Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 3, 2013

ပက် (Park) နဲ့ လီး (Lee) အကြောင်း...


ကိုရီးယား လူမျိုးတွေဟာ သူတို့နာမည်မှာ သူတို့မျိုးရိုးရဲ့ နာမည်ကို ထည့်သွင်း သုံးစွဲလေ့ ရှိပါတယ်။ ကိုရီးယားနာမည် အပြည့်အစုံမှာတော့ မျိုးရိုးအပြင် ဒေသနာမည်ကိုပါ သုံးလေ့ ရှိပါတယ်။

ကင် (Kim) ကတော့ မျိုးရိုး နာမည်တွေထဲမှာတော့ လူများစု စာရင်းဝင် ပါတယ်။ ကျန်တဲ့ လူများစု နာမည်တွေကတော့ ပက် (Park/Pak)၊ လီး (Lee/Yi)၊ ချွိုင် (Choi) နဲ့ ချွန် (Chung/Chun) တို့ဖြစ်ပါတယ်။

ကိုရီးယား ယဉ်ကျေးမှု အရ မျိုးရိုး နာမည် တူ အချင်းချင်း လက်ထပ် ပေါင်းသင်းတာမျိုးကို လက်မခံပါဘူး။ ဥပမာ ပက် (Park) အချင်းချင်း လီး (Lee) အချင်းချင်း ယူတာမျိုးဟာ လူကြားမကောင်းတဲ့ အဖြစ်မျိုးပါ။ အကယ်၍ ပက် (Park) နဲ့ လီး (Lee) လက်ထပ် တဲ့ အခါမှာ တော့ ဒီပြသနာ မရှိတော့ပါဘူး။ ရင်သွေးတွေ ရတဲ့ အခါမှာတော့ ဖခင်ဖြစ်သူ ပက် (Park) ဘက်က မျိုးရိုးနာမည် အတိုင်း ပက် (Park) ကလေးတွေ ဖြစ်သွား ကြ ပါတယ်။ မိခင်ဖြစ်သူ ကတော့ နာမည် ပြောင်းစရာ မလိုပါဘူး။

အရင်က မျိုးရိုးတူသူချင်း လက်ထပ်တာကို ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ အာတီကယ် ၈၀၉ အရ တားမြစ်ထားပါတယ်။ အဲဒီ ဥပဒေကို ပြင်ဆင်ဖို့ ၁၉၉၅ခု ကတည်းက ကြိုးစားခဲ့ကြတာမှာ မအောင်မြင်ခဲ့ပဲ ၂၀၀၅ခု ရောက်တော့မှ လက်ရှိ ဥပဒေ ဖြစ်တဲ့ အမျိုးဝေးသူ ဝမ်းကွဲ များ အချင်းချင်း အိမ်ထောင်ပြု ခွင့် ဥပဒေကို ပြောင်းလဲ နိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - သရုပ်ဆောင် လီးယောင်အီး
http://en.wikipedia.org/wiki/Korean_name

 


http://en.wikipedia.org/wiki/Article_809_of_the_Korean_Civil_Code




No comments:

Post a Comment