Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

ကမ္ဘာပေါ်မှာ လူ ၃၆ သန်း နီးပါး ကျွန်ပြုခံနေရ


ကမ္ဘာ့ လူဦးရေရဲ့ ဝ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်တဲ့ လူပေါင်း ၃၆ သန်း နီးပါးဟာ ကျွန်ပြု ခံနေကြရဆဲ ဖြစ်ကြောင်း Walk Free အဖွဲ့ရဲ့ လေ့လာ ဆန်းစစ်မှု တစ်ရပ်က ဆိုပါတယ်။

အဲဒီ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြု ခံရမှု ညွှန်းကိန်း အရ အိန္ဒိယ နိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေပြီး လူပေါင်း ၁၄ သန်းကျော် ကျေးကျွန် သဖွယ် ဆက်ဆံ ခံနေရတယ်လို့ ပြောပါတယ်။

ဒုတိယနဲ့ တတိယ နေရာတွေ မှာတော့ ပါကစ္စတန်နဲ့ တရုတ်တို့က အသီးသီး ရှိနေပါတယ်။

ကျွန်ပြုခံရတယ် ဆိုတဲ့ အဓိပ္ပာယ်ကို သတ်မှတ်ရာမှာ အဓမ္မ အလုပ်စေခိုင်း ခံရတာ၊ အဓမ္မ လက်ထပ် ထိမ်းမြား ခံရတာ၊ ငွေကြေး အလို့ငှာ လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ် ခံရတာ၊ လူကုန်ကူး ခံရတာနဲ့ အကြွေးတွေ အလွန်အမင်း တင်ရှိနေတာ စတာတွေ ပါဝင်ပါတယ်။

အခုလို ခေတ်သစ် ကျေးကျွန်ပြု ခံရမှုတွေကို ဖြေရှင်းဖို့ အတွက် နိုင်ငံတကာ အစိုးရတွေက ပိုမို ပူးပေါင်း ပါဝင်ကြဖို့ အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141117_modern_slavery

No comments:

Post a Comment