Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

ပြင်ဦးလွင်ပန်းပွဲတော်တွင် လွှမ်းပိုင်နှင့် Bobby Soxer ဖျော်ဖြေမည်မဟုတ်

 ဒီဇင်ဘာလတွင်ကျင်းပ မည့် ပြင်ဦးလွင်ပန်းပွဲတော်နှင့် ဂီတပွဲတော်ဖျော်ဖြေမည့်စာရင်း တွင် ၎င်း၏နာမည်ကြော်ငြာထား သော်လည်း ပါဝင်ဖျော်ဖြေရန် အစီအစဉ်မရှိကြောင်း လွှမ်းပိုင် က ပြောသည်။
‘‘အဲဒီပွဲမှာ မဆိုဖြစ်ဖို့က သေချာပါတယ်။ ကျွန်တော်စရန် လည်းယူမထားပါဘူး’’ဟု ၎င်းက ပြောသည်။ လွှမ်းပိုင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း အဆိုပါပန်း ပွဲတော်နှင့် ဂီတပွဲတော်ဖျော်ဖြေ မည့် လူစာရင်းကြော်ငြာထား သည့် ကြော်ငြာကိုတင်ကာ ‘‘ကျွန်တော် လူတကာနဲ့ ပြေပြေလည် လည်ဆက်ဆံပါတယ်။ လူတကာ ကို ငါပါးရိုက်လို့ရတယ်လို့ လူမိုက် ဆန်ဆန် ကျွန်တော့်ကိုပြောပြီး အခုကျွန်တော်မဆိုပါဘူးလို့ပြော ထားတဲ့ကြားကနေ နာမည်ပါတပ် ပြီးကြော်ငြာထားတယ်။ ပရိသတ် တွေကြား ကျွန်တော့်ကိုနာမည် ပျက်အောင်တော့မလုပ်ပါနဲ့။အစ ကတည်းက မဆိုဘူးပြောပြီးသား ပါ။ ပြင်ဦးလွင်ပရိသတ်ကြီးကို ချစ်ပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်သူနဲ့ အဆင်မပြေလို့ ကျွန်တော်နဲ့ Bobby Soxer ဒီပွဲကိုမဆိုဖြစ်ပါ’’ ဟု ရေးသားထားသည်။
ပန်းပွဲတော်နှင့် ဂီတပွဲတော် ဘက်မှလည်း ၎င်းတို့၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘ပန်း ပွဲတော်နှင့် ဂီတပွဲတော်၊ အဆို တော်များစာရင်း လက်ကမ်း ကြော်ငြာဒီဇိုင်း    အကြမ်းအား Facebook စာမျက်နှာများပေါ် တွင် ပျံ့နှံ့လျက်ရှိပါတယ်။ ပါဝင် သော အဆိုတော်အမည်များရှိသ လို အကြောင်းအမျိုးမျိုးကြောင့် မပါဝင်တော့သော အနုပညာရှင် အမည်များလည်း ပျံ့နှံ့နေသော ကြော်ငြာဒီဇိုင်းတွင်    ပါဝင်နေ သည့်အတွက်    စိတ်အနှောင့် အယှက်ဖြစ်ခြင်းအား တောင်းပန် ပါတယ်’’ဟု ရေးသားထားသည်။
အဆိုပါပန်းပွဲတော်နှင့် ဂီတ ပွဲတော်တွင် ဂီတပညာရှင်တစ်ရာ ကျော်ပါဝင်မည်ဟု ကြော်ငြာထား ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် တွင် ဟစ်ဟော့ပ်ဂီတပွဲတော်နှင့် ၂၁ ရက်တွင် အင်ပါယာဂီတ အဖွဲ့အပါအဝင် နာမည်ကြီးအဆို တော်များ ပါဝင်ဖျော်ဖြေမည်ဟု ကြော်ငြာထားခြင်းဖြစ်သည်။
 http://www.7daydaily.com/story/24715#.VGGgtcnUgZI

No comments:

Post a Comment