Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 20, 2015

သံတွဲ ရဲစခန်းရှေ့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွား


 သံတွဲမြို့တွင် ကျောင်း ထိုင်ဆရာတော်တစ်ပါးအား နွား ဖြင့် ခိုင်းနှိုင်းပြောဆိုသူဟု ဆိုသူ ကို ဖမ်းဆီးပေးရန် ဆရာတော်  ၏ ဒကာများက ရဲစခန်းရှေ့တွင် စုရုံးတောင်းဆိုရာမှ ရုန်းရင်းဆန် ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဒေသ တွင်း လုံခြုံရေးတိုးမြှင့်ထားရ ကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ရဲစခန်းရှေ့ တွင် ဧပြီ ၁၉ ရက် နံနက်က အဆိုပါရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးခင်ဇော်က ပြောသည်။
ဖြစ်စဉ်အသေးစိတ်မှာ သံတွဲမြို့နယ်၊ ဂျိတ္တောရွာ၊ ပုလဲရတနာ ကျောင်းတိုက် ဆရာတော်အားအမျိုးသားတစ်ဦးက နွားနှင့် ခိုင်း နှိုင်းပြောဆိုခဲ့သောကြောင့် ထိုသူ ကို ဖမ်းဆီးပေးရန် ဒေသခံလူဦး ရေ ငါးဆယ်ခန့်က ရဲစခန်းရှေ့သို့ လာရောက်တောင်းဆိုခဲ့သည်။ ထိုအမျိုးသားကို ရဲက ဖမ်းဆီးခဲ့ သော်လည်း ၎င်းနှင့်အတူ ရဲစခန်း သို့ လိုက်လာခဲ့သူ အမျိုးသား ငါးဦးနှင့် ဒေသခံအချို့ တင်းမာမှုဖြစ်ကာ ရဲစခန်းရှေ့တွင် ရုန်း ရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ဒေသခံ အချို့က ရိုက်လိုက်သောကြောင့် အမျိုးသား ငါးဦးအနက် နှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြေအနေရှုပ် ထွေးမှုမဖြစ်စေရန် ရဲတပ်ဖွဲ့က ၀င်ရောက်ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း ရဲမှူး ခင်ဇော်ကပြော သည်။
‘‘သူက ဧည့်သည်ဗျ။ ပုလဲ ဆရာတော်ကို ပုတ်ခတ်ပြီး ပြော  လိုက်တယ်တဲ့။ သူပြောလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဘက်က ဒကာတွေက မခံနိုင်တော့ တရား ခံချက်ချင်းဖမ်းပေးဘာညာဆိုပြီး  ရဲစခန်းရှေ့ကို သုံးလေးဆယ် လောက်ရောက်လာတာ။ အခင်း ဖြစ်တဲ့အချိန်မှာ ခရိုင်မှူးရော၊ ကျွန်တော်တို့ရော၊ မြို့မရဲစခန်း မှူးရော ရောက်သွားတယ်လေ။ လမ်းပေါ်မှာတင် ဖြေရှင်းနိုင်ခဲ့ တယ်။ လုံခြုံရေးလည်း စောင့် ပေးနေတယ်’’ဟု ၎င်းက ပြော ကြားသည်။
ပုလဲရတနာကျောင်းတိုက် ဆရာတော်အား နွားနှင့် ခိုင်းနှိုင်း ပြောဆိုသူကို သာသနာညှိုးနွမ်း စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးထား ကြောင်း ရဲမှူးခင်ဇော်ကပြောပြီး လူနှစ်ဦးဒဏ်ရာရစေသော ရိုက်မှု အတွက် ဒေသခံအချို့အား ပြန် လည် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
လေးဝတီရခိုင်ရိုးရာ ယဉ် ကျေးမှုအသင်းဥက္ကဋ္ဌ ဦးကျော် ဌေးဝင်းက ပုလဲရတနာကျောင်း တိုက်ဆရာတော်အား ရိုင်းစိုင်း စွာ ပြောဆိုသူကို အမှုဖွင့်တိုင် ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ချက်ချင်း အရေးမယူခဲ့သော ကြောင့် ပြဿ     နာဖြစ်ပွားခြင်းဖြစ် ကြောင်း ပြောသည်။

 http://7daydaily.com/story/35473#.VTVgLJOIXao

No comments:

Post a Comment