Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 7, 2014

ကံမကောင်းရှာလေသူနောက်တစ်ဦး

 

================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းကျေးရွာအုပ်စု၊ ရွှေဝါရွာ အဖ ဦးဆန်းဝင်း၊ အမိဒေါ်ဝင်းမာတို့၏ ဒုတိယမြောက်သား မောင်ဝင်းမိုးကျော်၊ အသက် (၁၉)နှစ်သည် ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ဖီမြို့ ထေဖရပ်လမ်းမ ထိုင်ပကန်ရပ်ကွက်ရှိ အုန်းသီးရုံတွင် 7.10.2014 နေ့လည် ၃ နာရီခန့်က အလုပ်လုပ်နေစဉ် အုန်းသီးတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ လည်နေတဲ့ ရာဘာပြားပေါ်က အမှိုက်ကို ကောက်ဖို့ကြိုးစားရင်း လက်ပါသွားပြီး ခေါင်းနဲ့ခန္ဒာကိုယ်ပါ စက်ထဲဝင်ပါသွားပါတယ်။ နေ့လည် ၃ နာရီခန့်က စက်ထဲပါသွားလျှင်ပါသွားခြင်း သေဆုံးသွားခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိရဲများနှင့် အလောင်းသယ်သည့်ကားမှာ ညနေ ၅ နာရီကျော်မှ ရောက်ရှိလာပြီး ၅ နာရီ ၄၀ မိနစ်မှ အလောင်းကို ဘန့်ဘော်ဆေးရုံသို့ သယ်ထုတ်သွားခဲ့ပါသည်။
ဘန်ကောက်လို နေရာမျိုးမှာ ရဲများရောက်ရှိလာချိန် နောက်ကျသွားမှုကို သံသယ၀င်မိပေမယ့် တကယ်လည်း သံသယ၀င်စရာဖြစ်သွားခဲ့ပါပြီ။ ရဲများနှင့်အလုပ်ရုံသူဌေးကိုယ်စားလှယ်များ စကားပြောပြီးသွားကြသည့်အတွက်ကြောင့် အမှုမှာ ပိတ်သွားခဲ့ပါပြီ။ အသက်တစ်ချောင်း ဆုံးရှုံးမှုအတွက် လျော်ကြေးကို 40.000 ဘတ် သာ ပေးမည်ဟု ပြောကြားလာခဲ့ပါသည်။ ကာယကံရှင်၏ အကိုတော်စပ်သူများမှ ၄ သိန်းခန့် တောင်းဆိုသော်လည်း မီးသဂြိုဟ်စရိတ်အပါ 80.000 ဘတ် (ဘတ်ရှစ်သောင်း)သာ ပေးရန်ပြောကြားလာသည့်အတွက် ပြေလည်မှု မရရှိသေးပေ။ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ်သာရှိသေးပြီး ပတ်စပို့စာအုပ် မရှိသေးသလို အသက်အာမခံ (ပကန်ဆာခွန်)တွေ မရှိသေးပေ။ အလုပ်လုပ်ကိုင်ရာတွင်လည်း အလုပ်ရုံ၏ တရားဝင်အလုပ်သမားမျိုးမဟုတ်ပဲ ပုတ်ပြတ်လုပ်နေရသည့်အလုပ်သမားမျိုးဖြစ်နေသည့်အတွက်ကြောင့် အခြေအနေဘယ်လိုဖြစ်လာမည်ဟု မသိရှိနိုင်သေးပါ။
အလုပ်ရုံဝင်ပြီး အလုပ်လုပ်တာ မကြာသေးသလို လုပ်အားခငွေကိုလည်း ၆ ရက်နေ့ကမှ ၁ ကြိမ်ပဲ ထုတ်ရပါသေးသည်။ ၄င်းလုပ်အားခငွေ ၁ သိန်းကျပ်ကို ပဲခူးရှိ မိဘများထံသို့ မနေ့ကမှ လွှဲပြောင်းပေးလိုက်သည်မှာ မိဘများထံပင် ရောက်ရှိမသွားသေးပေ။ ကျေးဇူးရှင် မိဘများထံ ငွေမရောက်မီ သားဖြစ်သူအသက်ပျောက်သွားခဲ့တာကိုတော့ ပဲခူးက မိဘများ သိရှိအုံးမည် မဟုတ်ပါ။ အကယ်၍ ငွေရောက်သွားလျှင် ငွေရောက်လို့ ပျော်ရွှင်မှုသာ ခံစားရပြီး ချက်ချင်းသေဆုံးကြောင်း သိလိုက်ရလျင်လည်း မည်သို့မျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပါလား။
အလုပ်သမားခေါင်းဆောင်ကတော့ အလုပ်ရုံအတွက် တာဝန်ပေါ့စေချင်၍လားမသိပါ၊ အလုပ်မလုပ်ပဲ ဆော့ရင်း အခုလိုဖြစ်တာဟု ပြောကြားခဲ့ပေမယ့်။ မောင်ဝင်းမိုးကျော်၏ သူငယ်ချင်းများကတော့ အလုပ်လုပ်ရင်း လည်ပတ်နေသည့် (လိမ့်နေသည့်)ရာဘာပြားပေါ်က အမှိုက်ကို ရှင်းလင်းရန် (ကောက်ယူရန်) ကြိုးစားစဉ် လက်ပါသွားပြီး ခေါင်းနှင့်ခန္ဒာကိုယ်ပါ ၀င်ပါသွား၍ သေဆုံးသွားခဲ့ရပါသည်ဟု ပြောဆိုနေကြပေသည်။
မည်သို့ပင်ဖြစ်စေကာမူ - မြန်မာပြည်မှာမွေးပြီး ထိုင်းနိုင်ငံမှာ သေဖို့ကံပါလာတယ်ဆိုပေမယ့် လူ့အသက်တန်ဖိုးကို ဘတ်ငွေ ၈သောင်းနဲ့ တန်ဖိုးမဖြတ်ပဲ ကာယကံရှင်မိသားစု၏ ရလိုသည့်အတိုင်း ရပါစေ မောင်ဝင်မိုးကျော်သည်လည်း ကောင်းရာသုဂတိလားပါစေဟု မေတ္တာပို့ အမျှဝေပေးလိုက်ပါသည်။
အလုပ်ရုံတည်နေရာ
Thai Agri Foods Public Company Limited.
155/1 Moo 1 TheParak Road.
Bangsaothong, Bangplee,
Samutprakarn 10540
Thailand.
Head Office :
Tel : (662) 315-4171-6
Fax : (662) 315-4169, (662) 315-4188
မျိုးချစ်မြန်မာ လူငယ်အသင်း

No comments:

Post a Comment