Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label dance. Show all posts
Showing posts with label dance. Show all posts

Tuesday, February 19, 2019

အကဖြင့် ရိုးသားစွာ ဝမ်းစာရှာတဲ့ လှိုင်သာယာသူ(မနှင်းဆီ)


အကဖြင့် ဝမ်းစာရှာတဲ့ လှိုင်သာယာသူ(မနှင်းဆီ)
မုနိမြီ၊ ဖေဖော်ဝါရီ ၁၈
ဂုဏ်သိက္ခာရှိရှိ မိမိ၏ တတ်ကျွမ်းသော အကဖြင့် ဝမ်းစာရှာသူ တစ်ဦးဟု လှိုင်သာယာမြို့၌ နာမည် ကြီးလာသော လှိုင်သာယာသူ တစ်ဦးပင် ဖြစ်တယ်။
အမည်အရင်းကတော့ မာသူရိ(ဟိန္ဒူ/ဗုဒ္ဓဘာသာ)ဖြင့် တေးသီးချင်းတစ်ပုဒ်လျှင် ငွေ၁၀၀၀ကျပ် အများပျော်ရွှင်အောင်ကပြ ဖျော်ဖြေ၍ လင်ယောက်ျားနှင့်အတူ ရိုးသားစွာ သားသမီး ၅ဦးကို ရှာဖွယ်ကျွေးမွေးရင်း ဝမ်းစာရှာတဲ့ လှိုင်သာယာမြို့၏ လေးစားဂုဏ်ယူစရာ ကောင်းသော မိခင်ကောင်း တစ်ဦးပင် ဖြစ်သည်။
အနုပညာအမည် မနှင်းဆီဖြစ်ပြီး လှိုင်သာယာမြို့တွင် ရိုးသားစွာ ရှာဖွယ်လုပ်ကိုင်နေသော အသက် ၅၀နှစ်ခန့် လှိုင်သာယာမြို့၏ စံပြရိုးသားဖြူစင်သူ တစ်ဦးပင် ဖြစ်သည်။
သာခိုင်(မုနိမြီ)
Video - Oo Naing Win

Thursday, February 18, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက ပြသာဒ်ကြီးဘုရားပေါ်တွင် ဒန့် ကြသူများ


ဒိနေ့ အတွက် လူပြောများနေတဲ့အကြောင်း။ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက ပြသာဒ်ကြီးဘုရားပေါ်တွင် ဒန့် ကြသူများ။https://www.youtube.com/watch?v=jgyMrumIP34&index=23&list=PLWGgeG8PIQ0c-WFm9WFQiWvf08XT8sU5S
Posted by The Melting Pot 4 U on Wednesday, 17 February 2016

