Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 13, 2013

ကမ္ဘာကျော်ဆွီဒင်ဘတ်စ်ကား Scania (စကန်နီးယား)

 
 

ဘတ်စ်ကား ထုတ်လုပ်မှု အ တွေ့အကြုံ နှစ်ပေါင်း (၁၂၀) ကျော် သက်တမ်းရှိသော ဘတ်စ်ကားကုမ္ပဏီ မှာ ဆွီဒင်နိုင်ငံမှ Scania Group ပင်ဖြစ်သည်။ Scania သည်ခေတ်မီ လှပသော ဘတ်စ်ကား (Buses) များ နှင့် ထရပ်ကား (Trucks) မျိုးစုံသန်း ပေါင်းများစွာကို ကမ္ဘာ့နိုင်ငံအသီးသီး သို့ ထုတ်လုပ်ရောင်းချပေးလျက်ရှိ သည်။ Scania Brand သည် အမေ ရိကန်၊ ဥရောပ၊ ရုရှား၊ အာဖရိက၊ တ ရုပ်နှင့် အာရှနိုင်ငံများတွင် လူကြိုက် များပြီး ယုံကြည်စိတ်ချစွာ အသုံးပြု ကြသော ဘတ်စ်ကားများဖြစ်သည်။ "Scania" ကို ၁၈၉၁ ခုနှစ် ကတည်းက တည်ထောင်ခဲ့ပြီး ယခု အခါ ကမ္ဘာ့အကြီးဆုံး ဘတ်စ်ကား ထုတ်လုပ်ရေး လုပ်ငန်းအုပ်စုကြီးဖြစ် သည်။ ဘတ်စ်ကားများအပြင် Heavy Truck များ၊ မီးစက်ကြီးများ၊ ရေကြောင်းအင်ဂျင်ကြီးများ (Marine Engines)ကိုထုတ်လုပ်သည်။ "Scania" သည် နိုင်ငံပေါင်း (၁၀၀) ကျော်တွင် ၀န်ထမ်းပေါင်း (၃၄၀၀၀) ကျော်ဖြင့်လုပ်ငန်းများ လည်ပတ် လျက်ရှိသည်။ အစဉ်တိုးတက်မှုအ တွက် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (R & D) ကို ဆွီဒင်နိုင်ငံတွင်ထားရှိပြီး၊ အင်ဂျင်နီယာနှင့် သုတေသနပညာရှင် ပေါင်း (၂၄၀၀) ကျော်ဖြင့် မော်တော် ယာဉ်နည်းပညာ သုတေသနလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။ Scania's Visionှ Scania ၏ အနာဂတ်မျှော် မှန်းချက်မှာ မော်တော်ယာဉ်ထုတ်လုပ် မှု လုပ်ငန်းကြီးတွင် ဦးဆောင်ကုမ္ပဏီ ကြီးတစ်ခုအဖြစ် အစဉ်ရပ်တည်ရေး နှင့် Customers ၀န်ထမ်းများ၊ အစု ရှယ်ယာရှင်များ၊ စတိတ်ဟိုဒါ (Sta-keholders) များအားလုံးအတွက် အ ကောင်းဆုံးအမြင့်ဆုံး တန်ဖိုးတစ်ခု ဖန်တီးပေးရေးဖြစ်သည်။ှScania ၏ အဓိကမဏ္ဍိုင် တန်ဖိုးထားမှု (Core Values)ှScania ၏ ထုတ်ကုန်ပစ္စည်း များနှင့် ၀န်ဆောင်မှု (Service) များ အကောင်းဆုံးဖြစ်ရေးနှင့် စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ချ မှတ်ထားသော Core Values များ မှာ - Customer First (စားသုံး သူ ဦးစားပေးရေး) Respect for individual (တစ်ဦးတစ်ယောက်ချင်းအပေါ် လေး စားမှုရှိရေး) Quality(အရည်အသွေး) တို့ဖြစ်သည်။ ကမ္ဘာ့တစ်ဝန်းမှ Scania လုပ်ငန်းများ "Scania Group" သည် ကမ္ဘာ့လုံးဆိုင်ရာ ကုမ္ပဏီအုပ်စုကြီး ဖြစ်၍ စက်ရုံခွဲများနှင့် လုပ်ငန်းများ ကို ဖြန့်ကျက်ထားသည်။ ဥရောပ၊ လက်တင်အမေရိက၊ အာရှ၊ အာဖရိ ကနှင့် သြစတြေးလျဒေသတို့တွင် နိုင် ငံပေါင်း (၁၀၀) ကျော်၌ Sales and Service အဖွဲ့အစည်းပေါင်းများစွာ ထားရှိသည်။ အယ်ဂျီးရီးယား၊ အင်ဂိုလာ၊ အာဂျင်တီးနား၊ သြစတြေးလီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘယ်လ်ဂျီ ယမ်၊ ဘောစနီးယား၊ ဘရာဇီးလ်၊ က နေဒါ၊ ချီလီ၊ တရုတ်၊ ကိုလံဘီယာ၊ ဆိုက်ပရပ်၊ ဒိန်းမတ်၊ ဒိုမီနီကန်၊ အီ ကွေဒေါ၊ အီဂျစ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့ တွင် Scania ၏ စက်ရုံခွဲများ လုပ် ငန်းခွဲများထားရှိသည်။ Scania၏ မှတ်တိုင်များ - ၁၉၄၉ ခုနှစ်တွင် Direct- injection Diesel Engine ကိုစတင် တီထွင်ခဲ့သည်။ - ၁၉၅၀ ခုနှစ်တွင် Scania ၏ ဥရောပဒေသဆိုင်ရာ အရောင်း ကွန်ရက်ကို တည်ဆောင်ခဲ့သည်။ - ၁၉၅၇ ခုနှစ်တွင် ဘရာဇီးလ် နိုင်ငံ၌ ထရပ်ကား (Truck) များကို စတင်ထုတ်လုပ်ခဲ့သည်။ - ၁၉၆၉ ခုနှစ်တွင် Heavy Truck ကားသုံး မြင်းကောင်ရေ (၃၅၀) ရှိသော V.8 Engine (14000 CC)များကို စတင်ထုတ်လုပ်သည်။ - ၁၉၇၆ ခုနှစ် အာဂျင်တီးနား တွင် ကားစက်ရုံတစ်ခု ထပ်မံဖွင့် လှစ်သည်။ - ၁၉၉၂ ခုနှစ်တွင် ပြင်သစ် တွင် ကားစက်ရုံသစ်ထပ်မံဖွင့်သည်။ - ၁၉၉၅ နယူးယောက် စတော့ အိတ်ချိန်းတွင် Scania ၏ ရှယ်ယာ များ ဈေးကွက်ဝင်ခဲ့သည်။ - ၂၀၀၀ ပြည့်နှစ် Scania ၏ ကားထုတ်လုပ်စက်ရုံပေါင်း (၁၁) ရုံကို နိုင်ငံပေါင်း (၅) နိုင်ငံ၌ ထရပ် ကားနှင့် ဘတ်စ်ကားပေါင်း သန်းချီ ၍ ထုတ်လုပ်နိုင်ခဲ့သည်။ - ၂၀၀၈ ခုနှစ် Volkswagen သည် Scania ၏ အဓိကပိုင်ဆိုင်မှု (၆၈.၆) ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ သည်။ - ၁၉၈၇ ခုနှစ်တွင် ထိုင်းနိုင်ငံ က Scania Bus နှင့် ထရပ်ကားများ ကို တင်သွင်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ် တွင် Scania Siam Co., Ltd. (ထိုင်း) ကို တည်ထောင်၍ ကားများ ထုတ်လုပ်ခဲ့သည်။ - ၂၀၀၄ ခုနှစ် Scania ၏ Irizar PB Coach ဘတ်စ်ကားဖြင့် ဥရောပ၏ ၂၀၀၄ ခုနှစ် Coach့  ဆု တံဆိပ်ကိုရရှိခဲ့သည်။ - ၂၀၁၀ ခုနှစ် Scania R- Series ထရပ်ကားဖြင့် Year 2010 Truck ဆုကိုရရှိခဲ့သည်။ - ဂျပန်ရာမာ (Yarmar) ကုမ္ပဏီနှင့် ပူးပေါင်းပြီး Scania Marine Engine များထုတ်လုပ်၍ ကမ္ဘာ့အပျော်စီး သဘောင်္ဈေးကွက်ကို ရယူနိုင်ခဲ့သည်။ - ဂျပန် Hino Motor ကုမ္ပဏီ နှင့်လည်း ပူးပေါင်း၍ ဘတ်စ်နှင့် ထ ရပ်ကားများထုတ်လုပ်သည်။ - တရုတ် Higer ဘက်စ် ကုမ္ပဏီနှင့် ပူးပေါင်း၍ "Scania Touring Coach" အဆင့်မြင့်ဘတ်စ် ကားကြီးများကို ထုတ်လုပ်ပြီး ကမ္ဘာ့ ဘတ်စ်ကားဈေးကွက်ကို လွမ်းမိုးခဲ့ သည်။ှScania မှ ထုတ်လုပ်သော ဘတ်စ်ကားမျာှးScania သည် ကားကြီးများ ထုတ်လုပ်သည့် နည်းပညာအတွေ့ အ ကြုံများစွာ ပိုင်ဆိုင်ထားသော ကုမ္ပဏီ ဖြစ်၍ ကမ္ဘာ့အဆင့်မြင့်ဘတ်စ်ကား မျိုးစုံကိုထုတ်လုပ်လျက်ရှိသည်။ မြို့ တွင်းနှင့် ဆင်ခြေဖုံးဒေသများတွင် သုံးသော City Bus များ ခရီးဝေး သွား Coach ဘတ်စ်ကား၊ Express