CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 22, 2015
မြန်မာပြည်က လူငယ်တွေ ဖန်တီးတဲ့ Facebook အလားသဏ္ဍန် Hush ဆိုရှယ်မီဒီယာ
Hush ဆိုတာ အင်္ဂလိပ်လို ဆိုရင် အသံတိတ်အောင် တားဆီးတဲ့ verb တစ်ခုအနေနဲ့ တိတ်ဆိတ်ငြိမ်သက်မှု ဆိုတဲ့ noun တစ်ခုအနေနဲ့ ကိုယ်စားပြုပေမယ့် မြန်မာပြည်မှာ Hush ဆိုတဲ့ ဆိုရှယ်မီဒီယာ ကတော့ ပြောချင်တာတွေ လွတ်လွတ်လပ်လပ်ပြောစေဖို့ ဖွင့်ပေးထားတဲ့ နေရာ ဖြစ်ပါတယ်။ တီထွင်သူများကတော့ Forbes မဂ္ဂဇင်းတို့မှာတောင် ပါဝင်လာတဲ့ လူငယ် အိုင်တီ ကုမ္ဗဏီ ဖြစ်တဲ့ Nex မှ ဖြစ်ပြီး မြန်မာတို့ သီးသန့်သုံးဖို့ App လေးတစ်ခုအဖြစ် တည်ရှိ လာပါတယ်။
သူက မိုဘိုင်းဖုန်းပေါ်မှာပဲ သုံးလို့ ရတာပါ။ အကောင့်ဖွင့်တဲ့အခါမှာလည်း ဖုန်းနံပါတ် သာ ထည့်ရပြီး အခြား information များ မလိုအပ် ပါဘူး။ မိမိရဲ့ အချက်အလက် များ, Privacy ကိုလည်း တီထွင်သူ Nex ကုမ္ဗဏီ အနေနဲ့ ဆိုရှယ်မီဒီယာတစ်ခုရဲ့ နည်းစနစ် အတိုင်း ထိန်းသိမ်း ပေးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
သူက မိမိရဲ့ စိတ်ခံစားချက်များကို ဘယ်သူ့ကိုမှ ကြောက်စရာမလိုပဲ ဖွင့်ပြောပြ နိုင်တဲ့ နေရာလေး တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။ သူ့မှာ မိမိရဲ့ အမည် ဖုန်းနံပါတ်တို့ ပါမသွားပါဘူး။ သူများ ရင်ဖွင့်ထားတာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး comment ပေးခြင်း၊ Like လုပ်ခြင်း၊ unlike လုပ်ခြင်း တို့ကိုပါ ထည့်သွင်းထား ပါတယ်။ Comment မှာလည်း Sticker များ သုံးလို့ရအောင် ဖန်တီးပေးထား ပါတယ်။ လက်ရှိမှာ အသုံးပြုသူ သောင်းဂဏန်းအထိ ရှိလာပြီ ဖြစ်ပါတယ်။ များသော အားဖြင့် လူငယ်များ အသုံးပြုနေတာကြောင့် လူငယ်များရဲ့ ယနေ့ ခံစားချက်၊ လုပ်ဆောင်ချက် များကို လေ့လာ စောင့်ကြည့်လို့ ရတဲ့ နေရာလေး တစ်ခု အဖြစ် မြင်မိ ပါတယ်။
Hush ကို Download ဆွဲရန်
Android >> http://bit.ly/hush280115
iOS >> http://bit.ly/hush290115
မြန်မာပြည်က လူငယ်တွေ ဖန်တီးတဲ့ Facebook အလားသဏ္ဍန် Hush ဆိုရှယ်မီဒီယာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment