Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 4, 2014

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ခေတ်ထဲက လက်ရဲဇက်ရဲ ဆယ်ကျော်သက် ချောက်ကမ်းပါး


စားသောက်ဆိုင်တစ်ဆိုင်တွင် လူတစ်စု စားသောက်လျက်ရှိသည်။ ခဏအကြာတွင် ထိုစားသောက်သူများအနားသို့ လူငယ်ငါးယောက်ခန့် ဝိုင်းလာပြီး စား သောက်နေ သူများထဲမှ တစ်ဦးအား လူငယ်အုပ်စုထဲမှတစ်ဦးက ဓားဖြင့်အချက်ပေါင်းများစွာထိုးလိုက်သည်။ ထို့အပြင် ကျန်လူငယ်လေးဦးကလည်း လက်သီးဖြင့် ထိုးခြင်း၊ ကန်ကျော က်ခြင်း၊ ဝိုင်းဝန်းရိုက်နှက်ခြင်းများ ပြုလုပ်ကြသည်။ တစ်မိနစ်ပင်မကြာသောအချိန်တွင် ဓားဖြင့်အထိုးခံရသောသူသည် သွေးအိုင်ထဲ၌ သွေးအ လိမ်းလိမ်းဖြင့် လဲကျ သွားသည်။
ထိုဖြစ်ရပ်မှာ ယခုနှစ် ဇွန်လအတွင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားသော ရာဇဝတ်မှုတစ်ခု၏ စီစီတီဗွီမှတ်တမ်း လူ မှုကွန် ရက်ဖေ့စ်ဘွတ်သို့ ရောက်လာပြီးနောက် ပြည်သူလူထုကြား မြင်တွေ့ပျံ့နှံ့ သွားခဲ့ခြင်းဖြစ်သည်။ ရာဇဝတ်မှုကျူးလွန်သူ လူငယ်ငါးဦးမှာ အသက် ၁၃ နှစ်အရွယ်တစ်ဦး၊ ၁၇ နှစ်အရွယ်တစ်ဦး၊ ၁၈ နှစ်အရွယ် နှစ်ဦး နှင့် ၂၄ နှစ်အရွယ်တစ်ဦးဖြစ်ပြီး အားလုံးမှာ လူငယ်များသာ ဖြစ်နေသည်။ ဖြစ်ပွားပုံမှာလည်း တစ်ဆိုင်ထဲတွင် အတူထိုင်စဉ် စကားများရာမှဖြစ်ခြင်းသာဖြစ်ပြီး ရန်ငြိုးရန်စ မရှိဟုသိရသည်။ ထိုလူငယ်ငါးဦးအား ငါးနာရီအတွင်း ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း အသက်အရွယ်နှင့်မမျှ သည့် လက်ရဲဇက်ရဲမှုခင်းအတွက်မူ မြင်တွေ့ခဲ့ကြရသူများ၏ ရင်ထဲတွင်တော့ အပူမီးက တောက်နေဆဲဖြစ်သည်။
အသက် ၁၈ နှစ်အောက် လူငယ်များ၏ အမှုအခင်းများတွင် နစ်နာသူဘက်မှ အခမဲ့ရှေ့နေလိုက်ပေးသော ယူနီဆက်၏ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့င် က ”လူငယ်တွေက ဥပဒေကို မကြောက်ကြတော့ဘူး။ စစ်အာဏာရှင်ကိုပဲကြောက်ကြတယ်”ဟု သုံးသပ်ပြောဆိုသည်။
အမှိုက်ကစ ပြာသာဒ်မီးလောင်
=====================
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေနေနှင့် ရာဇဝတ်မှုစာရင်းမှာ တိုက်ရိုက်အချိုးကျကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို သိလိုပါက ထိုနိုင်ငံ၏ ရာဇဝတ်မှု အနည်းအများကို ကြည့်လျှင် သိနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ့ ဦးသိန်းသန်းဦးက Popular News သို့ ဖြေကြားခဲ့ဘူးသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေ ကို သိလိုပါက ရာဇဝတ်မှုစာရင်းဇယားပင်ပြေးကြည့်နေစရာမလို။ မကြာခဏဆိုသလို ဖြစ်ပွားနေသည့် ရာဇဝတ်မှုများ ကပင် အခြေအနေအလုံးစုံကိုသိနိုင်သည်။ စိတ်ကူး ယဉ်ဆန်ဆန် လူသတ်မှုများနှင့် နိုင်ငံခြားဇာတ်ဝင်ခန်းများထဲမှ လူဆိုး ဂိုဏ်းများ ဂိုဏ်းဖွဲ့ရန်ဖြစ်သကဲ့သို့ အုပ်ဖွဲ့ ရန်ဖြစ်နေမှုများက ပြည်သူ များ အကြား ပြော စရာ တစ် ခုဖြစ်နေပြီး မျိုးဆက်သစ် လူငယ်များအတွက် အတုယူမှားစရာအမူ အကျင့်ဆိုးများ ဖြစ်နေသည်။