ဘတ်စ်ကားကြီးများနှင့် ဇိမ်ခံဘတ်စ် ကားကြီးများလည်း ထုတ်လုပ်သည်။ှScania ၏ ဘတ်စ်ကားအမျိုးမျိုး - City/ Suburban - Intercity/ Coach - Citywide - Omnicity - Scania Touring - Scania Higer A 30 - Scania Ommi Express - Scania Irizar - Scania Irizar i4 - Scania Irizar Century Scania ဘတ်စ်ကားများကို Size အမျိုးမျိုး၊ ဒီဇိုင်းပုံစံအမျိုးမျိုး ထုတ်လုပ်သည်။ အသုံးပြုလိုသော ခရီးစဉ်ကိုလိုက်၍ မြို့တွင်းသုံးခရီး သည်သယ်ယူပို့ဆောင်ရေး ဘတ်စ် ကားများနှင့် ခရီးဝေးသွား အဆင့်မြင့် ဘတ်စ်ကားများကို ထုတ်လုပ်ထား သည်။ Scania Touring နှင့် Scania Higer A 30 အဆင့်မြင့် Express ဘတ်စ်ကားကြီးများသည် တရုတ် Higer ဘတ်စ်ကား ကုမ္ပဏီကြီးနှင့် ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်၍ အထူး ကောင်းမွန်သည်။ ခေတ် မီဆန်းသစ်သော ဒီဇိုင်းပုံထုတ်ထား သည်။ ဘေးအန္တရာယ်လုံခြုံမှုအဆင့် များ (Safety) ပြည့်စုံစွာပါရှိသည်။ အင်ဂျင်ပါဝါအားကောင်းပြီး ဆီစား သက်သာ၍ စီးပွားရေးတွက်ခြေကိုက် သည်။ အမျိုးအစားတစ်ခုတည်း၌ပင် ကွဲပြားသောရွေးချယ်မှု (Variety of Options) များကို ဆောင်ရွက်နိုင် သည်။ Scania ၏ နည်းပညာများ သည် ကမ္ဘာ့အဆင့်မီဖြစ်ပြီး Scania ၏ Service Network များသည် လည်း တစ်ကမ္ဘာလုံးသို့ ကွန်ရက်သ ဖွယ် ချိတ်ဆက်ထား၍ ယာဉ်အပို ပစ္စည်းများ ၀ယ်ယူရရှိရေးမှာ များစွာ အဆင်ပြေလွယ်ကူသည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၌ ခရီး သွားလုပ်ငန်းများနှင့် အများပြည်သူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ဘတ်စ်ကား လိုအပ်ချက်သည် စဉ် ဆက်မပြတ်တိုးတက်လျက်ရှိသည်။ ယနေ့ခေတ်ခရီးသွားများ၏ ရောင် ပြန်ထင်ဟတ်မှုသည် ကမ္ဘာကြီး၏ များပြားလှစွာသော မတူကွဲပြားမှု (Diversity)များပင်ဖြစ်သည်။ Scania ဘတ်စ်ကားကြီး များ၏ ဘေးကင်းလုံခြုံစိတ်ချရမှု၊ သက်သောင့်သက်သာရှိမှုနှင့် လှပသေ သပ်ခေတ်မီဆန်းသစ်ခြင်းခံစားရမှု များသည် ခရီးသွားဧည့်သည်များကို စိတ်ကျေနပ်မှု အပြည့်အ၀ရရှိစေပါ သည်။ အဝေးပြေးခရီးသည်ပို့ဆောင် ရေး ဘတ်စ်ကားလိုင်းအချို့တွင် ယခု အခါ နာမည်ကျော် Scania ဘတ်စ် ကားကြီးများဖြင့် ၀န်ဆောင်မှုပေးနေ ပါပြီ။ ပွင့်လင်းတိုးတက်လာသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အတူ ခရီးဝေးခရီးနီး၊ ပို့ဆောင်ရေး လုပ်ငန်းများသည်လည်း ပြည်တွင်း ခရီးစဉ်များကို ကျော်လွန်၍ အိမ်နီး ချင်းဒေသတွင်း နိုင်ငံများဆီသို့ ကျယ်ပြန့်လာပါတော့မည်။ မကြာ တော့သော အနာဂတ်တွင် Scania အဆင့်မြင့် ဘတ်စ်ကားများသည် လည်း ယခုထက်ပိုမို၍အသုံးပြုလာ ကြမည်ဖြစ်ပါသည်။

Ref & Credit : Auto World Car Journal

No comments:

Post a Comment