Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

တိုင္းရင္းသားမဲ႐ံုအခ်ဳိ႕ ဖြင့္ဖို႔ လံုၿခံဳေရးအရ အခက္အခဲရိွ


 လာမယ့္ေရြးေကာက္ပြဲမွာ လံုၿခံဳေရးအေျခအေနေၾကာင့္ အခ်ိဳ႕ေသာျပည္နယ္ေတြက နယ္ေျမေဒသအခ်ိဳ႕မွာ အခ်ိန္မီ မဲ႐ံုဖြင့္လွစ္ႏိုင္ဖို႔ အခက္အခဲ ရိွေနတယ္လို႔ ေရြးေကာက္ပဲြဆိုင္ရာ ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။ ဒါ့အျပင္ အခ်ိဳ႕ေဒသေတြမွာေတာ့ ၿပီးခဲ့တဲ့ သဘာဝ ေဘးအႏၱရာယ္ေၾကာင့္ ပ်က္စီးမႈေတြအရ မဲ႐ံုေတြကို ေျပာင္းေရႊ႕ဖြင့္လွစ္တာ၊ ေပါင္းၿပီး ဖြင့္လွစ္ရတာမ်ိဳးေတြ ရိွမယ္လို႔လည္း ေျပာပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီး ဗီြအိုေအ သတင္း႒ာန ျမန္မာပိုင္းက ေမခက ေပးပို႔ထားပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥပေဒ အခန္းအမွတ္ ၄၊ ပုဒ္မ (၁၀)(စ) အရ သဘာဝေဘးအႏၱရာယ္ေၾကာင့္ ေသာ္လည္း ေကာင္း၊ နယ္ေျမ လုံၿခံဳေရး အေျခအေနအရေသာ္လည္ေကာင္းေရြးေကာက္ပြဲက်င္းပနိင္ျခင္းမရွိတဲ့ မဲဆႏၵနယ္ေတြရဲ႕ေရြးေကာက္ပြဲေတြကို ေရႊ႕ဆိုင္းျခင္းနဲ႔ ပယ္ဖ်က္ျခင္း တို႔ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေဆာင္ရြက္နိင္တယ္လို႔ ျပ႒ာန္းခ်က္ရိွပါတယ္။ မဲ႐ံုဖြင့္လွစ္ဖို႔ အခက္အခဲရိွတယ္လို႔ ေဒသခံ ေရြးေကာက္ပဲြ အာဏာပိုင္ေတြဘက္က တင္ျပထားတဲ့ နယ္ေျမအတြက္ ဒီ ျပ႒ာန္းခ်က္အညီေဆာင္ရြက္ႏို္င္ဖို႔ ေကာ္မရွင္က ျပင္ဆင္ေဆာင္ရြက္ေနတယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္႐ံုး ဒုတိယညႊန္ၾကားေရးမႉးတစ္ဦး က ခုလိုေျပာပါတယ္။

“အဲဒါကေတာ့ ေကာ္မရွင္က မဆံုးျဖတ္ေသးလို႔၊ ေကာ္မရွင္ဆံုးျဖတ္ၿပီးမွ ထြက္လာမွာ၊ အဲဒီေတာ့မွ စမွာ၊ က်ေနာ္ မေျပာႏုိင္ေသးလို႔ပါခင္ဗ်။”

မဲ႐ံုက်င္းပမဲ့ေနရာ ၃,၀၀၀ ေက်ာ္ရွိတဲ့ စစ္ကိုင္းတိုင္းမွာ မၾကားေသးခင္က ျဖစ္ပြားခဲ့တဲ့ သဘာဝေဘးအႏၱရာယ္ေၾကာင့္ မဲ႐ံုေတြကို ေနရာေျပာင္းဖြင့္လွစ္ဖုိ႔ ရွိတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္က ခုလိုေျပာျပပါတယ္။

