Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 19, 2014

*** အရေးပေါ် အကူအညီ အထူး လိုအပ်လျက်ရှိ ***

 စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရေမြတ်ကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ အိမ်ခြေ(၂၃၇)လုံး ရေမြုပ်ခဲ့ပြီး အိမ်(၅၃)လုံးမှာ သဲနှင့် နှုန်းများ ဖုံးလွှမ်းခြင်းကြောင့် ပျက်စီးမှုများနှင့် ကြုံတွေ့နေ ရပါသည်။
အဆိုပါကျေးရွာတွင် လူဦးရေ ၁၀၀၀ ကျော် နေထိုင်လျက်ရှိရာ ယခုအခါ ရေဘေးဒုက္ခများကို တစ်ရွာလုံး ခံစားနေကြရပါသည်။
အဆိုပါ ကျေးရွာအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ အ၀တ် အထည်၊ စောင်၊ ခြင်ထောင်၊ သောက် သုံးရေများနှင့် ဆေးဝါးများ အထူးလိုအပ်လျက်ရှိနေပါသည်။
ထို့အတူ ကျည်တောက်ပေါက် နှင့် နွယ်ရုံ ရွာများတွင်လည်း ရေကြီးမှုကြောင့် ထိခိုက် ပျက်စီးမှုများ ရှိသည် ဟု သိရသည်။
သို့ဖြစ်ပါ၍ ပရဟိတအဖွဲ့များ၊ စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါ ကျေးရွာအတွက် ဆက်သွယ်လှူဒါန်းလိုပါက -
ကိုအောင်ဘုန်းရှိန် ဖုန်း - 09 444 027 100
မောင်လူပျော် .. ဖုန်း - 09 402 577 143
သို့ ဆက်သွယ်လှူဒါန်းနိုင်သလို ကိုယ်တိုင်သွားရောက်လှူဒါန်း လိုပါက လှူဒါန်းနိုင်ပါသည်။
Share ပေးကြပါဦးခင်ဗျာ.......
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023

No comments:

Post a Comment