Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 20, 2015

လော်ဘီအဖွဲ့ကို ငှားရမ်းမှု ထောင်ဝါဒါကို မုန့်ဖိုးပေးသကဲ့သို့ မလုပ်မဖြစ်သည့် အလုပ်ကို လုပ်ခြင်းဟု ဦးလှဆွေ တုန့်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အမေရိကန်အစိုးရ သိရှိရန် အကျိုးဆောင်အဖွဲ့ တစ်ဖွဲ့ ငှားရမ်းမှုအတွက် ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ထောင်ဝင်စာ ပို့လိုပါက ထောင်ဝါဒါကို မုန့်ဖို့ပေးသကဲ့သို့ မလုပ်မဖြစ်သည့် အလုပ်ကို လုပ်ခြင်းဟု အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေက ပြောဆိုလိုက်သည်။
အမေရိကန် အခြေစိုက်  Podesta Group အမည်ရှိ အကျိုးဆောင်အဖွဲ့ကို တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်ဖြင့် မြန်မာအစိုးရက ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ယင်းငှားရမ်းမှုအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေရာ ဦးလှဆွေက တုန့်ပြန်ခြင်းဖြစ်သည်။
"ဒေါ်လာ ရှစ်သိန်းခွဲလောက် သွားမြင်နေလို့ မရဘူး၊ ပိုဒက်စ်တာအဖွဲ့ကို ငှားတယ်ဆိုတာက အရေးကြီးတယ်၊ ဒီလောက်တော့ ပေးရမှာပဲ၊ ကိုယ်မှ သွားလုပ်လို့မရတာ ၊ ဥပမာပေးရရင် ဘာနဲ့တူလဲဆိုတော့ ထောင်ထဲက မိတ်ဆွေတယောက်ဆီ မိသားစုကိစ္စ စာတစောင် ပို့ချင်တယ်ဆိုရင် ထောင်ဝါဒါကို မုန်းဖိုးပေးရသလိုပါပဲ ကိုယ်မှသွားလို့မရတာ" ဟု ဦးလှဆွေက သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
အလားတူပင် အစိုးရ သုံးစွဲခဲ့သည့်ငွေသည် ပြည်သူအတွက် မဟုတ်ဘဲ အစိုးရ ကောင်းကျိုးအတွက် အသုံးပြုခြင်းဟု ဝေဖန်မှုများကိုလည်း "အစိုးရ နဲ့ အာဏာရပါတီ နာမည်ကောင်းရဘို့အတွက် ဆိုတဲ့စကားလုံးကြီးကတော့ ဉဏ်နည်းတဲ့သူတွေ သုံးသပ်ချက်ဘဲ၊ ဒီလော်ဘီကြောင့် အစိုးရကို အမြင်ကြည်လင်စေတယ်ထားဦး၊ အစိုးရအပေါ်အမြင်ကြည်လင်မှတော့ ၊ အဲဒီတိုင်းပြည်လဲ ကောင်းပြီပေါ့၊ ဒီလိုတွေးရမယ်" ဟု ဆိုသည်။
အဆိုပါ အကျိုးဆောင်အဖွဲ့ကို ငှားရမ်းခြင်းအတွက် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အမှန်တကယ် ဖြစ်ပေါ်နေကြောင်းကို အမေရိကန်အစိုးရ သိရှိစေမည်ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် ပြောဆိုထားသည်။
ထိုအဖွဲ့ကို မငှားပါက "ဘယ်သူ့ကို ငှားမလဲ၊ ခုလို မိုးပြောဂျိုးပြောနားရွက် ပြောပြောနေတဲ့ သူတွေကရော ဘာပြောနိုင်လို့လဲ၊ မြန်မာ့နိုင်ငံရေးသုတေသီ ဆိုသူတွေရော လုပ်နိုင်လို့လား၊ သူ့လူနဲ့သူမှ ရမှာလေ ၊ အမေရိကန် လွှတ်တော်ထဲကိစ္စလေ ၊လွှတ်တော်ထဲ ဝင်စကားပြောဖို့ နေနေသာသာ အနားတောင် သီနိုင်လို့လား၊ မာန်နတ် လိုတော့ရမှာပေါ့၊ ဂုံးတိုက်ဖို့ လောက်ပဲရမယ်" ဟု ဦးလှဆွေက ဆိုသည်။

 http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43253-2015-04-20-05-30-49

No comments:

Post a Comment