“မဲ႐ံုမလုပ္ႏိုင္တဲ့ေနရာေတာ့ မရွိဘူး။ မဲ႐ံုေနရာေရႊ႕တဲ့ေနရာေတြေတာ့ ရွိတယ္။ အထူးသျဖင့္ေတာ့ အားလံုးက ၃,၇၁၀ ရွိတယ္ေလ။ အေရအတြက္ေတာ့ မေျပာင္းဘူး။ တမူးၿမိဳ႕နယ္က မင္းသမီးရြာတို႔၊ ဘာတို႔ဆိုရင္ သူတို႔က အဲဒီရြာက ေရႊ႕လိုက္ရတာကိုး။ ေရႊ႕တဲ့ေနရာမွာ စာသင္ေက်ာင္းေဆာက္ေနတယ္။ အဲဒီ စာသင္ေက်ာင္းေလးမွာပဲ မဲေပးဖို႔ေပါ့။ ေနရာပဲေရႊ႕သြားမွာေပါ့။ တခ်ဳိ႕ ေနရာေတြမွာ ေပါင္းတာေတြလည္း ရွိတယ္။ အဲဒီအေသးစိတ္ေတြက်ေတာ့ သူတို႔ ၿမိဳ႕နယ္ေတြမွာပဲ အေသးစိတ္သိမယ္။ က်ေနာ္တို႔ဆီလည္း တခ်ဳိ႕တက္ဆဲ၊ တခ်ဳိ႕ကလည္း လာဆဲေပါ့ေလ။ ပ်က္သြားတာေတာ့ မရွိဘူးထင္ပါတယ္။ ေက်းရြာကလူေတြ၊ ျပည္သူလူထု ေရႊ႕သြားတဲ့ေနရာကိုပဲ က်ေနာ္တို႔က အဆင္ေျပေအာင္ မဲ႐ံုကို ေရႊ႕ေပးမွာပါ။ လံုးဝမွ အေဆာက္အဦးမရွိတဲ့ ေနရာ ဆိုရင္လည္း ေဆာက္ေပးဖို႔အထိ စီစဥ္ထားပါတယ္။ ေရႊ႕သြားတဲ့နယ္ေျမရွိမွာက - တမူးၿမိဳ႕နယ္ရွိမယ္။ ေနာက္ ကေလးၿမိဳ႕နယ္မွာရွိမယ္။ ေမာ္လိုက္- ခ်င္းတြင္းျမစ္႐ိုးမွာလည္း ရွိႏိုင္တယ္။ ေဖာင္းျပင္၊ ေမာ္လိုက္၊ ခႏၱီးတို႔မွာလည္း ရွိေကာင္းရွိႏိုင္တယ္။”

ရွမ္းျပည္နယ္တြင္းမွာ ရွိတဲ့ ပေလာင္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေဒသ က ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးစမ္းေအာင္ကလည္း ခုလို ေျပာပါတယ္။

“မန္တံုၿမိဳ႕နယ္၊ တိမ္းေရွာင္စခမ္းေတြ…အခုက အဲဒီမဲ႐ံုကို နီးစပ္ရာမွာ ေျပာင္းေရႊ႕ေပးရတာ တစ္ခုတည္းပါပဲ။ က်န္တာ ..ေစာင့္ေနတဲ့ အေနအထားေတြ ရွိပါတယ္။ မဲထည့္ႏိုင္ေအာင္ဆိုၿပီး က်ေနာ္တို႔က နီးစပ္ရာကိုေပါင္းၿပီး ထည့္ေပးရတာ။ မန္တံုနဲ႔နီးတဲ့ရြာေပါ့။ ဒီေန႔ထက္ထိေတာ့ အဆင္ေျပေနတာေပါ့။ ဒီပေလာင္အဖြဲ႔ကလည္း ေၾကညာထားၿပီးျဖစ္ပါတယ္။ ဒီမဲ႐ံုကိုျဖစ္ေအာင္ ….သူတို႔အေနနဲ႔ ဘာမွ အေႏွာင့္အယွက္မေပးဘူးဆိုတာလည္း သူတို႔က ေၾကညာၿပီးသားျဖစ္ေနတယ္။ လြတ္လြတ္လပ္လပ္ စည္း႐ံုးႏုိင္တယ္ေပါ့။ ဘာသာေရး၊ လူမ်ဳိးေရး မထိခိုက္တဲ့စည္း႐ံုးေရးမ်ဳိးဆိုရင္ အခ်ိန္မေရြး သူတို႔အေနနဲ႔လက္ခံတယ္ဆိုတာ ေၾကညာထားတယ္။”

