သို့ရာတွင် စာဖတ်သူက သိလေသည်။ ထိုကာလက သတင်းစာဆရာ၊ သတင်းသမားအစစ်များသည် အရေးတော်ပုံသတင်းစာများ၌ လက်စွမ်း
ပြကြသည်။

ထိုအထဲတွင် ဆရာအထောက်တော်လှအောင်၊ ဆရာဦးဝင်းတင်၊ ဆရာစိန်ခင်မောင်ရီနှင့် ဆရာမောင်သော်ကတို့သည် အင်ပြည့်အားပြည့် ရေးသားခဲ့ကြသည်။ သတင်းခေါင်းပေးပုံတွေကလည်း အားပါလှသည်။ ဥပမာ ဒီမိုကရေစီအရေး တောင်းဆိုအုံကြွကြရာ မဟာပထဝီမြေကြီး နိမ့်စောင်းသွားခြင်းမျိုးဖြစ်သည်။ မဖြစ်နိုင်မှန်းသိသော်လည်း သတင်းခေါင်းစီးက လူကိုဖမ်းစားသွားပြီး စိတ်ဓာတ်ခွန်အားကို ရရှိစေသည်။ သတင်းစာဖတ် ပြည်သူများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ဆွဲယူလိုက်သော အရေးအသားမျိုး။ ထို့ကြောင့်ပင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပိုမို ကျယ်ပြောလာခဲ့သည်။

စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းသောအခါ ဆရာမောင်သော်ကကဥက္ကဋ္ဌ၊ ဟံသာဝတီဦးဝင်းတင်က ဒု-ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးက မောင်ကိုယု ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်သုံးဦးသည် နောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဦးဆောင်သူများလည်း ဖြစ်ခဲ့သည်။ သူတို့နှင့် မခွဲမခွာ ပါလာသူက ယခု ဘကြီးမိုးဟုခေါ်ကြသော ဆရာမောင်မိုးသူဖြစ်သည်။ ဆရာမောင်သော်က အပါအဝင် သတင်းစာဆရာ၊ စာရေးဆရာများက သတင်းစာစောင်များမှနေ၍
ပြည်သူလူထုကို သတင်းတွေပေးသည်။ သတိတွေပေးသည်။ ရှေ့ဆက်လုပ်ရမည့်လုပ်ငန်း တာဝန်တွေကို ချပြသည်။ ဒီမိုကရေစီ တောင်းဆိုနေသော ရဟန်းရှင်လူများကလည်း ထိုသတင်းစာစောင်များကို အလုအယက် ဖတ်ကြသည်။ လူထုက တစ်သွေးတစ်သားတည်း ရှိသည့်သဘော၊ သတင်းနေ့စဉ်မှနေ၍ ဆရာမောင်သော်ကက အချိန်ကို တိုင်းဆခြင်းဆိုသည့် ခေါင်းကြီးကို ရေးသည်။ နိုင်ငံရေးသမားများ သတိထားရန်မှာ မည်သည့်နိုင်ငံတွင်မဆို စကားလုံးရွေးချယ်သုံးနှုန်းမှု (Choice of Word)နှင့် အခွင့်အခါ၊ အချိန်အခါကို အချိန်ကိုက် မှန်းဆတတ်ခြင်းပင် ဖြစ်သည် အစရှိသည့် ခေါင်းကြီးက ထိလှသည်။

ထိုသို့ လှုပ်ရှားနေရင်းနိုင်ငံရေးအတွင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရေး သူတို့သုံးဦး (ဆရာဦးဝင်းတင်၊ မောင်သော်ကနှင့် မောင်မိုးသူ) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ အခေါက်ခေါက် သွားရောက်ကာ တိုက်တွန်း အကူအညီ တောင်းခံသည်။ မိခင်ကြီးဒေါ်ခင်ကြည် မကျန်းမာ၍ မြန်မာပြည်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ထံ ဒီမိုကရေစီအရေးတွင် ပါဝင်ပေးရန် ပန်ကြားကြသည်။ အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူရွေးနေခြင်းဖြစ်သည်။ ၎င်း၏အနားတွင် ဦးထွေးမြင့်နှင့် သခင်တင်မြလည်း ရှိနေ၏။ ဤသို့ဖြင့်သြဂုတ် ၂၄ ရက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်သို့ ပထမဆုံး မိန့်ခွန်းပြောလေသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ လူထုရဲ့အင်အားဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီအင်အားကို အမှန်တရားနဲ့အတူတူ မကိုင်ထားနိုင်ဘူးဆိုရင် ဒီအင်အားတွေဟာ ကိုယ့်အတွက်ပြန်ပြီးတော့ အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ စွမ်းအားကို အမှန်တရားနဲ့ ထိန်းထားကြပါ အစချီသော မိန့်ခွန်းကိုပြောကြားခဲ့သည်။ အလျဉ်းသင့်၍ ဆိုရပါလျှင် တစ်လောက ယဉ်ကျေးမှုဒုဝန်ကြီး ဦးသန်းဆွေ (စာရေးဆရာမောင်သန်းဆွေ-ထားဝယ်) ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို တင်ခဲ့သူမှာ မင်းသားကြီးဦးထွန်းဝေ မဟုတ်။

ထိုကာလက လှည့်လည်သွားလာရာ၌ မည်သူမည်ဝါ မကွဲပြားလျှင် အန္တရာယ်ကြီးလွန်း၍ ထင်ရှားသည့် အနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံပေးခဲ့ခြင်းသာဖြစ်ပါသည်။ မင်းသားကြီးဦးထွန်းဝေကဲ့ သို့ပင်ရုပ်ရှင်သရုပ်ဆောင်ဦးအောင်လွင် (စံရွှေမောင်)နှင့် ဒေါ်ခင်သီတာထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍ စောင့်ရှောက်ရမည်ဆိုသော အသိဖြင့်ဝန်းရံခဲ့ခြင်းသာ ဖြစ်ပါ၏။ သမိုင်းသုတေသီလည်းဖြစ်၊ ဝန်ကြီးတစ်ပါးလည်း ဖြစ်သော ဦးသန်းဆွေသည် အကြောင်းအရာတစ်ခုကို ဂဃနဏ သေချာစွာမသိဘဲ ဤသို့ လက်လွတ်စပယ် ပြောလိုက်ခြင်းမှာ အံ့သြဘနန်း ဖြစ်စေခဲ့သည်။ ထိုစကားကို ၎င်းမည်သို့တာဝန်ယူမည် မသိ။ ဆိတ်ဆိတ်နေသွားမည်သာ ထင်ပါသည်။ ဧကန်စင်စစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ပြန်မလာခင် ပြည်ပတွင် ရှိစဉ်ကတည်းက မြန်မာ့နိုင်ငံရေးထဲ အနှေးနှင့်အမြန် ပါဝင်ရတော့မည့်အရေး ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ သူ့ကိုမည်သူကမျှ တင်,ပေးခဲ့ခြင်းမရှိပါ။သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါ၏။

၁၉၈၈ သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနေရာ၌ ကျင်းပသော ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကက စာပေအနုပညာရှင်များ ကိုယ်စားတက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်။ ဤသို့ဖြင့် ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးသည် နိုင်ငံတစ်ဝန်းရက်ပေါင်း ၄၀ မျှကြာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ခြိမ့်ခြိမ့်သဲဆင်နွှဲနေစဉ် စက်တင်ဘာ၁၈၊ ၁၉ ရက်များတွင် စစ်တပ်ကရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့လေသည်။

