Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

မဲစာရင္းျပင္ဆင္ဖို႔ ေနာက္ဆံုးရက္ ကုန္ဆံုး

မဲဆႏၵရွင္စာရင္း စစ္ေဆးေနၾကစဥ္ (မႏၱေလး)
 ၂၀၁၅ ေရြးေကာက္ပြဲအတြက္ တျပည္လံုး အတုိင္းအတာနဲ႔ မဲဆႏၵရွင္စာရင္း ေနာက္ဆံုး ထုတ္ျပန္ထားတဲ့ထဲက မွားယြင္းမႈေတြကို ျပန္လည္ျပင္ဆင္ႏုိင္တဲ့ သတ္မွတ္ရက္ ကုန္ဆံုးသြားၿပီျဖစ္လို႔ ရက္ထပ္တိုးေပးထားတဲ့ ေရေဘးသင့္ေဒသေတြကလြဲလို႔ ျပင္ဆင္ခြင့္ မရွိေတာ့ဘူးလို႔ ေရြးေကာက္ပြဲေကာ္မရွင္က ေျပာလိုက္ပါတယ္။ ေကာ္မရွင္ဘက္က မဲစာရင္း အမွားျပင္ဆင္မႈလုပ္ငန္းစဥ္ေတြမွာ မွန္ကန္တိက်မႈ နည္းလြန္းေနၿပီး ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ မဲစာရင္းစိစစ္ေရး ေဆာင္ရြက္ေပးေနတဲ့ အတုိက္အခံပါတီ NLD က ေဝဖန္လုိက္ပါတယ္။ အေသးစိတ္ကို မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲအတြက္ အေျခခံမဲဆႏၵရွင္ စာရင္းကို ျပန္လည္ျပင္ဆင္ထားတဲ့ ေနာက္ဆံုးအႀကိမ္ မဲစာရင္းကို စက္တင္ဘာလ (၁၄) ရက္ေန႔က ရပ္ကြက္၊ ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ခြဲ ႐ံုးေတြမွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ အမည္စာရင္းမွာ မပါဝင္သူေတြ၊ မပါသင့္တဲ့သူေတြပါေနရင္ ဒါမွမဟုတ္ မဲစာရင္းပါ နာမည္၊ ေမြးသကၠရာဇ္ မွတ္ပံုတင္နံပါတ္နဲ႔ လိပ္စာမွားယြင္းမႈေတြကို ျပန္လည္ျပင္ဆင္ေပးဖို႔ရက္ကို စက္တင္ဘာလ ၂၇ ရက္ေန႔ေနာက္ဆံုးထားၿပီး သတ္မွတ္ပံုစံေတြ ျဖည့္စြက္ အခ်ိန္မီ အျမန္ဆံုး တင္သြင္းၾကဖို႔ ေရြးေကာက္ပြဲေကာ္မရွင္ က ႏုိးေဆာ္ခဲ့တာျဖစ္ပါတယ္။

ျပန္လည္ျပင္ဆင္ခြင့္ရွိတဲ့ ေနာက္ဆံုးရက္ကေတာ့ စက္တင္ဘာလ ၂၇ ရက္ေန႔ မေန႔က ကုန္ဆံုးသြားၿပီျဖစ္ၿပီး စက္တင္ဘာလ ၂၈ ရက္ေန႔ ဒီကေန႔မွာေတာ့ ရပ္ကြက္ေက်းရြာအဆင့္၊ ၿမိဳ႕နယ္၊ တုိင္းအဆင့္က မဲဆႏၵရွင္ျပည္သူေတြရဲ႕စာရင္းကို ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က စုစည္းေနပါတယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ မဲစာရင္းျပဳစုေရးတာဝန္ခံ ဦးဝင္းၾကည္က ေျပာပါတယ္။