Friday, February 6, 2015

မြန်မာယဉ်ကျေးမှု အကသင်တန်း လော့စ်အိန်ဂျယ်လိစ်မှာ ဖွင့်လှစ်မည်

အမေရိကန် ပြည်ထောင်စုရောက် မြန်မာ မျိုးဆက်သစ် လူငယ်များနှင့် ရိုးရာအက သင်ယူလိုသူများအတွက် မြန်မာယဉ်ကျေးမှု အကသင်တန်းကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အာကေးဒီးယားတွင် ယခု ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ် သင်ကြားပေးတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာအက၊ တိုင်းရင်းသားအက သင်ယူလိုသူလျှင် အသက် ၆ နှစ်အထက် မည်သူမဆို အခမဲ့ တက်ရောက်နိုင်သည်ဟု ဆိုသည်။မြန်မာယဉ်ကျေးမှု အကသင်တန်းကို လော့စ်အိန်ဂျယ်လိစ် အခြေစိုက် မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း(Network of Myanmar American Association) က ကြီးမှူးစီစဉ်ခြင်း ဖြစ်၏။ နိုင်ငံခြားရောက် မြန်မာနွယ်ဖွားများအကြားတွင် ရိုးရာယဉ်ကျေးမှု ရှင်သန်နိုးကြားစေရန် ရည်ရွယ်လျက် ကဗျာလွတ်၊ မြန်မာအက၊ တိုင်းရင်းသားအကများကို အခြေခံမှ စတင်သင်ကြားပေးမည့် အကသင်တန်းကို သီတင်းနှစ်ပတ်လျှင် တစ်ကြိမ်၊ တနင်္ဂနွေနေ့များတွင် လေ့ကျင့်သင်ကြားပေးပါမည်။ သင်တန်းချိန်မှာ နေ့လယ် ၂ နာရီ မှ ညနေ ၄ နာရီအထိ ဖြစ်၏။
မြန်မာအကသင်တန်းတွင် သင်ကြားပေးနေသော ဆရာမ မသန္တာသည် မြန်မာနိုင်ငံတွင် နာမည်ကျော် မင်းသမီးကြီး ဒေါ်ကောလိပ်မြိုင်ထံတွင် နည်းနာခံယူ သင်ကြားခဲ့သော တပည့်ဟောင်း တစ်ဦး ဖြစ်ကြောင်း သိရသည်။ဆရာမ မသန္တာသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာ သင်ကြားရင်း အကပြိုင်ပွဲများ ပါဝင်ခဲ့ပြီး၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံမှာလည်း မြန်မာ့ရိုးရာ အကအနုပညာကို တင်ဆက်ခဲ့ကြောင်း ကမ္ဘာသစ်မီဒီယာသို့ ပြောပြပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ်သို့ ပြောင်းရွှေ့လာသည့် ၂၀၀၇ ခုနှစ်ကတည်းက မြန်မာကလေးသူငယ်များကို မြန်မာ့ရိုးရာ အကအမျိုးမျိုး စေတနာ့ဝန်ထမ်း သင်ကြားပေးနေခဲ့သည်။
တက္ကသိုလ်ကောင်းကောင်းဝင်ရေး အထောက်အကူ
မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း (Network of Myanmar American Association) သည် သင်တန်းပုံစံ စနစ်တကျ တိုးချဲ့ဖွင့်လှစ်ရန် ခြေလှမ်းသစ် စတင်ခဲ့သည်။ အထူးသဖြင့်၊ လော့စ်အိန်ဂျယ်လိစ် ဆင်ခြေဖုံးဒေသများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် ကျောင်းသင်ခန်းစာ လိုအပ်ချက်တစ်မျိုး ဖြစ်သော အကသင်တန်းဆင်းလက်မှတ်၊ အသင်းတွင် ပါဝင်ကူညီမှုထောက်ခံစာတို့ကို ရယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ၊ ထောက်ခံချက်သည် တက္ကသိုလ်၊ ကောလိပ်ကောင်းကောင်း ဝင်ခွင့်လျှောက်ထားရာတွင် အထောက်အကူ ဖြစ်စေမည်ဟုNetMAA ၏ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ရှင်းပြသည်။
ဇူလိုင်နှင့် ဩဂုတ်၊ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် အကဆရာမ သီတာဝင်းကို ခေါ်ယူ သင်ကြားပေးမည်ဟုလည်း သိရပါသည်။
အကသင်တန်းသူ သင်တန်းသားများအတွက် လိုအပ်သော ထိုင်မသိမ်းနှင့် ဝတ်စုံများကိုလည်း သင်တန်းမှ အခမဲ့ ပံ့ပိုးမည် ဖြစ်၍ အခြားမြို့များသို့ သွားရောက် ဖျော်ဖြေသည့် စရိတ်စကများကိုလည်း NetMAA အသင်းမှ ကျခံပေးမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ပြောကြားသည်။
မြန်မာယဉ်ကျေးမှု အကသင်ကြားထားသော ကလေးသူငယ်များသည် လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန်စစ္စကို မြန်မာ့ရိုးရာ သင်္ကြန်ပွဲများတွင် ကပြဖျော်ဖြေနေပြီး၊ ထိုမျှသာမက နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်များတွင်လည်း မြန်မာအကဖြင့် ပွဲလယ်တင့်ခဲ့သည်။ အကသင်တန်းမှ မြန်မာ့ရိုးရာ အကပဒေသာဖြင့် ဖျော်ဖြေခဲ့သော နိုင်ငံတကာပွဲများမှာ Southeast Asia Culture Day (Aquarium of the Pacific), Asia Family Day (Asia Pacific Museum), Asia and Pacific Island American Heritage Month Celebration (City of Los Angeles), Asia Cultural Festivals (San Diego) စသည်တို့ ဖြစ်သည်။
“ကျွန်တော်တို့ အသင်း ဖွဲ့စည်းခြင်း ရည်ရွယ်ချက်တစ်ခုက art & culture အနုပညာနဲ့ ယဉ်ကျေးမှုလည်း အဓိကအနေနဲ့ ပါဝင်ပါတယ်။ ဒီနိုင်ငံကို ငယ်ငယ်ကတည်းက ရောက်လာသူ၊ ဒီမှာ မွေးဖွားသူ မြန်မာကလေးသူငယ်တွေ မြန်မာ့ယဉ်ကျေးမှု မေ့ပျောက်မသွားအောင် ဒီသင်တန်းကို ဖွင့်လှစ်တာပါ” ဟု ဦးအောင်မင်းနိုင်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
“နိုင်ငံတကာပွဲတွေကို သွားရောက် တင်ဆက်တဲ့အခါမှာ လေ့ကျင့်မှု ကောင်းကောင်း ရှိဖို့ အရေးကြီးပါတယ်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက အကအဖွဲ့တွေနဲ့ ယှဉ်ရင် မြန်မာ့ယဉ်ကျေးမှုကို လူမျိုးခြားတွေ အထင်မသေးအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသွားသည်။
မြန်မာယဉ်ကျေးမှု အကသင်တန်း တက်ရောက်လိုလျှင် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် စာရင်းပေးနိုင်ပါသည်။
ဆရာမ မသန္တာ     626-400-0920
NetMAA Office   626-537-9990
email: info@netmaa.org
http://kabarthit.com/index.php?option=com_content&view=article&id=589:2015-02-05-19-54-30&catid=8:2013-10-13-17-09-02&Itemid=214

Tuesday, September 23, 2014

ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ပြန်လည်ဖော်ထုတ်


ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေသေ
ာ မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ကို စက်တင်ကာ တတိယပတ်က မုံရွာမြို့၌ ကျင်းပခဲ့သည့် အလှူပွဲ တစ်ခုတွင် ပြန်လည်ဖော်ထုတ်က ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖိုးသူတော်ယိမ်းအကကို ဘုန်းကြီးပျံပွဲ၊ အလှူပွဲ၊ ဘုရားထီး တင်ပွဲ စသောဘာသာရေးပွဲများ တွင် ကပြဖျော်ဖြေကြသည်။ ကိုယ် ပိုင်သီချင်း၊ ကိုယ်ပိုင်အကဖြင့် တစ် ဖွဲ့လျှင် အနည်းဆုံး ၁၂ယောက် ပါဝင်ကပြကြပြီး ကြက်တိုက်ဖိုး သူတော်နှင့် ဘုန်းကြီးတစ်ပါးလည်း ပါဝင်ကပြရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခေတ်စားလာ သော ယိမ်းအကတစ်ခုဖြစ်ပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကပြ ဖျော်ဖြေမှု နည်းပါးလာပြီး ယခုအခါ မုံရွာမြို့ ထန်းတောရပ်ကွက်မှ ဖိုး သူတော်ယိမ်း အကကို ပြန်လည်ဖော် ထုတ်ကပြရာမှ ပြန်လည်အသက် ဝင်လှုပ်ရှားလာသော ယိမ်းအက တစ်ခုဖြစ်သည်။

Democracytoday

Wednesday, July 30, 2014

ကမ္ဘာ့ အလေးဆုံး တိုင်ပတ် အက မယ်





The world heaviest pole dancer လို့ နာမည်ကြီးနေတဲ့ အမျိုးသမီး ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၂၉ နှစ် အရွယ် LuAyne Brown ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ် အလေးချိန် ကတော့ ၁၈ စတုန် (၂၅၂ ပေါင်) ရှိ ပါတယ်။

အသက် ငယ်ပေမယ့် ကလေး ၂ ဦး အမေ ဖြစ်နေပြီ ဖြစ်တဲ့ အမျိုးသမီး ဖြစ်ပြီး သက္ကရာဇ် ၂၀၀၆ ခုနှစ်က ပထမ ကလေး မွေးပြီးမှ ဝိတ် သိသိသာသာ တက်လာ ခြင်း ဖြစ်ပါတယ်။ အသက်ငယ်စဉ် ကတည်းက တိုင်ပတ် အက ကလာ ခဲ့တဲ့ သူမဟာ စိတ်ဓာတ် ကျခဲ့ရ ပါတယ်။ နောက်တော့ အားတင်းပြီး သူမရဲ့ လေ့ကျင့်မှုကို မရပ်တန့်ခဲ့ ပါဘူး။ ပုရိသ ယောင်္ကျား တို့ကို မစွဲဆောင် နိုင်ပေမယ့် သူမရဲ့ ကကွက် များဟာ နည်းစနစ် ထဲက အတိုင်း တိတိ ကျကျ ရှိနေ သေးတာမို့ ပြိုင်ပွဲ အချို့မှာ ဆုတံဆိပ် များတောင် ရရှိကြောင်း ဆိုပါတယ်။

သူမ ရဲ့ အက ဗီဒီယို ကိုပါ YouTube ပေါ်မှာ တင်ပြီး အွန်လိုင်းမှာ အားပေးသူ များပြားခဲ့ ပါတယ်။ သူမ လိုပဲ တစ်ကမ္ဘာလုံးက ဝလို့ စိတ်ဓာတ်ကျနေသူတွေ၊ ယုံကြည်ချက် မဲ့နေသူ အားလုံးကို တက်ကြွစေရန်၊ စိတ်ဓာတ်မြင့်တင် ပေးရန် ရည်ရွယ်လို့ ကြိုးစား ကနေခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Friday, February 7, 2014

မြန်မာလူငယ်တွေ စီးမျောနေတဲ့ အကနဲ့ ဘဝ ခွန်အားတစ်ရပ်လား


Hip Hop ယဉ်ကျေးမှု မြန်မာပြည်မှာ စတင်ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ Hip Hop ယဉ်ကျေးမှုထဲက တစ်ခုဖြစ်တဲ့ Street Dance ဟာ မြန်မာလူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ အကတစ်ခုလည်း ဖြစ်ပါတယ်။

ရော့ခ်၊ ဟဲဗီးရော့ခ်၊ ပန့်ခ် စတဲ့ ရေစီးကြောင်းတွေကို လမ်းသူရဲယဉ်ကျေးမှုလို့ သမုတ်နေတဲ့ လူကြီးတွေ အတွက် Street Dance ကလည်း အပြစ်တင်စရာတစ်ခုထဲမှာ ပါနေတာကြောင့် လူတွေအမြင်ကို ပြောင်းနိုင်ပါ့မလား။ အကပညာကလည်း လူငယ်တွေကို ဘဝအာမခံချက်နဲ့ လောကဓံကိုရင်ဆိုင်ဖို့ ခွန်အားပေးနိုင်ပါ့မလား။

ဂျပန်မြန်မာ သံတမန်ချစ်ကြည်ရေး နှစ် ၆ဝပြည့်အတွက် ကြီးမားတဲ့ အဆိုအကပူးတွဲဖျော်ဖြေမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံက Wrecking Crew Orchestra ကတော့ အကဝါသနာပါတဲ့ မြန်မာလူငယ်တွေ အတွက် လမ်းစတစ်ခု ဆွဲထုတ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ အကပညာကိုလေ့လာဖို့ မြန်မာလူငယ် ၂ဝကို ရွေးချယ်ခဲ့ပါတယ်။

Hip Hop အစစ်အမှန်ဆိုတာ ဘာလဲဆိုတာနဲ့ ဂျပန်အကကို လေ့လာစေချင်တာကြောင့်လို့ ဆိုပါတယ်။ WCO အဖွဲ့ခေါင်းဆောင် ယူအိချိကတော့ Street Dance ဟာ လူတွေကို ပျော်ရွှင်အောင် ဖန်တီးပေး တဲ့အရာဖြစ်တာမို့ ဂျပန်မှာလည်း လူကြီးတွေရဲ့ နှာခေါင်းရှုံ့မှုကို အချိန်ယူ ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ အကပညာကိုသွားလေ့လာဖို့ ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲ တစ်ယောက်ဖြစ်တဲ့ ဟိန်းယာကတော့ မိဘတွေသဘောမတူကြောင့် အိမ်ပေါ်ကနေတောင် ဆင်းခဲ့ပြီး အကနဲ့ဘဝကို ရပ်တည်နိုင်မယ်လို့ ယုံကြည်နေသူတစ်ယောက်ပါ။

ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲမပါပေမယ့် အကပညာ Workshop လာတက်တဲ့ သက်မွန်ရည်ကတော့ ကကွက်အသစ်အဆန်းတွေ တီထွင်သွားချင်သူဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင် မကနိုင်တဲ့အချိန်ကျရင်လည်း အကသင်တန်းတွေလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

အကနဲ့ ဘဝကို ရပ်တည်မယ်ဆိုတဲ့ လူငယ်တွေရဲ့ ယုံကြည်ချက်ကို ခေတ်အဆက်ဆက်က လူကြီးတွေက လှောင်ရယ်ကြဦးမှာပါ။ ဘာပဲပြောပြော အကဟာ သူတို့ရဲ့ ဘဝပါဆိုတာကို သက်သေပြရင် ခွန်အားသစ်တွေနဲ့ ယဉ်ကျေးမှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် ခြေလှမ်းတွေကတော့ သွက်လက်နေကြပါပြီ။

Kamayut Media

Tuesday, January 28, 2014

အမေရိကန်နိုင်ငံတစ်လွှားမှာ ပေါက်နေတဲ့ Hip-hop အကရူးသွပ်မှုအသစ် “Drop That NaeNae’




Atlanta မြို့ကနေ hip-hop အကသီချင်းတစ်ပုဒ်ထွက်ပြီး အမေရိကန်တစ်နိုင်ငံလုံးကိုပြန့်နှံ့နေပါပြီ။ ဆယ်ကျော်သက်လူငယ် ၅ ယောက်နဲ့ဖွဲ့စည်းထားတဲ့ We Are Toonz ရဲ့သီချင်းဖြစ်ပါတယ်။ ဒီအကကတော့ Martin Lawrence ရဲ့ ရုပ်သံ show ဖြစ်တဲ့ Martin ထဲကဇာတ်ကောင်  Sheneneh Jenkins ရဲ့ character တွေကိုအနည်းငယ်အခြေခံထားတာဖြစ်ပါတယ်။
“ကလပ်ထဲမှာ ရယ်ရွှင်ဖွယ်ရာကခုန်နေတဲ့ အပေအတေကောင်မလေး ပုံစံကိုအခြေခံထားပါတယ်။ ဒီကောင်မလေးကို အကောင်းဆုံးဥပမာပြရင်တော့ Martin ထဲက Sheneneh ပါ” လို့ အဖွဲ့ဝင် CalLamar ကရှင်းပြပါတယ်။
Social media တွေရဲ့ကောင်းမှုကြောင့် G-Cutz ကထုတ်ခဲ့တဲ့ ဒီသီချင်း “Drop That NaeNae” ဟာ အမေရိကရဲ့အထက်တန်းကျောင်းတွေမှာအလျှင်အမြန်ပဲ လူသိများလာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ Vine, Instagram, Twitter နဲ့ Youtube တို့ကိုသုံးပြီး လူငယ်တွေဆီအရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေ တကယ်ရှိနေတဲ့နေရာဖြစ်တာကြောင့်ပါလို့ CalLamar ကပြောပါတယ်။ ရလဒ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ရက် ၉၀ အတွင်း Twitter ပေါ်မှာ #NaeNae ပါတဲ့ hashtag ပေါင်း ၁.၁ သန်းကျော်ရှိလာပါတယ်။
“ဖေဖေါ်ဝါရီလကုန် မတ်လအစမှာကျွန်တော်တို့ အရမ်းကြီးမားတဲ့ နယ်လှည်ဖျော်ဖြေပွဲလုပ်ဖို့အတွက် Germany မှာရှိနေမှာပါ။ နေ့ရက်တွေကိုတော့ကြေငြာပြီးပါပြီ။ We are Toonz ဟာ The Nae Nae သီချင်းတစ်ပုဒ်ထဲ ချပြလိမ့်မယ်လို့ခင်ဗျားထင်နေရင်တော့ ပြန်စဉ်းစားပါဦး။ ကျွန်တော်တို့မှာ နောက်လာမယ့် music တွေရှိနေပါသေးတယ်” လို့အဖွဲ့ဝင် CalLamer ကပြောပါတယ်။
Drop That NaeNae သီချင်းရဲ့ MTV ကိုအောက်က link မှာကြည့်ပါ။
Ref:billboard.com
http://www.trend.com.mm/2014/01/28/hip-hop-1766

Sunday, January 26, 2014

မြန်မာဂျပန် ဟစ်ဟော့အက



ဂျပန် အစိုးရသည် မြန်မာ အထက်တန်းကျောင်းသူ ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား Street Dancer ၂၀ ဦး ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဂျပန် နိုင်ငံသို့ဖိတ်ခေါ်ရန် စီစဉ်လျက်ရှိရာ၊ ထို ၂၀ ဦး ကို ရွေးချယ်ရန်အတွက် Audition ကို လည်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် Uranium အက အဖွဲ့၏ Studio တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူပြိုင်ပွဲဝင် များကို အားပေးလျက်ရှိပါသည်။ အကဲဖြတ်ဒိုင်လူကြီးများကတော့ WCO အဖွဲ့မှ ဖြစ်ပါသည်။
Myanmar-Japan Hiphop Concert
日本政府は、ミャンマー人の高校生・大学生ストリートダンサー20名を、9月に日本に招待する予定ですが、この20名の選抜オーディションを1月28日にユレニアムのスタジオで実施する予定です。我こそはと思う方には、是非応募いただきたいと思います。審査員はもちろんWCOです。

Tuesday, September 17, 2013

လေးစားဖွယ် ဘဲလေးကချေသည်နှစ်ဦး

CCTV 9 မှ ထုတ်လွင့်ခဲ့သော ခြေတစ်ချောင်းပဲ့ နဲ့ လက်တစ်ချောင်းမဲ့ နေသူ နှစ်ယောက်ရဲ့ ဘဲလေးအက ဟာ ကြည့်သူများကို တကယ် ရင်မောစေခဲ့ပါတယ်။

Sunday, August 18, 2013

ဖလယ်မန်းကို Flemenco

The amazing grace and power of Flamenco, performed by Celina Zambon
ဖလယ်မန်းကို Flemenco အကကို လူတိုင်းနီးပါး မြင် ဖူး တယ် ထင်တာပါဘဲ ။ ကိုယ် စ မြ င် ဖူး တာ တော့ တိုက် တန်း နစ် ကား ထဲ မှာပါ ။ Jack က အ ထက် တန်းလွှာ သ ဌေးသမီး Rose ကို သ င်္ဘောံ အောက် ထပ် ထဲ ခေါ် သွား ခ န်း မှာ ပေါ့ ။ 

မင်းသမီး က မ တွေ့ဖူး တာ တွေေ တွ့ လို့ ပျော် ပြီး အ ရက် သောက် ။ ပြီး တော့ ခြေကို အဓိက ထား အကွက်နင်းပြီး ကရတဲ့ စ ပိန်အက Flamenco ကို ကတယ် ။

Jack က Rose အဲ လိုက တတ် တာကို မြ င် တော့ အစ တော့ အံ့သြသလို ဖြစ် သွား တယ် ။ နောက်တော့ သူလည်း အားကျမခံ ခြေ ထောက် ကို တစ် ဒေါက် ဒေါက် ခေါက် ပြီး ကပါ ရော ။

တ ကယ် တော့ Flamenco ရဲ့ မူ ရင်း မွေး ဖွားရာ က စပိန် တောင် ပိုင်း က အ န်ဒါလူစီရာ Andalucia ဆိုတဲ့ အ ရပ် ဖြစ် ပြီး ကျေး လက် အက တစ်ခုပါဘဲ ။

ယ နေ့မှာ တော့ Flamenco ဟာ ယူနက်စကို က သတ်မှတ်ထားတဲ့ ထိန်းသိမ်း လက် ဆင့် ကမ်း သင့် သော " ကို င် တွယ် လို့ မရတဲ့ အ မွေ အ နှ စ်များ Intangible cultures " ထဲ က တစ် ခု ဖြစ် သွား ပါ ပြီ။


ဒီ နေ့ Flamenco dance show တစ်ခုကို သွား ကြည့် ခွင့် ရခဲ့ ပါ တယ် ။ လာ ကြည့် တဲ့ လူ တွေ ဟာ နိုင် ငံ ခြား သား တွေ ချည်း မ ဟုတ် ဘဲ စ ပိန် လူမျိုး တွေ လည်း အ များကြီး လာတာ တွေ့ ရတယ် ။ ဆယ်နှစ်ပတ် ဝန်းကျင် က လေး တချို့လည်း ပါလာ တာ တွေ့ တယ် ။ တ ချို့က ခြေ ထောက် ကို အကွက် ကျကျ နင်းရင်း ပါးစပ်ကလည်း တစ် နှစ် သုံး လေး ငါး ဆို ပြီ ရွတ်လို့ သူ တို့ သင် ထာ တတ် ထားပြီး သ လောက် လုပ် နေ ကြ တာ တွေ့ ရဲ့ ။


Madrid တ မြို့လုံး Flamenco ဇာတ် ရုံ တွေ မှို လို ပေါက် နေ ပေ မယ့် ကိုယ် တို့ သွားတဲ့ ရုံ မှာ လူ ပြည့် တာ ကို ကြည့် ခြင်း အား ဖြ င့် တော့ ကြည့်သူ ပေါ တယ် လို့  ထင် ရ တာ ပါ ဘဲ ။ ရုံတိုင်းမှာ နေ စဉ် အက Show တစ်ခု နေ့တိုင်း ရှိ တယ် လို့ ဆို တယ် ။


လာ ကြည့် တဲ့ သူေ တွ ကို ကြည့် ရ တာ သေ ချာ ဝတ် စား ဆင် ယဉ် ပြီး တ လေး တ စား ကြည့်ဖ်ု့ လာ မှန်း သိ သာ လှ တယ် ။ နေ ကြာ စေ့ ခွံသံ တ ဖြောက် ဖြောက် မကြာ ရ တာ ထူး ဆန်း ပါဘိ ။

ဓါတ် ပုံ မရိုက် ရ လို့ စည်းကမ်း မ သတ် မှတ် ထား ပေ မယ့် အ မှောင် ချ ထား တဲ့ ရုံ ထဲ မှာ ဘယ် သူ မှ ဓါ တ် ပုံ မရိုက် ကြပါ ။ အား လုံး ပြီး လို့ မီး ပြန် ဖွင့် ချိန် ..ပါဝင် ကပြ ကြသူ တွေက နောက် ဆုံး နှုတ်ဆက် ချိန်မှ တဖျပ်ဖျပ် နဲ့ ရိုက် ကြ တယ် ။ ပြန် ထွက်သွားကြ တော့လည်း အမှိုက် တစ် ပင် မကျန်ခဲ့ပါလား ။

အ က နဲ့ ပ တ် သက် ပြီး တော့ န ကန်း တစါ လုံးမှ မ မ သိ .....အ ခု မှ ပ ထမ ဆုံး အ သေ အချာ ကြည့် ဖူးသူ တစ် ယောက် အ နေ နဲ့ အ တို ဆုံး ပြော ရ ရင် တော့ အရမ်း ကြိုက် တယ် ဆိုတာဘဲ ။

က တာက နှ စ် ယောက် ..ဆို တာက နှစ် ယောက် ...တီး တာက သုံး ယောက် ။ ပေါင်းခုနစ် ယောက် လုံး အခို အကပ် မရှိ အသာားကုန်ကြဲကြတာ သူ တို့ အစား မော တောင် မောမိ သေး တယ် ။


အကရဲ့ အ ဓိကေ သာ့ ချက်က တော့ ခြေ ဖ နောင့် ထိပ် နဲ့ ခြေ ဖျာ ထိပ် ကို သုံးပြီး ကြမ်း ပြင် ကို အချက်ညီညီ စည် ချက် ကျကျ ခေါက် တာဘဲ ။ က တဲ့ လူ တင် မကဘူး ဆို တဲ့ လူတွေကလည်း ဆို နေ စဉ်မှာ လက်ခုပ် ကို စည်းချက် ကျ ကျ ညီ ညီ တီး နေရ သေး တယ် ။


တူရိယာ အ နေ နဲ့ က တော့ ဗုံ တစ်ခုရယ် ဂစ် တာ နှစ် လက် ရယ်ဘဲ ပါ တယ် ။ တချို့ အ ကွက် တွေ ကျ တော့ ဘာ တူ ရိ ယာ မှ မပါဘဲ ခြေ ထောက် တွေ က ထွက် တဲ့ အသံ ရယ် လက် ခုပ် သံ ရယ် နဲ့ ပြီးသွား ဘဲ......အဲဒါကိုက ထူးခြား ဆန်းသစ် ပြီး တကယ် ဘ ဝင် ခိုက် စေ တယ် ။

က တဲ့ အ မျိုးသမီး က စ ကတ် ကို ဒူး လောက် ထ မ ပြီး ဒေါက် ဖိနပ် နဲ့ တ ဒေါက် ဒေါက် အကွက် ညီ အောင် တီးပြ တာ ကို သ ဘော ကျ လိုက် တာ မ ပြော ပါ နဲ့ တော့ ။


က ကွက် တွေ ဟာ ပြီးခါ နီး လေ အရှိ န် မြန် လာ လေ ........အ သက် အောင့် ကြည့်ရင်း သြော် professional ဖြစ် တယ် ဆို တာ ဒါ ပါ လား လို့ လည်း တွေး မိ သေး ရဲ့ ။ အဖိုး အခ ပေး ပြီး ကြည့် ရတာ တန်လိုက် တာ လို့ လည်း ကျေနပ် မိ တယ် ။


ဟို တယ် ပြန် ရောက် ရောက် ချင်း Google မှာ အ ပြေး အလွှား Flamengo အ ကြောင်း ရှာ ကြည့် မိ တယ် ။ ဒီ အက ဟာ ကမ္ဘာ့ နေ ရာ အ နှံ့ အပြား ကို ပြန့် နှံ့ နေပြပီး ဂျပန် ပြည်မှာ Flamengo အက ကျောင်း တွေ ဟာ စပိန် ထက် ပို များ တယ် လို့ သိလိုက် ရတာ ကို တော့ ထူး ထွေ ပြီး မအံ့ သြ မိ တော့ပါ ဘူး ။


တ စ် ခါ တည်း နဲ့ စွဲ သွား စေ တယ် ဆိုတာ ဘာ လဲ ဆို တာ သိ သွား ပြီ ကိုး လေ.....

Wednesday, June 19, 2013

T-ara Roly Poly dance cover

A Pink - My My (Dance Version) HD


Monday, May 27, 2013

တရုတ်ပြည် မှ လက် ၀ါး တစ် ထောင် အက


ရန်ကုန်မထသကားပေါ်က Harlem Shake


Sunday, April 14, 2013

PSY ရဲ့ Gentleman ကကွက် အသစ်





PSY ရဲ့ Gentleman ကကွက် အသစ်

Gangnam Style နဲ့ You Tube မှာ နံပါတ်၁ ဖြစ်နေခဲ့တဲ့ PSY ရဲ့ Style အသစ်၊ ကဟန် အသစ်နဲ့ သီချင်းအသစ် မနေ့က Youtube မှာ Official တင်ပေးထားခဲ့တာ တွေ့ရပါတယ်။

၁ရက်တောင် မပြည့်သေးတဲ့ အချိန်မှာ ကြည့်ရှုသူ ၁၀သန်းကျော် ရှိသွားပြန်ပါပြီ။ ပထမသီချင်း Gangnam Style ရဲ့ Theme တွေကို ပြန်လည် သုံးထားတာ တွေ့ရပါတယ်။ ကကွက်ကတော့ Gangnam Style တုန်းကလို ရိုးရှင်းလွယ်ကူပြီး လူတိုင်း လိုက်ကလို့ကောင်းမဲ့ ပုံစံမျိုး ဖန်တီးထားတာ တွေ့ရပါတယ်။ ပထမသီချင်းရဲ့ အောင်မြင်မှုကို ထပ်ပြီး စိန်ခေါ်နိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရပါမယ်။

http://www.youtube.com/watch?v=ASO_zypdnsQ

သီင်္ချင်းက Gentleman လို့သာ ဆိုထားပေမဲ့ ရိုက်ကူးချက် တွေကတော့ Gentleman လုံးဝ မဆန်ပါဘူး။ စာသားတွေကို English Translation ရှာကြည့်တဲ့ အခါမှာတော့ အောက်ပါ အတိုင်း တွေ့ရပါတယ်။

(PS: Gentleman ရဲ့ နောက်ဆုံးပိုင်း ကကွက်က Lady Gaga ရဲ့ Badromance ထဲက ကကွက်ပုံစံနဲ့ ဆင်နေသလိုမျိုး ထင်မိပါတယ်။ ဒါပေမဲ့ သေချာ ပြန်ယှဉ်ကြည့်တော့ မတူပါဘူး။)

Full Translation:

I don't know if you know why it needs to be hot
I don't know if you know why it needs to be clean
I don't know if you know, it'll be a problem if you're confused
I don't know if you know but we like, we we we like to party

Hey there
If I'm going to introduce myself
I'm a cool guy with courage, spirit and craziness
What you wanna hear, what you wanna do is me
Damn! Girl! You so freakin sexy!

Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a mother father gentleman

Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a mother father gentleman

I'm a, ah I'm a
I'm a mother father gentleman
I'm a, ah I'm a
I'm a mother father gentleman

I'm a, ah I'm a
I'm a mother father gentleman
I'm a, ah I'm a
I'm a mother father gentleman

I'm a, ah I'm a
I'm a mother father gentleman
I'm a, ah I'm a
I'm a mother father gentleman

I don't know if you know why it needs to be smooth
I don't know if you know why it needs to be sexy
I don't know if you know darling, hurry and come be crazy
I don't know if you know, it's crazy, crazy, hurry up

Hey there
Your head, waist, legs, calves
Good! Feeling feeling? Good! It's soft
I'll make you gasp and I'll make you scream
Damn! Girl! I'm a party mafia!

Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a mother father gentleman

Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a...
Ah Ah Ah Ah I'm a mother father gentleman

I'm a, ah I'm a
I'm a mother father gentleman
I'm a, ah I'm a
I'm a mother father gentleman

Gonna make you sweat.
Gonna make you wet
You know who I am Wet PSY

Gonna make you sweat.
Gonna make you wet.
You know who I am
Wet PSY! Wet PSY! Wet PSY! Wet PSY! PSY! PSY! PSY!
Ah I'm a mother father gentleman

I'm a, ah I'm a
I'm a mother father gentleman
I'm a, ah I'm a, I'm a mother father gentleman

Mother father gentleman

Mother father gentleman

http://www.youtube.com/watch?v=ASO_zypdnsQ

TSJ
OfficialPSY, policymic