Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 16, 2014

လာမည့်နှစ်တွင် အမေရိကန်ငြိမ်းချမ်းရေတပ်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်


အမေရိကန်စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဖွဲ့အား လာမည့်နှစ်တွင်  မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စေလွှတ်မည့်အကြောင်းကို အမေရိကန်သမ္မတ အိုဘားမားက မြန်မာပြည်ခရီးစဉ်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ စေလွှတ်မည့် အဆိုပါငြိမ်းချမ်းရေးအဖွဲ့ဟာ မြန်မာစကား ၊ ဓလေ့ထုံးစံ နှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို (၃)လကြာ သင်ယူမှာဖြစ်ကြောင်း သိရသည်။
ထို့နောက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် နှစ်နှစ်ကြာ ကူညီဆောင်ရွက်ပေးမည်ဟု သိရသည်။
ထိုသို့ မြန်မာနိုင်ငံသို့ အမေရိကန်ငြိမ်းချမ်းရေတပ် စေလွှတ်ပေးမည့် အစီအစဉ်မှာ မြန်မာ နှင့် အမေရိကန် နှစ်နိုင်ငံအကြား အားကောင်းသည့် ပူးတွဲလုပ်ဆောင်မှုနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိနေခြင်းအား နောက်ထပ်သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန် ကြေငြာချက်ထဲတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ သန္ဓိဠာန်ကို အကောင်းဆုံးဖော်ပြဖို့ လူထုအချင်းချင်း ဆက်သွယ် လုပ်ဆောင်တာမျိုးကနေ တဆင့် ဖော်ပြထာထက် ပိုကောင်းသည့် နည်းလမ်းမရှိကြောင်းကိုလည်း သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန် ကြေငြာချက်ထဲတွင် ဖော်ပြပါရှိသည်။
ယင်းအစီအစဉ်၏ ရည်မှန်းချက်တစိတ်တပိုင်းမှာ အမေရိကန်လူထု နှင့် အခြားနိုင်ငံမှ လူထုတွေအကြောင်း နားလည်မှု ပိုရလာစေဖို့ ဖြစ်သည်ဟု သိရသည်။
အဆိုပါ ငြိမ်းချမ်းရေးတပ် စေလွှတ်ခြင်းအစီအစဉ်ကို ၁၉၆၁ ခုနှစ်မှ စတင်ထူထောင်ခဲ့ကာ ကမ္ဘာတဝန်း၌ လုပ်အားပေးသူပေါင်း နှစ်သိန်းနှစ်သောင်းခန့်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံဟာ အဆိုပါ Peace Corps အစီအစဉ်အတွင်းပါရှိသည့် ၁၄၁ နိုင်ငံမြောက် ဖြစ်ကြောင်း သိရသည်။
 DVB

No comments:

Post a Comment