မဲ႐ံုက်င္းပမယ့္ေနရာ ၁,၀၀၀ ေက်ာ္ရွိတဲ့ ခ်င္းျပည္နယ္မွာလည္း မဲ႐ံုေျပာင္းေရြ႕မႈေတြလုပ္မွာပါ။ ဒါနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလ်န္အုပ္က ခုလိုေျပာပါတယ္။

“ဟားခါးၿမိဳ႕ေပၚ၊ ၿမိဳ႕ေဟာင္းရပ္ကြက္ေပ့ါေနာ္၊ ၿမိဳ႕ေဟာင္းရပ္ကြက္ရယ္၊ ေနာက္ရပ္ကြက္တစ္ခုရယ္၊ တရပ္ကြက္လံုး ၿမိဳ႕သစ္မွာေျပာင္းေတာ့ မဲ႐ံုက ၿမိဳ႕သစ္မွာပဲ ေျပာင္းေပးလိုက္တယ္။ သူတို႔အနားမွာ။ အဲဒီအတိုင္းပါပဲ။ တြန္းဇံၿမိဳ႕နယ္တို႔၊ ဘာတို႔မွာ ကမ့္မွာရွိတဲ့၊ ကမ့္အနားမွာပဲ မဲ႐ံုကို ေရႊ႕ေပးလိုက္တယ္။ ေနာက္ လိုအပ္တာရွိရင္ မဲ႐ံုနည္းနည္းေပါ့ဗ်ာ- တိုးေပးလိုက္တယ္။ အဲလိုပဲ က်ေနာ္တို႔ကေတာ့ အဆင္သင့္ပါပဲ။ ထိခိုက္မႈ မရွိပါဘူး။”

လက္ရွိမွာ လံုၿခံဳေရးအရ ကခ်င္ျပည္နယ္မွာ မဲ႐ံု ၁၀၀ ေက်ာ္နဲ႔ ကရင္ျပည္နယ္ဘက္မွာ ေက်းရြာ ၄၁ ခု ေဒသအတြင္း လုံၿခံဳေရး အေျခအေနေၾကာင့္ မဲ႐ံုမဖြင့္ႏိုင္ဘူးလို႔ သက္ဆိုင္ရာ ျပည္နယ္ေတြကေျပာဆိုထားပါတယ္။ ဒီလိုလုံၿခံဳေရးအေျခအေနေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္ကေန မဲရုံမဖြင့္လွစ္ ႏိုင္ခဲ့ရင္ ေဒသခံေတြအတြက္မဲေပးပိုင္ခြင့္ နစ္နာဆုံးရွံဳးသြားမွာျဖစ္ပါတယ္။ ျပည္နယ္နဲ႔ ေဒသအလိုက္ ေကာ္မရွင္ေတြဖက္က မဲ႐ံုဖြင့္ႏိုင္မႈရိွမရိွ အေျခအေနေတြအေပၚမွာ ျပည္ေထာင္စုေကာ္မရွင္ဘက္က စဥ္းစားေနဆဲျဖစ္တာမို႔ လက္ရွိ ခ်ိန္ထိေတာ့ ဘယ္ေနရာေတြမွာ မဲ႐ံုဘယ္ႏွစ္ခု မလုပ္ႏိုင္ဘူးဆိုတာကို ျပည္ေထာင္စုေကာ္မရွင္ဖက္က ထုတ္ျပန္ျခင္းမရိွေသးပါဘူး။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................................

 လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် အချို့သောပြည်နယ်တွေက နယ်မြေဒေသအချို့မှာ အချိန်မီ မဲရုံဖွင့်လှစ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် အချို့ဒေသတွေမှာတော့ ပြီးခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုတွေအရ မဲရုံတွေကို ပြောင်းရွှေ့ဖွင့်လှစ်တာ၊ ပေါင်းပြီး ဖွင့်လှစ်ရတာမျိုးတွေ ရှိမယ်လို့လည်း ပြောပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းဋ္ဌာန မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁၀)(စ) အရ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်း ကောင်း၊ နယ်မြေ လုံခြံုရေး အခြေအနေအရသော်လည်ကောင်းရွေးကောက်ပွဲကျင်းပနိင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေရဲ့ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းခြင်းနဲ့ ပယ်ဖျက်ခြင်း တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နိင်တယ်လို့ ပြဋ္ဌာန်းချက်ရှိပါတယ်။ မဲရုံဖွင့်လှစ်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံ ရွေးကောက်ပွဲ အာဏာပိုင်တွေဘက်က တင်ပြထားတဲ့ နယ်မြေအတွက် ဒီ ပြဋ္ဌာန်းချက်အညီဆောင်ရွက်နို်င်ဖို့ ကော်မရှင်က ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးတစ်ဦး က ခုလိုပြောပါတယ်။

“အဲဒါကတော့ ကော်မရှင်က မဆုံးဖြတ်သေးလို့၊ ကော်မရှင်ဆုံးဖြတ်ပြီးမှ ထွက်လာမှာ၊ အဲဒီတော့မှ စမှာ၊ ကျနော် မပြောနိုင်သေးလို့ပါခင်ဗျ။”

မဲရုံကျင်းပမဲ့နေရာ ၃,၀၀၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ မကြားသေးခင်က ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မဲရုံတွေကို နေရာပြောင်းဖွင့်လှစ်ဖို့ ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ခုလိုပြောပြပါတယ်။

“မဲရုံမလုပ်နိုင်တဲ့နေရာတော့ မရှိဘူး။ မဲရုံနေရာရွှေ့တဲ့နေရာတွေတော့ ရှိတယ်။ အထူးသဖြင့်တော့ အားလုံးက ၃,၇၁၀ ရှိတယ်လေ။ အရေအတွက်တော့ မပြောင်းဘူး။ တမူးမြို့နယ်က မင်းသမီးရွာတို့၊ ဘာတို့ဆိုရင် သူတို့က အဲဒီရွာက ရွှေ့လိုက်ရတာကိုး။ ရွှေ့တဲ့နေရာမှာ စာသင်ကျောင်းဆောက်နေတယ်။ အဲဒီ စာသင်ကျောင်းလေးမှာပဲ မဲပေးဖို့ပေါ့။ နေရာပဲရွှေ့သွားမှာပေါ့။ တချို့ နေရာတွေမှာ ပေါင်းတာတွေလည်း ရှိတယ်။ အဲဒီအသေးစိတ်တွေကျတော့ သူတို့ မြို့နယ်တွေမှာပဲ အသေးစိတ်သိမယ်။ ကျနော်တို့ဆီလည်း တချို့တက်ဆဲ၊ တချို့ကလည်း လာဆဲပေါ့လေ။ ပျက်သွားတာတော့ မရှိဘူးထင်ပါတယ်။ ကျေးရွာကလူတွေ၊ ပြည်သူလူထု ရွှေ့သွားတဲ့နေရာကိုပဲ ကျနော်တို့က အဆင်ပြေအောင် မဲရုံကို ရွှေ့ပေးမှာပါ။ လုံးဝမှ အဆောက်အဦးမရှိတဲ့ နေရာ ဆိုရင်လည်း ဆောက်ပေးဖို့အထိ စီစဉ်ထားပါတယ်။ ရွှေ့သွားတဲ့နယ်မြေရှိမှာက - တမူးမြို့နယ်ရှိမယ်။ နောက် ကလေးမြို့နယ်မှာရှိမယ်။ မော်လိုက်- ချင်းတွင်းမြစ်ရိုးမှာလည်း ရှိနိုင်တယ်။ ဖောင်းပြင်၊ မော်လိုက်၊ ခန္တီးတို့မှာလည်း ရှိကောင်းရှိနိုင်တယ်။”

ရှမ်းပြည်နယ်တွင်းမှာ ရှိတဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစမ်းအောင်ကလည်း ခုလို ပြောပါတယ်။

“မန်တုံမြို့နယ်၊ တိမ်းရှောင်စခမ်းတွေ…အခုက အဲဒီမဲရုံကို နီးစပ်ရာမှာ ပြောင်းရွှေ့ပေးရတာ တစ်ခုတည်းပါပဲ။ ကျန်တာ ..စောင့်နေတဲ့ အနေအထားတွေ ရှိပါတယ်။ မဲထည့်နိုင်အောင်ဆိုပြီး ကျနော်တို့က နီးစပ်ရာကိုပေါင်းပြီး ထည့်ပေးရတာ။ မန်တုံနဲ့နီးတဲ့ရွာပေါ့။ ဒီနေ့ထက်ထိတော့ အဆင်ပြေနေတာပေါ့။ ဒီပလောင်အဖွဲ့ကလည်း ကြေညာထားပြီးဖြစ်ပါတယ်။ ဒီမဲရုံကိုဖြစ်အောင် ….သူတို့အနေနဲ့ ဘာမှ အနှောင့်အယှက်မပေးဘူးဆိုတာလည်း သူတို့က ကြေညာပြီးသားဖြစ်နေတယ်။ လွတ်လွတ်လပ်လပ် စည်းရုံးနိုင်တယ်ပေါ့။ ဘာသာရေး၊ လူမျိုးရေး မထိခိုက်တဲ့စည်းရုံးရေးမျိုးဆိုရင် အချိန်မရွေး သူတို့အနေနဲ့လက်ခံတယ်ဆိုတာ ကြေညာထားတယ်။”

မဲရုံကျင်းပမယ့်နေရာ ၁,၀၀၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာလည်း မဲရုံပြောင်းရွေ့မှုတွေလုပ်မှာပါ။ ဒါနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလျန်အုပ်က ခုလိုပြောပါတယ်။

“ဟားခါးမြို့ပေါ်၊ မြို့ဟောင်းရပ်ကွက်ပေ့ါနော်၊ မြို့ဟောင်းရပ်ကွက်ရယ်၊ နောက်ရပ်ကွက်တစ်ခုရယ်၊ တရပ်ကွက်လုံး မြို့သစ်မှာပြောင်းတော့ မဲရုံက မြို့သစ်မှာပဲ ပြောင်းပေးလိုက်တယ်။ သူတို့အနားမှာ။ အဲဒီအတိုင်းပါပဲ။ တွန်းဇံမြို့နယ်တို့၊ ဘာတို့မှာ ကမ့်မှာရှိတဲ့၊ ကမ့်အနားမှာပဲ မဲရုံကို ရွှေ့ပေးလိုက်တယ်။ နောက် လိုအပ်တာရှိရင် မဲရုံနည်းနည်းပေါ့ဗျာ- တိုးပေးလိုက်တယ်။ အဲလိုပဲ ကျနော်တို့ကတော့ အဆင်သင့်ပါပဲ။ ထိခိုက်မှု မရှိပါဘူး။”

လက်ရှိမှာ လုံခြံုရေးအရ ကချင်ပြည်နယ်မှာ မဲရုံ ၁၀၀ ကျော်နဲ့ ကရင်ပြည်နယ်ဘက်မှာ ကျေးရွာ ၄၁ ခု ဒေသအတွင်း လုံခြံုရေး အခြေအနေကြောင့် မဲရုံမဖွင့်နိုင်ဘူးလို့ သက်ဆိုင်ရာ ပြည်နယ်တွေကပြောဆိုထားပါတယ်။ ဒီလိုလုံခြံုရေးအခြေအနေကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲရုံမဖွင့်လှစ် နိုင်ခဲ့ရင် ဒေသခံတွေအတွက်မဲပေးပိုင်ခွင့် နစ်နာဆုံးရှံုးသွားမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့ ဒေသအလိုက် ကော်မရှင်တွေဖက်က မဲရုံဖွင့်နိုင်မှုရှိမရှိ အခြေအနေတွေအပေါ်မှာ ပြည်ထောင်စုကော်မရှင်ဘက်က စဉ်းစားနေဆဲဖြစ်တာမို့ လက်ရှိ ချိန်ထိတော့ ဘယ်နေရာတွေမှာ မဲရုံဘယ်နှစ်ခု မလုပ်နိုင်ဘူးဆိုတာကို ပြည်ထောင်စုကော်မရှင်ဖက်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment