CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပုဒ်မ ၄၃၆ကိစ္စ ဘယ်လိုကိုင်တွယ်ရမလဲလို့ ဆရာကျော်ဝင်းပြောလဲ
ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအကြောင်း အများပြည်သူ
သိရှိနိုင်စေဖို့ ဟောပြောပွဲမှာ စာရေးဆရာကျော်ဝင်းက နေ့စဉ်လိုလို
ဆန္ဒပြမှုဖြစ်နေတဲ့ ပုဒ်မ ၄၃၆ကိစ္စ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၄၃၆ ကို
ဘယ်လိုကိုင်တွယ်ရမယ်လို့ ပြောခဲ့လဲ။
ဖွဲ့စည်းပုံ အခန်း ၁၂က ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေအချင်းချင်းပဲ
ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ပြီး ပြည်သူကို အသုံးချတာမျိုး၊
ရှေ့တန်းတင်တာမျိုး မလုပ်သင့်ဘူးလို့ ရန်ကုန်မြို့ MDRI ရုံးမှာ မတ်လ
၃ဝရက်က ကျင်းပတဲ့ ဟောပြောပွဲမှာ ဆရာ ကျော်ဝင်းက ပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအကြောင့် စာတမ်းတွေ
တစိုက်မတ်မတ်ရေးသားနေတဲ့ ဆရာကျော်ဝင်းက သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး
လွှတ်တော်ကိုတိုက်တွန်းခဲ့တဲ့ မျိုးစောင့်ဥပဒေကိစ္စ
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံအတွက်
မသင့်တော်တဲ့အရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Peace, Democracy and Developing Association က ကြီးမှူးစီစဉ်တဲ့
ဒီဟောပြောပွဲဟာ အပြောင်းအလဲ ကာလ ဘယ်အရာတွေကို ပြင်ဆင်ထားသင့်လဲ၊
ဘယ်လိုနားလည်အောင်လုပ်မလဲဆိုတာ ဆွေးနွေးကြ တာမို့ ဝမ်းသာစရာဖြစ်တယ်လို့
ဆိုပါတယ်။
ဆရာကျော်ဝင်းရဲ့ ဟောပြောမှုကို နိုင်ငံရေးပါတီက စိတ်ပါဝင်စားသူတွေ၊ ကျောင်းသားလူငယ်တွေ အများအပြား တက်ရောက်နားထောင်ခဲ့ကြပါတယ်။
Kamayut Media
ပုဒ်မ ၄၃၆ကိစ္စ ဘယ်လိုကိုင်တွယ်ရမလဲလို့ ဆရာကျော်ဝင်းပြောလဲ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
April 01, 2014
Rating:
5
No comments:
Post a Comment