Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မူးယစ်ဆေးသမားဘ၀ကနေ ၀င်ငွေအကောင်းဆုံးမင်းသားဖြစ်လာသူ


 မူးယစ်ဆေးသမားဘ၀ကနေ ၀င်ငွေအကောင်းဆုံးမင်းသားဖြစ်လာသူ


IRON MAN ဇာတ်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာပြီး ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ် ရပ်တည်နေသူကတော့ ရောဘတ်ဒေါင်နေဂျူနီယာပဲ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီ ဖြစ်တဲ့ ရောဘတ်ဟာ ၂၀၁၅ မှာ သုံးနှစ်မြောက်အဖြစ် ၀င်ငွေ ပေါင် ၅၁.၂ သန်းနဲ့ ၀င်ငွေအကောင်းဆုံးသူ အဖြစ် ရပ်တည်နေပြီး တရုတ်နာမည်ကြီးဂျက်ကီချန်းက ၀င်ငွေပေါင် ၃၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။ ခုချိန်မှာ ဟောလိဝုဒ်ရဲ့ဝင်ငွေအကောင်းဆုံးမင်းသားအဖြစ် ရပ်တည်နေပေမယ့် ၁၉၉၀ ကျော်နဲ့ ၂၀၀၀ အကျော်ကာလတွေမှာတော့ ရောဘတ်ဟာ မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ထောင်ထဲကို ၀င်လိုက် ထွက်လိုက် လုပ်နေတဲ့ လူဆိုးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ရောဘတ်ဟာ လွန်ခဲ့တဲ့ခုနှစ်လောက်က စပြီး ငွေကြေးချမ်းသာပြီး တီထွင်ဖန်တီးဥာဏ်ရှိတဲ့ ဘီလျံနာသူဌေးတစ်ယောက် IRON MAN ဆိုတဲ့ စက်ရုပ်လူသား ဘ၀ကို ကူးပြောင်းလိုက်တဲ့ ဇာတ်လမ်းနဲ့ လူသိများလာခဲ့ပြီး ဒီဇာတ်ကားတွေမှာ သူနဲ့အတူ နာမည်ကြီးဂွင်းနက် ပက်ထရိုက အဲဒီဘီလျံနာသူဌေးရဲ့ချစ်သူကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ တကယ့်ဘ၀မှာ တော့ ရောဘတ်ရဲ့ဖခင်က မူးယစ်ဆေးစွဲနေတဲ့ ပိတ်ကားနောက်ကွယ်က ရုပ်ရှင်ထုတ်လုပ်ရေးသမားတစ်ယောက်ဖြစ်နေတာမို့ သူဟာ အသက်ခြောက်နှစ်သားအရွယ်က မူးယစ်ဆေးသယ်ဆောင်ရတဲ့ အလုပ်ကို လုပ်ခဲ့ ရပါတယ်။ ငယ်စဉ်ဘ၀မှာ ထိပ်သီးမင်းသားတစ်လက်ဖြစ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ထဲကို ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရပြီး ထောင်ထဲမှာလည်း ပီဇာလုပ်တဲ့ မုန့်အိုးပြား ကို သန့်ရှင်းအောင် အ၀တ်နဲ့ တိုက်ပေးရင်း တစ်နာရီကို ငွေရှစ်ဆင့်သာ ရတဲ့ အလုပ်မျိုးကိုလည်း လုပ်ခဲ့ရပါ တယ်။ ဒါ့အပြင် အခွန်မဆောင်နိုင်လို့ ဒေ၀ါလီခံရတဲ့ အထိဖြစ်ခဲ့ရပါတယ်။ ရောဘတ်က သူ့ရဲ့လက်ရှိဇနီး ဆူဆန်လီဗင်နဲ့ တွေ့ခဲ့ရတာက သူ့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်စေခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဆူဆန်က ရောဘတ်ကို မူးယစ်ဆေးမဖြတ်ဘူးဆိုရင် လုံးဝလက်မထပ်နိုင်ဘူးလို့ ရာဇသံပေးခဲ့ပါတယ်။ တချိန်က မူးယစ်ဆေးသမားတစ်ယောက် ဖြစ်ခဲ့တဲ့ ဒေါင်နေဟာ ခုချိန်မှာတော့ ဇနီးဖြစ်သူရဲ့ဖေးမမှုကြောင့် လူကောင်းတစ်ယောက်ဖြစ်လာခဲ့သလို ၀င်ငွေအကောင်းဆုံးမင်းသားတစ်ယောက်လည်း ဖြစ်လာခဲ့ပါပြီ။

Ref – Dailymail
http://www.planet.com.mm/detail/28393/World

No comments:

Post a Comment