“ဟိုမွာပိတ္တာ စာရင္းမခ်ဳပ္ရေသးပါဘူး။ နယ္ေတြမွာ စာရင္းေတာင္းထားတုန္းပဲ ရွိပါေသးတယ္။ ၿမိဳ႕နယ္အလိုက္ေတြခ်ဳပ္ၿပီးမွ တိုင္းတက္မွ ျပည္ေထာင္စုကို တက္မွာပါ။ အခုေတာ့ မတတ္ေသးပါဘူး။ ေရေတြ ျမဳပ္လို႔ ကပ္မရတဲ့ေနရာေတြမွာ သူတို႔ေနာက္က်ကပ္တဲ့အတြက္ ရပ္တိုးေပးတာ ဒါပဲ။ ေအာက္တိုဘာထိေအာင္တိုးေပးတာ ၿမိဳ႕နယ္အလိုက္လည္းမဟုတ္ဘူး။ ရြာမွာပဲ။ ၄ - ၅ ရက္ေလာက္ ေနာက္က်ကပ္တာေတြရွိတယ္။ ၂ ရက္ေတာင္ အခြင့္အေရးေပးထားၿပီးၿပီ၊ အဲဒါမွ မရရင္ မဲေပးတဲ့ေန႔မွာလာေပးလို႔ အဲလိုလုပ္ေပးရင္ မဲမသမာမႈေတြလုပ္တယ္လို႔ ေျပာၾကအုန္းမွာေပါ့။”

ဒါေၾကာင့္မို႔လို႔ မဲဆႏၵရွင္စာရင္း ေနာက္တိုး ထုတ္ျပန္ေၾကညာမွာျဖစ္တဲ့ ေရေဘးသင့္ေဒသေတြက လြဲရင္ တျပည္လံုး အတုိင္းအတာနဲ႔ မဲဆႏၵရွင္စာရင္း ျပန္လည္ျပင္ဆင္ခြင့္ ကုန္ဆံုးသြားၿပီျဖစ္ တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေျပာပါတယ္။

ပထမအႀကိမ္ ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္ စာရင္းေတြထဲက မွားယြင္းမႈေတြကို ျပင္ဆင္ခဲ့ေပမဲ့လို႔ စက္တင္ဘာ ၁၄ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္စာရင္းေတြမွာလည္း မွားယြင္းမႈေတြရွိခဲ့တဲ့အတြက္ အခုေနာက္တိုး ျပင္ဆင္ထုတ္ျပန္မယ့္ မဲဆႏၵရွင္စာရင္း လုပ္ငန္းစဥ္ေတြဟာ ပြင့္လင္းျမင္သာမႈ မရွိလို႔ မွန္ကန္တိက်မႈရွိပါ့မလားလို႔ အတုိက္အခံပါတီ NLD ဘက္က စိုးရိမ္ပါတယ္။ NLD မဲဆႏၵရွင္စာရင္းျပဳစုေရး အဖြဲ႔ေခါင္းေဆာင္ ဦးထြန္းထြန္းဟိန္က

“ျပည္သူေတြဘက္ကေတာ့ ပထမ တခါ ျပင္ထားၿပီးၿပီ။ ျပင္ထားၿပီးေတာ့ ေလွ်ာက္ထားၿပီးၿပီလို႔ သေဘာေပါက္ေနတာ။ ဒါေပမယ့္ အန္ကယ္တို႔ ျပန္ၾကည့္တဲ့အခါမွာ တခ်ိဳ႕ျပင္ထားၿပီးၿပီလို႔ ေျပာလိုက္တာေတြက တခါဘာျဖစ္လဲဆိုရင္ အန္ကယ္တို႔ မပါဘဲ ျဖစ္ေနတာေတြ ရွိပါတယ္။ အခု ဒီတခါမွာ အန္ကယ္တို႔ရတာ ၁၄ ရက္ ပဲ ရပါတယ္။ ၁၄ ရက္ ပဲရတဲ့အျပင္ မဲစာရင္းေတြကို အန္ကယ္တို႔ ၾကည့္တဲ့အခါမွာ တခ်ိဳ႕ သူတို႔ ထုတ္ေပးလာတဲ့ မဲစာရင္းေတြေပါ့ေနာ္၊ ခ်ိဳ႕ယြင္းပ်က္စီးၿပီးေတြ႔တဲ့အခါ တခါေကာ္မရွင္ကို ျပန္ညိႇရတဲ့အခါရွိတာေပါ့ေနာ္။ ေျပာရရင္ေတာ့ ျပည္သူလူထုအေနနဲ႔ ပထမတခါ စစ္တုန္းကေတာ့ အိမ္ေထာင္စု စာရင္းအရ စစ္ထားလိုက္တာေပါ့ေလ။ ဒီတခါက်ေတာ့ အိမ္ေထာင္စုစာရင္းအရ မဲစာရင္းထုတ္ျပန္တာမဟုတ္ဘဲနဲ႔ alphabetical အရ ထုတ္ျပန္တဲ့အတြက္ေၾကာင့္ စစ္ရတဲ့လူေရာ အန္ကယ္တို႔ပါ ေျပာမယ္ဆိုရင္ ေတာ္ေတာ္ႀကီးကို အခက္အခဲေတြ႔ပါတယ္။ အဲဒီေတာ့ အန္ကယ္တို႔ေျပာခ်င္တာ ရက္ကလည္းတိုတယ္။ စစ္ရတဲ့ အေနအထားကလည္း ပိုၿပီးေတာ့ ခက္ခဲလာတယ္ လို႔ေျပာရမွာေပါ့ေလ။ အခုက အန္ကယ္တို႔ျမင္ေနတာက ဒီမဲစာရင္းမွာ လုပ္ေဆာင္တဲ့ process ေတြေပါ့ ။ လုပ္ငန္းစဥ္၊ လုပ္ငန္းစဥ္ေတြမွာ အန္ကယ္တို႔ျမင္တာကေတာ့ ပြင့္လင္းမႈ မရွိဘူး။ ရွင္းလင္းျခင္းလည္း မရွိဘူး။ ဒါက ဒုတိယအႀကိမ္ ထုတ္ျပန္ေပမယ့္ ဒီလိုပဲ ျဖစ္ေနတာေပါ့ေလ။”

