Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

ေဒၚလာတစ္သန္းတန္ သင္ခန္းစာ

တစ္ေန႕ေတာ့ အက်ိဳးေဆာင္ကုမၼဏီက လူတစ္ေယာက္ဟာ တကၠစီတစ္စီး ငွားစီးလိုက္ပါတယ္။ သူ႕ကို ၿမိဳ႕အေနာက္ဖက္မွာေနတဲ့ လူကံုထံအသိုင္းအ၀ိုင္းတစ္ခုက အိမ္၀ယ္မလို႕ တိုင္ပင္ဖို႕ ေခၚလိုက္တာျဖစ္ပါတယ္။ အဲဒီမိသားစုဟာ အလြန္ပစိပစပ္နိုင္ၿပီးေတာ့ ေျပာရဆိုရတာလဲလက္ေပါက္ကပ္လို႕ အျခားအက်ိဳးေဆာင္ေတြကေတာင္ ေရွာင္ၾကတဲ့သူေတြပါ။

တကၠစီ ငွားစီးရင္းနဲ႕ တကၠစီသမားဟာ အရမ္းကိုေပ်ာ္ေနတယ္။ ကားေမာင္းတဲ့အခါမွာလဲ အလြန္ဂရုတစိုက္နဲ႕ေမာင္းတယ္။ ဒါနဲ႕သူက ခင္ဗ်ားဘာလို႕ လုပ္ငန္းခြင္မွာေပ်ာ္ရြင္တာလဲလို႕ေမးလိုက္တယ္။

တကၠစီသမားကေတာ့ အဓိကက ကိုယ္နဲ႕တိုက္ဆိုင္တဲ့ ၀ါသနာနဲ႕ကိုက္ညီတဲ့အလုပ္ကို ေရြးခ်ယ္နိုင္မႈပါပဲ။
” လူတိုင္းဟာျဖစ္ခ်င္တာေတြေတာ့ အမ်ားၾကီးရွိတာပဲ ဒါေပမယ့္ ျဖစ္သင့္တာကိုပဲလုပ္သင့္တယ္။ ကၽြန္ေတာ္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်ငတယ္။ ဒါေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ မျဖစ္ခဲ့ရဘူး။ ဒီအခ်ိန္မွာ ကၽြန္ေတာ္ဘာလုပ္မလဲ။ ကၽြန္ေတာ္ကားေမာင္းကၽြမ္းက်င္တယ္။ အဲဒါေၾကာင့္ ကားေမာင္းတယ္။ ကၽြန္ေတာ္အင္ဂ်င္နီယာအခုမွျဖစ္ခြင့္ရလဲ မလုပ္ခ်င္ေတာ့ဘူး ”

အဲဒါနဲ႕အက်ိဳးေဆာင္ကလဲ ” ဒါဆိုခင္ဗ်ား ျဖစ္သင့္တဲ့အလုပ္ေတြပဲ လုပ္ေနရေတာ့ လုပ္ငန္းမွာေကာ္ေပ်ာ္ရြင္ရဲ႕လား ”
တကၠစီသမားကေတာ့ ” တကယ္ေတာ့ လုပ္ငန္းမွာေပ်ာ္တယ္ မေပ်ာ္ဘူးဆိုတာ ကိုယ့္၀ါသနာနဲ႕ သိပ္မဆိုင္ဘူး။ ကၽြန္ေတာ္ကေတာ့ အလုပ္တစ္ခုကို ကိုယ့္ေဖာက္သည္စိတ္ေက်နပ္ေအာင္ လုပ္နိုင္ၿပီဆိုရင္ ေပ်ာ္ရႊင္မယ္လို႕ထင္တာပဲ ။ ကၽြန္ေတာ္ဆို ကားေမာင္းတယ္။ ကားစိးတဲ့ခရီးသည္ေတြ စိတ္တိုင္းက်ေအာင္ စိတ္ေက်နပ္ေအာင္ သည္းခံၿပီးေတာ့ အတတ္နိုင္ဆံုးေမာင္းေပးတယ္။ အားလံုးက စိတ္ေက်နပ္ၾကတယ္။ဒါကိုကၽြန္ေတာ္ေပ်ာ္တယ္။ ညအိပ္ရာ၀င္ရင္စဥ္းစားတယ္။ ငါ့ကို စိတ္ေက်နပ္တဲ့လူမရွိဘူးဆိုရင္ေတာ့ ကိုယ့္အလုပ္ကို ကိုယ္အားရတယ္။ ကၽြန္ေတာ္ ကားေမာင္းလာတာ ၆ ႏွစ္နီးပါးရွိလာၿပီ။ တစ္ခ်ိဳ႕ဆို ကၽြန္ေတာ့္ ကားစီးရတာ ေက်နပ္လို႕ ဖုန္းဆက္ၿပီးေတာင္ မွာၾကတယ္။ ဒါကို ကၽြန္ေတာ္ေပ်ာ္တယ္ ”
စကားေျပာေနရင္းနဲ႕သူသြားခ်င္တဲ့ေနရာေရာက္တယ္။ အဲဒါနဲ႕ကားေပၚကဆင္းလိုက္တယ္။

သူလဲ သူေဌးမိသားစုနဲ႕စကားေျပာတယ္။ ေျပာရတာ လက္ေပါက္ကပ္ေပမယ့္ သူလဲအတတ္နိုင္ဆံုး သူ႕ေဖာက္သည္ေတြ စိတ္ေက်နပ္ေအာင္ အမ်ိဳးမ်ိဳးရွင္းျပတယ္။ နာရီမ်ားစြာၾကာတဲ့အခါမွာေတာ့ စိတ္ေက်နပ္သြားၾကတယ္။ ၿပိးေတာ့ သူ႕အလုပ္အတြက္ ေဒၚလာတစ္သန္းတန္တန္တဲ့ အိမ္တစ္လံုးအေရာင္းအ၀ယ္ျဖစ္သြားၾကတယ္။

သူကားေပၚမွာ ကားစီးရင္း ၁၂ ေဒၚလာသာကုန္က်ခဲ့တဲ့ ကားသမားရဲ႕သင္ခန္းစာကို အလြန္ေက်းဇူးတင္တယ္။ ေနာက္ပိုင္း ကားငွားစိးတိုင္း ထိုကားသမားကို ေတြ႕မလားလို႕ လိုက္ရွာတယ္။ ဒါေပမယ့္ ငါးသိန္းေက်ာ္တဲ့ နယူးေယာခ့္ တကၠစီေတြထဲမွာ တစ္ေန႕ေတာ့ ထိုေက်းဇူးရွင္ကို ေတြ႕ေကာင္းေတြ႕နိုင္ပါရဲ႕

ေမာင္စိုင္း
petey parker ၏ one million dollar lesson ကို ျပန္ဆိုပါသည္။
.................................
ဒေါ်လာတစ်သန်းတန် သင်ခန်းစာ



တစ်နေ့တော့ အကျိုးဆောင်ကုမ္မဏီက လူတစ်ယောက်ဟာ တက္ကစီတစ်စီး ငှားစီးလိုက်ပါတယ်။ သူ့ကို မြို့အနောက်ဖက်မှာနေတဲ့ လူကုံထံအသိုင်းအဝိုင်းတစ်ခုက အိမ်ဝယ်မလို့ တိုင်ပင်ဖို့ ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီမိသားစုဟာ အလွန်ပစိပစပ်နိုင်ပြီးတော့ ပြောရဆိုရတာလဲလက်ပေါက်ကပ်လို့ အခြားအကျိုးဆောင်တွေကတောင် ရှောင်ကြတဲ့သူတွေပါ။

တက္ကစီ ငှားစီးရင်းနဲ့ တက္ကစီသမားဟာ အရမ်းကိုပျော်နေတယ်။ ကားမောင်းတဲ့အခါမှာလဲ အလွန်ဂရုတစိုက်နဲ့မောင်းတယ်။ ဒါနဲ့သူက ခင်ဗျားဘာလို့ လုပ်ငန်းခွင်မှာပျော်ရွင်တာလဲလို့မေးလိုက်တယ်။