(၄)

စစ်အာဏာသိမ်းပြီးမကြာ၊ ဖွဲ့စည်းတည်ထောင်သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆရာမောင်သော်ကအပါအဝင် တတ်၊ သိပညာရှင်များ ပါဝင်လာကြသည်။ ဒီချုပ်ကို ပါတီအဖြစ် တရားဝင် ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကသည် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေးမှူး တာဝန်ခံအဖြစ် တာဝန်အပ်နှင်းခံရပြီး စစ်အစိုးရ၏ နှိပ်ကွပ်မှုကြားက ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ် အောင်မြင်အောင် ကူညီပံ့ပိုးပေးခဲ့သည်။ ဖိနှိပ်မှုများ ပိုများလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်၊ မောင်သော်က၊ မောင်ကိုယု၊ မောင်ဝံသ၊ စမ်းစမ်းနွဲ့(သာယာဝတီ) အစရှိသူတို့နှင့် တိုင်ပင်၍ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြ ကြွေး ကြော်သံကို တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားအောင် စီစဉ်ဖြန့်ဝေခဲ့လေသည်။

ထို့နောက် ၁၉၈၉ အာဇာနည်နေ့အလွန်တွင် ဦးဝင်းတင်၊ မောင်သော်ကနှင့် ဒီချုပ်ခေါင်းဆောင်များ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့လည်း ထိန်းသိမ်းခံရကာ အထက်ဖော်ပြပါအတိုင်း ဆရာမောင်သော်ကအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး အင်းစိန်ထောင် အထူးတိုက်သို့ ပို့ဆောင်လိုက်သည်။ ထိုမှတစ်ဆင့် သေဒဏ်ကျပြီးသား အကျဉ်းသားများသာထားရာ ကြိုးတိုက်သို့ ထပ်မံပို့ဆောင် ခံရသည်။ ထိုအချိန်တွင် ဆရာမောင်သော်ကမှာ ကျန်းမာရေး ချို့ယွင်းနေပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေ ၁၉၉၀ စက်တင်ဘာတွင် ထောင်အတွင်း အစာငတ်ခံဆန္ဒပြရာမှ ရိုက်နှက်ခံရပြီး
ထောင်ကြမ်းပြင်သမံတလင်းပေါ် ပစ်ချခံရကာ လေဖြတ်သလို ဖြစ်သွားသည်။ နီးစပ်သူအချို့က ဆရာဝန်များဖြင့် ကြပ်မတ်ကုသပေးပါရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့။ ကြိုးတိုက်အတွင်းနေရစဉ် အပြင်လောက၌ ဇနီးနှင့်သားတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခြင်းကလည်း သံမဏိလိုမာကျောသော စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်ခဲ့သည်။ တစ်ဦးတည်းသောသား ဆုံးရှုံးရခြင်းဖြစ်၍ ပိုမိုခံစားရပုံ ပေါ်လေသည်။ ထို့နောက် ကြိုးတိုက်ထဲဝင် မူးလဲကာ ထောင်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ စစ်အာဏာပိုင် စစ်ထောက်လှမ်းရေးကမူ ဆရာမောင်သော်က အနှေးနှင့် အမြန်သွားတော့မည်ဟု တွက်ထားကြသည်။
တကယ်တမ်းကျ စစ်အာဏာရှင်များသည် ဆရာမောင်သော်ကကို အမှုန့်ချေပစ်လိုသည်အထိ အမုန်းကြီးမုန်းနေကြသည်။

ဤနည်းဖြင့်မသေလည်း အခြားတစ်နည်းနည်းဖြင့် သေဖို့ရာ လုပ်ဆောင်ကြဦးမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ အရေးတော်ပုံအတွင်း စစ်ရေးအကူအညီပေးရန် အမေရိကန်အစိုးရထံ အဓိကတောင်းခံသူမှာ ဆရာမောင်သော်က သာလျှင် ဖြစ်၏။ ထို့ကြောင့် အငြိုးကြီးကြီးထားကာ တစ်နည်းနည်းဖြင့် သုတ်သင်မည်သာဖြစ်ချေ၏။ သူတို့ မသုတ်သင်ရဘဲ သူ့စရိတ်ဖြင့်သူသွားပါက အတိုင်းထက်အလွန် ဝမ်းမြောက်ကြပါမည်။

အမှန်တကယ်တွင်မူ ဆရာမောင်သော်ကသည် တိုင်းပြည်ကို ဆယ်စုနှစ်များစွာကြာ လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အစိုးရကို ဖြုတ်ချရန်ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေလုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ မည်သည့်နည်းနှင့်ဖြစ်စေ စစ်အစိုးရကို ဖြုတ်ချရေးသာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် စစ်အစိုးရကဆရာ မောင်သော်ကအပေါ် ဤမျှအာဃာတကြီးမားခဲ့ခြင်းဖြစ်သည်။ သူတို့ မျှော်လင့်ထားသလိုလည်း
ဖြစ်ခဲ့ပါ၏။

၁၉၉၁ ဇွန်လ ၁၁ ရက်တွင် ဆရာမောင်သော်က ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး ဝန်းရံပေးခဲ့သော ရန်ကုန်ဆေးရုံကြီး၏ အချုပ်ခန်းအတွင်း ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်တစ်ဦးကျဆုံးခြင်း။ တစ်နည်းဆိုရလျှင် ကြယ်ဖြူပါ ခွပ်ဒေါင်းအလံအောက်၌ ရဲရဲဝံ့ဝံ့ ကျဆုံးသွားခြင်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဆရာမောင်သော်က အပါအဝင် ခရမ်းဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးတင်ရွှေ (မုံရွာ တင်ရွှေ)၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှသန်း၊ ဧရာဝတီတိုင်းလေးမျက်နှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစီမောင် အပါအဝင် ထောင်အတွင်း အကျဉ်းချခံရပြီး ကွယ်လွန်သူများ၊ ထွက်ပြေးတိမ်းရှောင်ရင်း ကွယ်လွန်သွားသူများ၏ သွေးတို့ ခက်ခက်ခဲခဲဖြင့် တည်ဆောက်ခဲ့ရသော အဖွဲ့ကြီးဖြစ်သည်။ သူတို့၏ သွေးများကား နှလုံးသားတွင် မခြောက်သေး ..။ သမိုင်းပေးတာဝန်ကိုသာ မိမိတို့ကျေပွန်ရန်လိုပါ သည်။ အမှန်နှင့်အမှား၊ ဓမ္မွနှင့်အဓမ္မကတော့ ယှဉ်တွဲရှိနေမည်သာ။ အဆုံး၌ ဓမ္မကသာ အောင်ပွဲခံပါမည်။

(၅)

ရန်ကုန်မြို့ ဆွန်နီသင်္ချိုင်းရှိ အုတ်ဂူတစ်ခုတွင် ယခုလို ရေးထိုးထားခဲ့သည်။

ဗိုလ်မှူးဘသော်၊ တပ်မတော်(ရေ) (၃၀၅၀)ငြိမ်း၊ နူရ်းအာမက်၊ အသက် (၆၂)နှစ်၊ စာရေးဆရာ မောင်သော်က၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်၊ NLD ပါတီစတင်ဖွဲ့စည်းဦးဆောင်ခဲ့သူ။ ၁၁.၆.၁၉၉၁ နေ့တွင် အင်းစိန်အကျဉ်းထောင်တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ကိုခံယူသည်ဟူ၍ . . .

အချိန်အားဖြင့် နှစ်ပေါင်း (၂၄) နှစ်ကျော်လွန်လာပြီ ဖြစ်သော်လည်း မနေ့တစ်နေ့ကလိုသာ ဖြစ်ပါသည်။ ယခုတော့ နိဂုံးတစ်ခုကို ချုပ်ရပေတော့မည်။ ‘အားလုံး .... သတိ’

7day daily
.........................................
ယုံကြည္ခ်က္ကို အသက်နွင့် လဲသူ (သို့မဟုတ်) တိုက်ရေယာဉ် ၁၀၃

မ်က်နွာက တင်းမာခက္ထန်နေသည်။ မ်က္လုံးမ်ားက ထီမထင်၊သေရ်ာအပြုံးနွင့် လေးထောင့်က်က် မေးရိုးကလာမည့်ဘေျးေပးတြေ့မည့်သဏ္ဌာန်၊ က်န်းမာရေး ခို့ယြင်းနေပုံရေသ္လာည်း ကိုယ်နေဟန္မတ္မတ္က ဘာကိုမွ် မေကြာက်ြရံ့သည့်ဟန်၊ အမွန္တရား
အတြက် မတရားမှုမ်ားအတြက် သေသေက်ကေ် အဆုံးစြန်အထိ တိုက္ဖ်က်ြသားမည့် သဏ္ဌာန် . . ။

လြန္ခဲ့သော (၂၇)နွစ္က အစိုးရသတင်းစာကော်ဖုံးတြင္ပါ လာသည့် ထိုဓာတ္ပုံကို ယေန့တိုင် မေမ့နိုင်သေး။ ဓာတ္ပုံနွင့်ယွဉ်တြဲပါလာသည္က ဗိုလ္မွူးဟောင်းဘေသာ် (စာရေးဆရာ မောင်သ္ကော) အား နိုင်ငံတော်အေပါ် အကြည်ညိုပ်က်စေမှု၊ အေရးပေါ် စီမံမှုအက်ဥပေဒျဖင့် ထောင္ဒဏ်နွစ် (၂၀) ခ်မွတ္လိုက်ျခင်းသတင်း။

မနက် မနက္ဆို ဖရုသဝါစာ အျပည့်ရောက္လာတတ်သော စစ် အစိုးရ၏ဝါဒျဖန့်သတင်းစာပါ ထို ဓာတ္ပုံနွင့်သတင်းက ကြည္လင်သာယာသော မနက္ခင်းကို က်က်ေသရကင်းမဲ့စြာ ဖြိုခဲလြိုက္ပါသည်။

(၁)

ဗြိတိသ်ွဘုရင္မကြီးအယ္လိဇဘက္လက်ဆောင်ပေးသည့် မေယုစစ်ေသင်္ဘာကို ဗိုလ္ခ်ုပ်အောင္ဆန်းလက္ခံယူရာတြင် ဂုဏ်ျပုတပ္ဖြဲ့၌ ပါဝင္ခဲ့သူ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ နေအိမ္တြင်နေထိုင်ရင်း တပ္မေတ္ထာဲ ဝင်ရောက္ခဲ့သူ၊ လက်ဝွေ့ကေ်္ကာ်ားဘညိမ်းနွင့် ညီအစ္ကိုတ္စောပ်သူ၊ တိုက်ရေယာဉ်၁၀၃ နစ်ျမုပ်ရာ၌ စစ်ရေယာဥ္မွူးအျဖစ် ခေါင်းဆောင္ပီသစြာ ဦးစီးဆောင်ြရက္ခဲ့ပြီး ပင္လယ်ျပင္ထဲ ၁၃ရက်ကြာ
မော်ပါနေရာမွ ရဲဘ္မော်ားအား ကြံ့ကြံ့ခံနိုင်အောင် တြန်းအားပေးခဲ့သူ၊ သတင်းစာ၊ ဂ်ာနယ္မ်ားတြင်ေသရ္စာာ အေရးကောင်းသူ၊ ရွစ်လေးလုံး ဒီမိုကေရစီအေရးတ္ပောုံကြီးအတြင်း စာနယ္ဇင်းဥက္ကဋ္ဌအျဖစ် တာဝန်ယူဆောင်ြရက်ပြီး သတင်းစာမ်ားတြင် လှုံ့ဆော် ရေးသားခဲ့သူ၊ ဒေါ်အောင္ဆန်းစု ကြည် နိုင်ငံ့အေရးဆောင်ြရက်ပေး ရန် တြန်းအားပေးခဲ့သူ သုံး၊ လေးဦး တြင္ပါဝင္ခဲ့ပြီး ဒေါ်အောင္ဆန်းစု ကြည္တိုင်ျးပည်သို့ ပထမဆုံးမိန့်ခြန်ျးေပာရာ၌ နံဘေးမွ ဝိုင်းရံပေးခဲ့သူ၊ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် စတင္တည်ထောင္ဖြဲ့စည်းရာတြင် ပါဝင္ခဲ့သူ၊ ထောင္ဒဏ္ခ်မွတ္ခံ ရပြီး ကြိုးတိုက်အတြင်းနေရကာ နွိပ္စက္ခံရသူ၊ ထို့နောက်
ထောင်အာဏာပိုင္မ်ားက အျပစ္လြတ်အောင် ဆေးရုံတင္ပို့ရာမွ ကြယ် လြန္ခဲ့သူ ဆရာမောင်သ္ကော သည် ရွှေဘိုဇာတိဖြာျးဖစ္ပါသည်။ ဗမာ-မြတ္စလင္တစ်ဦျးဖစ်ပြီး အမည်ရင်းမွာ ဘေသာင်းဟုတြင်လေသည်။

၁၉၄၇ တြင် တက္ကသိုလ်ဝင္တန်းအောင်ျမင်ပြီး အာဇာနည် ဦးရာဇတ်၏ဇနီးဒေါ်ခင္ခင်၏ ကူညီမျှုဖင့် တပ္မေတာ်(ရေ)ထဲသို့ တပ်သားအျဖစ် ဝင်ရောက္ခဲ့သည်။ ထို့နောက် ဗိုလ်ရြေးအဖြဲ့သို့ အကြိမ်ကြိမ်ဝင်ရောက်ျေဖဆိုရာမွ အရာရျွိဖစ္လာပြီး ရခိုင်နွင့်ျမစ်ဝကျြန်းပေါ် ဒေသတို့တြင် တာဝန္ထမ်းဆောင္ခဲ့သည်။ ၁၉၄၈ လြတ္လပ်ရေးရ ပြီး ပေါ်ပေါက္လာသည့်ျပည္တြင်းစစ်၌ တပ္မေတာ်(ရေ)အရာရွိတစ်ဦးအျဖစ် သောင်းက်န်းမှုမ်ားကို နွိမ္နင်းခဲ့ရသည်။ တိုက္ပြဲမ်ားကဆက်နေပြီး ၁၉၅၆ တြင် တိုက်လေယာဉ် ၁၀၃၏ ဦးစီးမွူး (စစ်ရေယာဥ္မွူး)အျဖစ် ခန့်အပ္ခံရသည်။ ထို့နောက် တိုက်ရေယာဉ် ၁၀၃ သည် မြိတ်သို့သြားရောက်ရာမွ လောင်းလုံးကျြန်းစုအနီး လျေပင်းမုန္တိုင်း က်ရောက္မှုကြောင့် နစ်ျမုပ္ခဲ့ရသည်။ ကံကောင်းထောက် မ၍ အသက္မေသေသာ ရေတပ်သားတစ္စုကိုဦးဆောင်၍ အသက္ကယ်ဖောင်ျဖင့် ပင္လယ္ထဲမော်ပါခဲ့ကြသည်။ ၁၃ ရက် ကြာမော်ပါနေရာမွ ‘အိစန္မန္ဂူ’ အမည်ရွိ ဂ်ပန်ေသင်္ဘာတစ္စီးက တြေ့ရွိကယ္ဆယ်သျဖင့် အသက် ရွင္ခြင့်ရခဲ့သည်။ ဗိုလ္မွူးဘေသ်ာသည် ထိုသို့ အသက်ရွင္ခဲ့သ္လောည်း ထိုအခိန္ကစ၍ က်န်းမာရေး မေကာင်းတော့၊ထို့ကြောင့် ၁၉၆၉တြင် တပ္မေတ္မွာ မက်န်းမာမှုပင္စင် (ဆေးပင္စင်)ျဖင့် အငြိမ်းစားယူခဲ့သည်။ ၁၉ နွစ်အရြယ္ကစ၍ တပ္မေတ္ထာဲဝင္ခဲ့သော ဗိုလ္မွူးဘေသ်ာသည် ပင္စင်ယူခိန်၌ လုပ်သက် (စစ်သက်)နွစ်ပေါင်း ၂၀ ကော််ရွိခဲ့သည်။

(၂)

တပ္မေတ်ာတြင် တာဝန္ထမ်းဆောင္စဥ္ကပင် ၁၉၄၉ ၌ ပေဒသာမဂ္ဂဇင်းတြင် ရွှေကော်က္ဆူးကေလာင်အမည်ျဖင့် ဝတ္ထုတို စတင်ဖော်ျပခံရသည်။ ထို့နောက် ဗိုလ္ဘေသာ် (ရေတပ်)ကေလာင်ျဖင့် ရေကြာင်းစာပေမ်ား
ရေးသားခဲ့သည်။ မောင်သ္ကော ကေလာင်အမည္ကို ၁၉၅၆ သြဂုတ္လထုတ်ျမဝတီမဂ္ဂဇင်းပါဆောင်းပါး၌ စတင်အသုံျးပုခဲ့သည်။ ထျိုမဝတီမဂ္ဂဇင်း၌ပင် ဝတ္ထုနွင့်ဆောင်းပါးမ်ားရေးသားခဲ့ရာ အတန်ငယ် ထင်ရွားလာပါသည်။ ထို့နောက် တပ္မေတ္မွာထြက်ပြီး အစိုးရျပန်ကြားရေးဝန်ကြီးဌာန ကထုတ်ဝေသာ ရွေ့သို့နွင့် Forwards စာစောင္မ်ား၌ စာတည်းခ်ုပ်အျဖစ် ထမ်းဆောင္ခဲ့ပြီး စာပေရးသာျးခင်းအလုပ္ကို တစိုက္မတ္မတ် လုပ္ကိုင္ခဲ့သည်။ မဆလအစိုးရ အာဘ္စောာစောင္တြင် လုပ္ကိုင်နေသ္လာည်း ဆရာမောင်သ္ကောသည်ျပည်သူ့အတြက် မလစ်ဟင်းခဲ့။ ရေးခြင့်သာလ်ွင် သာသည့်အေလ်ာက်ျပည်သူမ်ား နေ့စဉ်ကြုံတြေ့နေသာ အခက်အခဲ၊ အက်ပ်အတည်းမ်ားကို ကေလာင္စြမ်ျးပ၍ ရေးခဲ့သည်။ ပင္ကိုသေရ်ာဉာဏ်ရွိသျူဖစ်ပြီး အာဝဇ္ဇန်းရွှင်သူတစ်ယောက်ျဖစ်၍ ဆရာမောင်သ္ကော၏ စာမ်ားကို နေ့စဉ်စောင့်ဖတ်သူ မနည်းခဲ့။ ထိုကာလက ပုဂ္ဂလိကသတင်းစာ ဟူ၍မရွိတော့ဘဲ အစိုးရကခ်ုပ္ကိုင္ထားလေရာ သုံး၊ လေးစောင် မ်ွသာရွိသော သတင်းစာမ်ား၌ ဆရာမောင်သ္ကော လွည့်ပတ်ရေးလေသည်။ စာရေးရာ၌ လက်သံျေပာင္လြန်း၍ ဆရာမောင်သ္ကော ၏ဆောင်းပါးမ်ား၊ သေရ္စာာမ်ားမွာ လူထုကြားျေပာစမွတ္တြင္ခဲ့သည်။

လုပ်သာျးပည်သူ့သတင်းစာတြင် ဖော်ျပခဲ့သော တာဆာဒေးဟေ့တိျု့မန္မာ သေရ်ာဆောင်းပါးသည် မဆလအစိုးရလက္ထက် ဆပ်ျပာဝယ္မရေအာင်ရွားပါးလြန်းသည့် အျေခအေနကို ဖော်ျပထားပြီး ညစ္ပတ်သောလူမ်ားသာ ဆပ်ျပာသုံးကြေကြာင်း၊ သန့်ရွင်းပြီး လူမ်ားအေနျဖင့် ဆပ်ျပာသုံးရန် မလိုကြောင်း၊ ထို့ကြောင့် မိမိအိမ္တြင် ဆပ်ျပာအသုံျးပျုခင်းကို တာျးမစ္ထားကြောင်း ရေးထားရာ လူထုကြား အုန်းအုန်းကျြက္ကျြက်ျဖစ်ြသားသည်။ ထို့အတူ ထိုခေတ္က ဂဠုန္စီမံခ်က္ဆိုသည့် ပလက်ဖောင်းစေ်းသည္မ်ားကို မကြာခဏ ဖမ်းနျေခင်းနွင့် ပတ်သက်၍ ပလက်ဖောင်းမ်ားရွိနေ၍သာ စေ်းရောင်းနေကြသျဖင့် ထိုပလက်ဖောင်းမ်ားဖ်က္လိုက္ပါက စေ်းသည္မ်ားအလိုလို ပေပ်ာက်ြသားမည်ျဖစ်ကြောင်း အခိန္ကုန္လူပန်း သက်သာစေမည့်အေကြာင်း တစ္တစ္ခြခြေရးလိုက်ရာ စာဖတ်သျူပည်သူမ်ား မေနာခြေ့ခဲ့ကြသည်။

တစ္ဖန် မဆလေခတ္တြင် အစစအရာရာရွားပါးပြီး နေရာတကာအတုနွင့် အေရာအေနွာမ်ားသာ ကြုံနေရျခင်းကို ဓာတ္ဆီထဲရေ ရောထာျးခင်း၊ ရေနံဆီထဲရေရာ ထား၍ မီးမွှေးမရျခင်း၊ စိတ်ညစ်ညစ်ျဖင့် အရက်သောက္ခါမွ အရက္ထဲရေရာထာျးခင်း၊ နောက္ဆုံး ခ်စ္တီးထမင်းဆိုင်ြသားစားရာ၌ စိတ်ပေါက်ပေါက်ျဖင့် ငါ့ကိုရေနြးရောထားတဲ့ စြပ်ျပုတ္တစ္ခြက္နဲ့ ပဲမှုန့်နဲ့ဂ်ုံမှုန့် ရောဖုတ္ထားတဲ့ နျံပားနွစ္ခ်ပ္ခ်ပေးဟုရေးထားရာ အလြန္လူကြိုက္မ်ားခဲ့သည်။ ထိုသို့သတင်းစာမ်ားတြင် သေရ္စာာ ရေးသာျးခင်းနွင့် ပတ်သက်၍ ‘‘အျေခအေန အက်ဉ်းအက်ပ် တစ်ရပ္ကို ရင္ဆိုင်ရတဲ့အခါ ဟာသဓာတ္ခံရွိတာဟာ အေကာင်းဆုံး ရင္ဆိုင်ရဲတဲ့သတ္တိကို
ပေါက္ဖြားစေတယ်။ ပေါက္ကြဲတော့မယ့် ဘြိုင္လာအိုးကြီးတစ္လုံးကို ရေနြးငြေ့ထုတ်ပေါက် Safety Valve (ဘား) ဖြင့်ပေးတာနဲ့အတူတူပဲ။ လူတြေရဲ့ ရင္မွာခံစားခ်က်၊ မိုသိပ်ရတဲ့ခံစားခ်က္တို့ကို တစ္ဆို့ပေါက္ကြဲ မတတ်ျဖစ်ရာက သက်သက်သာသာနဲ့ ထြက်ပေါက်ပေးလိုက္တာဟာ Satire ပါပဲတဲ့ဗ်ာ’’ဟု အဓိပ္ပာယ် ရွင်းလင်းခဲ့သည်။

အခို့က ဆရာမောင်သ္ကော အစိုးရသတင်းစာမ်ားတြင် ရေးသားနျေခင်းနွင့်ပတ်သက်၍ နွာခေါင်းရှုံ့ကြသည်။ ထိုသို့မေရးစေလိုကြ၊ သို့သော် ဤသည္ကိုသိသော ဆရာမောင်သ္ကောက ‘‘ကိုယ္ကေတာ့ ကိုယ့်ရေးသားခ်က်တြေကို လူတစ္စုလက္ခံတာ၊ လက္မခံတာထက် အမ်ာျးပည်သူ လက္ခံတယ်၊ လက္မခံတယ္က ပိုအေရးကြီးတယ် ထင္တယ်။ မကြိုက်ကြလို့ ဆဲကြလည်းမမှုဘူး’’ဟျုေပာခဲ့သည်။ သတင်းစာတြင်ရေးရျခင်းနွင့် စပ္လ်ဉ်း၍လည်း‘သတင်းစာရဲ့အရွိန်အဝါက အင္မတန်ကြီးတယ်။ စာဖတ္ပရိသတ် ပိုပြီးက်ယ်ျပန့်တယ်။ သတင်းစာမွာပါတဲ့ ဆောင်းပါးကို လူတြေကဖတ်ကြတယ်။ စိတ်ဝင္စားကြတယ်။ ဆြေးနြေးကြတယ်။ အဲဒီတော့ သူကပိုပြီး ထိရောက္တယ်’ဟူ၍ ဆိုပါသည်။ ဆရာမောင်သ္ကောသည်ျေပာသည့်အတိုင်းပင် ကြေးမုံ၊ လုပ်သားအစရွိသည့် သတင်းစာမ်ား၌ တြင္တြင်ကြီး ရေးခဲ့သည်။ သို့သော် သူရေးလေသမွ် ဖားတာဘာတစ္ခုမွမပါ။ အမ်ာျးပည်သူအတြက်သာ ရေးချဲ့ခင်ျးဖစ်သည်။

၁၉၈၇ မတ္လမွ ဇူလိုင္လ အတြင်း ပေဖူးလွှာမဂ္ဂဇင်းတြင္တိုက် ရေယာဉ် ၁၀၃ ကိုယ်တြေ့ဝတ္ထုရွည် ကြီးပါလာသောအခါ လှုပ္လှုပ်ရွားရွာျးဖစ်ြသားကြသည်။ စာနယ္ဇင်း လောကသာမက အုပ္စိုးသူစစ် တပ်အသိုင်းအဝိုင်းအထိပါ ဂယက်ရိုက္ခတ်ြသားသည်။ အုတ်အော်သောင်းတင်ျးဖစ်ြသားသည်။ အမွန္မွာ နွစ္မ်ားစြာကြာ တအုံနြေးနြေျးဖစ္ခဲ့သော ကိုယ်တြေ့အျဖစ်အပ်က္မ်ားကို ဇီဝဇိုးငွက္တစ်ကောင္လို ထြေးထုတ္လိုက်ျခင်း၊ တစ်သက္လုံး သိမ်းဆည်းခဲ့သော အေကြာင်းအရာကို ဖြင့်ခ်လိုက်ျခင်း၊ တိုက်ရေယာဉ် ၁၀၃ မွာ မူရင်းနာမည် မဟုတ်၊ မူရင်းနာမည္က ငရဲသို့တစ်ခေါက်ဟု ပေးထားသည်။ ဆိုင်ရာကျေပာ၍ျေပာင်းလဲပေးခဲ့ရျခင်း၊ ထိျုေပာင်းလဲသည့် တိုက်ရိုက်အမည် ‘တိုက်ရေယာဉ် ၁၀၃’က ပင် သတင်းပိုဆန်နေပြီး ပိုမိုရွင်သန်နေသည်။ ‘တိုက်ရေယာဉ်၁၀၃’အောင်ျမင္မျှုဖင့် မောင်သ္ကော ကေလာင်သည္လည်း ပိုမိုအရွိန် အဝါကြီးလာသည်။ လူကေတာ့ က်န်းမာရေး မေကာင်းတော့၍ ပေစာင်းပေစာင်း၊ ခေါင်းငဲ့မရ၍ ခန္ဓာကိုယ္ပါလွည့်လွည့်ကြည့်ရသည်။ျေခတစ္ဖက္က သိပ္မသန္ခ်င်။ သို့သော် ဇြဲနွင့္မာန္ကား တစ်ျပားသားမွမေလွ်ာ့။ တိုက်ရေယာဉ် ၁၀၃ နွင့်ပတ်သက်၍ မလိခအညွှန်း ရေးသူဆရာနတ်နယ္ကြ - တိုက်ရေယာဉ် ၁၀၃ လိုဝတ္ထုမိုျးမန္မာစာပေလာကတြင္မရွိသေးပါ။ မေပ်ါသေးပါ။ ထိုမ်ွမကျေပာရလ်ွင် ဤဝတ္ထုသည် အေကြာင်းအရာအရေရာ၊ ရေးသားတင်ျပမှု အတတ္ပညာ အရေရာ နိုင်ငံတကာ အဆင့်မီဝတ္ထုတစ္ပုဒ္ဆိုလ်ွင် လြန်အံ့မထင်။ ခ်ီးမြမ်းထိုက်သူကို ခ်ီးမြမ်းအပ်ရာ၏ဟု ရေးသားခဲ့ပါသည်။

(၃)

၁၉၈၈ တြင် ကော်င်းသားမ်ား ဦးဆောင်သော ရွစ်လေးလုံးဒီမို ကေရစီအေရးတ္ပောုံကြီး ပေါ်ပေါက္လာသောအခါ ဆရာမောင်သ္ကောသည် ရွေ့တန်းမွ ပါဝင္လှုပ်ရွားခဲ့သည်။ အေရးတ္ပောုံကာလအတြင်း လြတ္လပ္စြာ ထုတ်ဝေသည့် သတင်းစာမ်ားတြင် ကေလာင္စြမ်ျးပသည်။ နဂိုကတည်းက ခ်ုပ်နွောင္မှုအောက္တြင် လူးလြန့်ဖောက္ထြက် ရေးသားခဲ့ရသည့် ဆရာမောင်သ္ကောသည် အခ်ုပ်ေအနွာင္ကင်းကင်း ရေးခြင့်သာသောအခါ အင္တိုက်အားတိုက် ရေးလေသည်။ သို့သော် အေတ္မာ်ားမ်ားမွာ နာမည္မခံ။ သို့ရာတြင် စာဖတ်သူက သိလေသည်။ ထိုကာလက သတင်းစာဆရာ၊ သတင်းသမားအစစ္မ်ားသည် အေရးတ္ပောုံသတင်းစာမ်ား၌ လက္စြမ်း
ျပကြသည်။

ထိုအထဲတြင် ဆရာအေထာက်တော်လွေအာင်၊ ဆရာဦးဝင်းတင်၊ ဆရာစိန္ခင်မောင်ရီနွင့် ဆရာမောင်သ္ကောတို့သည် အင်ျပည့်အာျးပည့် ရေးသားခဲ့ကြသည်။ သတင်းခေါင်းပေးပုံတြေကလည်း အားပါလွသည်။ ဥပမာ ဒီမိုကေရစီအေရး တောင်းဆိုအုံကြကြရာ မဟာပထဝျီေမကြီး နိမ့်စောင်းသြာျးခင်းမိုျးဖစ်သည်။ မျဖစ်နိုင္မွန်းသိသ္လောည်း သတင်းခေါင်းစီးက လူကိုဖမ်းစားသြားပြီး စိတ္ဓာတ္ခြန်အားကို ရရွိစေသည်။ သတင်းစာဖတ်ျပည်သူမ်ား၏ စိတ်နွလုံးကို သိမ်းက်ုံးညှို့ငင္ဆြဲယူလိုက်သော အေရးအသားမိုး။ ထို့ကြောင့်ပင် ဒီမိုကေရစီ လှုပ်ရွားမှုကြီးမွာ ပိုမို က်ယ်ျေပာလာခဲ့သည်။

စာနယ္ဇင်းသမဂ္ဂဖြဲ့စည်းသောအခါ ဆရာမောင်သ္ကောကဥက္ကဋ္ဌ၊ ဟံသာဝတီဦးဝင်းတင္က ဒု-ဥက္ကဋ္ဌနွင့်အတြင်းရေးမွူးက မောင္ကိုယျုဖစ္လာသည်။ ထိုပုဂ္ဂိုလ်သုံးဦးသည် နောင်အမိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ္ဖြဲ့စည်းသောအခါ ဦးဆောင်သူမ်ားလည်ျးဖစ္ခဲ့သည်။ သူတို့နွင့် မခြဲမခြာ ပါလာသူက ယခု ဘကြီးမိုးဟုခေါ်ကြေသာ ဆရာမောင္မိုးသျူဖစ်သည်။ ဆရာမောင်သ္ကော အပါအဝင် သတင်းစာဆရာ၊ စာရေးဆရာမ်ားက သတင်းစာစောင္မ်ားမွေန၍
ျပည်သူလူထုကို သတင်းတြေပးသည်။ သတိတြေပးသည်။ ရွေ့ဆက္လုပ်ရမည့်လုပ်ငန်း တာဝန်တြေကို ခ်ျပသည်။ ဒီမိုကေရစီ တောင်းဆိုနေသာ ရဟန်းရွင္လူမ်ားကလည်း ထိုသတင်းစာစောင္မ်ားကို အလုအယက် ဖတ်ကြသည်။ လူထုက တစ်သြေးတစ်သားတည်း ရွိသည့်သေဘာ၊ သတင်းနေ့စဉ်မွေန၍ ဆရာမောင်သ္ကောက အခိန္ကို တိုင်းဆျခင်းဆိုသည့် ခေါင်းကြီးကို ရေးသည်။ နိုင်ငံရေးသမားမ်ား သတိထားရန္မွာ မည်သည့်နိုင်ငံတြင္မဆို စကားလုံးရြေးခ်ယ်သုံးနှုန်းမှု (Choice of Word)နွင့် အခြင့်အခါ၊ အခိန်အခါကို အခိန္ကိုက် မွန်းဆတတ်ျခင်းပင်ျဖစ်သည် အစရွိသည့် ခေါင်းကြီးက ထိလွသည်။

ထိုသို့ လှုပ်ရွားနေရင်းနိုင်ငံရေးအတြင်း ဒေါ်အောင္ဆန်းစုကြည် ပါဝင္လာရေး သူတို့သုံးဦး (ဆရာဦးဝင်းတင်၊ မောင်သ္ကောနွင့် မောင္မိုးသူ) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ အေခါက်ခေါက် သြားရောက္ကာ တိုက္တြန်း အကူအညီ တောင်းခံသည်။ မိခင်ကြီးဒေါ်ခင်ကြည် မက်န်းမာ၍ျမန္မျာပည်ရောက်နေသာ ဒေါ်အောင္ဆန်းစုကြည္ထံ ဒီမိုကေရစီအေရးတြင် ပါဝင်ပေးရန် ပန်ကြားကြသည်။ အမွန္မွာ ဒေါ်အောင္ဆန်းစုကြည်သည် လူရြေးနျေခင်ျးဖစ်သည်။ ၎င်း၏အနားတြင် ဦးထြေျးမင့်နွင့် သခင္တင်ျမလည်း ရွိနေ၏။ ဤသိျု့ဖင့်သြဂုတ် ၂၄ ရက်၊ ရန္ကုန်ျပည်သူ့ဆေးရုံကြီးရွေ့တြင် ဒေါ်အောင္ဆန်းစုကြည် တိုင်ျးပည်သို့ ပထမဆုံး မိန့်ခြန်ျးေပာလေသည်။
ဒေါ်အောင္ဆန်းစုကြည္ကျပည်သူ လူထုရဲ့အင်အားဆိုတာ အင္မတန် အေရးကြီးပါတယ်။ ဒါပေမဲ့ ဒီအင်အားကို အမွန္တရားနဲ့အတူတူ မကိုင္ထားနိုင္ဘူးဆိုရင် ဒီအင်အားတြေဟာ ကိုယ့်အတြက်ျပန်ပြီးတော့ အန္တရာယ်ျဖစ်နိုင္ပါတယ်။ ဒါကြောင့်မို့လိျု့ပည်သူလူထုရဲ့ စြမ်းအားကို အမွန္တရားနဲ့ ထိန်းထားကြပါ အစခ်ီသော မိန့်ခြန်းကိျုေပာကြားခဲ့သည်။ အလ်ဉ်းသင့်၍ ဆိုရပါလ်ွင် တစ်လောက ယဉ်ကေ်းမှုဒုဝန်ကြီး ဦးသန်းဆြေ (စာရေးဆရာမောင်သန်းဆြေ-ထားဝယ်)ျေပာခဲ့သလို ဒေါ်အောင္ဆန်းစုကြည္ကို တင္ခဲ့သူမွာ မင်းသားကြီးဦးထြန်းဝေ မဟုတ်။

ထိုကာလက လွည့်လည်ြသားလာရာ၌ မည်သူမည်ဝါ မကျြဲပားလ်ွင် အန္တရာယ်ကြီးလြန်း၍ ထင်ရွားသည့် အနုပညာရွင္မ်ားက ဒေါ်အောင္ဆန်းစုကြည်အား ဝန်းရံပေးချဲ့ခင်းသျာဖစ္ပါသည်။ မင်းသားကြီးဦးထြန်းဝေကဲ့ သို့ပင်ရုပ်ရွင်သရုပ်ဆောင်ဦးအောင္လြင် (စံရွှေမောင်)နွင့် ဒေါ်ခင်သီတာထြန်းတို့က ဒေါ်အောင္ဆန်းစုကြည်အား ဗိုလ္ခ်ုပ်အောင္ဆန်း၏ သမီျးဖစ်၍ စောင့်ရွောက်ရမည္ဆိုသော အသျိဖင့်ဝန်းရံချဲ့ခင်းသျာဖစ္ပါ၏။ သမိုင်းသုတေသီလည်ျးဖစ်၊ ဝန်ကြီးတစ္ပါးလည်ျးဖစ်သော ဦးသန်းဆြေသည် အေကြာင်းအရာတစ္ခုကို ဂဃနဏ သေခ်ာစြာမသိဘဲ ဤသို့ လက္လြတ္စပယ်ျေပာလိုက်ျခင်းမွာ အံ့သြဘနန်ျးဖစ်စေခဲ့သည်။ ထိုစကားကို ၎င်းမည်သို့တာဝန်ယူမည် မသိ။ ဆိတ္ဆိတ်နေသြားမည်သာ ထင္ပါသည်။ ဧကန္စင္စစ္တြင္မူ ဒေါ်အောင္ဆန်းစုကြည်သည်ျမန္မျာပည်ျပန္မလာခင်ျပည္ပတြင် ရွိစဥ္ကတည်းကျမန္မာ့နိုင်ငံရေးထဲ အေနွးနွင့်အျမန် ပါဝင်ေရတာ့မည့်အေရး ကြိုတင္တြက္ဆထားပြီျးဖစ်သည်။ သူ့ကိုမည်သူကမွ် တင်,ပေးချဲ့ခင်းမရွိပါ။သူကိုယ္တိုင် ရြေးခ်ယ္ချဲ့ခင်းသျာဖစ္ပါ၏။

၁၉၈၈ သြဂုတ် ၂၈ ရက္တြင် ရန္ကုန္တက္ကသိုလ်ကော်င်းသား သမဂ္ဂနေရာ၌ က်င်းပေသာ ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကော်င်း သား သမဂ္ဂမ်ားအဖြဲ့ခ်ုပ်) ဖြဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သ္ကောက စာပေအနုပညာရွင္မ်ား ကိုယ္စားတက်ရောက်၍ မိန့်ခြန်းျေပာကြားခဲ့သည်။ ဤသိျု့ဖင့် ဒီမိုကေရဈီပည်သူ့အေရးတ္ပောုံကြီးသည် နိုင်ငံတစ်ဝန်းရက်ပေါင်း ၄၀ မ်ွကြာ လွည်းနေလွေအာင်ျးမင်းဇောင်းမက်န် ခြိမ့်ခြိမ့်သဲဆင်နွှဲနေစဉ် စက္တင္ဘာ၁၈၊ ၁၉ ရက္မ်ားတြင် စစ္တပ္ကရက္စက္စြာ နွိမ္နင်းဖြိုခြဲခဲ့လေသည်။

(၄)

စစ်အာဏာသိမ်းပြီးမကြာ၊ ဖြဲ့စည်းတည်ထောင်သော အမိုး သားဒီမိုကေရစီအဖြဲ့ခ်ုပ္တြင် ဒေါ်အောင္ဆန်းစုကြည္ဘက္မွ ဆရာမောင်သ္ကောအပါအဝင် တတ်၊ သိပညာရွင္မ်ား ပါဝင္လာကြသည်။ ဒီခ်ုပ္ကို ပါတီအျဖစ် တရားဝင် ဖြဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သ္ကောသည် ဗဟိုဦးစီးအဖြဲ့ဝင်နွင့် စစ္ကိုင်းတိုင်း စည်းရုံးရေးမွူး တာဝန္ခံအျဖစ် တာဝန်အပ်နွင်းခံရပြီး စစ်အစိုးရ၏ နွိပ္ကြပ္မှုကြားက ဒေါ်အောင္ဆန်းစုကြည်၏ အထက်ျမန္မျာပည် ခရီးစဉ် အောင်ျမင်အောင် ကူညီပံ့ပိုးပေးခဲ့သည်။ ဖိနွိပ္မှုမ်ား ပိုမ်ားလာခိန္တြင် ဒေါ်အောင္ဆန်းစုကြည္က ဦးဝင်းတင်၊ မောင်သ္ကော၊ မောင္ကိုယု၊ မောင်ဝံသ၊ စမ်းစမ်းနြဲ့(သာယာဝတီ) အစရွိသူတို့နွင့် တိုင္ပင်၍ အမ်ာျးပည်သူ သေဘာမတူတဲ့ အမိန့်အာဏာဟူ သမွ် တာဝန်အရဖီဆန်ကြ ကြေး ကြော်သံကို တစ္တိုင်ျးပည္လုံး ပ်ံ့နွံ့သြားအောင် စီစဉ်ျဖန့်ဝေခဲ့လေသည်။

ထို့နောက် ၁၉၈၉ အာဇာနည်နေ့အလြန္တြင် ဦးဝင်းတင်၊ မောင်သ္ကောနွင့် ဒီခ်ုပ်ခေါင်းဆောင္မ်ား ရွေ့ဆင့်နောက္ဆင့် ဖမ်းဆီးခံရပြီး ဒေါ်အောင္ဆန်းစုကြည်နွင့် သူရဦးတင်ဦးတို့လည်း ထိန်းသိမ်းခံရကာ အထက်ဖော်ျပပါအတိုင်း ဆရာမောင်သ္ကောအား ထောင္ဒဏ်နွစ် ၂၀ ခ်မွတ်ပြီး အင်းစိန်ထောင် အထူးတိုက်သို့ ပို့ဆောင္လိုက်သည်။ ထိုမွတစ္ဆင့် သေဒဏ္က်ပြီးသား အက်ဉ်းသားမ်ားသာထားရာ ကြိုးတိုက်သို့ ထပ္မံပို့ဆောင် ခံရသည်။ ထိုအခိန္တြင် ဆရာမောင်သ္ကောမွာ က်န်းမာရေး ခို့ယြင်းနေပျြီဖစ်သည်။ ထိုသို့သော အျေခအေန ၁၉၉၀ စက္တင္ဘာတြင် ထောင်အတြင်း အစာငတ္ခံဆန္ဒျပရာမွ ရိုက်နွက္ခံရပြီး
ထောင်ကြမ်ျးပင်သမံတလင်းပေါ် ပစ္ခ်ခံရကာ လျေဖတ်သလျိုဖစ်ြသားသည်။ နီးစပ်သူအခို့က ဆရာဝန္မ်ာျးဖင့် ကြပ္မတ္ကုသေပးပါရန် တင်ျပေသ္လာည်း အာဏာပိုင္မ်ားက ခြင့်မျပုခဲ့။ ကြိုးတိုက်အတြင်းနေရစဉ် အျပင်လောက၌ ဇနီးနွင့်သားတို့ ရွေ့ဆင့်နောက္ဆင့် ဆုံးသြာျးခင်းကလည်း သံမဏိလိုမာကော်သော စိတ္ဓာတ္ကို ရိုက္ခိုးသလျိုဖစ္ခဲ့သည်။ တစ်ဦးတည်းသောသား ဆုံးရှုံးရျခင်ျးဖစ်၍ ပိုမိုခံစားရပုံ ပေါ်လေသည်။ ထို့နောက် ကြိုးတိုက္ထဲဝင် မူးလဲကာ ထောင်ဆေးရုံသို့ တင္ပို့ခဲ့ရသည်။ စစ်အာဏာပိုင် စစ်ထောက္လွမ်းရေးကမူ ဆရာမောင်သ္ကော အေနွးနွင့် အျမန်ြသားတော့မည်ဟု တြက္ထားကြသည်။
တကယ္တမ်းက် စစ်အာဏာရွင္မ်ားသည် ဆရာမောင်သ္ကောကို အမှုန့်ခ်ေပစ္လိုသည်အထိ အမုန်းကြီးမုန်းနေကြသည်။

ဤနည်ျးဖင့်မေသလည်း အျခားတစ္နည်းနည်ျးဖင့် သေဖို့ရာ လုပ်ဆောင်ကြဦးမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကေရစီ အေရးတ္ပောုံအတြင်း စစ်ရေးအကူအညီပေးရန် အေမရိကန်အစိုးရထံ အဓိကေတာင်းခံသူမွာ ဆရာမောင်သ္ကော သာလ်ွင်ျဖစ်၏။ ထို့ကြောင့် အငြိုးကြီးကြီးထားကာ တစ္နည်းနည်ျးဖင့် သုတ်သင္မည်သျာဖစ်ခေ်၏။ သူတို့ မသုတ်သင်ရဘဲ သူ့စရိတ်ျဖင့်သူသြားပါက အတိုင်းထက်အလြန် ဝမ်ျးေမာက်ကြပါမည်။

အမွန္တကယ္တြင္မူ ဆရာမောင်သ္ကောသည် တိုင်ျးပည္ကို ဆယ္စုနွစ္မ်ားစြာကြာ လက္နက်ျဖင့် ဖိနွိပ်အုပ္ခ်ုပ္ခဲ့သည့် စစ်အစိုးရကျိုဖုတ္ခ်ရန်ျဖစ်နိုင်သမ်ွသော နည်းလမ်းပေါင်းဈုံဖင့် ရွာဖြေလုပ္ကိုင္ချဲ့ခင်းသျာဖစ္ပါသည်။ သူ၏ အဓိကရည်ြရယ္ခ်က္မွာ မည်သည့်နည်းနွင့်ျဖစ်စေ စစ်အစိုးရကျိုဖုတ္ခ်ရေးသျာဖစ္ပါသည်။ ထို့ကြောင့်ပင် စစ်အစိုးရကဆရာ မောင်သ္ကောအေပါ် ဤမ်ွအာဃာတကြီးမားချဲ့ခင်ျးဖစ်သည်။ သူတို့ မွေ်္လာင့်ထားသလိုလည်း
ျဖစ္ခဲ့ပါ၏။

၁၉၉၁ ဇြန္လ ၁၁ ရက္တြင် ဆရာမောင်သ္ကော ကြယ္လြန်ြသားပါသည်။ ဒီမိုကေရစီအေရးတ္ပောုံကြီးအတြင်း ဒေါ်အောင္ဆန်းစုကြည်အား ပထမဆုံး ဝန်းရံပေးခဲ့သော ရန္ကုန်ဆေးရုံကြီး၏ အခ်ုပ္ခန်းအတြင်း ကြယ္လြန်ြသားပါသည်။ ဒီမိုကေရစီဘက်တော်သား ခေါင်းဆောင္တစ်ဦးက်ဆုံျးခင်း။ တစ္နည်းဆိုရလ်ွင် ကြယ်ျဖူပါ ခြပ်ဒေါင်းအလံအောက်၌ ရဲရဲဝံ့ဝံ့ က်ဆုံးသြာျးခင်း။ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်သည် ဆရာမောင်သ္ကော အပါအဝင် ခရမ်းဦးတင်မောင်ဝင်း၊ ဦးမောင္ကို၊ ဦးတင်ရွှေ (မုံရြာ တင်ရွှေ)၊ ကိုကိုးကျြန်းမြို့နယ်ျပည်သူ့လွှတ်တ္ကောိုယ္စားလွယ်ဦးလွသန်း၊ ဧရာဝတီတိုင်းလေးမ်က်နျွာပည်သူ့လွှတ်တ္ကောိုယ္စားလွယ်ဦးစီမောင် အပါအဝင် ထောင်အတြင်း အက်ဉ်းခ်ခံရပြီး ကြယ္လြန်သူမ်ား၊ ထြက်ျေပးတိမ်းရွောင်ရင်း ကြယ္လြန်ြသားသူမ်ား၏ သြေးတို့ ခက္ခက္ခဲချဲဖင့် တည်ဆောက္ခဲ့ရေသာ အဖြဲ့ကြီျးဖစ်သည်။ သူတို့၏ သြေးမ်ားကား နွလုံးသားတြင် မျေခာက်သေး ..။ သမိုင်းပေးတာဝန္ကိုသာ မိမိတို့က်ေပြန်ရန္လိုပါ သည်။ အမွန်နွင့်အမွား၊ ဓမ္မနြွင့်အဓမ္မကေတာ့ ယွဉ်တြဲရွိနေမည်သာ။ အဆုံး၌ ဓမ္မကသာ အောင္ပြဲခံပါမည်။

(၅)

ရန္ကုန်မြို့ ဆြန္နီသခ်ုင်္ိင်းရွိ အုတ္ဂူတစ္ခုတြင် ယခုလို ရေးထိုးထားခဲ့သည်။

ဗိုလ္မွူးဘေသာ်၊ တပ္မေတာ်(ရေ) (၃၀၅၀)ငြိမ်း၊ နူရ်းအာမက်၊ အသက် (၆၂)နွစ်၊ စာရေးဆရာ မောင်သ္ကော၊ အမိုးသားဒီမို ကေရစီအဖြဲ့ခ်ုပ်၊ ဗဟိုအလုပ်အမှု ဆောင်က္မောတီဝင်၊ NLD ပါတီစတင္ဖြဲ့စည်းဦးဆောင္ခဲ့သူ။ ၁၁.၆.၁၉၉၁ နေ့တြင် အင်းစိန်အက်ဉ်းထောင္တြင် အလ္လာအသ်ွင်ျမတ်၏ အမိန့်တ္ကောိုခံယူသည်ဟူ၍ . . .

အခိန်အာျးဖင့် နွစ်ပေါင်း (၂၄) နွစ်ကော််လြန္လာပျြီဖစ်သ္လောည်း မေန့တစ်နေ့ကလိုသျာဖစ္ပါသည်။ ယခုတော့ နိဂုံးတစ္ခုကို ခ်ုပ်ေရပေတာ့မည်။ ‘အားလုံး .... သတိ’

7day daily

No comments:

Post a Comment