Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 15, 2015

ယောနိမပါ၊ စအိုမပါ၊ သားအိမ်နှစ်ခုနဲ့ ကလေးငယ် ကလေးရနိုင်သေး




Poppy Wadsworth အမည်ရှိ အသက်၈နှစ်အရွယ် ကလေးငယ်ဟာ အလွန့်အလွန် ရှားပါးအခြေအနေနဲ့ အသက်ရှင်လျှက်ရှိပြီး ယောနိမပါ၊ စအိုမပါ၊ သားအိမ်နှစ်ခု ရှိနေတယ်လို့ သိရပါတယ်။ 
ဒီကလေးရဲ့ အညစ်အကြေးစွန့်အပေါက်တွေ ရှိသင့်တဲ့နေရာမှာ အရေပြားပဲရှိလို့ အရုပ်မလေးတစ်ရုပ်ရဲ့ မျိုးပွားအင်္ဂါမျိုးတွေ သူမမှာ ရှိတယ်လို့ ကလေးမိဘတွေက ဆိုပါတယ်။ 
Poppy လေးဟာ အိမ်သာကို အသုံးမပြုနိုင်ဘဲ မွေးဖွားစဉ်ကတည်းက သူမ အရေပြားမှာဖောက်ထားတဲ့ အညစ်အကြေး အိတ်တွေနဲ့ စွန့်ရတာပါ။ Poppy လေးဟာ cloaca လို့ခေါ်တဲ့ အူလမ်းကြောင်း၊ ယောနိ နဲ့ ဆီးလမ်းကြောင်း တွေဟာ လမ်းကြောင်းတစ်ခုထဲကို ဝေငှထားတဲ့ အခြေအနေနဲ့ မွေးဖွားလာခဲ့တာပါ။ Cloaca ဆိုတာမျိုးက လူ ၅၀၀၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိပြီး မိန်းကလေးများတွင်သာ ဖြစ်ပါတယ်။ 
သူမမှာ ကောင်းကောင်း အလုပ်မလုပ်တဲ့ ကျောက်ကပ်တစ်ခုသာရှိတဲ့အတွက် ရောဂါပိုးမွှားဝင်ရောက်မှုတွေကို တိုက်ခိုက်ဖို့အတွက် ပဋိဇီဝဆေးတွေကို အမြဲပေးထားရပါတယ်။ ဗြိတိန်က ဆရာဝန်တွေဟာ သူမကို လူကောင်းတစ်ယောက်ဖြစ်အောင် ခွဲစိတ်ခဲ့ကြပြီးဖြစ်ပေမဲ့ သူတို့ထက်ပြီး ဘာမှမလုပ်နိုင်တော့ကြောင်းကို ကလေးမိခင်ဖြစ်သူ Alison ကိုပြောခဲ့ပါတယ်။ 
သူမရဲ့ အခြေအနေဟာ အလွန်ကို ဆိုးရွားပြီး ပုံမှန်မဟုတ်တဲ့အတွက် ခွဲစိတ်ကုသမှုစရိတ်ကို တစ်ဝက်ကျခံဖို့အတွက် အမေရိကန်ဆေးရုံတစ်ခုက သဘောတူညီခဲ့ပါတယ်။ သုတေသန လုပ်ငန်းစဉ်တွေ အတွက် သူမကို လေ့လာနိုင်အောင်လို့ပါ။ အိုဟိုင်းရိုးပြည်နယ်၊ ကလေးအထူးကု ခွဲစိတ်ဆရာဝန် Marc A. Levitt က သူမကို ခွဲစိတ်ပေးမှာဖြစ်ပြီး အိမ်သာကို ပုံမှန်အတိုင်း အသုံးပြုလာနိုင်ကာ၊ တစ်နေ့ကျရင် ကလေးပါမွေးလာနိုင်မယ်လို့ သိရပါတယ်။
Ref:Daily Mail
http://www.trend.com.mm/2015/07/15/news-7163 

No comments:

Post a Comment