တက္ကစီသမားကတော့ အဓိကက ကိုယ်နဲ့တိုက်ဆိုင်တဲ့ ၀ါသနာနဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်နိုင်မှုပါပဲ။
” လူတိုင်းဟာဖြစ်ချင်တာတွေတော့ အများကြီးရှိတာပဲ ဒါပေမယ့် ဖြစ်သင့်တာကိုပဲလုပ်သင့်တယ်။ ကျွန်တော်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချငတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ရဘူး။ ဒီအချိန်မှာ ကျွန်တော်ဘာလုပ်မလဲ။ ကျွန်တော်ကားမောင်းကျွမ်းကျင်တယ်။ အဲဒါကြောင့် ကားမောင်းတယ်။ ကျွန်တော်အင်ဂျင်နီယာအခုမှဖြစ်ခွင့်ရလဲ မလုပ်ချင်တော့ဘူး ”

အဲဒါနဲ့အကျိုးဆောင်ကလဲ ” ဒါဆိုခင်ဗျား ဖြစ်သင့်တဲ့အလုပ်တွေပဲ လုပ်နေရတော့ လုပ်ငန်းမှာကော်ပျော်ရွင်ရဲ့လား ”
တက္ကစီသမားကတော့ ” တကယ်တော့ လုပ်ငန်းမှာပျော်တယ် မပျော်ဘူးဆိုတာ ကိုယ့်ဝါသနာနဲ့ သိပ်မဆိုင်ဘူး။ ကျွန်တော်ကတော့ အလုပ်တစ်ခုကို ကိုယ့်ဖောက်သည်စိတ်ကျေနပ်အောင် လုပ်နိုင်ပြီဆိုရင် ပျော်ရွှင်မယ်လို့ထင်တာပဲ ။ ကျွန်တော်ဆို ကားမောင်းတယ်။ ကားစိးတဲ့ခရီးသည်တွေ စိတ်တိုင်းကျအောင် စိတ်ကျေနပ်အောင် သည်းခံပြီးတော့ အတတ်နိုင်ဆုံးမောင်းပေးတယ်။ အားလုံးက စိတ်ကျေနပ်ကြတယ်။ဒါကိုကျွန်တော်ပျော်တယ်။ ညအိပ်ရာဝင်ရင်စဉ်းစားတယ်။ ငါ့ကို စိတ်ကျေနပ်တဲ့လူမရှိဘူးဆိုရင်တော့ ကိုယ့်အလုပ်ကို ကိုယ်အားရတယ်။ ကျွန်တော် ကားမောင်းလာတာ ၆ နှစ်နီးပါးရှိလာပြီ။ တစ်ချို့ဆို ကျွန်တော့် ကားစီးရတာ ကျေနပ်လို့ ဖုန်းဆက်ပြီးတောင် မှာကြတယ်။ ဒါကို ကျွန်တော်ပျော်တယ် ”
စကားပြောနေရင်းနဲ့သူသွားချင်တဲ့နေရာရောက်တယ်။ အဲဒါနဲ့ကားပေါ်ကဆင်းလိုက်တယ်။

သူလဲ သူဌေးမိသားစုနဲ့စကားပြောတယ်။ ပြောရတာ လက်ပေါက်ကပ်ပေမယ့် သူလဲအတတ်နိုင်ဆုံး သူ့ဖောက်သည်တွေ စိတ်ကျေနပ်အောင် အမျိုးမျိုးရှင်းပြတယ်။ နာရီများစွာကြာတဲ့အခါမှာတော့ စိတ်ကျေနပ်သွားကြတယ်။ ပြိးတော့ သူ့အလုပ်အတွက် ဒေါ်လာတစ်သန်းတန်တန်တဲ့ အိမ်တစ်လုံးအရောင်းအဝယ်ဖြစ်သွားကြတယ်။

သူကားပေါ်မှာ ကားစီးရင်း ၁၂ ဒေါ်လာသာကုန်ကျခဲ့တဲ့ ကားသမားရဲ့သင်ခန်းစာကို အလွန်ကျေးဇူးတင်တယ်။ နောက်ပိုင်း ကားငှားစိးတိုင်း ထိုကားသမားကို တွေ့မလားလို့ လိုက်ရှာတယ်။ ဒါပေမယ့် ငါးသိန်းကျော်တဲ့ နယူးယောခ့် တက္ကစီတွေထဲမှာ တစ်နေ့တော့ ထိုကျေးဇူးရှင်ကို တွေ့ကောင်းတွေ့နိုင်ပါရဲ့

မောင်စိုင်း
petey parker ၏ one million dollar lesson ကို ပြန်ဆိုပါသည်။

No comments:

Post a Comment