မဲဆႏၵရွင္စာရင္းမွားယြင္းမႈေတြ ရွိေနဦးမယ္ဆိုရင္ ေနာက္ထပ္ တရားဝင္ မဲေပးႏုိင္ခြင့္ရွိမယ့္ နည္းလမ္းေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ ထည့္သြင္း စဥ္းစားသင့္တယ္လို႔လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္တဲ့မဲစာရင္းေတြကို စိစစ္ ေစာင့္ၾကည့္ေနတဲ့ အတိုက္အခံပါတီကေျပာပါတယ္။

တျပည္လံုးအတုိင္းအတာနဲ႔ျပင္ဆင္ခြင့္ စက္တင္ဘာ ၂၇ ရက္ေန႔မွာ ၿပီးဆံုးသြားေပမဲ့လို႔ သဘာဝေဘးအႏၱရာယ္ ေရေဘးသင့္ေဒသေတြမွာေတာ့ မဲစာရင္းေၾကညာရက္ေတြကို ထပ္တိုး သတ္မွတ္ေပးထားပါတယ္။ ခ်င္းျပည္နယ္ထဲက မတူပီ၊ ဟားခါး၊ တြန္းဇံၿမိဳ႕ေတြမွာ ေအာက္တိုဘာလ ၁၀ ရက္ေန႔ အထိ၊ စစ္ကိုင္းတုိင္း မံုရြာ၊ ဆားလင္းႀကီး၊ ကနီ၊ ေမာ္လိုက္၊ ေဖာင္းျပင္မွာ ေအာက္တိုဘာလ ၂ ရက္ေန႔ အထိ၊ မေကြးတုိင္း ေစတုတၱရာ၊ မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕နဲ႔ ဧရာဝတီတုိင္းတြင္းက ဟသၤာတ၊ ဇလြန္၊ ျမန္ေအာင္ၿမိဳ႕ေတြမွာ ေအာက္တိုဘာလ ၄ ရက္ ေန႔ အထိ တိုးထားၿပီး ဧရာဝတီတုိင္း အဂၤပူၿမိဳ႕ကိုေတာ့ စက္တင္ဘာလ ၃၀ ရက္ေန႔ ေနာက္ဆံုးထား ထုတ္ျပန္ေပးသြားမွာ ျဖစ္တယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......................................

မဲဆန္ဒရှင်စာရင်း စစ်ဆေးနေကြစဉ် (မန္တလေး)
 ၂၀၁၅ ရွေးကောက်ပွဲအတွက် တပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်း နောက်ဆုံး ထုတ်ပြန်ထားတဲ့ထဲက မှားယွင်းမှုတွေကို ပြန်လည်ပြင်ဆင်နိုင်တဲ့ သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်လို့ ရက်ထပ်တိုးပေးထားတဲ့ ရေဘေးသင့်ဒေသတွေကလွဲလို့ ပြင်ဆင်ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ကော်မရှင်ဘက်က မဲစာရင်း အမှားပြင်ဆင်မှုလုပ်ငန်းစဉ်တွေမှာ မှန်ကန်တိကျမှု နည်းလွန်းနေပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မဲစာရင်းစိစစ်ရေး ဆောင်ရွက်ပေးနေတဲ့ အတိုက်အခံပါတီ NLD က ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းကို ပြန်လည်ပြင်ဆင်ထားတဲ့ နောက်ဆုံးအကြိမ် မဲစာရင်းကို စက်တင်ဘာလ (၁၄) ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အမည်စာရင်းမှာ မပါဝင်သူတွေ၊ မပါသင့်တဲ့သူတွေပါနေရင် ဒါမှမဟုတ် မဲစာရင်းပါ နာမည်၊ မွေးသက္ကရာဇ် မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာမှားယွင်းမှုတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ရက်ကို စက်တင်ဘာလ ၂၇ ရက်နေ့နောက်ဆုံးထားပြီး သတ်မှတ်ပုံစံတွေ ဖြည့်စွက် အချိန်မီ အမြန်ဆုံး တင်သွင်းကြဖို့ ရွေးကောက်ပွဲကော်မရှင် က နိုးဆော်ခဲ့တာဖြစ်ပါတယ်။

ပြန်လည်ပြင်ဆင်ခွင့်ရှိတဲ့ နောက်ဆုံးရက်ကတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနေ့က ကုန်ဆုံးသွားပြီဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့ ဒီကနေ့မှာတော့ ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်၊ တိုင်းအဆင့်က မဲဆန္ဒရှင်ပြည်သူတွေရဲ့စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က စုစည်းနေပါတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲစာရင်းပြုစုရေးတာဝန်ခံ ဦးဝင်းကြည်က ပြောပါတယ်။

“ဟိုမှာပိတ်တာ စာရင်းမချုပ်ရသေးပါဘူး။ နယ်တွေမှာ စာရင်းတောင်းထားတုန်းပဲ ရှိပါသေးတယ်။ မြို့နယ်အလိုက်တွေချုပ်ပြီးမှ တိုင်းတက်မှ ပြည်ထောင်စုကို တက်မှာပါ။ အခုတော့ မတတ်သေးပါဘူး။ ရေတွေ မြုပ်လို့ ကပ်မရတဲ့နေရာတွေမှာ သူတို့နောက်ကျကပ်တဲ့အတွက် ရပ်တိုးပေးတာ ဒါပဲ။ အောက်တိုဘာထိအောင်တိုးပေးတာ မြို့နယ်အလိုက်လည်းမဟုတ်ဘူး။ ရွာမှာပဲ။ ၄ - ၅ ရက်လောက် နောက်ကျကပ်တာတွေရှိတယ်။ ၂ ရက်တောင် အခွင့်အရေးပေးထားပြီးပြီ၊ အဲဒါမှ မရရင် မဲပေးတဲ့နေ့မှာလာပေးလို့ အဲလိုလုပ်ပေးရင် မဲမသမာမှုတွေလုပ်တယ်လို့ ပြောကြအုန်းမှာပေါ့။”

ဒါကြောင့်မို့လို့ မဲဆန္ဒရှင်စာရင်း နောက်တိုး ထုတ်ပြန်ကြေညာမှာဖြစ်တဲ့ ရေဘေးသင့်ဒေသတွေက လွဲရင် တပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်း ပြန်လည်ပြင်ဆင်ခွင့် ကုန်ဆုံးသွားပြီဖြစ် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပထမအကြိမ် ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေထဲက မှားယွင်းမှုတွေကို ပြင်ဆင်ခဲ့ပေမဲ့လို့ စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိခဲ့တဲ့အတွက် အခုနောက်တိုး ပြင်ဆင်ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်း လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိလို့ မှန်ကန်တိကျမှုရှိပါ့မလားလို့ အတိုက်အခံပါတီ NLD ဘက်က စိုးရိမ်ပါတယ်။ NLD မဲဆန္ဒရှင်စာရင်းပြုစုရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က

“ပြည်သူတွေဘက်ကတော့ ပထမ တခါ ပြင်ထားပြီးပြီ။ ပြင်ထားပြီးတော့ လျှောက်ထားပြီးပြီလို့ သဘောပေါက်နေတာ။ ဒါပေမယ့် အန်ကယ်တို့ ပြန်ကြည့်တဲ့အခါမှာ တချို့ပြင်ထားပြီးပြီလို့ ပြောလိုက်တာတွေက တခါဘာဖြစ်လဲဆိုရင် အန်ကယ်တို့ မပါဘဲ ဖြစ်နေတာတွေ ရှိပါတယ်။ အခု ဒီတခါမှာ အန်ကယ်တို့ရတာ ၁၄ ရက် ပဲ ရပါတယ်။ ၁၄ ရက် ပဲရတဲ့အပြင် မဲစာရင်းတွေကို အန်ကယ်တို့ ကြည့်တဲ့အခါမှာ တချို့ သူတို့ ထုတ်ပေးလာတဲ့ မဲစာရင်းတွေပေါ့နော်၊ ချို့ယွင်းပျက်စီးပြီးတွေ့တဲ့အခါ တခါကော်မရှင်ကို ပြန်ညှိရတဲ့အခါရှိတာပေါ့နော်။ ပြောရရင်တော့ ပြည်သူလူထုအနေနဲ့ ပထမတခါ စစ်တုန်းကတော့ အိမ်ထောင်စု စာရင်းအရ စစ်ထားလိုက်တာပေါ့လေ။ ဒီတခါကျတော့ အိမ်ထောင်စုစာရင်းအရ မဲစာရင်းထုတ်ပြန်တာမဟုတ်ဘဲနဲ့ alphabetical အရ ထုတ်ပြန်တဲ့အတွက်ကြောင့် စစ်ရတဲ့လူရော အန်ကယ်တို့ပါ ပြောမယ်ဆိုရင် တော်တော်ကြီးကို အခက်အခဲတွေ့ပါတယ်။ အဲဒီတော့ အန်ကယ်တို့ပြောချင်တာ ရက်ကလည်းတိုတယ်။ စစ်ရတဲ့ အနေအထားကလည်း ပိုပြီးတော့ ခက်ခဲလာတယ် လို့ပြောရမှာပေါ့လေ။ အခုက အန်ကယ်တို့မြင်နေတာက ဒီမဲစာရင်းမှာ လုပ်ဆောင်တဲ့ process တွေပေါ့ ။ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်တွေမှာ အန်ကယ်တို့မြင်တာကတော့ ပွင့်လင်းမှု မရှိဘူး။ ရှင်းလင်းခြင်းလည်း မရှိဘူး။ ဒါက ဒုတိယအကြိမ် ထုတ်ပြန်ပေမယ့် ဒီလိုပဲ ဖြစ်နေတာပေါ့လေ။”

မဲဆန္ဒရှင်စာရင်းမှားယွင်းမှုတွေ ရှိနေဦးမယ်ဆိုရင် နောက်ထပ် တရားဝင် မဲပေးနိုင်ခွင့်ရှိမယ့် နည်းလမ်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့မဲစာရင်းတွေကို စိစစ် စောင့်ကြည့်နေတဲ့ အတိုက်အခံပါတီကပြောပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ပြင်ဆင်ခွင့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြီးဆုံးသွားပေမဲ့လို့ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ဒေသတွေမှာတော့ မဲစာရင်းကြေညာရက်တွေကို ထပ်တိုး သတ်မှတ်ပေးထားပါတယ်။ ချင်းပြည်နယ်ထဲက မတူပီ၊ ဟားခါး၊ တွန်းဇံမြို့တွေမှာ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ၊ စစ်ကိုင်းတိုင်း မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင်မှာ အောက်တိုဘာလ ၂ ရက်နေ့ အထိ၊ မကွေးတိုင်း စေတုတ္တရာ၊ မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ဧရာဝတီတိုင်းတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့တွေမှာ အောက်တိုဘာလ ၄ ရက် နေ့ အထိ တိုးထားပြီး ဧရာဝတီတိုင်း အင်္ဂပူမြို့ကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment