Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label stock. Show all posts
Showing posts with label stock. Show all posts

Tuesday, January 8, 2019

အမေဇုံက ကမ္ဘာ့ တန်ဖိုးအကြီးဆုံးအများပိုင်ကုမ္ပဏီဖြစ်လာ


ကမ္ဘာကျော် အမေဇုံ ကုမ္ပဏီ အမှတ်တံဆိပ်အားတွေ့ ရစဉ်(ဆင်ဟွာ)
 နယူးယောက် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

    e-စီးပွားရေးလုပ်ငန်းစုဖြစ်သော အမေဇုံသည် ဇန်နဝါရီ ၇ ရက် စတော့ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့ အကြီးဆုံး အများပိုင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော မိုက်ခရိုဆော့ခ်(Microsoft) ကို ကျော်၍ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

ယင်းနေ့ တွင် အမေဇုံ၏စတော့ရှယ်ယာတစ်ခုပေါက်ဈေးမှာ ၃.၄၄ ရာခိုင်နှုန်းအထိမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၆၂၉.၅၁ ထိရောက်ရှိခဲ့ပြီးနောက် ဈေးပိတ်ချိန်၌ ကုမ္ပဏီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၉၆.၇၈ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ခ်၏ ရှယ်ယာဈေးနှုန်းသည်လည်း ဝ.၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၄င်း၏ ဈေးကွက်မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၇၈၃.၅၇ ဘီလီယံအထိရောက်ရှိသွားခဲ့သည်။ မိုက်ခရိုဆော့ခ် နှင့် ကေရိုဂျာ(Kroger) တို့ သည် အမေဇုံ၏ ခရက်ဒစ်ကတ်သိမ်းဆည်းရေးစနစ်ကို ၄င်းတို့ ၏ ကိုယ်ပိုင်ကနဦးစီမံကိန်း အစီအစဉ်အတွက် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Kroger နည်းပညာကုမ္ပဏီသည် စမတ်နည်းပညာစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး မိုက်ခရိုဆော့ခ် Azure နှင့် LoT ဆင်ဆာများဖြင့် ချိတ်ဆက်ကာ မွန်ရိုး ၊ အိုဟိုင်းအိုး နှင့် ရက်မွန် ၊ ဝါရှင်တန် စသည့်မြို့ များရှိ ကုမ္ပဏီရုံးချုပ်များအနီးတွင် ကနဦးစီမံကိန်းအစီအစဉ်အတွက် သိမ်းဆည်းရေးစနစ်နှစ်ခုကို လွှဲပြောင်းယူရန် စီစဉ်နေကြောင်း မိုက်ခရိုဆော့ခ်၏ ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အက်ပဲလ်(Apple) အမှတ်တံဆိပ်မှာလည်း ဈေးကွက်တန်ဖိုးတွင် အမေရိကန်ဒေါ်လာ ၇ဝ၁.၉၉ ဘီလီယံအထိ ကျဆင်းသွားသောကြောင့် တန်ဖိုးအကြီးဆုံးကုမ္ပဏီအမှတ်တံဆိပ်တစ်ခုအဖြစ်မှ အဆင့်လျော့ကျခဲ့ရသည်။ ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပထမ ရက်သတ္တပတ်အတွက် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကျဆင်းခဲ့ပြီးနောက် ၄င်း၏ စတော့ရှယ်ယာဈေးနှုန်းမှာ ပြီးခဲ့သောရက်သတ္တပတ်သည် ရက်သတ္တပတ်ပေါင်း ၅၂ ပတ်အတွင်း အနိုမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

Thursday, January 3, 2019

ကမ္ဘာ့စတော့ ဈေးထိုးကျ


Apple ကုမ္ပဏီရဲ့ထုတ်ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက သိသိသာသာအရောင်းကျဆင်းခဲ့တယ်လို့ကြေညာခဲ့ နောက်ပိုင်း မနေတုန်းက ကမ္ဘာတ၀ှမ်းက စတော့ရှယ်ရာဈေးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

ဒီအခြေအနေက ကမ္ဘာ့ စီးပွါးရေးနှေးကွေးမယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ မနေ့က ဈေးကွက်ပိတ်ချိန်မှာ အမေရိကန်ရဲ့နာမည်ကြီးစတော့ရှယ် ရာ အမျိုးအစား သုံးဆယ်ဟာ ၂.၈ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Apple ရဲ့စတော့ဈေးတွေလည်း ၉ရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပါ တယ်။ ဥရောပနဲ့အာရှဈေးကွက်တွေမှာတော့ ဈေးကျဆင်းမှု အနည်းအကျဉ်းပဲရှိခဲ့ပါတယ်။ Apple ရဲ့ နှစ်သစ်ကူးကာလ ရောင်းအားတွေ တရုတ်နိုင်ငံမှာကျဆင်းခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပြီးနောက်တရက်မှာပဲ အခုလိုစတော့ဈေးတွေ ကျဆင်းခဲ့တာပါ။

တရုတ်နိုင်ငံဟာအမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယစီးပွါးရေးအားအကောင်းဆုံးနိုင်ငံပါ။ အခုလို Apple ကုန်ပစ္စည်းတွေအရောင်းကျဆင်းခဲ့ရတာက အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင် ရာတင်းမာမှုတွေရှိနေတာကြောင့်လို့ Apple ကုမဏီရဲ့အကြီးအကဲ Tim Cook ကအပြစ်တင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Sunday, May 21, 2017

စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ်မံဝင်ရောက်ရန် တင်ပြထား


 
စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ်မံဝင်ရောက်ရန် တင်ပြထား

ရန်ကုန်စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ် မံ  ဝင်ရောက်ရန် တင်ပြထား ကြောင်း ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော် မရှင် (SECM) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအနက် တာမိုးညဲ ကုမ္ပဏီကို SECM က စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ကျန်ကုမ္ပဏီတစ်ခု၏ အမည်ကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

‘‘အရင်က အများပိုင်ကုမ္ပဏီ ခြောက်ခုအပြင်  နောက်ထပ်ထပ်လျှောက်ထားတာ နှစ်ခုရှိနေ တယ်။ အရင်လျှောက်ခွင့်ပြုထား တဲ့ ကုမ္ပဏီနှစ်ခုကလည်း လုပ် ငန်းစဉ်တွေ လုပ်နေဆဲပါ’’ဟု ဦးဌေးချွန်က ဆက်လက်ပြောကြားသည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီခြောက်ခု ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့် ပြုထား၍ ယင်းတို့အနက် FMI, MTSH (သီလဝါအထူးစီးပွားဇုန် အများပိုင်ကုမ္ပဏီ)၊ မြန်မာနိုင်ငံ သားများဘဏ် (MCB)နှင့် ပထမ ပုဂ္ဂလိကဘဏ် (FPB) တို့သည် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ် ယာများ အရောင်းအဝယ်ပြုလုပ် နေသည်။ ကျန်ရှိသည့် Great Horkham နှင့် MACPO ကုမ္ပဏီ တို့သည် စာရင်းဝင်ရန် ဆောင် ရွက်နေသည်ဟု ဆိုသည်။

လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာတန်ဖိုးကျဆင်း ၍ အရောင်းအဝယ်အေးစက်နေ ကာ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ မတ်လတွင် ကျပ် ၂၄ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ဧပြီ၌ ကျပ် ၁ ဒသမ ၂ ဘီလီယံသာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ထိုသို့ ကျဆင်းနေခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာ ရင်းဝင် ကုမ္ပဏီနည်းပါးခြင်းနှင့် ရှယ်ယာ ရင်းနှီးမြှုပ်နှံသည့် လူ တန်းစားအလွှာနည်းပါးနေခြင်း တို့ကြောင့်ဖြစ်သည်ဟု ဂျပန် Dai−wa Securities က ဆိုသည်။

ထိုသို့ ကျဆင်းနေခြင်းအ ပေါ် စနစ်တကျလေ့လာခြင်းမရှိ ဘဲ သုံးသပ်မှုများရှိ၍ ရင်းနှီးမြှုပ် နှံသူများနှင့် မြန်မာနိုင်ငံ၏ စတော့ဈေးကွက် အောင်မြင်ရေးကိုပါ ထိခိုက်မှုအချို့ရှိလာကြောင်း၊ ထို့ ကြောင့် တရားဥပဒေအရ အရေး ယူရန် စီစဉ်နေကြောင်း ရန်ကုန် စတော့အိတ်ချိန်း  ဒါရိုက်တာ Mr.Yukio Narita က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့် လှစ်၍ ၂၀၁၆ မတ်လ၌ FMI ကုမ္ပဏီက စာရင်းဝင်ကုမ္ပဏီအဖြစ်အရောင်းအဝယ် စတင်ခဲ့သည်။ လက်ရှိတွင် အများပိုင် ကုမ္ပဏီလေးခုနှင့် Securities ကုမ္ပဏီခြောက်ခုဖြင့် လည်ပတ်နေသည်။ ၂၀၁၆ တွင် စတော့ရှယ်ယာ စုစုပေါင်း ကျပ်ဘီလီယံ ၇၀ ကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။

7Day News Journal
http://www.7daydaily.com/story/96781

Wednesday, April 12, 2017

စတော့ တစ်ခု ရဲ့  ဈေးနုန်း အမှန် ကိုတွက်ချက်နည်း ( ၅ ) သွယ်


စတော့ လောက မှာ တန်ဖိုး အရှိဆုံး နဲ့ ခက်ခဲ မှူ အရှိဆုံး လူအများ သိချင်နေတဲ့  မေးခွန်း (၃) ခု ရှိပါတယ်။
1. ကိုယ်ဝယ်မယ့် စတော့ တစ်ခု က မူရင်းအမှန်ဘယ်လောက်တန်သလဲ ?
2. ဘယ်အချိန်မှာ ၀ယ်ရမလဲ ?
3. ဘယ်အချိန်မှာ ရောင်းသင့်သလဲ ? ဆိုတဲ့ မေးခွန်း ၃ ခု ပါပဲ။
ဒီမေးခွန်း တွေ ကိုသာသိမယ်ဆိုရင်တော့ စတော့ ရှယ်ယာနဲ့ ဝင်ငွေရှာဖို့ ဆိုတာ လောင်းကစားလုပ်သလို မျက်လုံးမိတ်ပြီး ကံကိုပုံအပ်စရာမလို တော့ပါ။ အမှန်တော့ စတော့ ရှယ်ယာဆိုတာ အများ ထင်သလို လောင်းကစားမဟုတ်ပါ။ လောင်းကစားဆိုတာ အနိုင် နဲ့ အရှူံးမှာ ၅၀% စီရှိကြတယ်။ စတော့ ရှယ်ရာဆိုတာက တော့ ရင်းနှီးမြုပ်နှံမှူ တစ်ခု ပါ။ ရှူံးခြင်း နိုင်ခြင်း ဆိုတာ ကိုယ်ရဲ့ လေ့လာမှူ ၊ သိနားလည်မှူ နဲ့ ငွေကြေး ရင်းနှီးမြုပ်နှံမှူ ပညာရပ်ကို ကျွမ်းကျင် လိမ္မာမှူ ပေါ်အခြေခံပြီးတော့ ရှူံးနိုင်မှူ မြတ်နိုင်မှူ ရာခိုင်နုန်း ပြောင်းလဲသွားပါတယ်။ နကန်း တစ်လုံးမှ မသိပဲ ရင်းနှီးတယ်ဆိုရင်တော့ အရှူံးရာခိုင်နုန်း များ ပါတယ်။ လောင်းကစားကတောင် ထိုသူ့အတွက် ၅၀-၅၀ ဖြစ်နေတဲ့အတွက် ကောင်းဦးမယ် ထင်ပါတယ်။ဒါကြောင့် စတော့ ရှယ်ရာ ရင်းနှီး မြုပ်နှံမှူ မှာ လေ့လာမှူ အားကောင်းဖို့ နဲ့  ငွေကြေး ရင်းနှီးမြုပ်နှံမှူ ပညာရပ် ကို ကြိုး စားလေ့ လာ ဖို့ လိုအပ်တဲ့ အကြောင်း စတော့ ရှယ်ရာ စတင်ပြီးဝယ်ယူမှူ မလုပ်ခင် ကြိုတင်သိထားနားလည်ရပါမယ်။
ပထမမေးခွန်း ဖြစ်တဲ့ သူ့ ရဲ့ တန်ကြေးကို သိရမယ်ဆိုရင် ၀ယ်မယ်ရောင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို တော်တော် အထောက်အကူပြု စေမှာပါ။ လက်ရှိပေါက်ဈေး က သူ့ ရဲ့ မူရင်းတန်ကြေးထက်များ နေသလား ၊ နည်း နေသလား ဆိုတာကို လဲ နိုင်းယှဉ် နိုင်ပြီး များ နေတယ်ဆိုရင်တော့ ( overvalue ) လို့ သတ်မှတ်နိုင်ပြီး ရောင်းထုတ် ဖို့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပြီး၊ လက်ရှိပေါက်ဈေး က တန်ကြေး ထက်နည်းနေတယ်ဆိုရင်တော့ ( undervalue ) လို့ ဆိုနိုင် တဲ့ အတွက် ၀ယ်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
တွက်ချက်နည်းလမ်း ( ၅ ) သွယ်
====================
စတော့ တစ်ခု ရဲ့ တန်ကြေး ကို ရှာတဲ့ နည်း လမ်းပေါင်း များ စွာရှိပါတယ်။ ဈေးကွက်ဖွံဖြိုးမှူ အခြေအနေ၊ ရင်းနှီးမြုပ်နှံသူများ ရဲ့  စိတ်ပါဝင်စားမှူ အရ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုပေမယ့်လို့  မြန်မာနိင်ငံ လက်ရှိ ဈေးကွက် နဲ့ ကိုက်ညီမယ့်  နည်းလမ်း (5) နည်း ကို ဖော်ပြလိုက်ပါတယ်။
1. GARP & PEG ( ဂဒ် နဲ့ ပဒ် နည်း )
2. Dividends and estimating fundamental Value ( အမြတ်ဝေစု အခြေခံတွက်နည်း )
3. Dividend Discont Model ( ဒစ်စကောင့် မော်ဒယ် ဖြင့် တွက်နည်း )
4. Constant- Growth Model ( ပုံမှန် တိုးတက်မှူ နုန်း ဖြင့် တွက်နည်း )
5. The Corporate Valuation Model ( ကိုအောပရိတ် တန်ဖိုးတွက် မော်ဒယ် ဖြင့် တွက်နည်း )
GARP & PEG နည်း
==============
GARP ဆိုတာ Growth At a Reasonable Price ရဲ့ အတိုကောက်ပါ။ " သင့်တင့်မျှတတဲ့ ဈေးနုန်း နှင့် အညီ တိုးတက်ခြင်း" ကို အခြေခံ ပြီး စတော့ တစ်ခု ရဲ့ တန်ကြေးကို တွက်ချက်ခြင်း ပါ။ ရင်းနှီးမြုပ်နှံမှူ ပညာရှင် များ က စတော့ တစ်ခု ရဲ့ တန်ဖိုး ကို ရိုးရိုးလေးပဲ ကုမ္မဏီ တစ်ခု ရဲ့ ဝင်ငွေ ( earnings) နဲ့ ဝင်ငွေ တိုးတက်မှူ နုန်း ( earnings growth) ဆိုတဲ့ အရာနှစ်ခု ပေါ်မှာ ပဲ တည်မှီတွက်ချက်ပါတယ်။
သင့်တင့်မျှတတဲ့ ဈေးနုန်းပြ ညွန်းကိန်း (သို့ ) PEG
===============================
စတော့ တစ်ခု ရဲ့ သင့်တင်မျှတတဲ့ ဈေးနုန်း ဆိုတာ ဘာလဲ ။ ရှင်းရှင်းလေးပဲ တွေးကြည့် ရအောင် ။ ၅ကျပ်တန်တဲ့ ကုမ္မဏီ ရှယ်ယာ ၅ ခု ထုတ်ထားတယ် ဆိုပါစို့ ။ ရှယ်ယာတစ်ခု ရဲ့  တန်ဖိုး က တစ်ခု ၁ ကျပ်ပေါ့။ ရှင်းရှင်းလေးပဲ ။ ဒါပေမယ့်  အဲ ဒီ ၁ ကျပ်တန်တဲ့ ရှယ်ယာ တစ်ခု ကို အခြားလူတစ်ယောက်က ဘာဖြစ်လို့ ၂ ကျပ်ပေးဝယ်ပြီး ၊ နောက်တစ်ယောက် က ၃ ကျပ် ပေးဝယ်တာလဲ ။ ရှယ်ယာဆိုတာ ကုမ္မဏီ ထဲ ကို အရင်းထဲ့ ဝင်တာဖြစ်တဲ့ အတွက် ကုမ္မဏီ ရဲ့ လုပ်ငန်း တိုးတက်မှူ အကျိုး အမြတ် အလားအလာအပေါ် မှာ အကောင်းမြင် တဲ့ ဘက်က မျှော်လင့်တဲ့ အတွက် ပိုပေးပြီးတော့မှ ၀ယ်တာပေါ့။ ၁ ကျပ်ဆိုတဲ့ မူရင်း ဈေးနုန်း က တော့ Book Price ( စာအုပ်ဈေးနုန်း ) ပေါ့။ ပို ပေးပြီး ၀ယ်ကြတဲ့ ဈေးနုန်း က တော့ Market Price ( ဈေးကွက် ပေါက်ဈေး) ပေါ့။ အမှန်တစ်ကယ် ဖြစ်သင့် တဲ့ ဈေးနန်း က Reasonable Price ( သင့်တင့်မျှတတဲ့ ဈေး နုန်း ) ရောင်းသူဝယ်သူ ကြား မျှတတဲ့ ဈေး နုန်း ပါ။
P/E (သို့ ) စတော့တစ်ခု အပေါ် ဈေးကွက်စိတ်ဝင်စားမှူုညွန်းကိန်း
=======================================
အဲဒီ သင့်တင့် မျှတတဲ့ ဈေး နုန်း ကိုညွန်ပြတဲ့ ညွန်း ကိန်း က တော့ P/E လို့ ခေါ်တဲ့ Price per earnings ညွန်း ကိန်း နဲ့ annual earning growth rate ကို နိုင်းယှဉ် ထားခြင်းပါ။ P/E ဆိုတာ လက်ရှိစတော့ တစ်ခု ရဲ့ ဈေးကွက်ပေါက်ဈေး ကို သူရဲ့ ဝင်ငွေနဲ့ စားထား တဲ့ ညွန်းကိန်းပါ။ ၁ ကျပ်ပဲ တန်တဲ့ စတော့ ကို ဈေးကွက် က ၅ ကျပ်ပေးတယ် ဆိုရင် သူ့ ရဲ့ P/E က ၅ ဆပေါ့။ P/E က ဈေးကွက် ရဲ့ စတော့ တစ်ခု အပေါ် စိတ်ဝင်စားမှူ မြင့်တက်မှူ အနေအထားကို ပြပါတယ်။ P/E ညွန်းကိန်း အကြောင်းကို ရင်းနှီးမြုပ်နှံမှူ ပညာရှင်များ ကအကျယ်တ၀င့် ရှင်းပြလေ့ရှိပါတယ်။ ဒီမှာ ကတော့ စတော့ တစ်ခု ကို ဈေးကွက် က ဆတိုးပေးတဲ့ ညွန်းကိန်း လို့ ပဲ လိုတိုရှင်းမှတ်ကြရအောင်ပါ။
၁ ကျပ်ပဲ တန်တဲ့ စတော့ ကို ဈေးကွက် က ဘာဖြစ်လို့ ၅ ကျပ်ပေးတာ လဲ။ ကုမ္မဏီ ရဲ့ အမြတ်ဝင်ငွေ ၅ ဆတိုးတက်လာမယ် လို့  မျှော်မှန်း လို့ ပေါ့။ ဒါဆိုပြောင်းပြန် ပြန် တွေးကြည့်ရအောင်။ ကုမ္မဏီ က အမြတ်ဝင်ငွေ ၅ ဆမြတ်နေပြီး ဈေးကွက် ပေါက်ဈေး က ၁ ကျပ် ပဲ ရှိသေးတယ်ဆိုရင် ဒီစတော့ ဟာ undervalue လို့ သတ်မှတ်လို့ ရပြီး ၀ယ်ထားခြင်းအားဖြင့် အကျိုးအမြတ် မလွဲဧကန် ပဲလို့ တွက်နိုင်ပါတယ်။ ဒါကြောင့်ပုံသေနည်း အားဖြင့်
PEG = P/E / expected annual earning growth rate
လို့ မှတ်နိုင်ပါတယ်။
P/E က ၅ ဆ ဆိုပါစို့ ။ ကုမ္မဏီ ရဲ့ အမြတ်ဝင်ငွေ ကလဲ ၅% လောက်တက်မယ် လို့ ခန့် မှန်း တယ် ဆိုရင်
PEG = 5/ 5
ဆိုရင် အဖြေက ၁ ရမှာဖြစ်ပါတယ်။ ၁ ရတဲ့အတွက် အဲဒီ စတော့ ရဲ့ ဈေးနုန်း က မျှတတဲ့ ဈေးနုန်း လို့ ယူဆလို့ ရနိုင်ပါတယ်။ ၁ အောက် ဆိုရင်တော့ အဲဒီ စတော့ လက်ရှိဈေးနုန်း က undervalue သက်သာတဲ့ ဈေးနုန်း ဖြစ်ပြီး အချိန်မရွေး တက်နိုင်ပြီး ၀ယ်ထားရင် အမြတ်ရနိုင်ဖို့ များ တဲ့ ညွန်းကိန်း ဖြစ်ပြီး ၊ အကယ်၍ ၁ အထက်ဆိုရင်တော့ ဒီစတော့ က ဈေးများ နေပြီ လို့ အကြမ်းအားဖြင့် ယူဆလို့ ရနိုင်တဲ့ အတွက် ရောင်းဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
ဒီ PEG ညွန်းကိန်း က တွက်ဖို့ အင်မတန် လွယ်ကူပြီး အကျိုးရှိတဲ့ အတွက် စတော့ ရှယ်ယာတွင် ရင်းနှီးမြုပ်နှံသူများ အဖို့ မသိမဖြစ် သိရှိရမယ့်ညွန်းကိန်း တစ်ခု ဖြစ်နေဟာ မဆန်းဘူး လို့ ဆိုချင်ပါတယ်။
ကျန်တဲ့ နည်းလမ်းများ ကို လဲ အလျင်းသင့်သလို နောင်များ မှာ ဖော်ပြရေးသား ပြီး တင်ပေးပါ့မယ်။
မာသင် ( Investment Finance )
Martin Zhang