စိုးရိမ်စရာကောင်းနေသည်က ဆိုခဲ့သောရာဇဝတ်မှုများထဲ အသက် ၁၈ နှစ် အောက်လူငယ်များ ပါဝင်နေသည်မှာ တိုင်းပြည်၏ အနာဂတ်အတွက် ရတက် မအေးနိုင် စရာ ပြဿနာတစ်ရပ်ဟု သုံးသပ်ရမည်။ လူငယ်သဘာဝအရ စိတ်ပိုင်းဆိုင်ရာလိုအပ်မှု ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုများက စိတ်ကိုကြမ်းတမ်းစေပြီး သက်တူရွယ် တူများ၏ လွှမ်းမိုးမှု မူးယစ်ဆေးဝါးသုံးစွဲမှုများက လူငယ်များအား ရာဇဝတ်မှုကျူး လွန်စေကြောင်း မန္တလေးတက္ကသိုလ် စိတ် ပညာဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင် က သုံး သပ်ပြောဆိုသည်။
လူငယ်တစ်ဦးအပြစ်ကျူးလွန်သည်ကို အပြစ်ဟုသတ် မှတ်ပါက ထိုလူငယ်အား ပိုမိုဆိုးသွမ်း စေကြောင်းလည်း ၎င်းက ပြောသည်။ ထိုလူ၏စိတ်ကို နားလည်ေ အာင်ကြိုး စား ပြီး လိုအင်အဓိကဇာစ်မြစ်ကို နားလည်မှ သာ ပြုပြင်ရန်လွယ်ကူပြီး ထို့ထက်ပိုဆိုး ပါက ဥပဒေအတိုင်းအရေးယူဖို့ရန်သာ ရှိကြောင်း ဒေါက်တာဒေါ်ခင်စန်း လှိုင် က ပြောသည်။
ယခုနှစ်အတွင်း သမီးရည်းစားချင်းစကားများရာမှ လူသတ်မှုကျူးလွန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည် ခြင်း၊ အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ မကြာခဏ ဖြစ်ပွား လာခဲ့ သည်။ ထို့အတူအသက် ၁၃ နှစ်မှ ၁၈ ကြားရှိ လူငယ်များ ထိုဖြစ်ရပ်များတွင် ပါဝင်လာသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော လူသတ်မှု ၁၃၁ မှု တွင် ဆယ်ကျော်သက်လူငယ်များ ပါဝင် နေသည်။ ထို့အတွက် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက် ပြီး စက်တင်ဘာ ၂၂ ရက် က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးခဲ့သေးသည်။
ယခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခု၌ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၃ နှစ် အရွယ် မ——–အား ၎င်း၏ရည်းစားဟုဆိုသူ အသက် ၂၃ နှစ် အရွယ်အမျိုးသားက သတ်ဖြတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကုမ္ပဏီရုံးခန်း ရေချိုးခန်းအတွင်း စကား များရန်ဖြစ်ခဲ့ကြပြီး အမျိုးသားမှာ မ——–အား အရိုးအသွား ၁၁ လက်မခန့်ရှိဓားဖြင့် ထိုးသတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပြီး ယင်းအမျိုးသားမှာ မိမိလက်ဖျံ ရှိသွေးပြန်ေ ကြာအား လှီးဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။ သို့သော်အချိန်မီ ဆေးရုံသို့ ပို့နိုင်ခဲ့ခြင်းကြောင့် အသက်သေဆုံးမှု မရှိခဲ့ပေ။
ယင်းကဲ့သို့ စိတ်ကူးယဉ်ဆန်ဆန် လူသတ်မှုများ၊ သမီးရည်းစားအချင်းချင်းစကားများရာမှ လူသတ်မှုကျူးလွန်ခြင်းများ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ယခုနှစ် အ တွင်း ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ခေတ်နှင့် လွတ်လပ်မှုရေစီးကြောင်း
==========================================
လူငယ်များကြားတွင် လူမှုကျင့်ဝတ်အရ မလုပ်ရန်သတ်မှတ်ထားသည်များကို ပိုမိုလုပ်လာကြပြီး တချို့တွင် စိတ်ချို့ယွင်းမှုများ မသိမသာရှိနေပြီး ဖြစ်ပေါ်လာ သည့် စိတ် ဖိစီးမှု၊ ခံစားချက်များကိုလည်း မူးယစ်ဆေးဝါးအသုံးပြုကာ ဖြေဖျောက်လာကြကြောင်း ထို့ကြောင့် ရာဇဝတ်မှု ကျူးလွန်ရန် ပိုမိုနီးစပ်လာကြောင်း စိတ် ကျန်းမာရေး ဆရာ ဝန် ဒေါက်တာမောင်မောင်လွင်က ပြောသည်။
”ခေတ်ကိုက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ခေတ်။ မူးယစ်ဆေးက လူကိုတက်ကြွစေတယ်လို့ လူငယ်တွေက ယူဆကြတယ်။ အသုံးများလာရင် စိတ်ရောဂါ စွဲကပ်လာပြီး သူတစ်ပါးကို အထင်အမြင်လွဲလာမယ်။ အဲ့ဒါကြီးကိုက ရာဇဝတ်မှု ဖြစ်ဖို့အခြေအနေပဲ”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။ ထို့အတူ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ”တရားစီရင်ရေး အားနည်းသွားပြီလား။ လူငယ်တွေရဲ့ ရာဇဝတ်မှုကျူးလွန်ချင်တဲ့စိတ်တွေ လွှမ်းမိုးလာရင် မြန်မာနိုင်ငံအနာဂတ်က မလွယ်လှဘူး”ဟု သုံးသပ်ပြောဆိုသည်။
တိုင်းဒေသကြီးများတွင် လူသတ်မှုမှာ နှစ်အလိုက် မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့တွင် ၂ဝဝ၉ ခုနှစ်မှစ၍ ၂ဝ၁၄ အထိ ခြောက်နှစ်တာကာလအတွင်းတွင် လူ သတ်မှု ၈၅၇ မှုရှိရာ တစ်နှစ်လျှင် ပျဉ်းမျှလူသတ်မှုတစ်ရာကျော်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများအရ သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားသည့် လူငယ်အများစုမှာ ပညာရေးအခြေခံအားနည်းပြီးအလုပ်အကိုင်မရှိဘဲ စိတ်လေလွင့်ကာ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သေစာသောက် စားခြင်းမှတစ်ဆင့် ရာဇဝတ်မှုကျူးလွန်ရဲလာ သည် အထိ ယိုယွင်းပျက်စီးခြင်းမျိုး ဖြစ်ပေါ်လေ့ရှိကြောင်း ဆယ်ကျော်သက် လူငယ်မှုခင်းစစ်တမ်းများအရ မူးယစ်ဗဟိုဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ ရန်ကုန်တွင် လူ ဦးရေ ထူထပ်များပြားလာပြီး လေလွင့်လူငယ် ပေါများလာခြင်းကြောင့် အစိုးရဘက်မှ ထိန်းသိမ်းရန် တာဝန်ရှိ ကြောင်းလည်း ၎င်းက ပြောသည်။
ဇွန်လတွင် ဖြစ်ပျက်ခဲ့သည့် အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သော လှိုင်သာယာဆယ် ကျော်သက်လူငယ်တစ်စု၏ လူသတ်မှု၊ သြဂုတ်လ ၂၆ ရက်တွင် ၁၉ နှစ် အရွယ် မော် ဒယ် အေး ချမ်းမြတ်မိုး အသတ်ခံရမှု စသည့် မှုခင်းများမှာ တရားဥပဒေစိုးမိုး ရေးကို မေးခွန်းထုတ်စရာဖြစ်လာသော် လည်း အဖြေထုတ်ရန်လည်း လွယ်ကူ သည်တော့မ ဟုတ်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၃ဝ ရက်နေ့အထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ပြစ်မှုဆိုင်ရာအမှု ပေါင်း ၈၈၆ မှု လက်ခံရရှိပြီး ၅၉၄ မှုစစ် ဆေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များတွင် ပြစ် မှုဆိုင်ရာ အမှုပေါင်း ၅၇၉ဝ မှုလက်ခံရရှိ ပြီး ၃ဝ၄၆ မှု စစ်ဆေးပြီးဖြစ်ကြောင်း၊ တရားမအမှုပေါင်း ၃၇၆၇ မှု လက်ခံရရှိပြီး ၁၆၈၄ မှု စစ်ဆေးပြီးဖြစ်ကြောင်း၊ ခရိုင် တရားရုံးများတွင် ၁ဝ၄ဝ၇ မှုလက်ခံရရှိပြီး ၆၅၁၄ မှုစစ်ဆေးပြီးဖြစ်ကာ တရားမ အမှုပေါင်း ၁၄၂၈၅ မှုလက်ခံရရှိပြီး ၅၂၅၁ မှုစစ်ဆေးပြီးဖြစ်ကြောင်း၊ မြို့နယ် တရားရုံးများတွင် ပြစ်မှုဆိုင်ရာအမှုပေါင်း ၂၇၇၆၇၈ မှုလက်ခံရရှိပြီး ၂၄၃၇ဝ၉ မှု စစ်ဆေးပြီးဖြစ်ကာ တရားမအမှုပေါင်း ၂၈၃၃၈ မှုလက်ခံရရှိပြီး ၁ဝ၇၅၇ မှု စစ် ဆေးပြီးဖြစ်ကြောင်း ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းမှ ပြောကြား ကြောင်း သြဂုတ် ၈ ရက်နေ့ထုတ် မြန် မာ့အလင်း သတင်း စာတွင် ဖော်ပြထား သည်။ ခြောက်လအတွင်း တစ်နိုင်ငံလုံး တွင် ရာဇဝတ်အမှုပေါင်း နှစ်သိန်းကျော် (၂၉၄၇၆၁ မှု) ရှိနေရာ အချိုးကျတွက်လျှင် တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် ရာဇဝတ် မှု ၁၅ဝဝ ကျော်ဖြစ်ပွားနေသည်ကို အ ထက်ပါစာရင်းများအရသိသည်။ ”ကျွန်တော့်အမြင်ကတော့ လူငယ် တွေကို ရာဇဝတ်မှုဆီခေါ်သွားတာ မူး ယစ်ဆေးဝါးက ပထမအဆင့် စိန်ခေါ်မှုပဲ လို့မြင်တယ်”ဟု ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစံဝေက ပြောသည်။
ဥပဒေသည် အဖြေလား
===============
လက်ရှိကာလတွင် လူငယ်များပြစ်မှုကျူးလွန်ကြသည်မှာ လူကြီးများနှင့် ပုံစံတူလာကြသည်။ သို့သော်အသက် ၁၆ နှစ်ပြည့်ပြီး သော်လည်း အသက် ၁၈ နှစ်မပြည့်သေး သူတစ်ဦး ပြစ်မှုကျူးလွန်ပါက အသက် ၁၈နှစ် ပြည့်ပြီးသူများနှင့်မတူ ဥပဒေအရ အကာအကွယ်ပေးထားမှုများရှိနေသည်။ အသက် ၁၈ နှစ် မပြည့်သေးသူ အား ပြစ်မှု တစ် ရပ်ရပ်ဖြင့် တရားစွဲဆိုတင်ပို့ရာတွင် ယင်းပြစ်မှုကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ တရားစွဲဆိုတင်ပို့ ရမည်ဖြစ် သည်။ ယင်းသို့ပို့ရာတွင် လူငယ်၏ အ သက်နှင့်စပ် လျဉ်းသော အထောက်အထား ပူးတွဲပါရှိစေရမည်ဖြစ်သည်။ သက်ဆိုင် ရာတရားရုံးမှ ပြစ်မှုကို စစ်ဆေးခြင်းမပြုမီ တရားစွဲခံရသူ လူငယ်၏ အမှုတွဲပါ မွေးစာ ရင်း၊ နိုင်ငံ သားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်၊ ကျောင်းဝင်မှတ်ပုံတင်စာရင်းကောက်နုတ်ချက် မိတ္တူမှန်၊ ဆရာဝန်၏ဆေးစာ သို့မဟုတ်၊ အခြားခိုင်လုံသော အထောက်အထားများ အရ လူငယ်ဖြစ်မဖြစ် မှတ်တမ်းတင်ထား ရမည်ဖြစ်ကြောင်း ကလေးသူငယ်ဥပဒေ တွင် ပါရှိသည်။
တရားစွဲဆိုခံရသူလူငယ်မှာ အသက် ၁၈ နှစ်မပြည့်သေးသူမှန်ကန်ပါက လူငယ်၏အကျင့်စာရိတ္တ၊ ယင်းလူငယ်နေ ထိုင်သောပတ်ဝန်းကျင်၊ စိတ်နေစိတ် ထား၊ ပြစ်မှု ကျူး လွန်သည့်အကြောင်းအရင်းများ ကို ထည့်သွင်းစဉ်းစားပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ သေဒဏ်သို့မဟုတ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း မပြု ရဘဲ ထောင်ဒဏ်ဆယ်နှစ် ထပ်မပိုရဟု ကလေးသူငယ်ဥပဒေတွင် ဖော်ပြထားသည်။
ယင်းအချက်များနှင့်ပင် အထက်ပါ ဖော်ပြခဲ့သော စီစီတီဗီဖိုင်မှတစ်ဆင့် ပြည်သူလူထုကြားတွင်ပျံ့နှံ့ခဲ့သော လှိုင်သာယာလူသတ်မှုတွင် ပါဝင်သည့် အသက် ၁၃ နှစ်အရွယ် တစ်ဦးနှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးအား ကလေးသူငယ်ပြစ်မှုဖြင့် အရေးယူထားပြီး လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေဆဲဖြစ် သည်။ ”ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေအရ ကလေးသူငယ်ကို ကာကွယ်ခွင့်ပေးဖို့ပဲ ရှိတယ်။ ဘယ်ဥပဒေမဆို အားနည်းချက်၊ အားသာချက်ဆိုတာ ရှိပါတယ်။ ပြင်ချင် ရင်လည်း လွှတ်တော် ကပဲ အတည်ပြုနိုင်မှရမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။
လက်ရှိတွင် ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများသည် နိုင်ငံ၏ စီးပွားရေးမပြေလည်မှုမှ စတင်ဖြစ်ပွားလာခဲ့ပြီး ဝမ်းစာမပြေလည်နိုင်သောသူများက ရာဇဝတ်မှု များကျူးလွန် လာကြပြီး လုံးဝပပျောက် သွားရန်မလွယ်ကူကြောင်း၊ ထို့အပြင် ရာ ဇဝတ်မှုများအပေါ် ကြိုတင်ကာကွယ်ခြင်း နှင့် ထိရောက်စွာအရေးမယူနိုင်ခြင်းတို့ မှာလည်း ရာဇဝတ် မှုများပိုမိုများပြားစေ ကြောင်း၊ ထို့ကြောင့် ယခုနောက်ပိုင်း ရာ ဇဝတ်မှုများတွင် လူငယ်များပါဝင်လာခြင်းမှာလည်း ထိုအချက်များကိုပင် အခြေခံပြီး ဖြစ် လာကြောင်း ဥ ပဒေပညာရှင်များက ပြောဆိုသည်။ သာကေတမြို့နယ်နေ နဝမတန်း ကျောင်းသူ မလွန်းလွန်းထက်ကတော့ ကြားသိနေရသော အမှုအခင်းသတင်းများ အရ တစ်နေ ရာနှင့်တစ်နေရာ သွားလာရ ခြင်းပင် နောက်ကျောမလုံစရာမျိုး ခံစားလာရကြောင်း ပြောသည်။ ”အခုနောက်ပိုင်း ကျောင်းသွား ကျောင်းပြန် ကျူရှင်တက်တာပါ အိမ် က လိုက်ပြီး စောင့်ခေါ်ပေးနေရတယ်”ဟု ၎င်းကဆိုသည်။
.
ဖိုးလပြည့် (Popular Myanmar News Journal)

No comments:

Post a Comment