Currency Trading ဆိုတာ (1)

Currency Trading ဆိုတာ (1)

Stock ဆိုတာ နဲ့ လူတွေ တော်တော် များများဘာလဲဆိုတာ အနည်းနဲ့အများသိကြပါတယ်. ရှင်းရှင်း ပြောရရင် ကျွှန်တော်လဲ ရင်းနှီးမြုပ်နှံမူကို Stock တစ်ခုပဲရှိတယ်လို့ထင်မှတ်ခဲ့ပါတယ်. ဒီလိုပဲ စလုံးက သူငယ်ချင်းက Currency Trading လုပ်ကြည့်ပါလားဆိုပြီး အကြံပြုတာနဲ့ FOREX Market ထဲကို ဘူးမသိ ဘမသိ ရောက်လာခဲ့တာပါပဲ. နှကို ကတည်းက Investment ကို ဘာမှန်းမသိတော့ FOREX ဆိုတာဘာလဲ သိဖို့ဝေလာဝေး. ဒါနဲ့ စာအုပ် ဖတ်ပြန်တော့လည်း  စာအုပ်တွေအားလုံးက English တွေ ကြီးပဲဆိုတော့ Knowledge ကနည်းနည်း နဲ့နားလည်အောင်တော်တော်လေးဖတ်ယူခဲ့ရပါတယ်. Online မှာ မြန်မာဆိုဖတ်ဖို့လိုက်ရှာကြည့်တော့လည်း Stock အကြောင်းတွေရေးတာပဲခပ်များများတွေ့ရတော့ တော်တော် လေးရှာဖတ်ခဲ့ရပါတယ်. အခု ဒီ Currency ထဲကို ရောက်နေတာ ၃နှစ်လောက်ပဲရှိပါသေးတယ် ကျွှန်တော် ကိုယ်၌ ကလည်း အခုထိလေ့လာတုံးဆိုတော့ ဒီ "Currency Trading "  ကို ကျွှန်တော်သိထားတာလေး မမေ့သွားအောင် ကတစ်ကြောင်း.Currency Trading အကြောင်းကို သိချင်တဲ့သူငယ်ချင်းများအတွက်တစ်ကြောင်းရေးသားခြင်းဖြစ်ပါတယ်ဒါကြောင့် ကျွှန်တော့် စာတွေမှာအမှားတွေ ပါနိုင်ပါတယ်. ဒီထဲမှာ ကျွှန်တော် ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အကြောင်းတွေဘာသလို စာအုပ်တွေထဲကလည်း Reference လုပ်ထားပါတယ်. တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံခြင်းမတူနိုင်ပါဘူး ဒါကြောင့် Currency Trading ရဲ့ အခြေခံတွေကို ရေးသွားပါမယ်. အမှားတွေတွေ့လို့ တောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…



FOREX ဆိုတာဘာလဲ……



 Forex ဆိုတာကတော့ FOReign EXchange Market အတိုကောက်ယူထားတာဖြစ်ပါတယ်. (currency) ငွေကြေး နှစ်ခုကိုတစ်ပြိုင်ထဲ တစ်ခုကို ရောင်းပြီး တစ်ခုကို ၀ယ်တာကို Foreign exchange လို့ခေါ်ပါတယ်. Currencies  တွေကို Dealar ဒါမှမဟုတ် Broker တွေကနေတစ်ဆင့် အ၀ယ်အရောင်း လုပ်ပါတယ်. အဲဒီ Trade လို့ရအောင် Currency  တွေကို (pairs)အတွဲလိုက်ထားပေးထားပါတယ် .ဥပမာ Euro dollar and U.S. Dollar (EUR / USD) or the British Pound and Japanese Yen (GBP/ JPY).

 ဒီ FOReign Exchange Market ဟာ ကမ္ဘာပေါ်မှာ အကြီးမှားဆုံး ငွေကြေး ဈေးကွက် ဖြစ်ပါတယ်.. နေ့စဉ် ဒေါလာ $ 2 Trillion နဲ့ အထက် စီးဆင်းမူ / သိပ်တည်းမူ ရှိပါတယ်. အဲဒီပမာဏ ဟာ stock market နဲ့ Future market ပေါင်းထားတဲ့ တန်ဖိုးတဲ့ ၃ ဆလောက် ပို များတယ်လို့ဆိုထားပါတယ်.

  Forex spot market ဟာ တစ်ခြား ငွေကြေး ဈေးကွက် ဖြစ် တဲ့ stock တို့လို Physical Location တို့ Central exchange တို့ မရှိပါဘူး.. အရာင်းအ၀ယ်ကို တော့ ဘဏ် အချင်းချင်း , Corporations အချင်းချင်း, တစ်ဦးတစ်ယောက်ချင်း အ၀ယ်အရာင်းလုပ်ကြပါတယ်. Physical exchanges  မရှိတဲ့ အတွက်ကြောင့် Forex ကို ၂၄ နာရီ  Trade လုပ်လို့ရပါတယ်. 


Spot Market  Future Market ဆိုတာဘာလဲ.

 လက်ရှိငွေပေါက်ဈေးနဲ့ ရော့ ပတ္တမြား ရော့နဂါး , အ၀ယ်အရာင်ုးလုပ်တဲ့ဘယ် Market မဆို Spot Market လို့ခေါ်ပါတယ် .Future Market ကတော့ ကြိုရောင်းကြိုဝယ် သဘောမျိုးပေါ့. ပိုက်ဆံကို အရင်ပေးပြီး Commodity ကိုနောက်မှ ပို့တဲ့ Market  ပေါ့. ဥပမာ Chicago Board of Trade က Future Market တစ်ခုပါ. FOREX မှာနှစ်ခုလုံး လုပ်ကြပါ future ရော spot ရော trade လုပ်ကြပါတယ်.ဒါပေမဲ့ Traders တော်တာ် များများကတော့ spot market ကိုပဲ သုံးကြပါတယ်.

ဘယ်Currencies  တွေTraded ကြလဲ.?

 လွယ်ပြောရရင်တော့ဗျာ interantional trade ရှိတဲ့ နိုင်ငံတိုင်း ရဲ့ currencies ကို trade လုပ်လို့ရပါတယ်..နေ့စဉ် အများဆုံး Trade လုပ်တဲ့ ကို အစဉ်လိုက်ရေးရမယ်ဆိုရင် ..U.S Dollar (USD), the Euro Dollar (EUR), the Japanese Yen (JPY) , the British Pound Sterling (GBP) , The Swiss Franc (CHF) , the Canadian Dollar (CAD) နဲ့the Australian Dollar (AUD) . ဒီ  ရ ခုကတော့ Major currencies တွေပါ တစ်ခြား currencies တွေကို တော့  minor လို့တတ်မှတ်ပြီး.. တစ်ခြား နိုင်ငံငယ် တွေရဲ့  currencies တွေကို exotics လို့ခေါ်ပါတယ်..

FOREX Currency  တွေရဲ့  symbols ကို အဂ်လိပ် အက္ခရာ သုံးခု နဲ့ အမြဲတမ်းသတ်မုတ်ကြပါတယ်. ပထမ အက္ခရာ ကတော့ နိုင်ငံကို ကိုယ်စားပြုပြီး နောက် ဆုံးတစ်လုံးကို တော့ နိုင်ငံ currency ရဲ့ နာမည်ပါ.. ဥပမာ U.S. Dollar ရဲ့ symbol ကတော့ USD ပါ. ထိုနည်းတူပဲ  Jpanese Yen ကို JPY လို့တပ်မှတ်ထားပါတယ်..အခြားနိုင်ငံတွေ အကုန်လုံးလဲအဲဒီလိုပဲသတ်မှတ်ထားပါတယ်. သို့သော်လည်း ချို့ ယွင်းချက်အနေနဲ့ Swiss Franc ကို SWF လို့ မသုံးပဲ CHF  လို့ သုံးပါတယ် အဲဒီတစ်ခုထဲပါပဲ. ဘာလို့လဲဆိုတော့  Swistzerland နိုင်ငံ ရဲ့  Latin နာမည်ဖြစ်တဲ့  Confederation Helvetica နဲ့ အသုံးပြုထားလို့ပဲဖြစ်ပါတယ်.  


Symbol                            Country                                        Currency

USD                            United States                                       Dollar 

EUR                            Euro members                                     Euro

JPY                                 Japan                                                Yen 

GBP                               Great Britain                                      Pound

CHF                            Switzerland                                           Franc-

CAD                            Canada                                                 Dollar

AUD                             Australia                                              Dollar




ဆက်ပါဦးမည်

ခွန်ဇေယျာမင်း..     
http://khunzmineconomy.blogspot.com/2013/05/currency-trading-1.html             

Stocks Market အကြောင်းတစ်စေ့တစ်စောင်း..

၂၀၁၅ မှာ မြန်မာနိုင်ငံ စတော့ ဈေးကွက် စတင်တော့မယ် ဆိုတော့ စတော့ (stock) ဈေးကွက် အကြောင်းရေးဖို့စိတ်ပါ လာပါတယ်… အရင်က Currency Trading (ငွေကြေးေ၇ာင်းဝယ်မူ) အကြောင်းနည်းနည်းပါးပါးရေးဖူးပါတယ်..အဲဒီတုံးက တော့  Technical Analysist တို့ Fundemental Anaysist ထိမရောက်ခဲ့ဘူး . ငွေကြေးဈေးကွက်ရဲ့ အပေါ်ယံ လေးပဲ ရေးခဲ့ပါတယ်. အခုလဲ အဲဒီထိရောက်ချင်မှ ရောက်မှာပါ. အခုဒီထဲမှာ U.S စတော့ဈေးကွက် ဆိုတာ ဘာလဲနဲ့ ကုမ္ဗဏီတွေ (Stock)  စတော့ ရောင်း ချင်ရင် ဘယ်လိုသွားရမှာ ကို အရင်ဆုံးရေးသွားပါမယ် ..အမေရိကန် ဈေးကွက်ပဲ ဆိုပေမယ့် တစ်ကမ္ဘာလုံးဈေးကွက်တွေရဲ့ လုပ်ဆောင်ခြင်းက အတူတူပါပဲ အခေါ်အဝေါ်လေးတွေပဲနည်းနည်း ကွဲရင်ကွဲမယ်.


လူတွေတော်တော်များများ ကတော့ New York Stock Exchange (NYSE) ကို ကြားဖူးကြပါလိမ့်မယ်. TV တွေ ရုပ်ရှင်ဇတ်ကား တွေ မှာ တွေ့ ဖူးကြပါလိမ့် မယ် ၊ အကျီ ရောင်စုံလေးတွေ ၀တ်ပြီး  သူတို့ရဲ့ ရှေ့ Computer မြောက်မြားစွာနဲ့ အော်ဟစ်ပြေးလွားနေကြတာတွေ ၊ သတင်းတွေထဲမှာ ရံဖန်ရံခါ မေးမြန်းထားတာတွေ ကို တွေ့ရပါလိမ့်မယ်..့  အဲဒီလူတွေက NYSE မှာ ဘာတွေလုပ်နေကြတာလဲ ? ကျွှန်တော်တို့လို့ Investor ရင်းနှီးမြုပ်နှံသူ တွေအတွက် သူတို့က ဘယ်သူတွေလဲ ?


အဲဒီ ထိမရောက်ခင် ကျွှန်တော် တို့ပထဦးဆုံး နောက်တစ်လမ်းဆုတ်ပြီးကြည့်ရအောင်ဗျာ. စတော (stock)့ ကို အ၀ယ်အရာင်းလုပ်တော့မယ်ဆိုရင် တော့  ငွေကြးဈေးကွက် (Financial Market) က ပါလာပြီးသားပဲဗျာ. ပြီးတော့ ဈေးကွက် Market ဆိုတာ က အင်မတန်မှ ရုပ်ထွေး လှပါပေတယ်. အဲဒါကြောင့် ကျွှန်တော်တို့ငယ်ငယ်လေးကနေစပြီး အခုအထိ အဲဒီ ဈေးကွက် ( အရောင်းအ၀ယ်) ကို လေ့လာသင်ယူခဲ့ကြတာပဲမဟုတ်လား..

ငယ်ငယ်တုံးက သံပရာရေ ရောင်းသလိုပဲပေါ့. ကျွှန်တော်တို့ မှာ ရောင်းဖို့ကုန် ရှိတယ်. (Buyer) ၀ယ်မယ့်လူကို လိုက်ရှာရတယ်. ဘယ်မှာ ရောင်းရင် ပိုမြတ်မလဲ . သံပရာ ရေ တစ်ခွက်ဘယ်ဈေ့း သတ်မှတ်ဖို့ အတွက် Information ရှာ ရတယ်. ၀ယ်လိုအားဘယ်လောက်ရှိလဲ  . တစ်ခြားသူတွေ ဘယ်လောက်နဲ့ ရောင်းလဲ. ဘယ်သူကဘယ်လောက်မြတ်တယ်  . ရေ၊ သကြား ၊ သံပါရာသီး  ဘယ်လောက်ကျလဲ ၊ အမြတ် ဘယ်လောက်ကျန်မှာလဲ အစသည် ရှိပေါ့.

 တစ်ကယ်တမ်း ပြောရရင် စတော့ ဈေးကွက် လဲ အဲဒါနဲ့ အခြေခံခြင်းတူပါတယ်. ၀ယ်တဲ့သူ ( Buyer ) နဲ့ ရောင်းတဲ့သူ (ှSeller) တွေပါပဲ. ၀ယ်လို့အား နဲ့ ရောင်းလိုအား ပေါ်မှာပဲ မူပါတယ်. တကယ်တမ်းပြောရရင် အဲဒီ အကျီ ရောင်စုံ လေးတွေ ၀တ်ပြီး NYSE ကြမ်းပြင် မှာ ပတ်ပြေးနေတဲ့လူတွေဟာကျွှန်တော့်တို့ ခင်ဗျားတို့လိုပဲ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေပါပဲ.  (အဲဒီအကျီအရောင်တွေဝတ်ထား  သူတွေက  ဘယ်သူက ဘယ့်သူကို ကိုယ်စားပြု တာကို သတ်မှတ်တာပါ) . ဒါပေမယ့် မတူတာတစ်ခုက စတော့ ဈေးကွက် က ကျွှန်တော်တို့လမ်းဘေး  အအေး ရောင်း တာထက် အရာရာ ပိုပြီး မြန်မြန်ဆန်ဆန် နဲ့ အတက်အကျကြီးတာပါပဲ.


Two Type of Market ( ဈေးကွက်နှစ်မျိုးနှစ်စား)

အမေရိကန် မှာ စတော့ တွေကို Maket ဈေးကွက် နှစ်ခုကနေ အဓိက ထားပြီးရောင်းပါတယ်. ကျွှန်တော်ပြောခဲ့တဲ့ The New York Stock Exchange (NYSE) နှင့် the Nasdaq Stock Market  ပါ။ တစ်ခြားသော အချို့ ဈေးကွက်တွေလည်းရှိပါတယ် ဒါပေမယ့် ဒီဈေးကွက် နှစ်ခု ထဲကနေပဲ အဓိက အရောင်းအ၀ယ် လုပ်ကြပါတယ်. Company တွေ Public လုပ်ချင်တယ်ဆိုရင် အဲဒီ ဈေးကွက် နှစ်ခု ကနေ  ရောင်းကြပါတယ်.


The New York Stock Exchange (NYSE)

The New York Stock Exchange (NYSE) က အမေရိကား မှာ သက်တမ်းအရှည် ဆုံး ဈေးကွက် တစ်ခုပါ. ၁၉ ၇၂ ခုနှစ် တုံးက Lower Manhattan မှာရှိ buttonwood (မြန်မာ အမည်မသိ) အပင် အောက်မှာ စပြီး စတော့(stock) အ၀ယ်အရောင်း လုပ်ရင်းကနေ အခုလို ကမ္ဘာအကြီးဆုံး  စတော့ ဈေးကွက်တွေထဲ တစ်ခုဖြစ်လာခဲ့ပါတယ်.

အခု  The New York Stock Exchange (NYSE) က Lowe Manhattan မှာ ရှိတဲ့  Wall Street နဲ့  Broad Street လမ်းတောင့်မှာ တည် ရှိပါတယ်. တစ်ကယ်တမ်း ဒီလို နည်းပညာတွေ ၊ ဆက်သွက်ရေးတွေ မြန်ဆန်နေတဲ့ ခေတ်တွေမှာ တည်နေရာက  အရေးမကြီးတော့ပါဘူး. ဗဟုသုတ အနေနဲ့ ပါ.  စတော့ (stock) အ၀ယ်အရာင်းလုပ်ဖို့အထွက် အဲဒီ အထိလည်း သွားဖို့မလိုပါဘူး ကမ္ဘာ နေရာ အရပ်ရပ်က နေ၀ယ်ယူလို့ရပါတယ်
 
၁၉ ၉ ၀ ခုနှစ် တုံးက NYSE 
The New York Stock Exchange  ကို အတိုကောက်အနေနဲ့ NYSE  လို့လဲခေါ် ကသလို The Big Board  ဆိုပြီးတော့ နာမည် ပြောင် နဲ့ လည်းခေါ်ကြပါတယ်. အဲဒီ  မှာ Trading  လုပ်ရင်  (ကိုယ်စားပြုေ၇ာင်းဝယ်နည်းလမ်း)    specialist trading system လို့ခေါ်တဲ့ system အသုံးပြုပါတယ် . အဲဒီ system ကတော့ စတော့တစ်ခု ကို လူတစ်ယောက် က ကိုယ်စားပြုခြင်းဖြစ်ပါတယ်. ဥပမာ ခင်ဗျား IBM ရဲ့ စတော့ကို ၀ယ်ချင်တယ်ဆိုပါဆို့ .. ခင်ဗျား IBM စတော့ ကို  ( Assigned) ကိုယ်စားပြုထားတဲ့ လူစီသွားပြီး bid( ဈေးပေး) လုပ်ရပါတယ်.အဲဒီလူက ယဉ်ထိမ်းရဲ လိုပါပဲ   စတော့ရဲ့ အသွားအလာကို အမြဲ စောင့်ကြည့်နေပါတယ်. သူကနေပြီးတော့မှာ ခင်ဗျားပေးတဲ့ဈေးနဲ့ ရောင်းချင်တဲ့လို လိုက်ရှာရပါတယ်.ဈေးတဲ့ ရင် တော့ အ၀ယ်ရောင်းဖြစ်သွားတာပေါ့ ဈေးမတဲ့ တဲ့ အချိန်ကြရင်လည်း သူတို့က သူ့တို့ အတွက်ဝယ် ရောင်းလုပ်ကြပါတယ်.



လက်ရှိNYSE
အဲဒါကြောင့်ဗျာ အရင် တုံးကသတင်းတွေမှာ ရုပ်ရှင်တွေမှာ စတော့ အကြောင်းပါပြီဆို စာရွက်တွေကိုင်ပြီး ယဉ်ထိန်းရဲ တွေလိုပဲ ပြေးလွား၊ လက် ဟန်ခြေဟန်တွေနဲ့ အော် နေကြတာတွေ့ဖူးပါလိမ့်မယ် ရုတ်ရှက်ခတ်ပြီး  ဘာတွေလုပ်နေကြမှန်းမသိဘူး. ဒါတစ်ကယ်တမ်းကြတော့ ရှင်းရှင်းလေးပါပဲ ၀ယ်ချင်တဲ့လူနဲ့ ရောင်း ချင်တဲ့ လူနဲ့ ရှာ ပြီး စတော့ ကို ၀ယ်ရောင်းလုပ်ချင်နေကြလို့ပါပဲ.

ဒီလို  အော်ရောင်း ရင်း နဲ့ ပဲ ကွန်ပျူတာပေါ်မှာလဲ ရှာဖွေပြီး ဈေးတဲ့ပေးခဲ့ကြတယ်. နည်းပညာ တိုးတက် လာတာနဲ့ အမျှ အဲဒီလိုအော်ရောင်း တာတွေ NYSE မှာ လျှော့ကြလာပြီး ကွန်ပျူတာ နဲ့ ရောင်းဝယ် လာကြပါတော့တယ်. လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်အတွင်း နေစဉ်နဲ့ အမျှ အရောင်းအ၀ယ် ပမဏ တွေ ကြီးထွားလာပေမည့်  တိုးတက်လာတဲ့ နည်းပညာ ကျေးဇူးတွေကြောင့် NYSE ကြမ်းပြင် မှာ အလုပ်လုပ်တဲ့ လူတွေဟာ သိသိသာသာ တိုးမလာပါဘူး.  NYSE မှာ လုပ်တဲ့ အရောင်းအ၀ယ် မှန်သမျှ က ဒီ ကိုယ်စားပြု ( specicalists ) တွေက refereed  လုပ်ပါတယ်.
NYSE အလုပ်လုပ်ပုံ 


The Nasdaq Stock Market 

The NYSE မှာ ရောင်းဖို့အတွက် listing requirement  လိုအပ်ချက်တွေက တော်တော် မြင့်ပါတယ် ဒါကြောင့် အသစ်စတောင်တဲ့ ကုပ္ဗဏီ တွေ အထူးသဖြင့် သက်တမ်းနု သေးတဲ့ ကုပ္ဗဏီတွေ က ဒီ  Nasdaq Stok Market မှာ လာတင် listing  ရောင်း ကြပါတယ် .  Micorsoft တို့  Intel တို့ လို listing တွေ နည်းပညာ Hight tech stock တွေနဲ့  နာမည်ကြီးတဲပ  Nasdaq မှာတော့  NYSE လို စတော့ တစ်ခုကို လူတစ်ယောက် ကိုယ်စားပြု specicalists တွေမရှိပဲ Market Makers ( ဈေးကွက်ဖွင့်သူ) လို့ခေါ်တဲ့  လူတစ်စုနဲ့ အ၀ယ်အေ၇ာင်းလုပ်ကြပါတယ်.. အဲဒီ Market Makers တွေက specicalists တွေလိုပဲ စတော့တစ်ခု ဒါမမဟုတ် စတော့တစ်စုကို အ၀ယ် အရောင်းလုပ်ကြတယ် . ဒါပေမဲ့ သူတို့က specicailist တွေလို refeereed လုပ်တာမျိုး မဟုတ်ပဲ စတော့ တွေကို ရင်းနှီးမြုပ်နှံသူကိုယ်စား အ၀ယ်အေ၇ာင်းလုပ်ပေးလိုက်ကြတယ်.

စိတ်ဝင်စားစရာကောင်းတာတစ်ခုက တော့ ဒီ Nasdaq ဟာ NYSE လိုမျိုး  သူမှာ တည်နေရာ Trading Floor မှာရှိပါဘူး..အေ၇ာင်းအ၀ယ် အကုန်လုံးကို ဖုန်း နဲ့ ဖြစ်စေ ကွန်ပျူတာတွေနဲ့ ဖြစ်စေ နိုင်ငံ တစ်ဝမ်းလုံးမှာရှိတဲ့  ပွဲစားတွေက နေ အ၀ယ် အရာင်းလုပ်ကြပါတယ်..Market Maker တွေက ဒီ အဆက်တွေကနေ တစ်ဆင့် သူတို့ အ၀ယ်အေ၇ာင်းလုပ်ချင်တဲ့ဟာတွေကို ကြော်ငြာပါတယ် ဒီလိုနဲပ ဈေးတဲ့ရင် အ၀ယ်အရာင်းဖြစ်သွားကြတာပေါ့…
Nasdaq အလုပ်လုပ်ပုံ





ကိုးကား
Wall Street Journal : Complete Money & Investing Guide Book . Dave Kansas.

စတော့အကြောင်းသိကောင်းစရာ (6 to 12)

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၆


#စတော့ထဲမဝင်ခင်လေး (သို့မဟုတ်)
#ကျွန်တော်စီးပွားရေးနှပ်တွဲလဲ

ကျွန်တော် အစက How ဘယ်လိုဆိုတာ ရေးမလို့ပါပဲ ။ သို့သော် မရေးမဖြစ်အခြေအနေမို့လို့ပါ။ မြန်မာနိုင်ငံအတွက်လည်းတော်တော် အန္တရာယ်များနေလို့ပါ။ ကျွန်တော်ပြောတာဟုတ်မဟုတ် ဖတ်ပြီးတဲ့အခါ စာဖတ်ပရိတ်သတ်တို့ မိမိကိုယ်မိမိ ဝေဖန်စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများက လွယ်လွယ်ကူကူဆိုတာလေး သက်သက်သာသာလေးဆိုတာလေး အသေသဘောကျပါတယ်။ အရင်ခေတ် ၁၀စုနှစ်တစ်ခုနှစ်ခုလောက်ကစပြီး ချဲထီတွေထိုးကြတယ်။ နောက်ဖဲရိုက်ကြတယ်။ နောက်ဘောလုံးပွဲတွေမောင်းတွေထိုးကြပြန်ရော
အမြတ်ကဘယ်နှယ်ဆ ချကြတာပဲ ဒိုင်ကမလျောနိုင်ပြေးပြန်တော့လည်း တိုင်စရာမရှိနတ်ထိ ဆိုသလိုပါပဲ။ အခုလည်း ကျွန်တော့်ဆီကို လာလာမေးကြလွန်းလို့ Plan A တွေ Plan B တွေ Plan C တွေနဲ့ ကျွန်တော်စိတ်မသက်သာလွန်းလို့ မြန်မာတွေဒီလိုဖြစ်နေတာ မကြည့်ရက်လွန်းလို့ကို "HYIP များနှင့် တစ်ထောင့်တစ်ည" ဆိုပြီး ဆောင်းပါးလေး အခု ဒီ "သူ့စိတ်ကူး" page လေးကနေတစ်ဆင့်ရေးခဲ့ပါတယ်။(မဖတ်ရသေးတဲ့သူများအတွက် အောက်မှာ link လေးချပေးထားပါတယ်) အတိုင်းအတာတစ်ခုထိတော့ ထိရောက်ခဲ့နိုင်သောငြားလည်း ဖတ်ပြီးသူများက Share ပေးကြတာနည်းတယ်။ ဘာကြောင့်လည်းသော်မသိ။ ကျွန်တော်တို့တစ်ခြားမပြောပါနဲ့ ။ ကျွန်တော်တစ်ယောက်တည်း စတော့တတ်ပြီး စတော့ exchange မှာ သာ တစ်ယောက်တည်း ရောင်းဝယ်နေရင် ဘယ်သူဝယ်မလဲ ဈေးတွေ ဘယ်သူက သတ်မှတ်ကြမလဲလေ။ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်ပေါ်တစ်ယောက်မှီခိုနေကြရတယ်။ ဆိုးတာက HYIP ဆိုတဲ့ အမြတ်မတ်လုံးပေး လိမ်လည်မှုတွေကို အများအားဖြင့် ငွေကြေးရှိပြီး ငွေကြေးရှာနိုင်သူများက ဒါကို လိမ်လည်မှူ မှန်းသိကြပါတယ်။ (လောကမှာဘယ်အရာမှ အလကားမရဘူးဆိုတာလေး တော့သိထားစေချင်ပါတယ်) တကယ်လိမ်ခံနေရနေတဲ့သူတွေက ဝန်ထမ်းတွေ ရုံးအလုပ်လုပ်နေသူတွေ အခုမှ Wolf Of The Wallstreet လို ကားတွေကြည့်ပြီး ချမ်းသာတာများကွာ ဆိုတဲ့ OC(over confidence) သမားတွေ အများဆုံးခံကြရပါတယ်။ ကျွန်တော်ကိုယ်၌လည်း ဒီစီးပွားရေးလောက ထဲ စတင်အခြေချစဉ်က OC ခဲ့ပါသေးတယ်။ တကယ်တော့ စီးပွားရေးပညာဟာ ပိုပြီးတော့ နက်နဲတယ်ခက်ခဲတယ် ကျယ်ပြောလွန်းတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ အခု ကျွန်တော်သင်နေရတဲ့ ဆေးပညာလိုပါပဲ။
တစ်နေ့က အစ်ကိုတစ်ယောက်စကားလာပြောပါတယ်။ ဒါဘယ်လိုမြင်သလဲ သူစုထားတာလေးအားလုံးထည့်လိုက်တယ်တဲ့ ကျွန်တော်လည်း (ကျွန်တော့်အသက်က မနေ့တစ်နေ့က ၁၉ နှစ်ပြည့်တာဆိုတော့) အစ်ကိုပဲဖြစ်မှာပါ။ အဲ့အစ်ကိုလိုပဲ ရိုးရိုးလေးပဲတွေးခဲ့ပါတယ်။ ၄ ၅ ၆ လဆိုတာတောင် အရင်းကြေနေပြီ အတိုင်းထက်လွန်ပေါ့။ (မျိုးကြီးလားမသိပါဘူး) xD ငါကွဆိုပြီးတော့ပေါ့ဗျာ။ ကျွန်တော်ကံကောင်းတာလား ကံဆိုးတာလားမသိပါဘူး ။ ကျွန်တော်လည်း HYIP အမြတ်မတ်လုံးပေးလုပ်ငန်းတွေကို လေ့လာရင်း အစ်ကိုတစ်ယောက်နဲ့ခင်ပါတယ်။ လေ့လာကြတယ်။ ဆွေးနွေးကြတယ်။ ညအစ်ကိုလိုပဲ ယုံကြည်ခဲ့ပါတယ်။ သို့သော် တစ်နေ့ သူ့ရဲ့ profile လေးအမှတ်မထင် တွေ့လိုက်မိတယ်။
My Investment သင့်ငွေပေါ့လေ' ($0)
Commissions ပွဲခ ($659) တဲ့
ဘုရားဘုရား ကျွန်တော့်ကို ထည့်ဖို့တိုက်တွန်းနေခဲ့တဲ့ သူ။ ကျွန်တော် တစ်ပတ်မကဘူး အပတ် ၁၀၀ လောက်ကို အရိုက်ခံလိုက်ရပါတယ်။ သူကိုယ်တိုင် မမြှုပ်နှံပဲ, သိသွားပြီ။ သိသွားပြီ။ HYIP ဆိုတာ ကျွန်တော့်လို စီးပွားရေးနှပ်ချီးတွဲလဲလေးတွေကို အချဉ်သိပ်တဲ့ ကင်ချီတစ်ဘူးဆိုတာကို သိလိုက်ရပါပြီ။သို့သော် ကျွန်တော်မကယ်နိုင်။ ကျွန်တော့်လိုလူ ၁၀၀ ကျော်ရှိသေးသည်။ သူလမ်းညွှန်ပေးနေတုန်းပါ။ကျွန်တော် စိတ်မကောင်းမိ။ ခလုပ်လေးတစ်ချက်နှိပ်ဖို့အလို။ အဲ့အချိန်ကနေစပြီး သူတို့ပြောပြောနေသော forexတွေ လေ့လာသည်။ တကယ်တမ်း ဘယ်လောက်ခက်ခဲ မရေရာမှန်း forex လုပ်နေသူများသိလိမ့်မည်။ အခုမှသာ ကျွန်တော်ပြောချင်တဲ့နေရာလေးရောက်လာပြီ။
ကျွန်တော်ငယ်လွန်းပြီး မသိဘဲ ရမ်းသမ်းပြောနေမိမှာလဲစိုးမိသည်။ စာဖတ်သူကိုယ်တိုင်ပဲတွေးကြည့်စေချင်သည်။
1) ဘယ်သူတာဝန်ခံလဲ
2) ဘာလုပ်လဲ
3) ဘယ်လိုငွေရလဲ
4) ဘာလောက်ဒီလောက်လွယ်ရလဲ
5) ဘာလို့ကျွန်တော်တို့လာခေါ်ရတာလဲ
6) ဘဏ်မှာချေးပြီး လုပ်လို့မရဘူးလား?
အစရှိသဖြင့်ပေါ့
ဘယ်အစိုးရကခွင့်ပြုထားပါတယ်ဆိုတဲ့ စာရွက်စာတမ်းအတုတွေ စားသောက်ဆိုင်ဟိုတယ်တွေရဲ့ လိပ်စာတွေကို ရုံးလိပ်စာလို့ပေးတာတွေ မော်ဒယ်ပုံတွေ ဖြတ်ညှပ်ကပ် ဗီဒီရို အတုတွေ ပြပါလိမ့်မည်။ စတော့ exchange အပေါ်မကြာခင်တင်တော့မယ်ဆိုတာကပါသေး။
စတော့exchange ပေါ်ကို ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ဘယ်လိုခုံရုံးတွေ အစစ်ဆေးခံပြီးမှ ရောက်လာတယ်ဆိုတာသိချင်ရင် တခြားမပြောပါနဲ့ အိမ်က ဘာပဲလိုလိုရန်ကုန်လမ်းညွှန်က လုပ်ငန်းတွေ company တွေ ရေတွက်ကြည့်ပါ။ အခု စတော့ exchange ပေါ်ရောက်နေတဲ့ company အရေအတွက်ကို စုံစမ်းပါ။ စတော့ ဘယ်လိုလုပ်ရလဲဆိုတာ မသိခင် စတော့ဆိုတာ ငွေတွေလှိမ့်ထုတ်ပေးနေတယ် စက်ကြီးမဟုတ်ဘူးဆိုတာရယ် (ဘယ် company ကမှ အမြတ် ၁၅ ၁၆ ၁၇ ၁၈ ရာခိုင်နှုန်းထက်ပိုမပေးနိုင်ပါ။ ၁၀၀% ၃၀၀ % ၇၀၀ % ဆိုတာမျိုးကြီးကတော့ သိကြားမင်းထံသွားဆုတောင်းရင်တောင် ဟိုက ပြန်ပြီးဆုတောင်းခိုင်းရမယ့်သဘောပါ။) စတော့ဆိုတာ Longterm ရေရှည်မြှုပ်နှံမှုသဘောပါ။ အရင်ကမြေကွက်တွေဝယ်သလိုပေါ့။ ခိုင်မာမှု ကတော့ အထူးပြောစရာမလိုဘူးထင်ပါတယ်။ စတော့ exchange ပေါ်ဘယ်လိုရောက်လဲသိရင် မှန်းလို့ရပါပြီ။ အခြေခံမပိုင်တဲ့ စတော့ကစားသမားတွေများလာရင်တော့ ကားဓာတ်ဆီကို ရေရောပြီး မောင်းသလိုမျိုးဖြစ်သွားနိုင်သည်ပေါ့ ဈေးကွက်လေးပျက်တတ်သည်။ ဒါကို ကျွန်တော် ဆောင်းပါးလေးနှစ်ခု
"စတော့လွန်ဆွဲခြင်း" ဆိုတာရယ် " ရန်ကုန်စတော့exchange ၏ ရေသောက်မြစ်လေးများသို့ပေးစာ" ဆိုပြီးရေးခဲ့ပါတယ် ဒါကိုလဲ အောက်မှာ links လေးထည့်ပေးထားပါ့မယ်။
ကျွန်တော်လက်လှမ်းမီသလောက်လေးမို့ အမှားတွေပါကောင်း ပါကို ပါမှာပါပဲ။ စာဖတ်ပရိသတ်ကြီးကိုယ်တိုင် စဉ်းစားချင့်ချိန်စေလိုပါသည်။
မိမိအတွေးလေးတွေကိုလည်း Comment ခဲ့စေချင်ပါသည်။ သဘောကျနှစ်သက်လက်ခံရင်လည်း တခြား ညီအစ်ကိုမောင်နှမတွေ သိအောင် Share ပေး inform လုပ်ပေးရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။
ကျွန်တော်စာမေးပွဲတွေရှိတဲ့ကြားလေးထဲကပဲ ကျွန်တော့်လိုစီးပွားရေးနဲ့ စိမ်းတဲ့သူတွေ ဒုက္ခမရောက်ရလေအောင် ပုံမှန် စာဖတ်ပရိသတ်တွေလည်း စတော့တန်ဖိုးကို ပိုသိရလေအောင် ရေးပေးလိုက်တာပါ။

စာဖတ်သူအားလုံးလှပသောဘဝလေးများပိုင်ဆိုင်ကြပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

"HYIP များနှင့် တစ်ထောင့်တစ်ည"

https://m.facebook.com/story.php?story_fbid=1763711327231772&substory_index=0&id=1762720163997555

" ရန်ကုန်စတော့exchange ၏ ရေသောက်မြစ်လေးများသို့ပေးစာ"

https://m.facebook.com/story.php?story_fbid=1777485599187678&substory_index=0&id=1762720163997555

"စတော့လွန်ဆွဲခြင်း"
https://m.facebook.com/story.php?story_fbid=1778505629085675&substory_index=0&id=1762720163997555

အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

#စတော့အကြောင်းသိကောင်းစရာ 
#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၈

#ကြီးလတ်နှင့်သေး

ကြီးလတ်နှင့်သေး ဆိုတော့ ဘာကြီးပါလိမ့်။ မောင်ယုကို မြင်ပြီး ကျီးတွေလန့်ပြီးသေတာပြောတာပါ အဲလေ မဟုတ်ပါဘူး။ 😂
ကြီးဆိုတာက လုပ်ငန်းကြီး Large Caps တွေကိုပြောတာပါ။ လတ်ဆိုတာ လုပ်ငန်းလတ်ပေါ့ Medium Caps တွေ။ သေးဆိုတာက လုပ်ငန်းငယ် Small Caps တွေပေါ့။ ဒါတွေ ဘာလို့လာပြောနေတာလဲ မှောင်ယုရယ်လို့ထင်ကောင်းပါရဲ့။ လိုပါတယ် ဒါတွေသိဖို့လိုပါတယ်။ ကိုယ်စီးမည့်ယာဉ်က ဆိုက်ကားလား လေယာဉ်ပျံလား ဒုံးကျည်လားဆိုတာတော့ သိထားမှသာလျှင် ကိုယ်သွားချင်တဲ့ အကွာအဝေး ကိုယ်ရင်းရမယ့် Risk ဆိုတဲ့ မသေချာမရေရာမှုတွေကို ကြိုတွက်ထားနိုင်မှာပါ။

#SmallCaps_သေး
ပုံမှန်အားဖြင့်တော့ မတည်ငွေ Market Capitalization ဒေါ်လာ သန်းတစ်ထောင် $1billion ထက်နည်းတဲ့ လုပ်ငန်းတွေကိုဆိုလိုတာပါ။
ဥပမာ Polycom တို့ SM Energy တို့လို လုပ်ငန်းတွေကိုပြောတာပါ။ နိုင်ငံတကာ လူသိများတဲ့ လုပ်ငန်းတွေနဲ့ ဥပမာပေးလိုက်တာပါ။

#MediumCaps_လတ်
သူလည်းထိုနည်းလည်းကောင်းပါ။ မတည်ငွေ Market Capitalization ဒေါ်လာသန်းတစ်ထောင်ကနေ သန်းတစ်သောင်းကြား ($1billion to $10billions) ကုမ္ပဏီကြီးတွေကိုဆိုလိုတာပါ။ ဥပမာ Hamona တို့လို Discover တို့လိုပေါ့

#LargeCaps_ကြီး
Blue Chips လို့လည်းခေါ်ကြတယ်။ဗန်းစကားလိုပေါ့။ ဒီလုပ်ငန်းကြီးတွေက အရမ်းကောင်းမွန်စွာလည်ပတ်နေပြီ။ မတည်ငွေကတော့ပြောစရာမလိုတော့ဘူးထင်ပါတယ်။ သန်းတစ်သောင်း ကျော်ပေါ့။ more than $10 billions အားလုံးသိကြတဲ့အတိုင်း cocacola တို့လို Apple တို့လို ကုမ္ပဏီကြီးတွေကိုဆိုလိုတာပါ။

အဲ ဒါလေးနဲ့တော့ ကျီးလန့်မသေလောက်ပါဘူး မှောင်ယုရယ် နေဦးလေ ပြီးသေးဘူး ပြီးသေးဘူး မောင်ယု ဘယ်လောက်ရုပ်ဆိုးလဲဆိုတာ ဆက်ပြောပြမယ် တစ်ခုချင်းပြန်ရှင်းပြပါ့မယ်။

#SmallCaps_သေး
လူသိနည်းတဲ့ ကုမ္ပဏီ ချာတိတ်ပေါက်စလေးတွေပေါ့လေ။ နှပ်တွဲလဲ ကုမ္ပဏီလို့ဆိုလေမလားလေ။ Bluechips လို့ခေါ်တဲ့ လုပ်ငန်းကြီးတွေထက်တော့ ဒေဝါလီခံနိုင်ခြေ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ကို #သုည ဖြစ်သွားစေနိုင်ခြေပိုများပါတယ်။ဟား ဒါဆိုဘာလို့ရင်းနှီးမြှုပ်နှံတော့မှာလ မောင်ယုရဲ့။ နေဦးလေ ဆုံးဖြတ်ချက်ချတာမစောပါစေနဲ့ဦး (ငယ်ငယ်က ရုပ်ဆိုးပေမယ့် ကြီးလာမှ ကြည့်လည်းကောင်းလာ တကယ့် တော်တဲ့ လူတစ်ယောက်ဖြစ်နေဘယ်လို လုပ်မတုန်း။ အဖြေမပေးခင် ပြန်ပြန်တော့စဉ်းစားပါဦးလို့။ 😂) သို့သော် တစ်ဖက်မှာလည်း အသေးစားလုပ်ငန်းတွေဟာ တည်ထွင်မှုအသစ်တွေ ဆန်းသစ်မှုတွေ လုပ်နိုင်တော့ ခုဏကကျွန်တော်ပြောခဲ့သလိုပါပဲ။ လူအများက ပစ်ပယ်ခံထားရတဲ့ ကိုယ့်ရဲ့ ချစ်သူဟာ တကယ့်ကို တန်ဖိုးကြီးမားတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ ပုံစံနဲ့ တူတဲ့သဘောမျိုးပေါ့။ သို့သော် ကိုယ့်ဘက်ကလည်း စွန့်စားရဲရမှာပေါ့နော်။ယုံကြည်ရဲရမှာပေါ့။ လုပ်ငန်းငယ်တိုင်း အောင်မြင်မယ်လို့မဆိုဘူးနော်။ ခွဲခြားသိတတ်ဖို့က ကိုယ့်ရဲ့ ပညာပေါ့။ ဥပမာ Microsoft ကိုသာ ၁၉၈၆ တုန်းကဝယ်ခဲ့ပြီး ၂၀၁၀ မှာ ပြန်ရောင်ရင်း အဆပေါင်း ၂သောင်းသုံးထောင်ခြောက်ရာ ကျော်မြတ်မှာပါ။ (Buy and Hold သမားတွေရဲ့ အိပ်မက်ပေါ့လေ)

#LargeCaps_ကြီး
သူကတော့ Apple Inc. လို ကုမ္ပဏီကြီးတွေပေါ့။ အင်း နားလည်လွယ်အောင်ပြောရရင် သူကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။ ဈေးကလည်းကြီးသလို အသစ်ဆန်းတွေခဏခဏဖန်တီးနိုင်ရင်တော့ ဈေးလည်းခဏလေးနဲ့တက်ပါတယ်။ သို့သော် နဂိုဈေးကြီးတာနဲ့တင် မကာမိပါဘူး။ ဆိုလိုတာက လုပ်ငန်းသေးတွေလောက်တော့ အမြတ်မကြမ်းဘူးပေါ့။ ဒါပေမဲ့ သူကတော့ လုံခြုံပါတယ်။ ဒေဝါလီခံရခြေ သိပ်ကိုနည်းပါတယ်။ ကျွန်တော် အရှေ့တစ်ပုဒ်မှာရေးခဲ့သလို မကြာခင် အနားယူကြတော့မယ် ဆိုရင်တော့ Bluechips တွေဟာ အကောင်းဆုံးသော ရွေးခြယ်မှုပါ။

#MediumCaps_လတ်
အလတ်ဆိုတဲ့ အတိုင်း ကြီးနဲ့ငယ်ကြားက အလယ်အလတ်လမ်းစဉ်ပေါ့။ လုပ်ငန်းကြီးလိုရော လုပ်ငန်းငယ်လိုပါ စွမ်းဆောင်နိုင်ပါတယ်။ အခုမှ စတော့စပြီး ရင်းနှီးမယ့် Beginner တွေ အတွက်ကတော့ MediumCaps တွေကို ကျွန်တော် Suggest လုပ်ချင်ပါတယ်။ personal ဖြစ်တဲ့အတွက်တော့ အများကြီးတော့ အာမမခံရဲပါ။

ဒါဆိုရင် ကျီးဘာလို့လန့် သေလည်းဆိုတာ သဘောပေါက်သွားမယ်ထင်ပါတယ်။ အဓိကကတော့ မောင်ယုရုပ်ဆိုးလို့ပေါ့နော် 😂😂😂

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်းနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

#အပိုင်း_၇

#စတော့တွင်ကောင်းမွန်စွာ
#ရင်းနှီးမြှုပ်နှံတတ်ဖို့

စတော့စတော့လို့ပြောနေပေမယ့်လဲ စတော့ဈေးကွက်ဆိုတဲ့ စစ်မြေပြင်ကြီးကို မဝင်ခင်လေးမှာ အဓိကစဉ်းစားရမယ့် အချက်သုံးချက်ရှိပါတယ်။

၁) ကိုယ်ရင်းနှီးမြှုပ်နှံချင်တဲ့အချိန်ပမာဏ
၂) ကိုယ်အဆုံးအရှုံးခံရဲတဲ့ငွေကြေးပမာဏ
၃) စတော့တွေကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းချင်တဲ့ အချိန်ပမာဏ ဆိုပြီး အကြမ်းဖျင်း ၃ ချက်ရှိပါတယ်။

ကျွန်တော့်ကို လာလာပြီးမေးကြပါတယ်။ စတော့ကစားချင်ပါတယ်။ ဘယ်လောက်ကနေစသင့်သလဲတဲ့။ ကစားတယ်ဆိုတဲ့ စကားအတွက်တော့ ကျွန်တော့်မှာ အဖြေမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် စတော့မကစားပါဘူး။ ရင်းနှီးမြှုပ်နှံတာပါ။
ဘာတွေလား မောင်ယုတစ်ယောက် ဘာတွေလာပြောနေတာလဲ။ ထင်ကောင်းပါရဲ့။ တကယ်တော့ကွာပါတယ်။ ထားပါ။ ဘယ်လောက်ကနေစသင့်သလဲလို့မေးရင် ကိုယ်ဘယ်လောက်အဆုံးခံနိုင်လဲဆိုတဲ့ အပေါ်မူတည်ပါတယ်။

#ဘယ်လောက်ရင်းနှီးမြှုပ်နှံသင့်သလဲ

၁) ကိုယ်ဆုံးရှုံးခံနိုင်တဲ့ငွေပမာဏထက်ဘယ်တော့မှ ရင်းနှီးမြှုပ်နှံခြင်းမပြုပါနဲ့
ကိုယ်အရေးပေါ်လိုအပ်ရင် သုံးဖို့ငွေချန်ထားစေချက်ပါတယ်။ တစ်လနှစ်လလောက် စားသောက်နေထိုင်လို့ရတဲ့ငွေပမာဏပေါ့။ ဆိုလိုတာက မိမိဝင်ငွေရဲ့ ၂၀မှ၃၀ ရာခိုင်နှုန်းလောက်ကို အရံငွေအဖြစ်ထားထားမှ အဆင်ပြေပါလိမ့်မယ်။

(ရှိသမျှ ငွေတွေအားလုံးကိုစုထားမယ်ဆိုရင်ပြန်တော့လည်း ငွေကြေးဖောင်းပွလာတဲ့အခါမှာ တန်ဖိုးလျော့ကျသွားတတ်ပါတယ်။)

၂) ကိုယ်ရင်းနှီးမြှုပ်နှံမယ့် အချိန်ကာလပေါ့နော် များလေလေ ကိုယ့်ရဲ့စုငွေတော်တော်များများကို ပိုများများမြှုပ်နှံနိုင်လေလေ အမြတ်အရှုံးကြီးလေလေပေါ့။ ဒါကတော့ ကျွန်တော့်ရဲ့ စတော့သင်ခန်းစာများကို ပုံမှန်ဖတ်လာတဲ့ စာဖတ်ပရိတ်သတ်တွေ သိလိမ့်မယ်ထင်ပါတယ်။ တစ်စုမှာ ၁၀၀ မြတ်ရင် အစု ၁၀၀ ဆိုရင်အမြတ် ၁၀၀၀၀ ပေါ့ ဒီ ၁၀၀၀၀ ဟာ အရှုံးလည်းဖြစ်နိုင်တယ်။ တစ်စုကို ၁၀၀ ရှုံးရင်ပေါ့။

စာဖတ်သူရဲ့အသက်နဲ့လည်းပြောချင်ပါတယ်။ တကယ်လို့ကိုယ်က ငယ်သေးတယ် အသက် ၄၀ ၄၅ အောက်ဆိုရင် ကိုယ့်ဝင်ငွေစုငွေရဲ့ ၆၀ကနေ၈၀ ရာခိုင်နှုန်းအထိ မြှုပ်နှံလို့ရပါတယ်။ ရှုံးသွားရင်တောင်မှ ဘဝကို ပြန်စဖို့ အချိန်အများကြီးရပါတယ်။တကယ်တော့စတော့ဆိုတာ တဖြည်းဖြည်းတိုးပွားလာတဲ့အခါ စတော့ထက်ပိုပြီး လုံခြုံတဲ့ ပိုအရှုံးနည်းတဲ့ ပိုင်ဆိုင်မှု Asset တွေထံပြောင်းလဲလို့ရပါတယ်။ တကယ်လို့ စာဖတ်သူက မကြာခင် retire အနားယူတော့မယ်ဆိုရင်တော့ အစိုးရဲ့ Bond လို့ခေါ်တဲ့ ငွေစာချုပ်တွေ ရွှေတွေ ကို ပိုပြီး ဝယ်စုသင့်ပါတယ်။

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်ူနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ
ထပ်ပြီးတော့တော့သတိပေးပါရစေ စတော့ဆိုတာ ၁၅ ရက် တစ်ခါငွေတွေထပ်ပေးနေတဲ့ ငွေလှိမ့်စက်မဟုတ်ကြောင်းပါ။

အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၉

#ရင်းနှီးမြှုပ်နှံမှုဗျူဟာများ

တကယ်တော့ ဗျူဟာဆိုတာထက် စတော့မှာရင်းနှီးမြှုပ်နှံကြတဲ့ လူအမျိုးအစားကိုခွဲခြားတယ်ဆိုရင် ပိုမှန်လေမလား...
ဒီနေရာမှာ ကျွန်တော့်စာဖတ်ပရိတ်သတ်တွေကို ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ Warren Buffet တို့လိုလူက Investment (ရင်းနှီးမြှုပ်နှံမှု)လုပ်တာပါ။ ရုပ်ရှင်ထဲမှာလိုကတော့ Speculation or trading(ဈေးကစားတာ) လို့ခေါ်ရမှာပါ။ ဈေးကစားတယ်ဆိုရာမှာလည်း စတော့ကို အရမ်းကျွမ်းကျင်မှ ပညာရှင်တစ်ယောက်အဆင့်ရောက်မှသာ ဇာတ်ကိုနိုင်အောင်ကနိုင်ပါလိမ့်မယ်။ Investment ပဲလုပ်လုပ် Speculation ပဲလုပ်လုပ် ဒီနေ့သင်ခန်းစာလေးကိုတော့ သိထားသင့်ပါတယ်။

၁)တန်ဖိုးရင်းနှီးမြှုပ်နှံမှု
၂)တိုးတက်မှုရင်းနှီးမြှုပ်နှံမှု
၃)ဝင်ငွေရင်းနှီးမြှုပ်နှံမှု ဆိုပြီးသုံးမျိုးခွဲခြားလို့ရပါတယ်။အခုတော့ အကြမ်းဖျင်းလေး အရင်ရှင်းပြထားမယ်။

၁)တန်ဖိုးရင်းနှီးမြှုပ်နှံမှု
ဘိုလိုကတော့ Value Investing ပေါ့ဗျာ။ အင်းနားလည်အောင်ပြောပြရရင် ဒီပုံစံက အရင် ကွမ်းသီးတို့ သီဟိုလ်စေ့တို့ ဝယ်လှောင်ကြတဲ့ ပုံစံမျိုးပါ။ ကွမ်းသီးတို့ကို တောင်သူတွေဆီက ဈေးပေါပေါနဲ့ဝယ်ထားတယ်။ လှောင်လှောင်ပြီး နေလှမ်းတယ်ပေါ့။ နောက်တစ်နှစ်နေ ဈေးတက်ရင်ထုတ်ရောင်းတာပေါ့။
ဈေးကွက်ထဲရှိနေတဲ့ဈေးထက် နည်းပြီးဝယ်ထားတာပေါ့။ Undervalued လို့ခေါ်တဲ့သဘောမျိုးပါ။ ဆိုပါစို့ဗျာ။ လမ်းမှာ ဆင်တစ်ကောင်ကို ၁၀၀၀ နဲ့ရောင်းနေရင် စာဖတ်သူဆိုရင်ကော ဝယ်မှာလားလေ။ ဆင်တစ်ကောင် တစ်ထောင်နဲ့တန်မတန်သိဖို့ကိုတော့ ပညာပေါ့။
Warren Buffet ရဲ့ လက်စွဲတော်ပေါ့

၂)တိုးတက်မှုရင်းနှီးမြှုပ်နှံမှု
Growth Investing လို့ခေါ်ပါတယ်။ ဒီလို Strategy ကတော့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ဝင်ငွေထွက်ငွေ Cash flow ကိုမသိဘူး။ သို့သော် မကြာခင် ကုမ္ပဏီက အနာဂတ်မှာ ကောင်းလာနိုင်ချေရှိတယ်။ ဆိုပြီး စတော့ဝယ်တာပေါ့။ မရေရာမှုတော့ ပိုရှိတယ်။ သို့သော် ကိုယ်ယုံကြည်တယ်ပေါ့။ ကုမ္ပဏီက ပစ္စည်းအသစ်တစ်မျိုးထုတ်တော့မယ် ။ ဈေးတွေတက်လာနိုင်တယ်။ ဆိုပြီးဝယ်ထားတဲ့သဘောမျိုးပါ။ Growth Investing တွေကို Small and Mid Caps အသေးနဲ့ အလတ် မှာ ပိုတွေ့ရပါတယ်။ Large Caps အကြီးတွေကတော့ ရင်းနှီးမြှုပ်နှံသူတွေမြှော်လင့်သလောက်တော့ ဖြစ်ချင်မှဖြစ်လာနိုင်ပါတယ်။(ကြီးလတ်သေး မသိသေးဘူးဆိုရင်တော့ #အပိုင်း၈ ကို သူ့စိတ်ကူးPage လေးမှာပြန်ရှာဖတ်ကြည့်ပါနော်)

၃)ဝင်ငွေရင်းနှီးမြှုပ်နှံမှု
Income Investing လို့ခေါ်ပါတယ်။ Dividends လို့ခေါ်တဲ့ အမြတ်ငွေခွဲဝေပေးမှု အနည်းအများကို ကြည့်ပြီးဝယ်တာပါ။ဒါမျိုးကိုတော့ Large Caps ကြီး တွေမှာ တွေ့ရပါတယ်။( EPS နဲ့ Dividend ကို #အပိုင်း၎ မှာ ရှင်းပြထားပါတယ်)
သို့သော် Dividend ကလည်းများ Large Caps လည်း ဖြစ်တော့ သူကတော့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။

(တချို့စာလုံးတွေကို မြန်မာလို အတိအကျသုံးလို့မရလို့ အင်္ဂလိပ်လိုလေးတွေ ပေါင်းသုံးထားရပါတယ်။ စတော့ကို လေ့လာတဲ့နေရာမှာ အင်္ဂလိပ်လိုတော့ လိုအပ်ပါတယ်။ ကုမ္ပဏီ နှစ်စဉ်ရှင်းတမ်းတွေ ဖတ်တဲ့အခါ အင်္ဂလိပ်လိုပဲ ရေးထားတတ်ကြလို့ပါ။)

သင်ရောဘယ်ဗျူဟာ ကိုသုံးမှာလဲ
ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်းနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၁၀


#ကုမ္ပဏီကောင်းကောင်းဆိုတာ
#ဘယ်လိုသိမှာတုန်း?

တကယ်ကတော့ အများကြီးပြောစရာရှိတဲ့ခေါင်းစဉ်ပါ။ ဒါပေမဲ့လည်း ကကြီး ခခွေးလေးတော့ ပိုင်အောင်ပဲအရင် ပြောပြလိုက်ပါမယ်။
ကျွန်တော်အရှေ့ပိုင်းမှာ ပြောပြပေးခဲ့သလိုပါပဲ။ စတော့မှာရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ဖို့လိုပါတယ်။ အင်း ကုမ္ပဏီကောင်းဆိုတော့ ဘာကိုများတန်းမြင်ကြမှာမလဲလေ..?

အင်းပေါ့...မှန်ပါတယ်။ အမြတ်ကောင်းကောင်းရတဲ့ကုမ္ပဏီဟာ ကုမ္ပဏီကောင်းပေါ့ဗျ။ ဟော မောင်ယုတော့ ဒါများထူးကြီးဆန်းကြီး လုပ်ပြီးပြောနေတာ ကျွန်တော့် တူလေးကိုသွားမေးလို့တောင်ရတယ်ဗျ ဆိုရင်တော့လည်း ဟီ ဟုတ်ပါတယ်ပေါ့ဗျာ။ နေပါဦးဗျ နေပါဦး စိတ်မလောပါနဲ့ ဦး မောင်ယု ပြောပြမယ်လေ...
မောင်ယုပြောပါတယ်ဆိုမှတော့ အဲ့လောက်မရှင်းတာကိုဗျ။ ဦးဆုံးအနေနဲ့ကတော့ #အမြတ်profit နော် #ဝင်ငွေIncome မဟုတ်ဘူး စာရင်းရှင်းတမ်း annual report ကြည့်တဲ့အခါ
Profit ဆိုတာလေးရှာကြည့်ရတယ်။ အဘယ်ခုနှစ်မှသည် အဘယ်ခုနှစ် ဘဏ္ဍာနှစ်တွင် အဘယ်၍အဘယ်မျှ မြတ်သည်ပေါ့နော်...ဒါက တစ်ခု
ဟိုး... မပြီးသေးဘူးဗျ။ ကျွန်တော့်စာဖတ်ပရိသတ်တွေကို ဒီ့ထက်ပို အသုံးဝင်တဲ့ လှို့ဝှက်ချက်လေးပေးလိုက်မယ်။ ဘယ်သူမှမပြောနဲ့နော်...😂
နာမည်လေးက EPS တဲ့ "Earning Per Share " ကို အတိုရေးထားတာ စတော့တစ်ခုအတွက် ဘယ်လောက်ဝင်ငွေရလဲပေါ့... Dividend နဲ့မတူသေးဘူးနော် (အပိုင်း ၄ မှာ EPS နဲ့ Dividend ကိုခွဲခြားပြထားပါတယ်။ )
ဘာများကွာလို့တုန်းကိုယုမောင်ရယ်... ကွာပါတယ် ဆိုပါစို့ အတန်းထဲကဆရာက ကျောင်းသား ၁၅ ယောက်ကို မုန့်ဖိုးဆိုပြီး ၅၀၀၀၀ ပေးလိုက်တယ်ထား ဒီကစာဖတ်ပရိတ်သတ်ကြီးဆိုရင်ကော ဘာလုပ်မလဲ

၅၀၀၀၀ ဆိုတဲ့ ဂဏန်းကြီးက ကန့်လန့်ကြီးရယ် အစိတ်သားလိုပဲ 😜( ဈေးက ဒေါ်ပုကြီးလေသံဖြစ်) ပိုဝယ်သွားဖို့ပြောတာပါ။ 😅
ထားပါလေ ၅၀၀၀၀ ဆိုတာ ကိုယ်မပိုင် မစားရအညှော်ခံဆိုသလိုများ ဖြစ်နေမလားလေ
၁၅ နဲ့ စားချလိုက်မှ သာလျှင် တစ်ယောက်စီ အတွက် ၃၃၃၃ ကျပ်ဆိုတာလေး ရသွားတာပေါ့။ ကိုဘယ်လောက်ရလည်း တိတိကျကျ သုံးလို့သိလို့ရတာပေါ့ဗျာ...နောက်ပြီး ဒီ ၅၀၀၀၀ ကိုသာ အယောက် ၂၀ ကိုပေးခဲ့ရင်ရော? စဉ်းစားကြည့်နော်

ဒီ EPS ဂဏန်းက အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီတစ်ခု ကောင်းမကောင်း စစ်ဆေးဖို့ သတ်မှတ်ဖို့အသုံးပြုကြသလို စတော့တစ်ခုဝယ်တော့မယ်ဆိုရင်လည်း ထည့်သွင်းစဉ်းစားကြပါတယ်
EPS ကိုလိုချင်ရင် ကုမ္ပဏီရဲ့ ဝင်ငွေ Earnings ကို တည်ပြီး ဈေးကွက်ထဲမှာရှိနေတဲ့ စတော့အရေအတွက်နဲ့ ပြန်စားလိုက်ရင် ရပါပြီ။

ရင်းနှီးမြှုပ်နှံသူတွေက ဝင်ငွေ Earning ကြီး သီးသန့်ထက် EPS အချိုးကို ပိုစိတ်ဝင်စားကြတယ်။ ခုဏကပြောသလိုမျိုး ပေါ့ ၂၀ ယောက်သာ ဖြစ်သွားခဲ့ရင် ဆိုတာမျိုး တကယ့်လက်တွေ့မှ ၂၀ မကဘူးဗျ သောင်းချီတာ စဉ်းစားသာကြည့်ပေတော့ဗျို့။ ဘာနဲ့ သွားတူလည်းဆိုတော့ ကော်ဖီတစ်ခွက် ကိုရေရောချလိုက်သလိုမျိုး ။ ကော်ဖီခါးခါးထက်ထက် တစ်ခွက်သောက်ရတာနဲ့ ရေကျဲကျဲ တစ်ခွက် သောက်ရတာက ဘယ်ဟာက ပို အရသာရှိမလဲဗျာ။ ကုမ္ပဏီကသာ ရှယ်ယာ အရေအတွက် ထပ်တိုးလိုက်ရင် အလှူမှာ လက်ဖက်ရည် ရေရောတိုက်လိုက်သလိုမျိုး ဖြစ်သွားလေ မလားလေ,...?

ဘာလိုလိုနဲ့ အပိုင်းတောင် ၁၀ လာပြီနော်..
အပိုင်း ၁၁ ရောက်ရင် စတော့ကောင်းတစ်ခုကို ခွဲခြားသတ်မှတ် တတ်လာအောင် ကျွန်တော် ပြောပြပေးသွားမှာပါ...ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်းနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၁၁

#Price-to-Earning Ratio (PE)
(ကျွန်တော်ပြောချင်နေသောစကားတစ်ခွန်း)

အရှေ့တစ်ပတ် အပိုင်း ၁၀မှာ ကျွန်တော်ရေးခဲ့တဲ့ EPS (EarningPerShare) နဲ့ကတော့ PE Ratio နဲ့ ယှဉ်မယ်ဆိုရင် ယေဘုယျ ပိုကျပါတယ်။ ရှယ်ရာတစ်ခုကို ရမယ့် ဝင်ငွေ ဆိုတော့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းတဲ့နေရာမှာ သုံးနိုင်ပါတယ်။
အခု PE အချိုးကို နားလည်အောင်ရှင်းပြရရင် ကုမ္ပဏီရဲ့ ဝင်ငွေ တစ်ကျပ်စီတိုင်းအတွက် ရင်းနှီးမြှုပ်နှံသူတွေက ပေးလိုတဲ့ / ပေးရမယ့်ငွေပါ။ ပုံသေနည်းကတော့
PE ကိုလိုချင်ရင် ကာလစတော့ပေါက်ဈေးကိုတည် EPS အချိုးနဲ့ စားရတာပါ။ (အပိုင်း ၁၀ မဖတ်ရသေးတဲ့ သူတွေအတွက်ကတော့ တော်တော်နားလည်ရခက်ပါလိမ့်မယ်။ သူ့စိတ်ကူး Page လေးမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။ တကယ်လို့ ရှာ ရ ခက်ရင်လည်း အခု post ရဲ့ အဆုံး နားလေးမှာ 'added to ယုမောင်(ဆေး-၁)' ဆိုတာလေး ရှိနေပါလိမ့်မယ်။ နှိပ်လိုက်ရင် ကျွန်တော် ရေးခဲ့သမျှ စာတွေ အားလုံးဆီ ရောက်သွားမှာပါ။) ဆိုပါစို့ဗျ။ စတော့ တစ်ခုကို PE 20 ရှိတယ်ဆိုရင် ရင်းနှီးမြှုပ်နှံတဲ့သူက ဝင်ငွေ $1 အတွက် $20 ပေးလိုတဲ့ / ပေးရမယ့်သဘောပါ။

PE 11 ထက်များရင် ဈေးကွက်က ဒီလုပ်ငန်း တိုးတက်ဖို့ အလားအလာရှိနေတယ်ဆိုပြီး ယူဆနေတဲ့ သဘောပါ။ PE 11 နဲ့ PE 11 အောက်နည်းရင်တော့ ပုံမှန်နဲ့ လူတော်တော်များများ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ ကုမ္ပဏီ လို ယေဘုယျ ဆိုလို့ရပါတယ်။
PE အချိုးနည်းနေတာက ၂ မျိုးဖြစ်နေနိုင်ပါတယ်။ Undervalued လို့ခေါ်တဲ့ စိန်ကို စိန်မှန်းမသိလို့ ၂ ကျပ် ပြား ၈၀ နဲ့ ရောင်းဝယ်နေကြတဲ့ သဘောဖြစ်နေနိုင်သလို ကုမ္ပဏီကတကယ်ပဲ လုပ်ငန်းစွမ်းဆောင်ရည်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။

သို့သော် PE အချိုးမှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။ စတော့တစ်ခု တန်မတန် ဆုံးဖြတ်နိုင်အောင် ကူညီပေးနိုင်တဲ့ ပုံသေနည်း တစ်ခုလို့ဆိုနိုင်သော်လည်း ဒီ PE အချိုး ကြီး ပဲကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ပထမဆုံး ကန့်သတ်ချက်တစ်ခုက လူတွေဟာ PE ကို ကုမ္ပဏီ တစ်ခုနဲ့ တစ်ခုကြား နှိုင်းယှဉ်တဲ့ အခါမှာ သုံးတာပါပဲ။ တန်ဖိုးနဲ့ဖွံဖြိုးမှု တွေဟာ မတူနိုင်ဘူး။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု ငွေရှာတဲ့ နည်းမတူသလို ရှာနိုင်တဲ့ အချိန် လည်းမတူဘူး။ ဥပမာ လမ်းထိပ်က အီကြာကွေးဆိုင်မှာ ရှယ်ယာဝင်တာနဲ့ အခု BRT ဆီမှာ ရှယ်ယာဝင်တာနဲ့ ယှဉ်ကြည့်ပါ။ အီကြာကွေးဆီမှာ ထည့်ရင် နေ့ချင်းတောင် အမြတ်ခွဲပေးမှာပဲ။ ထည့်ရတာလည်း နည်းမယ်ဗျာ။ BRT ဆိုရင် တစ်စုကို ၁၀၀၀၀၀ ရှိတယ်။ တချို့တွေ Comment တွေမှာ ရေးထားတာတွေ့ရပါတယ်။ BRT အမြတ်ဘယ်လောက်ရလဲ။ ဘယ်တော့မှခွဲပေးမှာလဲ ။ တစ်နှစ်ရှိပြီ ဘာမှလည်း မခွဲပေးဘူး အလကားပါကွာ ဆိုတာမျိုးတွေ ဒါတွေကို မြင်ရတဲ့ အခါမှာ ကျွန်တော်တို့ မြန်မာပြည်သူတွေ ငွေကြေးစီးပွားရေးနဲ့ ပတ်သက်လို့ အတော့်ကို ဗဟုသုတ နည်းကြတာကို မြင်နိုင်ပါတယ်။ ကျွန်တော် sponsor ရထားတာမဟုတ်ဘူးနော် နားလည်အောင်ရှင်းပြချင်တာပါ။ BRT စတာ တစ်နှစ်ကျော်ကျော်ပဲရှိမယ်ထင်ပါတယ်။ ယာဉ်လိုင်းတွေ တိုးခြဲ့နေသလို ကားတွေကိုလည်း အသစ်ဝယ်နေပါတယ်။ ဆိုလိုတာက ကုမ္ပဏီရဲ့ လည်ပတ်ပုံဟာ အခုအချိန်မှာ ဖွံဖြိုးမှု ထဲကို လည်ပတ်နေပြီး အနှုတ်ဘက်ကို ပြနေနိုင်ပါတယ်။ လက်ရှိ ထွက်နေတဲ့ ပြောနေကြတဲ့ သတင်းတွေ မှန်နိုင်လား မှားနိုင်လားဆိုတာက ဗဟုသုတစုံပြီး တစ်ခုနဲ့ တစ်ခုချိတ်ဆက်နိုင်ဖို့လိုပါတယ်။ ကျွန်တော်ထက်ပြောချင်ပါတယ်။ စတော့ ဈေးကွက်ဟာ ငွေတွေ လှိမ့်ထုတ်ပေးတဲ့ နေရာမဟုတ်ပါဘူး။ ဝယ်ရောင်းလောက်ပဲ စိတ်ကူးရင် ကွဲနိုင်ပါတယ်။ အိမ်ပွဲစား ကားပွဲစားတို့တောင် ပညာလိုပါတယ်။ စီးပွားရေးများလွယ်လွယ်လေး မအောင့်မေ့ပါနဲ့။ ကိုယ်ကိုယ်တိုင် ကျွမ်းကျင်မှ နားလည်မှ လုပ်ကြပါ။ ကိုယ့်မှာ ငွေလေးရှိတယ်။ ဒါလုပ်ရင် လွယ်လွယ်သူဌေးဖြစ်မယ်ဆိုတဲ့ စိတ်ကူးတွေရရှိရင် သေသေချာချာပြန်စဉ်းစားကြည့်ပါ။ အကယ်၍သေချာစဉ်းစားပြီးလို့ စိတ်ကူးလေးကျန်နေသေးရင်တော့ လုပ်ကြည့်ပါ။ ( မြန်မာလူမျိုးတွေ ခဏခဏ အလိမ်ခံနေရတာ မြင်ရလွန်းလို့ စိတ်မချမ်းသာလွန်းလို့ပါ။)

"Don't Chase Success
Let The Success Chase you"

"အောင်မြင်မှုနောက်ကိုမလိုက်ပါနဲ့
အောင်မြင်မှုက သင့်နောက်ကိုလိုက်လာပါစေ"

ဘဝမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ပါစေ။

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး


#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၁၂

#ကုမ္ပဏီတစ်ခုကောင်းမကောင်းဆုံးဖြတ်
#တော့မယ်ဆိုရင်...

အပိုင်း ၁၀ နဲ့ ၁၁ မှာ ကုမ္ပဏီကောင်း နဲ့ စတော့ကောင်းကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာရေးသားခဲ့ ပြီးပါပြီ။ ဟီ ... အခုအပိုင်း ၁၂ ကတော့ မောင်ယု ရေးဖို့ကျန်သွားလို့ ပြန်ဖြည့်ရေးတယ်လို့ပဲ ဆိုရမလားလေ.. sorry ပါ

အလွန်အရေးကြီးတာလေးကျန်သွားတာ... အဲ့ဒါက ဘာလဲဆိုတော့ ကုမ္ပဏီတစ်ခုကို ကြည့်တဲ့အခါ "ကြွေးမြီး" ကိုမေ့ထားလို့မရပါဘူး
အကြွေးတွေ သိပ်များလာတဲ့အခါမှာ ကုမ္ပဏီ ဒေဝါလီခံရနိုင်ပါတယ်(သို့သော် ဒီမြန်မာနိုင်ငံမှာတော့ Rare case ရှားနိုင်ပါတယ်) ဘာလို့လည်းဆိုတော့ ရန်ကုန်စတော့ Exchange ထဲဝင်လာ တဲ့ ကုမ္ပဏီကြီးတွေဟာ အကောင်ကြီးတွေကြီးပါပဲ ... မလိုလောက်ဘူးထင်လို့ ချန်ခဲ့မလို့လုပ်တာပါ., သို့သော် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့လိုက်ပြီဆိုတော့လည်း နိုင်ငံတကာ ကုမ္ပဏီတွေ ဝင်လာနိုင်ပါတယ်., ကျွန်တော်ရဲ့ စာဖတ်ပရိတ်သတ်တို့ကို မချန်ထားခဲ့ချင်ပါဘူး...

အကြွေးဆိုတဲ့ အခါမှာလည်း ကောင်းသော အကြွေး ရှိသလို မကောင်းသောအကြွေးလည်းရှိပါတယ်... ဘယ်လိုတောင်တုန်းမောင်ယုရဲ့ . . . နေပါဦးလေ ကျွန်တော်ရှင်းပြမှာပေါ့... ဒါကတော့ နည်းနည်းပြောပြရ ခက်တယ်ဗျ။ အင်း... ဦးဆုံးအနေနဲ့ဗျ စာဖတ်ပရိတ်သတ်တို့ကို စဉ်းစားစရာလေးတွေပေးမယ်...

ကျွန်တော်တို့ကို ဗျာ ... လုပ်ငန်းမှာ အကြွေး ၁၀ သိန်း ရှိနေတဲ့ လုပ်ငန်းနှစ်ခုက ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတယ်ဆိုပါစို့ဗျာ... ကဲ ဘယ်လုပ်ငန်းကို ရွေးမလဲ? ...
ဘာလုပ်ငန်းမှန်းမှမသိပဲဗျာ ကျုပ်ဘယ်လိုရွေးရမတုန်း?

အင်းနော် မှောင်ယုကလည်း သိပ်ဆိုးတယ် ဘာလုပ်ငန်းမှ မပြောတာ ဘယ်လိုလုပ်သိမတုန်း ...
ဟုတ်ပါတယ်... ကျွန်တော် ဒါလေးကိုတွေးစေချင်လို့ပါ။ ကျွန်တော်တို့တွေဟာ ဟိုသတင်းကကောင်းတယ်ပြောလို့ ဟိုဂုရုကြီးက တန်တယ်တဲ့ ဆိုတဲ့ အစရှိတဲ့စကားတွေ ဟို equation ဒီဖောမြုလာ တွေနဲ့ တွက်လိုက်နဲ့ပဲ ဆုံးဖြတ်နေမိကြတတ်ပါတယ်။ ဖော်မြူလာတွေ ဂုရုတွေ မလိုဘူးမပြောဘူးနော် ကိုယ်ပိုင်အတွေးအခေါ် ဆင်ခြင်နိုင်မှုလည်း လိုအပ်တယ်လို့ ဆိုလိုချင်တာပါ။

လာပြီ လာပြီ ဒီလုပ်ငန်းက တစ်ခုက မော်တော်ကားအရောင်းပြခန်း နောက်တစ်ခုကတော့ အီကြာကွေးအရောင်းဆိုင်ပေါ့ (လမ်းထိပ်က ဦးရားဂျစ် တော့ ခလုတ်တွေခဏခဏ တိုက်လဲလို့ မှောက်ခုံတွေရော ဂျွမ်းပြန်တွေရော ဖြစ်ကုန်တော့မှာပဲ ခဏခဏပါနေလို့) 😂😅

ဒီဥပမာလေးကတော့ ရှင်းလွန်းပါတယ် ။လက်တွေ့မှာ ဘယ်အီကြာကွေးဆိုင်မှ စတော့ပေါ်တက်မရောင်းပါဘူး 😂 ဒါတွေကို ခွဲခြားသိနိုင်ဖို့ သတင်းတွေ နောက် ခုဏကကျွန်တော်ပြောတဲ့ အရေးကြီးဆုံး ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှုပါ... ဒါကတစ်ခု

နောက်တစ်ခုက ဒီ ကားအရောင်းပြခန်းလုပ်ငန်းပဲ အကြွေးဆိုတာရှိသင့်တာပေါ့ ဆိုပြီး အကြွေး သိန်း ၅၀၀၀ လောက်ပြနေရင်ရော... ဒါဟာရှော့နော် ရှော့
အရမ်းကြီးတဲ့ Toyota လို ကားကုမ္ပဏီကြီး လို သိန်းနဲ့ချီတဲ့ကားတွေ ဘရိတ်မကောင်းလို့ ပြန်သိမ်းလိုက်ရလို့ အနှုတ်ပြသွားတယ်ဆိုတာမျိုးကတော့ ကိစ္စမရှိပါဘူး
အဲ့လုပ်ငန်းကြီးတွေအတွက်က သိန်း ၅၀၀၀ ဆိုတာ ခြင်ကိုက်သလောက်ပဲရှိတာပါ...

ကုမ္ပဏီကြီးတွေ လုပ်ငန်းတွေခြဲ့ထွင်တဲ့အခါ စတော့ဈေးကွက်ဘက်ကလည်း ဘက်ဂျက်ငွေ မဖြည့်ပေးနိုင်ဘူးဆိုရင် ဘဏ်တွေကနေ ချေးငှားရတဲ့ အခါရှိတတ်ပါတယ်။ ဒါဟာကောင်းသောအကြွေးပေါ့ သို့သော်လည်း လုပ်ငန်းအသစ်အောင်မြင်မအောင်မြင်ဆိုတာလဲရှိပါသေးတယ်...

ဖော်မြူလာလိုချင်သူများအတွက်ကတော့
"Debt-to-Equity Ratio" ပါ D/E Ratio လို့လည်းခေါ်ပါတယ် ...
Equity ဆိုတာက ကုမ္ပဏီအကြွေး အသုံးစရိတ်တွေ နှုတ်ပြီးကျန်တဲ့ ကုမ္ပဏီရဲ့ သီးသန့်တန်ဖိုးပါ။ Debt ကတော့အကြွေးပေါ့။ အကြွေးကို တည်ပြီး ကုမ္ပဏီရဲ့ Equity နဲ့စားရင် D/E Ratio ရပါတယ်...

D/E Ratio က ၁ ထက်များနေရင် ကုမ္ပဏီ အကြွေးတွေ သိပ်များနေပြီ ၀.၅ နဲ့ ၁ ကြားဆိုရင် မဆိုးဘူးပေါ့နော်
ဝ.၅ ထက်နည်းရင်တော့ အတိုင်းထက်လွန်ပေါ့ ...
(အပိုင်း ၁၃ ရောက်ရင် D/E ratio ကိုသေသေချာချာ အကျဟ်တဝင့်ရှင်းပြပါ့မယ်)

နှစ်သစ်ကူးတော့မယ်နော် ပရိသတ်ကြီးတို့ကော ဘာအစီအစဉ်တွေရှိကြလဲ ဘယ်မှမသွားကြဘူးလား
သို့မဟုတ် ကျွန်တော့်လိုပဲ အိမ်တွင်းအောင်းကြမှာလား? ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ သူ့စိတ်ကူးက စာရေးသူတွေလည်း ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ဖို့စိတ်ကူးနေကြပါတယ် ., အားလုံးအားလုံး ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ကြပါစေနော်...
Merry Xmas & Happy New Year!!!

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

စတော့အကြောင်းသိကောင်းစရာ(1 to 5)


အပိုင်း ၁

#စတော့ဆိုတာဘာလဲ
#ရှယ်ယာဆိုတာဘာလဲ
အခြေခံလေးကနေပဲ စပြောပြမယ်။ စတော့? ဘာလဲ။ စတော့ ဆိုတာက အင်္ဂလိပ်လို Stock ပေါ့။ ဒီနေရာလေးမှာ stock စတော့နဲ့ share ရှယ်ယာကို ရှင်းပြချင်ပါတယ် ။ ဘာကွာသလဲဆိုတော့ နည်းနည်းရှင်းပြရခက်တယ်ဗျ။
ကဲပါလေ... stock ဆိုတာဘာလဲပေါ့? စတော့ ဆိုတာက နားလည်အောင်ပြောရင် ပိုင်ဆိုင်မှု လက်မှတ်စာချုပ်တစ်မျိုးပေါ့။ ကျွန်တော်တို့မြေတွေ အိမ်တွေဝယ်ရင် စာချုပ်ရှိသလိုပေါ့။ စာချုပ်ရှိနေလို့သာလျှင် မိမိပိုင်ဆိုင်ကြောင်း သက်သေပြလို့ရတာပေါ့။ တခြားမပြောပါနဲ့ City mart မှာ ဈေးဝယ်ရင်တောင် ဘောင်ချာတော့ပေးတာပဲလေ... အဲ့သဘောပါပဲ... stock စတော့ဆိုတာသာမရှိခဲ့ရင် ကျွန်တော်တို့ဘဝက ကျူးကျော်ဘဝနဲ့မခြားပါဘူး
Share ရှယ်ယာဆိုတာကတော့ ကုမ္ပဏီတစ်ခုရဲ့ စတော့တွေ ပိုင်ဆိုင်ထားတဲ့အခါမှာ သုံးပါတယ်။ ဆိုလိုတဲ့ သဘောတရားက စတော့ဆိုတာ စာချုပ် ရှယ်ရာဆိုတာ ပိုင်ဆိုင်မှုပေါ့။ စတော့တွေဝယ်ထားရင် ရှယ်ယာတွေပိုင်တာပေါ့ဗျာ။
ဒါပေမဲ့ တစ်ချို့လူတွေကတော့ စတော့တွေ များလာတဲ့အခါမှာ ရှယ်ယာဆိုပြီးခေါ်ကြတာမျိုးလည်းရှိပါတယ်။ ဥပမာ စတော့ ၁၀ ခုက ရှယ်ယာ ၁ခုဆိုပြီးတော့ပေါ့လေ... ဒီနိုင်ငံမှာသုံးမသုံးတော့မသေချာပါ။ ဗန်းစကားလို့ပြောလို့ရပါတယ်။ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။

#စတော့ဘယ်လိုအလုပ်လုပ်သလဲ
ကိုယ့်ကိုယ်ကိုပဲ မြင်ယောင်ကြည့်ပါ။ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်တယ်ဆိုပါစို့။ ဒါပေမဲ့ ထမင်းဆိုင်ဖွင့်ဖို့ ဆိုင်ခန်းခ ပစ္စည်းတွေ ဝယ်ရမယ် လူငှားရမယ်။ ကိုယ့်မှာရှိတာက ၁၀ သိန်း ဘယ်လိုလုပ်လောက်မှာလဲ။ အဲ့ဆို စဉ်းစားပြီပေါ့။ လမ်းမထွက်ပြီး "သနားကြပါ ထမင်းဆိုင်လေးဖွင့်ချင်လို့ပါ သနားကြပါ ကိုကိုမမတို့ရယ် " ဆိုတာမျိုးကလဲ အလုပ်မဖြစ်ကြောင်းပါ။ ( လုပ်ကြည့်ပါ အောင်မြင်ရင် ကျွန်တော့်ကိုခေါ်ပါ ဟီဟီ စကားချပ်)
အဲပါလေ., ဆက်ကြဦးစို့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေ သွားတောက်မလား?
ကိုယ့်လိုပဲလုပ်ချင်နေတဲ့ ဘဝတူပဲသွားခေါ်မလား?
ရွေးခြယ်မှုတွေပေါ့လေ...
ဒါပေမဲ့ပြဿနာလေးတစ်ခုရှိတယ်ဗျ။ ထုံးစံအတိုင်းပေါ့။ ကိုယ်နဲ့သူနဲ့လုပ်တယ် ။ ဆိုင်အမည်ခံတာ သူ။ အောင်မြင်လာတဲ့တစ်နေ့ ကိုယ့်ကို ကန်ထုတ်လိုက်ပြီဆိုရင်ကော? " ကိုကိုမမလည်း မကယ်နိုင်တော့ပါဘူး သိကြားမင်းဆင်းကယ်ရင်တောင် လမ်းမမြင်"
ဒီပြဿနာကိုဖြေရှင်းဖို့ စတော့ stock ဆိုတာပေါ်လာရကြောင်းပါခင်ဗျား
ကိုယ်ပိုင်ကြောင်း ဒီလုပ်ငန်းနဲ့ ပတ်သက်ပါကြောင်း ပြစရာ သက်သေခံစာရွက်လေးပေါ့။

စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.See you soon 😉

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

ယုမောင်(ဆေး-၁)
သူ့စိတ်ကူး
https://www.facebook.com/ThuSateKuu/photos/a.1763533913916180.1073741829.1762720163997555/1789224058013832/?type=3&theater

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၂

#စတော့Exchange
#ဘယ်လိုအလုပ်လုပ်သလဲ
စတော့ဘယ်လိုလုပ်သလဲပြောပြပြီးပြီဆိုတော့ စတော့Exchange အလှည့်ပေါ့လေ။ စတော့exchange ဆိုတာဘာလဲမပြောခင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာလေးပြောပြပါမယ်။

စတော့Exchange ဆိုတာက တကယ်တမ်းတော့ အချိန်နှင့်အမျှ အလွန်များပြားတဲ့ ဈေးကွက်ငွေတွေ ဝင်ထွက်လှုပ်ရှားနေတဲ့ ကမ္ဘာ့ကွန်ရက်ကြီးတစ်ခုပါပဲ။ ဆိုလိုတာက ငွေတွေလည်ပတ်နေတာပေါ့လေ... တစ်နှစ်ကို ဥရောပငွေ 60 Trillion (60,000,000,000,000€) လောက်ရှိတဲ့ငွေတွေ နှစ်စဉ် လည်ပတ်နေပါတယ်။ ဒါပေမဲ့ ဒီ စတော့Exchange မှာဝယ်ရောင်းနေတာဟာ မုန့်ဟင်းခါးလည်းမဟုတ်သလို တစ်ရစ်ကျဖုန်းအစုတ်လေးတွေလည်းမဟုတ်ပါဘူး။
ဘာတွေရောင်းဝယ်နေလဲဆိုတော့ လုံခြုစိတ်ချရမှုတစ်ခုပါပဲ။Securities ပေါ့။ ဆိုလိုတာက ပိုင်ဆိုင်မှု Asset တွေကိုပြောတာပါ။ တစ်နည်းထက်ဆိုရမယ်ဆိုရင် ရှယ်ယာShareအဖြစ်ပေါ့ဗျာ။ ကျွန်တော်အပိုင်း ၁ မှာရေးခဲ့သလိုပေါ့။ စားသောက်ဆိုင်လေးထလုပ်မယ်ထားပါ။ စပ်တူအကျိုးတူခေါ်တဲ့အခါမှာ အပိုင်းလိုက်ပေါ့။ တစ်ယောက်တစ်ဝက်လား ငါးပိုင်းပိုင်း ၅စုခွဲမလား?
ဒီအတိုင်းလေးစဉ်းစားကြည့်တော့ အလွယ်သား
လက်တွေ့မှတော့ အရှုပ်အရှင်းတွေရှိလာတာပေါ့။
ပြီးတော့ရှယ်ယာဈေးကိုကော ဘယ်သူကသတ်မှတ်မလဲ။ ရောင်းလိုက်တဲ့ရှယ်ယာတွေကိုကော ဘယ်သူကသတ်သေခံပေးမလဲ။ သတ်သေခံပေးတဲ့သူပဲရှိပြီထားပါ။ စပ်တူလုပ်ချင်တဲ့သူ ဘယ်လိုရှာမလဲ။
ဒါတွေအားလုံးကို စတော့Exchange က ပြုလုပ်ပေးကြောင်းပါ။ တကယ်တော့ စတော့exchangeဟာ ရှယ်ယာတွေမပိုင်ပါဘူး။ နားလည်အောင်ပြောရင် ကားပွဲစားတန်းက လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်လိုပါပဲ။ ရှယ်ယာရောင်းချင်တဲ့သူ နဲ့ ဝယ်ချင်သူတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ (ရိုမန်းတစ်တော့ဆန်သား)
စတော့တွေကို ကမ္ဘာအဝန်းမှာရှိတဲ့ စတော့Exchange တိုင်းမှာရောင်းဝယ်နေကြပါတယ်။ NewYork Stock Exchange (NYSE) ဆိုရင် နာမည်ကြီးပေါ့။ အခုဆန်ရှင်ဖွင့်ပေးလိုက်ပြီဆိုတော့ မကြာ့မကြာမှီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရန်ကုန်စတော့exchange ထဲကိုဝင်လာတော့မှာပါ။ အဲပါလေ လိုရင်းကိုမရောက်တော့ဘူး။ စတော့Exchange လေးမှာ ရောင်းချင်တဲ့သူတွေလည်းလာ ဝယ်ချင်တဲ့သူတွေလည်းလာ ဈေးတည့်ရင်ရောင်းကြဝယ်ကြပေါ့။ ဒါကအလွယ်နည်းလေးပြောတာပါ။ တကယ်တမ်းတော့နည်းနည်းလေးပိုရှုပ်တယ်ဗျ။ ဈေးသတ်မှတ်ပေးတာတွေ ရောင်းလိုအားဝယ်လိုအားတွေ Company ရဲ့ Liquidityတွေထိန်းပေးတာတွေ အစုံပေါ့။ ဒါတွေကတော့ နောက်မုန့်ဟင်းခါးအကြောင်းပြောမှ ငါးဖယ်လေးပါထည့်ထည့်ပြောသွားပါ့မယ်။ စတော့exchange သာမရှိခဲ့ရင် ဘီးမပါတဲ့ကားလိုပါပဲ။ အင်ဂျင်လောက်အဓိကမကျပေမဲ့လည်း ဘီးမပါတော့ ဘယ်မှမရောက်တော့ဘူးပေါ့ခင်ဗျာ။ ဒီလောက်ဆိုရင် စတော့ Exchange ဘာလဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ အကြမ်းဖျင်းလေးနားလည်သွားလောက်ပါပြီ။
Auction Exchanges အကြောင်းတွေ Nasdaq အကြောင်းတွေ ECNs အကြောင်းတွေတော့ အခုတော့ မရေးတော့ပါဘူး နားရှုပ်သွားမှာ စိုးလို့ပါ။နည်းနည်းချင်းစီခွဲရေးသွားဖို့စိတ်ကူးထားပါတယ်။

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား


စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

https://www.facebook.com/ThuSateKuu/

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၃

#ငွေကြေးဆိုင်ရာအသုံးအနှုံးများ
ကျွန်တော်စာမရေးဖြစ်တာ နည်းနည်းကြာသွားပါတယ်...ထားပါလေ... ဒီနေ့သင်ခန်းစာလေးကတော့ ကဗျာတွေပျို့တွေမသင်ခင် "ကကြီး ခခွေး" စသင်ရသလိုမျိုးပေါ့... ဟုတ်ပါတယ် က ခ ပါပဲ...
နည်းနည်းတော့မှတ်ရတာများပေမယ့်လည်း ဒါတွေကို နားလည်ထားမှသာ နောက်က သင်ခန်းစာတွေကို နားလည်မှာပါ...ကုမ္ပဏီ တစ်နှစ်စာပြန်တမ်း Annual Report တွေကို ကောင်းကောင်းဖတ်နိုင်ပြီး ဘယ် စတော့ ဘယ် ကုမ္ပဏီ က ကိုယ့်အတွက်သင့်တော်လည်းဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဈေးအဆမတန်များနေလား အလွန်တန်နေလားဆိုတာမျိုးတွေ အဲ့မှသိမှာပေါ့...
Annual Report ကို အင်္ဂလိပ်လိုနဲ့ ထုတ်တာများတော့ မြန်မာလိုလုံးလုံးတော့ မရပါဘူး
ကဲ စပြီနော်.,

#Bid(price) - ဝယ်သူကပေးလိုတဲ့ဈေးပါ
#Ask_price - ရောင်းသူကဒီဈေးနဲ့ရောင်းချင်ရင်သုံးပါတယ်

ဥပမာ ဈေးသွားပြီး ကြက်သားဝယ်တယ်ထားပါတော့ တစ်ပိဿဝယ်တယ် ဘယ်လောက်လဲလို့မေးရင်
ဈေးသည်က တစ်ပိဿ၇၀၀၀ ဆိုပါစို့ အဲ့ဒါ Ask Price ပါ ကိုယ်က ၆၅၀၀ လေးတော့ထားလိုက်ပါ အမေကြီးရယ်ဆိုရင် အဲ့ဒါ Bid Price ပါ

#EarningPerShare (EPS) - ရှယ်ယာတစ်ခုကို ခွဲဝေပေးတဲ့ အမြတ်ငွေပမာဏပါ
(နောက်သင်ခန်းစာတွေမှာ အကျယ်တဝင့်ရှင်းပြမှာပါ)

#IPO - Initial Public Offering ကိုအတိုခေါ်တာပါ။ ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ စတော့exchange ပေါ်တင်တုန်းက ဖွင့်ခဲ့တဲ့ အဖွင့်ဈေးပါ
(MCB ဆိုရင် ၅၀၀၀ ဝန်းကျင်ပဲ မမှတ်မိတော့လို့ စစဖွင့်ချင်းမှာ စတော့တစ်ခုကို ၅၀၀၀နဲ့စရောင်းချခဲ့တာပါ။ ကြမ်းခင်းဈေးပေါ့)

#MarketCap - ကုမ္ပဏီရဲ့ တန်ဖိုးပါပဲ ဆိုလိုတာက စတော့ဈေးကွက်မှာ လည်ပတ်နေတဲ့ သက်ဆိုင်ရာကုမ္ပဏီရဲ့ စတော့အားလုံးရဲ့တန်ဖိုးပါ။
ပုံသေနည်း: Market Cap ကိုလိုချင်ရင်
ဈေးကွက်ထဲမှာ ထုတ်ရောင်းထားတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာအရေအတွက် ကို စတော့တစ်ခုရဲ့ ကာလပေါက်ဈေးနဲ့ မြှောက်ရမှာပါ)

#ThickerSymbol - စတော့ သို့မဟုတ် ကုမ္ပဏီကို အတိုချုပ်ပြီး ခေါ်တဲ့စာလုံးအတွဲလို့ဆိုမလား
ဥပမာ First Myanmar Investment Co.,Ltd ကို FMI လို့ခေါ်သလိုပေါ့
Myanmar Commercial Bank ဆို MCB
လို့ခေါ်ပြီး သီလဝါ Myanmar Thilawa SEZ Holdings Public Ltd. ကိုကျတော့ MTSH ပေါ့ဗျာ

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲခင်ဗျား
စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

https://www.facebook.com/ThuSateKuu/

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၎

#EPSနှင့်Dividend
Earnings per share(EPS) ဆိုတာက သင်္ချာအပိုင်းကိန်းတစ်ခုလို့ပဲဆိုရမလားမသိပါဘူး။ ဘာကိုညွှန်းဆိုလဲဆိုတော့ company တစ်နှစ်တာလုပ်ငန်းဆောင်တာများကနေ ရှယ်ယာ(စတော့)တစ်ခုစီအတွက် အမြတ်ငွေ ဘယ်လောက်ရသလဲဆိုတာကို ညွှန်းဆိုပေးနိုင်ပါတယ်။ ဆိုလိုတာကဗျာ company တစ်ခုရဲ့ အသားတင်အမြတ်ငွေရရှိမှုပေါ့။ EPS ကိုလိုချင်ရင် company ရဲ့ အသားတင်အမြတ်ငွေကိုတည်ပြီး ရောင်းချထားတဲ့ အစုရှယ်ယာအရေအတွက်နဲ့ ပြန်စားရပါတယ်။ ဥပမာ Company တစ်ခုကနေ စတော့ဈေးကွက်ထဲကို အစုရှယ်ယာအရေအတွက် သန်း ၂၀ ထုတ်ရောင်းထားတယ်ဆိုပါစို့ ပြီးခဲ့တဲ့ နှစ်အတွက် ၁၀သန်း အသားတင်အမြတ်ရပြီး ၁ သန်းကို Dividend အဖြစ်အစုရှယ်ယာရှင်တွေဆီပြန်ပေးလိုက်တယ်ဆိုရင် (၁၀သန်း - ၁သန်း)÷(အစုရှယ်ရာ သန်း၂၀)
EPS ကို company တစ်ခုရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့နေရာမှာသုံးပါတယ်။ ဆိုလိုတာက EPSများလေ အသားတင်အမြတ်ပိုများလေ... company ရဲ့စွမ်းဆောင်ရည်ပိုမြင့်လေပေါ့.,.
နည်းနည်းတော့သဘောပေါက်လာပြီထင်တယ်။ ကျွန်တော်ထပ်ရှင်းပြပါ့မယ်။ အခုတော့ Dividend လေးဆီဆက်ကြဦးစို့။

Dividend per share(DPS) ဆိုတာက အစုရှယ်ယာတစ်စုအတွက် အစုရှယ်ယာရှင်များလက်ခံရရှိသောငွေပမာဏပါ။ ခုဏကပြောခဲ့သလိုပေါ့ ၁ သန်းကို Dividend တွေအဖြစ် အစုရှယ်ယာရှင်တွေဆီ ပြန်ပေးလိုက်ရင် အစုရှယ်ယာတစ်စုကို ဘယ်လောက်ရမလဲ။ လွယ်လိုက်တာမှ လွန်ရောဆိုသလိုပဲဗျို့ ၁သန်းကိုတည် အစုရှယ်ယာအရေအတွက်သန်း ၂၀နဲ့စားရုံပဲပေါ့။

EPS နဲ့ DPS နဲ့ ဖြစ်လာရတာက ဥပမာဗျာ ကျွန်တော်နဲ့ ဒီက စာဖတ်ပရိတ်သတ် နဲ့ပေါင်းပြီး အီကြာကွေးရောင်းတယ်ထားပါ။ တစ်နေကုန်တော့ တစ်ယောက်ကိုအမြတ် ၆၀၀၀ စီရတယ်ထား။ အသားတင်အမြတ်က ၁၂၀၀၀ ပေါ့ ဟုတ်တယ်နော်။ အရင်းကသက်သက်နော်။ ဒီနေ့ အီကြာကွေး အချောင်း ၁၀၀ ရောင်းရတယ်ဆိုရင် တကယ်လို့ အမြတ် ၁၂၀၀၀ လုံးလုံးကို ခွဲယူလိုက်ရင် အရင်းငွေထဲကနေပြီး လိုအပ်တဲ့ဂျုံ ဆီ ပွဆေး ဝယ်ဖို့ဆိုရင် ဈေးအတက်အကျ အလျောက် နောက်နေ့ အီကြာကွေး အချောင်း ၁၀၀ ရောင်းနိုင်ဖို့မပြောနဲ့ ၉၆ချောင်း တောင်အနိုင်နိုင်ရယ် ၁၀၀ ရပါပြီပဲထား တစ်သက်လုံး အချောင်း ၁၀၀ ပဲရောင်းမို့လား အဲ့ဆို ဆိုင်နာမည်ကို (အချာတစ်ယောင်း အချောင်းတစ်ရာ အီကြာကွေး) လို့သာ နာမည်ပေးလိုက်တော့ဗျို့)...😂

စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

စတော့အကြောင်းသိကောင်းစရာ
အပိုင်း ၅

#ဘာကြောင့်စတော့မှာ
#ရင်းနှီးမြှုပ်နှံသင့်သလဲ

ကျွန်တော်ရေးလာတာ အခုဆို စတော့နဲ့ပတ်သက်လို့ သင်ခန်းစာ ၄ ခုရယ် အခုဆို ၅ ခုပေါ့ ဆောင်းပါး ၂ခုရယ် ရေးပြီးခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တာလေ... ဒီကစာဖတ်ပရိတ်သက်တွေကို ဝလုံးလေးဘယ်လို ဝိုင်းရတယ် ကကြီးက ဘယ်လို သာပြောလာပေမဲ့ ဘာကြောင့် ကကြီးခခွေးဆိုတဲ့ စတော့ ကို သင်နေရလဲ ရေးနေရလဲ ဆိုတာမပြောမိဘူးဖြစ်နေတယ်။ နောက်တော့မကျသေးပါဘူးလေ... အခုကျွန်တော်ပြောပြတာပေါ့...
ဘာကြောင့်ရင်းနှီးမြုပ်နှံသင့်သလဲပေါ့... ပထမဆုံးနဲ့ အဓိကအကျဆုံးအချက်က တစ်သက်လုံး အလုပ်လုပ်စရာမလိုဘူးပေါ့လို့စကားရှိပါတယ်... ဟိုးဟိုး နေပါဦး အလုပ်လုပ်စရာမလိုဘူးဆိုတာက Visual Business ကိုပြောတာနော် ဒါကလည်း ကိုယ်ကြိုးစားမှုပေါ်မှာမူတည်ပြီး ရယူရမှာဖြစ်တယ်။... ဟိုးချက်ချင်းကြီး ထီပေါက်သလို မျိုးလည်း မဟုတ်ပြန်ဘူး စတော့ဆိုတာ အရင်က ရွှေတွေဝယ်စုသလိုမျိုး ဒါပေမဲ့ ရွှေထက်တော့ နှစ်တွေကြာလာတဲ့ အခါမှာ သိသိသာသာ တိုးပွားလာတာမျိုးပါ ထပ်နားလည်အောင်ပြောမယ်ဗျာ ဘဏ်တိုးလိုပဲ ပမာဏနည်းရင် မစားသာဘူး များပြီဆိုရင်တော့ အလုပ်လုပ်စရာမလိုတော့ဘူးပေါ့(များမှပါ)
စတော့မှာ ရင်းနှီးမြှုပ်နှံလေ ကိုယ်ကာယပင်ပန်းတာတွေလျော့သွားပြီး ဦးနှောက်ကို အများကြီး အလုပ်ပေးရလေ ဆိုလိုတာက စတော့ဆိုပြီး အခုထလုပ်ငါတော့ဘဏ်တိုးလို ထိုင်စားရပြီ ဆိုတာမျိုးတော့ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ပေါ့ဗျာ။ တစ်သက်လုံး စတော့ကို အသက်မွေးဝမ်းကျောင်းလုပ်ချင်တယ်ဆိုရင်တော့ ရှိရှိသမျှ စိတ်တွေအားလုံးနှစ်ထားဖို့လိုပါတယ်။
ကျွန်တော်လိုပဲ Buy And Hold သမားတွေအတွက်ကတော့ အရှုံးဆိုတာမရှိသလောက်ပါပဲ။ထားပါလေ ။ ဒါတွေ နောက်မှပဲရှင်းပြပါ့မယ်။
ဝင်ငွေကတော့ နှစ်မျိုးရနိုင်ပါတယ် ပထမတစ်မျိုးကတော့ interest လို့ခေါ်တဲ့ ကိုယ်ပိုင်ထားတဲ့ စတော့ အတွက် company က ခွဲဝေပေးတဲ့ အမြတ်ငွေရယ် နောက် စတော့တွေ ရောင်းဝယ်ရာမှ မြတ်လာတဲ့ ငွေရယ် နှစ်မျိုးပေါ့...
ကိုယ်ဝယ်တုန်းက ၂၀၀ ပြန်ရောင်းတော့ ၂၅၀ စတော့တစ်ခုကို စတော့ ၁၀၀ စုပိုင်ရင် ၅၀×၁၀၀ =၅၀၀၀ ပေါ့
သို့သော် အမြတ်များလေ အရှုံးဖြစ်ဖို့အခွင့်ရေးများလေဖြစ်တယ်
မြတ်မယ်ဆိုတာကြီးပဲ စိတ်ကူးယဉ်နေမိရင် တစ်ခါတစ်လေ ကိုယ်ရွေးချယ်မှုမှားသွားတာမျိုး ကံတရားက မျက်နှာသာမပေးတဲ့ အခါမျိုးမှာ လည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ခုဏက ၅၀၀၀ ဟာ အမြတ်လည်း ဖြစ်နိုင်သလို အရှုံးလည်း ဖြစ်နေနိုင်ပါတယ်။ သို့သော် ကံကြီးအပေါ်ပဲ ပုံချနေရင် လူအားလုံး လောင်းကစားပဲလုပ်တော့မှာပေါ့။ ဟုတ်ပါတယ် ။ ကိုယ့်ရွေးချယ်မှုပေါ်မှာ လည်း အများကြီး မူတည်ပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ ။ ကျွန်တော် ဖြည်းဖြည်းချင်း ပြောပြသွားပါ့မယ်။ အခုတော့ ဒီလောက်ပဲနော်။ကျွန်တော်ဖြစ်နိုင်ရင် စာအုပ်လေးဖြစ်ဖြစ်ထုတ်ပြီး စာရင်းဇယားတွေ နောက်ပုံတွေနဲ့ရှင်းပြရေးပြချင်ပါတယ်။ စုစုစည်းစည်းဖြစ်သွားသလို အခုတော့မသိသာသေးပေမယ့် နောက်ပိုင်း သင်ခန်းစာတွေလာရင် ပုံပြတွေနဲ့ ဆို ပိုမြင်ပိုနားလည်လွယ်လိမ့်မယ်စိတ်ကူးမိပါတယ်။ ပရိတ်သတ်ကြီးသဘောကကော? ထုတ်ပြီးဝယ်တဲ့သူမရှိမှဖြစ်ဒုက္ခ 😂😂😂

အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး