Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

Thursday, April 18, 2019

က်ြန္မတို႔ရဲ႕အခက္အခဲမ်ားစြာေၾကာင့္ ဒီပိုစ္႔ေလးကိုတင္ၿပီး ေမတၱာရပ္ခံပါတယ္

မေျပာမျဖစ္ေတာ့တဲ့ က်ြန္မတို႔ရဲ႕အခက္အခဲမ်ားစြာေၾကာင့္
ဒီပိုစ္႔ေလးကိုတင္ၿပီး ေမတၱာရပ္ခံပါတယ္။
ဒီစာကိုလည္းဆံုးေအာင္ဖတ္ေစခ်င္ပါတယ္။

ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းေက်းရြာအုပ္စုမွာရွိတဲ႔
က်ြန္မတို႔ေနထိုုင္ ထိန္းသိမ္းေစာင့္ေရွာက္ေနရတဲ႔အိမ္ဟာ အိမ္တစ္လံုးပါ။
အိမ္ကိုတည္ေဆာက္ခဲ႔တဲ႔ အဖိုးဦးစစ္ဟန္ဟာ
ေစာ္ဘြားမဟုတ္သလို အိမ္ဟာလည္း ေစာ္ဘြားေဟာ္မဟုတ္ပါဘူး
ဒါေပမဲ႔ အခုေနာက္ပိုင္းမွာ လာလည္ၾကတဲ႔ဧည့္သည္မ်ားလာတာနဲ႔အမ်ွ
အိမ္က ပိုနာမည္ႀကီးလာတယ္
fb ေပၚမွာ ပိုပိုသာသာေတြ ေရးတင္ၾကတယ္
comment ေတြမ်ိဳးစံုေပးၾကတယ္ ၿမိဳ႕ခံလူထုကလည္း
က်ြန္မတို႔ရဲ႕အိမ္ကိုၿမိဳ႕ရဲ႕ဂုဏ္ေဆာင္ေနရာတစ္ခုအျဖစ္
သတ္မွတ္ၿပီး ဧည့္သည္ေတြကို ဖိတ္ေခၚျပသၾကတယ္
အဲဒီအခါ က်ြန္မတို႔နဲ႔ အသက္ ၉၄ ႏွစ္ရွိၿပီျဖစ္တဲ႔
က်ြန္မတို႔အဖိုးအတြက္ အခက္အခဲမ်ားစြာရွိလာပါတယ္
တစ္ခ်ိိဳ႕ကေျပာၾကမယ္
ကိုယ္ေခၚလာတဲ႔ဧည့္သည္ကတစ္ခါတေလဘဲလို႔ထင္မယ္
ဒါေပမဲ႔က်ြန္မတို႔မွာက ေန႔တိုင္းလိုျဖစ္ေနပါတယ္
လာတဲ့ ဧည့္သည္ေတြမွာလည္း
အိမ္ကိုေသခ်ာစိတ္ဝင္စားလို႔
႔ေလ့လာခ်င္တဲ႔သူေတြပါတယ္
ပံုတင္ရၿပီးေရာေပၚပင္ေလ်ွာက္သြားေနၾကတဲ့သူေတြပါတယ္
ဘုရားဖူးရင္းႀကံဳလို႔
ဘာရယ္မဟုတ္လူဆယ္နဲ႔ခ်ီၿပီး
တစ္အိမ္လံုးေမြႊေနာက္သြားၾကတဲ႔သူေတြပါတယ္
အိမ္ထဲကပစၥည္းေတြ
ေလ်ွာက္ကိုင္ၿပီးဘာေတြ
ရြတ္ေနမွန္းမသိရြတ္ေနတဲ႔သူေတြပါတယ္
ၿမိဳ႕ခံေတြပါလာၿပီး အိမ္ထဲအိမ္ျပင္
ဓါတ္ပံုေလ်ွာက္ရိုုက္တဲ႔႔သူေတြပါတယ္
ၿမိဳ႕ခံမပါဘဲအိမ္ထဲဇြတ္ဝင္လာၿပီး အိမ္ရွင္ကိုေျပာစရာမလိုဘူးလို႔
သတ္မွတ္ၿပီးျပတိုက္လို ဝင္ထြက္သြားလာေနၾကတဲ႔သူေတြပါတယ္
တစ္ေယာက္ထဲလာၿပီးဟိုဝင္ၾကည့္ဒီဝင္ၾကည့္လူေတြပါတယ္။

တစ္ခါတစ္ေလ ကိုယ္ခ်င္းစာမိေစခ်င္ပါတယ္ ငါတို႔အိမ္မ်ား
ဒီလိုဝင္ရင္ဆိုတဲ႔အေတြးမ်ိဳးနဲ႔ေပါ့
တစ္ခ်ိဳ႕ကလည္းတစ္ေန႔လံုးမွာ
ကိုယ္တစ္ႀကိမ္ထဲဧည့သည္ေခၚလာတယ္ထင္ၾကတယ္
အေရွ႕မွာမနက္မိုးလင္းကတည္းကဧည့္သည္ေတြဝင္ထြက္ေနတာမသိဘူး
တစ္ခ်ိဳ႕ကလည္းထင္ၾကမယ္
ဘာျဖစ္လို႔မ်ားလက္မခံခ်င္ျဖစ္ေနၾကတာလဲ နာမည္ႀကီးေတာ့ မေကာင္းဘူးလား
လာကန္ေတာ့ၾကေတာ့မေကာင္းဘူးလားလို႔
မေကာင္းပါဘူး ၉၄ ႏွစ္
ေျခတရြတ္ဆြဲၿပီးေလ်ွာက္ေနရၿပီျဖစ္တဲ႔ အဖိုးႀကီးတစ္ေယာက္
ကန္ေတာ့စာရမွ အဆင္ေျပမွာ မဟုတ္တဲ႔အဖိုးႀကီးတစ္ေယာက္အတြက္
ကန္ေတာ့ခံရတာ
ဧည့္ခံရတာ ဒီအိမ္ကို
ဘယ္ႏွစ္ခုႏွစ္တုန္းက
ဘယ္ေလာက္နဲ႔
ေရႊဘယ္ႏွစ္က်ပ္သားနဲ႔ ဆိုၿပီးေမးတိုင္းေျဖေနရတာ
ဆြဲလြဲဓါတ္ပံုရိုက္ခံၿပီး
fb ေပၚေရာက္ရတာ
ပင္ပန္းလြန္းပါတယ္
ေအးေအးခ်မ္းခ်မ္း
အနားယူျခင္တဲ႔အဖိုးႀကီးအတြက္ ေျပးလႊားေဆာ့ကစားခ်င္တဲ႔
ကေလးေတြအတြက္
ေန႔တိုင္းအဆင္မေျပပါဘူး
အခုဆိုရင္ က်ြန္မတို႔အိမ္ရွင္ေတြ ထမင္းစားခ်ိန္ အဝတ္ေလ်ွာ္ေရခ်ိဳးခ်ိန္ စိတ္တထင့္ထင့္နဲ႔ အၿမဲတမ္းတံခါးပိတ္ထားရပါတယ္
ကိုယ့္ေတြငယ္တုန္းကအိမ္ၿခံဝင္းထဲမွာေျပးလႊားေဆာ့ကစားခဲ႔ရေပမဲ႔
က်ြန္မတို႔ကေလးေတြ ဘယ္အခ်ိန္ ဘယ္လိုဧည့္သည္မ်ိဳး
ေရာက္လာမလဲမသိတဲ႔အတြက္
အိမ္ေရွ႕ကိုထြက္ခြင့္မရပါဘူး
အၿမဲတမ္းတံခါးပိတ္ၿပီး
ပုန္းေနရပါတယ္
ဆိုင္ကယ္ေတြမဆင္မျခင္
တက္လာအတြက္ အဖိုးလည္း
အိမ္ဝင္းထဲလမ္းေလ်ွာက္ဖို႔
အခက္အခဲျဖစ္ပါတယ္
ကိုယ့္အတြက္ ဘာအက်ိဳးမွ မရွိဘဲလိုင္းေပၚေလ်ွာက္တင္ၾကတာကိုမလုပ္ေစခ်င္ပါဘူး
မွတ္တမ္းတင္ Video ရိုက္ဖို႔လာ
ၾကတယ္ က်ြန္မတို႔အိမ္က
ဘာမွတ္တမ္းမွတင္စရာမလိုပါဘူး
အိမ္ပါ
ပိုက္ဆံဝင္ေငြေကာင္းခဲ႔တုန္းက
ေဆာက္ခဲ႔လို႔ႀကီးေနတဲ႔
အိမ္တစ္လံုးသက္သက္ပါ
ေဟာ္နန္းမဟုတ္သလို ေစာ္ဘြားသံုးတဲ႔ပစၥည္းေတြလည္းျပမထားပါဘူး ကိုယ့္စီးပြားကိုယ္ရွာစားေနရတဲ႔အတြက္ အိမ္ကိုတတ္ႏိုင္
သေလာက္ထိ္န္းသိမ္းထားႏိုင္ရံုကလြဲလို႔
လူေနအိမ္ျဖစ္ေနတာရယ္
အခေၾကးေငြယူျပစားေနတာ
မဟုတ္တာရယ္ေၾကာင့္
လူျမင္ေကာင္းေအာင္
ဧည့္သည္လာတိုင္းဧည့္ခံ
ေနႏိုင္ေအာင္ တစ္ၿခံလံုးရွင္းလင္းလွပေနေအာင္
(အိမ္ကိုမဖိတ္ေခၚဘဲလာၿပီး
နာမည္ႀကီးလို႔လာၾကည့္တာ
အိမ္နဲ႔လမ္းေဘးခ်ံဳေတြနဲ႔ေတာင္
မလိုက္ဘူးလို႔ကဲ႔ရဲ႕ခံခဲ႔ဖူးတဲ႔
အတြက္) မတတ္ႏိုင္ပါဘူး
ေနာက္တစ္ခုက က်ြန္မတို႔အိမ္ဟာ ဆိုင္ကယ္ေလ့က်င့္ကြင္း
မဟုတ္ပါဘူး
အသီးအရြက္ေတြခြင့္မေတာင္းဘဲတက္ခူးစရာေနရာ
ေဆးတက္သံုးတဲ႔ေနရာ
ရည္းစားခ်ိန္းတဲ႔ေနရာ
ႏြားလြတ္တဲ႔ေနရာလည္း
မဟုတ္ပါဘူး
အိမ္သားေတြအတက္အဆင္းမ်ားလို႔အခက္အခဲရွိတဲ႔အတြက္
ေသာ့မခတ္ျဖစ္ေပမဲ့
ၿခံတံခါးကိုပိတ္ထားပါတယ္
ခြင့္မေတာင္းဘဲတြန္းမဝင္ဖို႔
အေရးႀကီးတဲ႔ မျဖစ္မေနပို႔ရမဲ႔
ဧည့္သည္မ်ိဳးကလြဲလို႔
ဝင္ခ်င္တိုင္းဝင္
ထြက္ခ်င္တိုင္းထြက္လို႔ရတဲ႔ေနရာမဟုတ္ဘူးလို႔ ၿမိဳ႕ခံမ်ားက
ေျပာျပေပးဖို႔ ေမတၲာရပ္ခံပါတယ္
အခုက်ြန္မတင္တဲ့ ပိုစ့္မွာ က်ြန္မတို႔အခက္အခဲကိုကိုယ္ခ်င္းစာတဲ႔
ေဆြမကင္းမ်ိဳးမကင္း
အားလံုးနဲ႔(ဘာရည္ရြယ္ခ်က္မွမရွိဘဲ လူမ်ားမ်ားသိေစခ်င္ရံု
သက္သက္)မိတ္ေဆြမ်ားတဲ႔
က်ြန္မရဲ႕ friend ေတြကို tag တြဲထားပါတယ္
အဲဒီအတြက္အဆင္မေျပမႈမ်ား
ရွိခဲ႔ရင္ေတာင္းပန္ပါတယ္
ကိုယ္ခ်င္းစာတရားနဲ႔
ကိုယ့္အိမ္ကုိယ္ေနၿပီး
စိတ္ဒုကၡမ်ားရတဲ႔က်ြန္မတို႔ကိုနားလည္ေပးပါ
ေနာက္ဆံုးေျပာခ်င္တာက
ဧည့္သည္တိုင္းကိုအတတ္ႏိုင္ဆံုး
ေရွာင္ေပးၿပီး
မလြႊဲမေရွာင္သာတဲ႔ဧည့္သည္မ်ိဳးဆိုရင္လည္း
တေလးတစားခြင့္ေတာင္းၿပီး
ပို႔တတ္တဲ႔ နားလည္မႈအျပည့္ရွိတဲ႔
က်ြန္မတို႔ရဲ႕အုပ္ခ်ဳပ္ေရးမွဴး
ကိုေတာ့ေက်းဇူးတင္ပါတယ္လို႔ပါ

Crd: MaySandar

Sunday, January 6, 2019

ဗုဒၶဘာသာတုိ႔ရဲ႕ အထင္ကရေနရာတစ္ခု ျဖစ္တဲ့ ရာဇၿဂဳိဟ္ျပည္

ရာဇၿဂိဳဟ္ျပည္ 

ရာဇၿဂိဳဟ္ျပည္ သည္ အိႏၵိယႏိုင္ငံ ဗီဟာျပည္နယ္၊ နာလႏၵာခ႐ိုင္တြင္ တည္ရွိသည္။ ရာဇၿဂိဳဟ္သည္ ေရွးယခင္က မဇၩိမတိုက္၌ ပါဝင္ေသာ တိုင္းႀကီး ၁၆ တိုင္းအနက္ မာဂဓတိုင္း၏ ပထမဆုံး ၿမိဳ႕ေတာ္ျဖစ္သည္။ စတင္တည္ေထာင္သည့္ႏွစ္ကို မသိရေသာ္လည္း ဘီစီ ၁၀၀၀ ခန္႔က ေႂကြထည္ပစၥည္းမ်ားကို ၿမိဳ႕တြင္းတြင္ တူးေဖာ္ရရွိခဲ့သည္။ ရာဇၿဂိဳဟ္သည္ ဗုဒၶဘာသာႏွင့္ ဂ်ိန္းဘာသာတို႔အတြက္ အထင္ကရေနရာတစ္ခုျဖစ္သည္။ အဇာတသတ္မင္းႀကီးက အေထာက္အကူျပဳၿပီး အသၽွင္မဟာကႆပ ဦးေဆာင္၍ ပထမအႀကိမ္သဂၤါယနာကို ရာဇၿဂိဳဟ္၌ က်င္းပျပဳလုပ္ခဲ့သည္။

ရာဇၿဂိဳဟ္သည္ ေတာင္မ်ားပတ္လည္ဝိုင္းေနသည့္ ေတာင္ၾကားေဒသတြင္ တည္ရွိသည္။ ေရပူစမ္းမ်ား ရွိျခင္းေၾကာင့္ က်န္းမာေရးႏွင့္ ေဆာင္းရာသီ အနားယူရာေနရာအျဖစ္ စည္ကားသည္။ ထိုေရပူစမ္းမ်ားတြင္ ေရခ်ိဳးပါက အေရျပားေရာဂါမ်ား ေပ်ာက္ကင္းသည္ဟု အယူရွိၾကသည္။ ေဝဘာရေတာင္ရွိ သတၱပဏၰိလိုဏ္ဂူမွာ ရာဇၿဂိဳဟ္ေရပူစမ္း စတင္ရာေနရာျဖစ္ကာ ဗုဒၶဘာသာ၊ ဂ်ိန္းဘာသာႏွင့္ ဟိႏၵဴဘာသာမ်ား၏ အထြတ္အျမတ္ထားရာ ေနရာတစ္ခုလည္းျဖစ္သည္။ အျခားလည္ပတ္စရာေနရာတစ္ခုမွာ ရတနာဂီရိေတာင္ျဖစ္ၿပီး ေတာင္ထိပ္တြင္ ဂ်ပန္ႏိုင္ငံမွ လာေရာက္တည္ထားေသာ ကမၻာ့ၿငိမ္းခ်မ္းေရးေစတီ ႏွင့္ ဘုန္းႀကီးေက်ာင္းမ်ား တည္ရွိသည္။

ရာဇၿဂိဳဟ္၏ အပူခ်ိန္မွာ အျမင့္ဆုံး ၄၀° စင္တီဂရိတ္၊ အနိမ့္ဆုံး ၂၀° စင္တီဂရိတ္ရွိကာ ေဆာင္းရာသီတြင္ အျမင့္ဆုံး ၂၈° စင္တီဂရိတ္ႏွင့္ အနိမ့္ဆုံး ၆° စင္တီဂရိတ္ခန္႔ ရွိသည္။ မိုးေရခ်ိန္မွာ ဇြန္လလယ္မွ စက္တင္ဘာလလယ္အထိ ၁,၈၆၀ မီလီမီတာ ျဖစ္ေလသည္။ ေအာက္တိုဘာလမွ မတ္လအထိမွာ ပူေႏြးေျခာက္ေသြ႕ေသာ ရာသီဥတုျဖစ္သည္။

ေဝဠဳဝနရွိ ဝါးပင္မ်ား
၂၀၁၁ ခုႏွစ္ အိႏၵိယႏိုင္ငံ သန္းေခါင္စာရင္းအရ ရာဇၿဂိဳဟ္၏ လူဦးေရမွာ ၄၁,၅၈၇ ေယာက္ျဖစ္သည္။ အမ်ိဳးသား ၅၄ % ႏွင့္ အမ်ိဳးသမီး ၄၇ % ျဖစ္သည္။ ရာဇၿဂိဳဟ္၏ ပ်မ္းမၽွစာတတ္ေျမာက္မႈႏႈန္းမွာ ၅၂ % ျဖစ္ကာ အမ်ိဳးသားစာတတ္ေျမာက္ႏႈန္း ၆၁ % ႏွင့္ အမ်ိဳးသမီး စာတတ္ေျမာက္ႏႈန္း ၄၁ % ျဖစ္သည္။ လူဦးေရ၏ ၁၉ % မွာ အသက္ေျခာက္ႏွစ္ေအာက္မ်ား ျဖစ္ၾကသည္။ သမိုင္းေၾကာင္းမ်ားအရ ရာဇၿဂိဳဟ္သည္ အင္ပါယာမ်ား၏ ၿမိဳ႕ေတာ္ျဖစ္ခဲ့ျခင္းေၾကာင့္ အေရးပါေနရာတစ္ခုျဖစ္သည္။ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ေနရာမ်ားမွာ အဇာတသတ္မင္း အုပ္စိုးစဥ္က က်န္ရစ္ေသာ ေရွးၿမိဳ႕႐ိုးေဟာင္း၊ ဗိမၼိသာရအက်ဥ္းေထာင္၊ ေဝဠဳဝန္ေက်ာင္းေတာ္၊ ရတနာဂီရိေတာင္၊ သတၱပဏၰိလိုဏ္ဂူ၊ ႏွင့္ ေတာင္ငါးလုံးထိပ္ရွိ ဂ်ိန္းဘုရားေက်ာင္းမ်ား ျဖစ္သည္။

ေရပူစမ္း
ရာဇၿဂိဳဟ္သည္ ေဒသအေခၚ Brahmakund ဟုေခၚသည့္ ေရပူစမ္းမ်ားေၾကာင့္လည္း ေက်ာ္ၾကားသည္။ ယင္းေရပူစမ္းမွာ ဟိႏၵဴဘာသာဝင္တို႔၏ အထြတ္အျမတ္ေနရာတစ္ခုလည္း ျဖစ္သည္။ ေနာက္ေနရာတစ္ခုမွာ Vishwa Shanti Stupa အမည္ရွိ ၁၉၆၉ ခုႏွစ္က တည္ထားခဲ့ေသာ ၿငိမ္းခ်မ္းေရးေစတီျဖစ္သည္။ အၾကမ္းဖက္မႈမ်ားရပ္တန္႔ရန္၊ ၿငိမ္းခ်မ္းေရးျပန္႔ပြားေစရန္ ရည္႐ြယ္၍ တစ္ကမၻာလုံးတြင္ ေစတီေပါင္း ၈၀ တည္ထားခဲ့သည့္အနက္ တစ္ဆူအပါအဝင္ျဖစ္သည္။


ၿငိမ္းခ်မ္းေရးေစတီ
ေဝဠဳဝန လူလုပ္သစ္ေတာေဘးတြင္ ဂ်ပန္ဘုရားေက်ာင္းတည္ရွိသည္။ ဗိမၼိသာရမင္းႀကီး၏ေကာင္းမႈျဖစ္ေသာ ေဝဠဳဝန္ေက်ာင္းေတာ္သည္လည္း ထိုေနရာတြင္ တည္ရွိသည္။ ေခမာမိဖုရားကို ေခ်ခၽြတ္ရာအထိမ္းအမွတ္အျဖစ္ ေက်ာင္းေဆာင္တစ္ခု ေဆာက္လုပ္ထားသည္။ ရွဥ့္နက္တို႔ကို အစားေကၽြး၍ ေဘးမဲ့ေပးရာ ကလႏၵကေရကန္လည္း ရွိသည္။ အဂၢသာဝကႀကီးႏွစ္ပါး အပါအဝင္ ရဟႏၲာ(၁၂၅၀)ပါးတို႔ကို ဩဝါဒပါတိေမာက္တရားေတာ္ ေဟာၾကားေတာ္ မူေသာေနရာ၌ ႐ုပ္ပြားေတာ္တစ္ဆူ တည္ထားသည္။ အေလာင္းေတာ္ဘဝက ဗိမၼိသာရမင္းႀကီးကို ေပးထားေတာ္မူခဲ့ေသာ ကတိအတိုင္း ဘုရားျဖစ္ၿပီးေနာက္ ရဟႏၲာအပါး တစ္ေထာင္ၿခံရံလ်က္ ရာဇၿဂိဳဟ္ၿမိဳ႕သို႔ အဦးဆုံးႂကြေတာ္မူခဲ့သည္။ ဗိမၼိသာရမင္းႏွင့္ ေနာက္ပါအၿခံအရံ တစ္သိန္းတစ္ေသာင္းတို႔ ေသာတာပန္တည္ၿပီးေနာက္ ေဝဠဳဝန္ေက်ာင္းေတာ္ကို ေရစက္ခ်လႉဒါန္းသည္။

ေဝဠဳဝန္ေက်ာင္းေတာ္ႀကီးသည္ သာသနာေတာ္အတြက္ အေရးပါလွေသာ ေနရာဌာနျဖစ္လာခဲ့သည္။ အရွင္သာရိပုတၱရာအေလာင္း ဥပတိႆႏွင့္ အရွင္ေမာဂၢလာန္အေလာင္း ေကာလိတ ပရဗိုဇ္တို႔လည္း အၿခံအရံ (၂၅၀)ႏွင့္အတူ သာသနာေတာ္သို႔ ဝင္ေရာက္လာၾကၿပီး အဂၢသာဝကႀကီးမ်ားအျဖစ္ ခ်ီးျမႇင့္ျခင္းခံရသည္။ တပို႔တြဲ လျပည့္ေန႔၌ (၁၂၅၀)ေသာရဟႏၲာမ်ားအား ဩဝါဒပါတိေမာက္တရား ေဟာၾကားေတာ္မူခဲ့သည္။ ရာဇၿဂိဳဟ္ၿမိဳ႕မွ ထင္ရွားေသာ အမ်ိဳးေကာင္းသားမ်ားလည္း သာသနာေတာ္သို႔ ဝင္ေရာက္လာၾကသည္။ ရဟန္းျပဳလာသူတို႔ မ်ားျပားလွ သျဖင့္ သာသနာေတာ္ကို မၾကည္ၫိုသူတို႔က “ရဟန္းေဂါတမဟာ မ်ိဳးဆက္ျပတ္ေအာင္ ျပဳလုပ္ေနတယ္။ မုဆိုးမျဖစ္ေအာင္ ျပဳလုပ္ေနတယ္” ဟုပင္ ေစာင္းေျမာင္းေျပာဆိုခဲ့ၾကသည္။

အလွမာန္ယစ္ေနသူ ေခမာမိဖုရားပင္လၽွင္ ဘုရားရွင္၏ တရားေတာ္ကို နာယူရၿပီးေနာက္ ဘိကၡဳနီျပဳကာ ပညာအရာ၌ ဧတဒဂ္ရေသာ အဂၢသာဝိကာအျဖစ္သို႔ ေရာက္ရွိခဲ့သည္။ ရာဇၿဂိဳဟ္၌ ဘုရားရွင္သည္ (၅)ဝါသီတင္းသုံး၍ ဝါဆိုဝါကပ္ေတာ္မူခဲ့ၿပီး သာဝတၳိၿပီးလၽွင္ သာသနာေတာ္ အတြက္ အလြန္အေရးပါေသာ ေနရာဌာနျဖစ္ခဲ့သည္။

ေတာင္ငါးလုံး၏ အျပင္ဖက္တြင္ အဂၤလိပ္ေခတ္က ေဆာက္လုပ္ခဲ့ေသာ ရာဇၿဂိဳဟ္ျမန္မာဘုန္းေတာ္ႀကီးေက်ာင္း တည္ရွိသည္။ အဇာတသတ္မင္း၏ ၿမိဳ႕သစ္ႏွင့္ ကပ္လ်က္ျဖစ္သည္။ သတၱပဏၰိလိုဏ္ဂူမွာ ေဝဘာရေတာင္တြင္ တည္ရွိကာ ဗိမၼိသာရမင္းႀကီး၏ ေ႐ႊဘ႑ာတိုက္ဟု ဆိုၾကသလို ပထမသဂၤါယနာတင္ရာ ေနရာျဖစ္သည္ဟုလည္း အဆိုရွိသည္။ ဘုရားရွင္၏ ဓာတ္ေတာ္မ်ားကို အရွင္မဟာကႆပ၏ ၫႊန္ၾကားခ်က္အရ အဇာတသတ္မင္းက မဏိယာမတ္တြင္ လၽွိဳ႕ဝွက္စြာ ျမႇဳပ္ႏွံခဲ့သည္။ စာေပအရ ေျမေအာက္သို႔ အေတာင္(၈၀)ခန္႔ တူးၿပီး ဓားစက္လွံစက္ မ်ားဆင္၍ ခမ္းနားႀကီးက်ယ္စြာ ျမႇဳပ္ႏွံခဲ့ၿပီး အေသာကမင္းႀကီးလက္ထက္တြင္ ျပန္လည္တူးေဖာ္ကာ ဓာတ္ေတာ္မ်ားကို ေစတီေပါင္း ရွစ္ေသာင္းေလးေထာင္ တည္ထားခဲ့သည္။

ဂိဇၩကုဋ္ေတာင္ေျခတြင္ ဆရာဇီဝကလႉဒါန္းခဲ့ေသာ သရက္ဥယ်ာဥ္ ေက်ာင္းေတာ္ရာ တည္ရွိသည္။ ဖခင္ကို လုပ္ႀကံခဲ့ေသာ အဇာတသတ္မင္းသည္ ေနာင္တစိတ္ျဖင့္ ပူေလာင္ေနသျဖင့္ တန္ေဆာင္မုန္းလျပည့္ည ညီလာခံက်င္းပခိုက္ မည္သည့္ပုဂၢိဳလ္ကို သြားေရာက္ဖူးေျမာ္ရပါမည္လဲဟု အမတ္မ်ားကို ေမးျမန္းခဲ့သည္။ ေဆးဆရာႀကီးဇီဝက၏ လမ္းၫႊန္ခ်က္အရ ဆင္အစီးေပါင္း (၅၀၀)ျဖင့္ ဘုရားရွင္ထံ သြားေရာက္ဖူးေျမာ္သည္။ ဘုရားရွင္က တန္ေဆာင္းဝန္း၏ အလယ္တိုင္ကိုမွီ၍ အေရွ႕ဘက္သို႔ မ်က္ႏွာမူကာ ရဟန္း သံဃာအေပါင္းၿခံရံကာ ထိုင္ေနသည္။ ရဟန္းသံဃာ(၁၂၅၀)ထိုင္ေနပါလ်က္ ဘာသံမွမၾကားရဘဲ တိတ္ဆိတ္ၿငိမ္သက္ ေနပုံကို အဇာတသတ္မင္း ျမင္ရေသာအခါ သဒၶါတရားမ်ားျဖစ္ေပၚလာၿပီး ဝမ္းေျမာက္ဝမ္းသာဥဒါန္းမ်ား က်ဴးရင့္သည္။

အာဋာနာဋိယသုတ္ ေဟာေတာ္မူခဲ့ရာေနရာ
ဘုရားရွင္ထံ ရဟန္းျပဳရျခင္း၏အက်ိဳးကို ေမးျမန္းေလၽွာက္ထားသျဖင့္ သာမညဖလသုတ္ ကို ေဟာၾကားေတာ္မူသည္။ သာမညဖလသုတ္ကို နာၾကားရၿပီးေနာက္ သာသနာေတာ္ကို လႈိက္လႈိက္လွဲလွဲၾကည္ၫိုလာခဲ့ၿပီး ဘုရားရွင္ ပရိနိဗၺာန္ စံၿပီးေသာအခါ ပထမသဂၤါယနာတင္ပြဲ အထေျမာက္ေအာင္ စီစဥ္ေပးႏိုင္ေသာ သာသနာ႔ဒါယကာတစ္ဦး ျဖစ္လာခဲ့သည္။

ဂိဇၩကုဋ္ေတာင္ထိပ္တြင္ သဘာဝေက်ာက္လိုဏ္ဂူျဖစ္ေသာ အရွင္သာရိပုတၱရာလိုဏ္ဂူ တည္ရွိသည္။ ထိုေနရာမွ ဆက္၍တက္သြားလၽွင္ ဘုရားရွင္သီတင္းသုံးေတာ္မူခဲ့ေသာ ဂႏၶကုဋီေက်ာင္းေတာ္ရာသို႔ ေရာက္ရွိသည္။ ထိုေနရာ၌ ဘုရားရွင္သည္ အာဋာနာဋိယသုတ္၊ မဟာေဂါဝိႏၵသုတ္ အစရွိေသာ သုတၱန္ေဒသနာေတာ္မ်ားကို ေဟာၾကားေတာ္ မူခဲ့သည္။ ဂႏၶကုဋီေက်ာင္းေတာ္ရာေအာက္နားရွိ လိုဏ္ဂူငယ္သည္ အရွင္အာနႏၵာ၏ လိုဏ္ဂူျဖစ္သည္။

ဗိမၼိသာရအက်ဥ္းေထာင္

       ဂ်ိန္းဘုရားေက်ာင္း
ဦးဉာဏ (ႂကြယ္အိပ္ပြဲ) (ေဖေဖာ္ဝါရီ ၂၀၁၅). “ဗုဒၶဂါယာ သံေဝဇနိယ ေလးဌာန ဘုရားဖူး”. သူရဇၨမဂၢဇင္း
နာလႏၵာတကၠသိုလ္၊ ရာဇၿဂိဳဟ္ႏွင့္ သမုိင္းကေပးေသာ သခၤန္းစာမ်ား – ေအာင္သိဒၶိဘေလာ့
Myanmar Wikipedia




















.........................................
ဗုဒ္ဓဘာသာတို့ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်တဲ့ ရာဇဂြိုဟ်ပြည် (unicode)

ရာဇဂြိုဟ်ပြည် သည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ နာလန္ဒာခရိုင်တွင် တည်ရှိသည်။ ရာဇဂြိုဟ်သည် ရှေးယခင်က မဇ္ဈိမတိုက်၌ ပါဝင်သော တိုင်းကြီး ၁၆ တိုင်းအနက် မာဂဓတိုင်း၏ ပထမဆုံး မြို့တော်ဖြစ်သည်။ စတင်တည်ထောင်သည့်နှစ်ကို မသိရသော်လည်း ဘီစီ ၁၀၀၀ ခန့်က ကြွေထည်ပစ္စည်းများကို မြို့တွင်းတွင် တူးဖော်ရရှိခဲ့သည်။ ရာဇဂြိုဟ်သည် ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာတို့အတွက် အထင်ကရနေရာတစ်ခုဖြစ်သည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အသျှင်မဟာကဿပ ဦးဆောင်၍ ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရာဇဂြိုဟ်သည် တောင်များပတ်လည်ဝိုင်းနေသည့် တောင်ကြားဒေသတွင် တည်ရှိသည်။ ရေပူစမ်းများ ရှိခြင်းကြောင့် ကျန်းမာရေးနှင့် ဆောင်းရာသီ အနားယူရာနေရာအဖြစ် စည်ကားသည်။ ထိုရေပူစမ်းများတွင် ရေချိုးပါက အရေပြားရောဂါများ ပျောက်ကင်းသည်ဟု အယူရှိကြသည်။ ဝေဘာရတောင်ရှိ သတ္တပဏ္ဏိလိုဏ်ဂူမှာ ရာဇဂြိုဟ်ရေပူစမ်း စတင်ရာနေရာဖြစ်ကာ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဟိန္ဒူဘာသာများ၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်သည်။ အခြားလည်ပတ်စရာနေရာတစ်ခုမှာ ရတနာဂီရိတောင်ဖြစ်ပြီး တောင်ထိပ်တွင် ဂျပန်နိုင်ငံမှ လာရောက်တည်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ နှင့် ဘုန်းကြီးကျောင်းများ တည်ရှိသည်။

ရာဇဂြိုဟ်၏ အပူချိန်မှာ အမြင့်ဆုံး ၄၀° စင်တီဂရိတ်၊ အနိမ့်ဆုံး ၂၀° စင်တီဂရိတ်ရှိကာ ဆောင်းရာသီတွင် အမြင့်ဆုံး ၂၈° စင်တီဂရိတ်နှင့် အနိမ့်ဆုံး ၆° စင်တီဂရိတ်ခန့် ရှိသည်။ မိုးရေချိန်မှာ ဇွန်လလယ်မှ စက်တင်ဘာလလယ်အထိ ၁,၈၆၀ မီလီမီတာ ဖြစ်လေသည်။ အောက်တိုဘာလမှ မတ်လအထိမှာ ပူနွေးခြောက်သွေ့သော ရာသီဥတုဖြစ်သည်။

၂၀၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်းအရ ရာဇဂြိုဟ်၏ လူဦးရေမှာ ၄၁,၅၈၇ ယောက်ဖြစ်သည်။ အမျိုးသား ၅၄ % နှင့် အမျိုးသမီး ၄၇ % ဖြစ်သည်။ ရာဇဂြိုဟ်၏ ပျမ်းမျှစာတတ်မြောက်မှုနှုန်းမှာ ၅၂ % ဖြစ်ကာ အမျိုးသားစာတတ်မြောက်နှုန်း ၆၁ % နှင့် အမျိုးသမီး စာတတ်မြောက်နှုန်း ၄၁ % ဖြစ်သည်။ လူဦးရေ၏ ၁၉ % မှာ အသက်ခြောက်နှစ်အောက်များ ဖြစ်ကြသည်။ သမိုင်းကြောင်းများအရ ရာဇဂြိုဟ်သည် အင်ပါယာများ၏ မြို့တော်ဖြစ်ခဲ့ခြင်းကြောင့် အရေးပါနေရာတစ်ခုဖြစ်သည်။ ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများမှာ အဇာတသတ်မင်း အုပ်စိုးစဉ်က ကျန်ရစ်သော ရှေးမြို့ရိုးဟောင်း၊ ဗိမ္မိသာရအကျဉ်းထောင်၊ ဝေဠုဝန်ကျောင်းတော်၊ ရတနာဂီရိတောင်၊ သတ္တပဏ္ဏိလိုဏ်ဂူ၊ နှင့် တောင်ငါးလုံးထိပ်ရှိ ဂျိန်းဘုရားကျောင်းများ ဖြစ်သည်။

ရာဇဂြိုဟ်သည် ဒေသအခေါ် Brahmakund ဟုခေါ်သည့် ရေပူစမ်းများကြောင့်လည်း ကျော်ကြားသည်။ ယင်းရေပူစမ်းမှာ ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်နေရာတစ်ခုလည်း ဖြစ်သည်။ နောက်နေရာတစ်ခုမှာ Vishwa Shanti Stupa အမည်ရှိ ၁၉၆၉ ခုနှစ်က တည်ထားခဲ့သော ငြိမ်းချမ်းရေးစေတီဖြစ်သည်။ အကြမ်းဖက်မှုများရပ်တန့်ရန်၊ ငြိမ်းချမ်းရေးပြန့်ပွားစေရန် ရည်ရွယ်၍ တစ်ကမ္ဘာလုံးတွင် စေတီပေါင်း ၈၀ တည်ထားခဲ့သည့်အနက် တစ်ဆူအပါအဝင်ဖြစ်သည်။

ဝေဠုဝန လူလုပ်သစ်တောဘေးတွင် ဂျပန်ဘုရားကျောင်းတည်ရှိသည်။ ဗိမ္မိသာရမင်းကြီး၏ကောင်းမှုဖြစ်သော ဝေဠုဝန်ကျောင်းတော်သည်လည်း ထိုနေရာတွင် တည်ရှိသည်။ ခေမာမိဖုရားကို ချေချွတ်ရာအထိမ်းအမှတ်အဖြစ် ကျောင်းဆောင်တစ်ခု ဆောက်လုပ်ထားသည်။ ရှဉ့်နက်တို့ကို အစားကျွေး၍ ဘေးမဲ့ပေးရာ ကလန္ဒကရေကန်လည်း ရှိသည်။ အဂ္ဂသာဝကကြီးနှစ်ပါး အပါအဝင် ရဟန္တာ(၁၂၅၀)ပါးတို့ကို ဩဝါဒပါတိမောက်တရားတော် ဟောကြားတော် မူသောနေရာ၌ ရုပ်ပွားတော်တစ်ဆူ တည်ထားသည်။ အလောင်းတော်ဘဝက ဗိမ္မိသာရမင်းကြီးကို ပေးထားတော်မူခဲ့သော ကတိအတိုင်း ဘုရားဖြစ်ပြီးနောက် ရဟန္တာအပါး တစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ အဦးဆုံးကြွတော်မူခဲ့သည်။ ဗိမ္မိသာရမင်းနှင့် နောက်ပါအခြံအရံ တစ်သိန်းတစ်သောင်းတို့ သောတာပန်တည်ပြီးနောက် ဝေဠုဝန်ကျောင်းတော်ကို ရေစက်ချလှူဒါန်းသည်။

ဝေဠုဝန်ကျောင်းတော်ကြီးသည် သာသနာတော်အတွက် အရေးပါလှသော နေရာဌာနဖြစ်လာခဲ့သည်။ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မောဂ္ဂလာန်အလောင်း ကောလိတ ပရဗိုဇ်တို့လည်း အခြံအရံ (၂၅၀)နှင့်အတူ သာသနာတော်သို့ ဝင်ရောက်လာကြပြီး အဂ္ဂသာဝကကြီးများအဖြစ် ချီးမြှင့်ခြင်းခံရသည်။ တပို့တွဲ လပြည့်နေ့၌ (၁၂၅၀)သောရဟန္တာများအား ဩဝါဒပါတိမောက်တရား ဟောကြားတော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့မှ ထင်ရှားသော အမျိုးကောင်းသားများလည်း သာသနာတော်သို့ ဝင်ရောက်လာကြသည်။ ရဟန်းပြုလာသူတို့ များပြားလှ သဖြင့် သာသနာတော်ကို မကြည်ညိုသူတို့က “ရဟန်းဂေါတမဟာ မျိုးဆက်ပြတ်အောင် ပြုလုပ်နေတယ်။ မုဆိုးမဖြစ်အောင် ပြုလုပ်နေတယ်” ဟုပင် စောင်းမြောင်းပြောဆိုခဲ့ကြသည်။

အလှမာန်ယစ်နေသူ ခေမာမိဖုရားပင်လျှင် ဘုရားရှင်၏ တရားတော်ကို နာယူရပြီးနောက် ဘိက္ခုနီပြုကာ ပညာအရာ၌ ဧတဒဂ်ရသော အဂ္ဂသာဝိကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရာဇဂြိုဟ်၌ ဘုရားရှင်သည် (၅)ဝါသီတင်းသုံး၍ ဝါဆိုဝါကပ်တော်မူခဲ့ပြီး သာဝတ္ထိပြီးလျှင် သာသနာတော် အတွက် အလွန်အရေးပါသော နေရာဌာနဖြစ်ခဲ့သည်။

တောင်ငါးလုံး၏ အပြင်ဖက်တွင် အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သော ရာဇဂြိုဟ်မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိသည်။ အဇာတသတ်မင်း၏ မြို့သစ်နှင့် ကပ်လျက်ဖြစ်သည်။ သတ္တပဏ္ဏိလိုဏ်ဂူမှာ ဝေဘာရတောင်တွင် တည်ရှိကာ ဗိမ္မိသာရမင်းကြီး၏ ရွှေဘဏ္ဍာတိုက်ဟု ဆိုကြသလို ပထမသင်္ဂါယနာတင်ရာ နေရာဖြစ်သည်ဟုလည်း အဆိုရှိသည်။ ဘုရားရှင်၏ ဓာတ်တော်များကို အရှင်မဟာကဿပ၏ ညွှန်ကြားချက်အရ အဇာတသတ်မင်းက မဏိယာမတ်တွင် လျှို့ဝှက်စွာ မြှုပ်နှံခဲ့သည်။ စာပေအရ မြေအောက်သို့ အတောင်(၈၀)ခန့် တူးပြီး ဓားစက်လှံစက် များဆင်၍ ခမ်းနားကြီးကျယ်စွာ မြှုပ်နှံခဲ့ပြီး အသောကမင်းကြီးလက်ထက်တွင် ပြန်လည်တူးဖော်ကာ ဓာတ်တော်များကို စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားခဲ့သည်။

ဂိဇ္ဈကုဋ်တောင်ခြေတွင် ဆရာဇီဝကလှူဒါန်းခဲ့သော သရက်ဥယျာဉ် ကျောင်းတော်ရာ တည်ရှိသည်။ ဖခင်ကို လုပ်ကြံခဲ့သော အဇာတသတ်မင်းသည် နောင်တစိတ်ဖြင့် ပူလောင်နေသဖြင့် တန်ဆောင်မုန်းလပြည့်ည ညီလာခံကျင်းပခိုက် မည်သည့်ပုဂ္ဂိုလ်ကို သွားရောက်ဖူးမြော်ရပါမည်လဲဟု အမတ်များကို မေးမြန်းခဲ့သည်။ ဆေးဆရာကြီးဇီဝက၏ လမ်းညွှန်ချက်အရ ဆင်အစီးပေါင်း (၅၀၀)ဖြင့် ဘုရားရှင်ထံ သွားရောက်ဖူးမြော်သည်။ ဘုရားရှင်က တန်ဆောင်းဝန်း၏ အလယ်တိုင်ကိုမှီ၍ အရှေ့ဘက်သို့ မျက်နှာမူကာ ရဟန်း သံဃာအပေါင်းခြံရံကာ ထိုင်နေသည်။ ရဟန်းသံဃာ(၁၂၅၀)ထိုင်နေပါလျက် ဘာသံမှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် နေပုံကို အဇာတသတ်မင်း မြင်ရသောအခါ သဒ္ဓါတရားများဖြစ်ပေါ်လာပြီး ဝမ်းမြောက်ဝမ်းသာဥဒါန်းများ ကျူးရင့်သည်။

ဘုရားရှင်ထံ ရဟန်းပြုရခြင်း၏အကျိုးကို မေးမြန်းလျှောက်ထားသဖြင့် သာမညဖလသုတ် ကို ဟောကြားတော်မူသည်။ သာမညဖလသုတ်ကို နာကြားရပြီးနောက် သာသနာတော်ကို လှိုက်လှိုက်လှဲလှဲကြည်ညိုလာခဲ့ပြီး ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးသောအခါ ပထမသင်္ဂါယနာတင်ပွဲ အထမြောက်အောင် စီစဉ်ပေးနိုင်သော သာသနာ့ဒါယကာတစ်ဦး ဖြစ်လာခဲ့သည်။

ဂိဇ္ဈကုဋ်တောင်ထိပ်တွင် သဘာဝကျောက်လိုဏ်ဂူဖြစ်သော အရှင်သာရိပုတ္တရာလိုဏ်ဂူ တည်ရှိသည်။ ထိုနေရာမှ ဆက်၍တက်သွားလျှင် ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋီကျောင်းတော်ရာသို့ ရောက်ရှိသည်။ ထိုနေရာ၌ ဘုရားရှင်သည် အာဋာနာဋိယသုတ်၊ မဟာဂေါဝိန္ဒသုတ် အစရှိသော သုတ္တန်ဒေသနာတော်များကို ဟောကြားတော် မူခဲ့သည်။ ဂန္ဓကုဋီကျောင်းတော်ရာအောက်နားရှိ လိုဏ်ဂူငယ်သည် အရှင်အာနန္ဒာ၏ လိုဏ်ဂူဖြစ်သည်။

ဦးဉာဏ (ကြွယ်အိပ်ပွဲ) (ဖေဖော်ဝါရီ ၂၀၁၅). “ဗုဒ္ဓဂါယာ သံဝေဇနိယ လေးဌာန ဘုရားဖူး”. သူရဇ္ဇမဂ္ဂဇင်း
နာလန္ဒာတက္ကသိုလ်၊ ရာဇဂြိုဟ်နှင့် သမိုင်းကပေးသော သင်္ခန်းစာများ – အောင်သိဒ္ဓိဘလော့
Myanmar Wikipedia

Saturday, January 5, 2019

ဘန္ေကာက္ေရာက္ရင္မသြားသင့္တဲ့ ေနရာမ်ား

အဓိကက မာဗယ္ဖန္ေဂးေတြအတြက္ ဂ်င္းပါ ၀င္ေၾကးဘတ္၁ေထာင္ေက်ာ္ပါတယ္ အထဲမွာ စိတ္၀င္စားစရာသိပ္မေကာင္းတဲ့အခင္အက်င္း made in chinaအရုပ္နဲ႕ ကြာလတီမေကာင္းတဲ့ အသံုးေဆာင္ပစၥည္းေတြ ဂ်င္းထဲ့ျပီးေရာင္းတာပါ ေစ်းလဲၾကီးပါတယ္ ေနရာကလဲ ဘန္ေကာက္နဲ႕ဆို အေတာ္ေ၀းပါတယ္။

-Sunflower Heaven in Saraburi
ဂ်င္းေနၾကာပန္းခင္းပါ ဧကနည္းနည္းေလးဓာတ္ပံုရိုက္ဖို႕သက္သက္အတြက္ပဲ စိုက္ထားတာပါ ဘန္ေကာက္ကေနဆိုကား၂နာရီစီးရပါတယ္ လမ္းမွာ ကားလဲ မၾကာမၾကာပိတ္ပါတယ္ ေရာက္သြားရင္လဲ လူအမ်ားၾကီးၾကားထဲ ဓာတ္ပံုကို ေသလုေမ်ာပါးလုရိုက္ရတာပါ တခ်ိဳရက္ေတြဆို ၀င္ေၾကးေတာင္ေပးရပါေသးတယ္ ပါ့ပလစ္ ထြမ္စပို႕မရွိပါ သြားရင္ ပရိုက္ဗိတ္ကားငွားသြားမွသာေရာက္ႏိုင္ပါတယ္။

-Wat Phra Kaew
ျမဘုရားပါ ၀င္ေၾကး ဘတ္ ၅၀၀ ေပးရပါတယ္ ၀င္ျပီး ဘုရားကိုဖူးဖို႕လူအမ်ားၾကီးတိုးရပါတယ္ ဓာတ္ပံုရိုက္လို႕မရပါဘူး ဘုရားကလဲ အိမ္ေတြမွာပူေဇာ္တဲ့ ဆိုဒ္ေသးေသးေလးပါ အေ၀းကေနၾကည့္ရင္ ျမင္ရဖို႕ခက္ပါတယ္ကိုယ္ေတြဆီမွာလဲ ဒီထက္မ်ားတဲ့ တန္ခိုးၾကီးဘုရားေတြရွိလို႕ တကူးတကလူသြားတိုး ၀င္ေၾကးေပး အေ၀းၾကီးကေနမျမင္မစမ္းလွမ္းဖူးျပီး ဂ်င္းမမိေစခ်င္ပါ အတိုအျပတ္၀တ္သြားမိရင္ အထဲ၀င္ရဖို႕ ဆင္ေဘာင္းဘီတဘတ္ဘာညာထက္၀ယ္ဖို႕ ဂ်င္းထဲ့ပါလိမ့္မယ္။

-Floating Market
ဘူးဂါးေျမာင္းေလာက္အက်ယ္ကို ေဘးတဖက္တခ်က္ ဆိုင္ခန္းေတြေဆာက္ျပီး ေဖာ္ရိန္နာေတြကို ဂ်င္းထဲ့တာပါ ဘန္ေကာက္နဲ႕ေ၀းပါတယ္ ေရေတြကလဲမသန္႕ပါ အစားေသာက္ေတြလဲေစ်းၾကီးသလို ေျမာင္းပုတ္နံ႕ရႈျပီး စားမယ္ဆို အရသာရွိမယ္လို႕ သင္ထင္ပါသလား။

-MBK
အ၀တ္အစား လူသံုးကုန္ေတြ၀ယ္မယ္ဆို ေရွာင္သင့္တဲ့ ေရွာ့ပင္စင္တာပါ အဓိကက ေဖာ္ရိန္နာေတြကို ဂ်င္းထဲ့တဲ့ေနရာပါ တျခားေနရာေတြထက္ေစ်းၾကီးသလို ၁၂ရာသီပတ္လံုး ပရိုမိုးရွင္းဆိုျပီး အိပ္စပို႕ကြာလတီ စက္ရံုေရြးက်ဘဒန္းေတြကိုအျမဲဒစ္စေကာင့္ခ်ေနတာပါ ဘာပဲ၀ယ္၀ယ္ ဂ်င္းထဲ့ဖို႕ခ်ည္းေခ်ာင္းေနတဲ့ေစ်းဆိုင္ေတြခ်ည္းျပည့္ေနလို႕ ေရွာင္သင့္ပါတယ္။

-Baiyoke Sky Buffet Dinner
၇၈လႊာအထိတက္ျပီး ဂ်င္းထဲ့ခံမယ္အစား အျခား ဘူေဖးဆိုင္သြားစားတာမွ စံုစံုလင္လင္နဲ႕ တန္ရာတန္ရာ စားရပါလိမ့္မယ္။ sky view ၾကည့္ခ်င္တယ္ဆိုလဲ ဘန္ေကာက္မွာ အဲထက္ View လွတဲ့ Roof top bar ေတြ အမ်ားၾကီးပါ ေျပာခ်င္တာက ၇၈ လႊာအထိ ဘူေဖးဆိုျပီး မ၀ေရစာ တရုပ္ကြိစိကြစ ေအာက္တန္းစား ေဖာ္လိန္နာဆိုသူေတြနဲ႕ လုယက္စားရပါလိမ့္မယ္။

-Chao Phraya Dinner Cruise
ခၽြတ္ဖရားျမစ္ထဲမွာ ေလေလးတျဖဴးျဖဴးနဲ႕ ဒင္နာေအးေအးေဆးေဆး စားရမယ္လို႕ ထင္တယ္ေပါ့ေလ မွားသြားပါ့မယ္ Cruise ကဆူညံေနတဲ့အျပင္ တခ်ိန္လံုးတရုပ္ေဖာ္လိန္နာေတြနဲ႕ ဘူေဖးလုစားေနရလို႕ ေဘးပတ္၀န္းက်င္ေတာင္ ဂရုစိုက္္ခ်ိန္မရလိုက္ပဲ အခ်ိန္ျပည့္လို႕ ကမ္းျပန္ကပ္မွ အသက္ရႈ၀ပါလိမ့္မယ္။

-Asiatique The Riverfront
ပံုပါ ရဟတ္ျကီးနဲ႕ ျမစ္ေဘးက ကမ္းနားတေလ်ာက္ပဲ ဓာတ္ပံုရိုက္လို႕ေကာင္းတာပါ ေစ်းရွိပါတယ္ ေစ်းၾကီးပါတယ္ အစာအေသာက္ကအစ ေစ်းၾကီးပါတယ္ ဓာတ္ပံုရိုက္ဖို႕တခုတည္းအတြက္သာသြားသင့္ပါတယ္။

-Patpong
အရင္ကေတာ့ Girl Show ေတြနဲ႕ စည္ကားေကာင္း စည္ကားခဲ့ပါလိမ့္မယ္ ခုေတာ့ လူသိပ္မရွိေတာ့ပါဘူး ရွိးျပတဲ့ေစာ္ေတြကလဲ အရိအယြဲေတြပဲရွိတာမ်ားလို႕ ေတာ္ေတာ္မ်ားမ်ား Nana or Soi Cowboy ပဲသြားၾကတာမ်ားပါတယ္ ခုေတာ့ ပုတ္ပုန္နားအနီးတ၀ိုက္သည္ Gay Barေတြ Gay Show ေတြ Gay Club ေတြနဲ႕ လူတန္းစားတခုအတြက္သက္သက္ပဲ လူစည္ပါေတာ့တယ္။

-Neon Night Market
ခရီးသြားဧည့္သည္ေတြအမ်ားဆံုးစည္ကားရာ ေနရာနဲ႕မနီးမေ၀းမွာ မၾကာခင္မွ ေပၚလာတဲ့ ညေစ်းပါ ေစ်းၾကီးပါတယ္ အစားေသာက္ အ၀တ္စား အသံုးအေဆာင္ေတြကစ ကြာလတီမေကာင္းတာေတြကို ေစ်းတင္ေရာင္းတဲ့ေနရာပါ။

-Khao San Road
ေခါက္ဆံလမ္းပါ ညပိုင္းမွစည္တာပါ ဘီယာ ဘားေတြ ကလပ္ေတြနဲ႕ ညပိုင္းဆို ဆူဆူညံညံနဲ႕ ေပ်ာ္စရာၾကီးပါ အျဖဴေကာင္ေဖာ္ရိန္နာေတာ္ေတာ္မ်ားလာလို႕ ထိုင္းမေတြလင္လာလာေထာင္ရာ ေနရာၾကီးပါ ကလပ္ေတြလဲစံုစံုလင္လင္ရွိပါတယ္ တခ်ိဳ႕ကလပ္ေတြမွာဆို ျမန္မာမေတြပါရွိပါတယ္ (တခ်ိဳ႕ ေဖာ္ရိန္နာေတြေျပာျပခ်က္အရ ျမန္မာမေတြက ထိုင္းမေတြထက္ ေခါက္ဆံကလပ္ထဲမွာဆိုရင္ ညတူတူအိပ္ဖို႕ ေခၚရတာ အင္မတန္လြယ္တယ္)လို႕သိရပါတယ္-(XO Sad)။
အထက္ပါအေၾကာင္းအရာမ်ားသည္ မိမိကိုယ္ပိုင္ယူဆခ်က္မ်ားသာျဖစ္ပါေၾကာင္း Edit- က်န္ေသးတယ္ လက္ေညာင္းလို႔ဆက္မေရးတာ ဒါေတာင္ inside bangkok ပဲရွိေသးတာ

Credit: Gabar .. 4.1.2019

Unicode

အဓိကက မာဗယ်ဖန်ဂေးတွေအတွက် ဂျင်းပါ ၀င်ကြေးဘတ်၁ထောင်ကျော်ပါတယ် အထဲမှာ စိတ်ဝင်စားစရာသိပ်မကောင်းတဲ့အခင်အကျင်း made in chinaအရုပ်နဲ့ ကွာလတီမကောင်းတဲ့ အသုံးဆောင်ပစ္စည်းတွေ ဂျင်းထဲ့ပြီးရောင်းတာပါ စျေးလဲကြီးပါတယ် နေရာကလဲ ဘန်ကောက်နဲ့ဆို အတော်ဝေးပါတယ်။

-Sunflower Heaven in Saraburi

ဂျင်းနေကြာပန်းခင်းပါ ဧကနည်းနည်းလေးဓာတ်ပုံရိုက်ဖို့သက်သက်အတွက်ပဲ စိုက်ထားတာပါ ဘန်ကောက်ကနေဆိုကား၂နာရီစီးရပါတယ် လမ်းမှာ ကားလဲ မကြာမကြာပိတ်ပါတယ် ရောက်သွားရင်လဲ လူအများကြီးကြားထဲ ဓာတ်ပုံကို သေလုမျောပါးလုရိုက်ရတာပါ တချိုရက်တွေဆို ၀င်ကြေးတောင်ပေးရပါသေးတယ် ပါ့ပလစ် ထွမ်စပို့မရှိပါ သွားရင် ပရိုက်ဗိတ်ကားငှားသွားမှသာရောက်နိုင်ပါတယ်။

-Wat Phra Kaew

မြဘုရားပါ ၀င်ကြေး ဘတ် ၅၀၀ ပေးရပါတယ် ၀င်ပြီး ဘုရားကိုဖူးဖို့လူအများကြီးတိုးရပါတယ် ဓာတ်ပုံရိုက်လို့မရပါဘူး ဘုရားကလဲ အိမ်တွေမှာပူဇော်တဲ့ ဆိုဒ်သေးသေးလေးပါ အဝေးကနေကြည့်ရင် မြင်ရဖို့ခက်ပါတယ်ကိုယ်တွေဆီမှာလဲ ဒီထက်များတဲ့ တန်ခိုးကြီးဘုရားတွေရှိလို့ တကူးတကလူသွားတိုး ၀င်ကြေးပေး အဝေးကြီးကနေမမြင်မစမ်းလှမ်းဖူးပြီး ဂျင်းမမိစေချင်ပါ အတိုအပြတ်ဝတ်သွားမိရင် အထဲဝင်ရဖို့ ဆင်ဘောင်းဘီတဘတ်ဘာညာထက်ဝယ်ဖို့ ဂျင်းထဲ့ပါလိမ့်မယ်။

-Floating Market

ဘူးဂါးမြောင်းလောက်အကျယ်ကို ဘေးတဖက်တချက် ဆိုင်ခန်းတွေဆောက်ပြီး ဖော်ရိန်နာတွေကို ဂျင်းထဲ့တာပါ ဘန်ကောက်နဲ့ဝေးပါတယ် ရေတွေကလဲမသန့်ပါ အစားသောက်တွေလဲစျေးကြီးသလို မြောင်းပုတ်နံ့ရှုပြီး စားမယ်ဆို အရသာရှိမယ်လို့ သင်ထင်ပါသလား။

-MBK

အဝတ်အစား လူသုံးကုန်တွေဝယ်မယ်ဆို ရှောင်သင့်တဲ့ ရှော့ပင်စင်တာပါ အဓိကက ဖော်ရိန်နာတွေကို ဂျင်းထဲ့တဲ့နေရာပါ တခြားနေရာတွေထက်စျေးကြီးသလို ၁၂ရာသီပတ်လုံး ပရိုမိုးရှင်းဆိုပြီး အိပ်စပို့ကွာလတီ စက်ရုံရွေးကျဘဒန်းတွေကိုအမြဲဒစ်စကောင့်ချနေတာပါ ဘာပဲဝယ်ဝယ် ဂျင်းထဲ့ဖို့ချည်းချောင်းနေတဲ့စျေးဆိုင်တွေချည်းပြည့်နေလို့ ရှောင်သင့်ပါတယ်။

-Baiyoke Sky Buffet Dinner

၇၈လွှာအထိတက်ပြီး ဂျင်းထဲ့ခံမယ်အစား အခြား ဘူဖေးဆိုင်သွားစားတာမှ စုံစုံလင်လင်နဲ့ တန်ရာတန်ရာ စားရပါလိမ့်မယ်။ sky view ကြည့်ချင်တယ်ဆိုလဲ ဘန်ကောက်မှာ အဲထက် View လှတဲ့ Roof top bar တွေ အများကြီးပါ ပြောချင်တာက ရ၈ လွှာအထိ ဘူဖေးဆိုပြီး မဝရေစာ တရုပ်ကွိစိကွစ အောက်တန်းစား ဖော်လိန်နာဆိုသူတွေနဲ့ လုယက်စားရပါလိမ့်မယ်။

-Chao Phraya Dinner Cruise

ချွတ်ဖရားမြစ်ထဲမှာ လေလေးတဖြူးဖြူးနဲ့ ဒင်နာအေးအေးဆေးဆေး စားရမယ်လို့ ထင်တယ်ပေါ့လေ မှားသွားပါ့မယ် Cruise ကဆူညံနေတဲ့အပြင် တချိန်လုံးတရုပ်ဖော်လိန်နာတွေနဲ့ ဘူဖေးလုစားနေရလို့ ဘေးပတ်ဝန်းကျင်တောင် ဂရုစိုက််ချိန်မရလိုက်ပဲ အချိန်ပြည့်လို့ ကမ်းပြန်ကပ်မှ အသက်ရှုဝပါလိမ့်မယ်။

-Asiatique The Riverfront

ပုံပါ ရဟတ်ကြီးနဲ့ မြစ်ဘေးက ကမ်းနားတလျောက်ပဲ ဓာတ်ပုံရိုက်လို့ကောင်းတာပါ စျေးရှိပါတယ် စျေးကြီးပါတယ် အစာအသောက်ကအစ စျေးကြီးပါတယ် ဓာတ်ပုံရိုက်ဖို့တခုတည်းအတွက်သာသွားသင့်ပါတယ်။

-Patpong

အရင်ကတော့ Girl Show တွေနဲ့ စည်ကားကောင်း စည်ကားခဲ့ပါလိမ့်မယ် ခုတော့ လူသိပ်မရှိတော့ပါဘူး ရှိးပြတဲ့စော်တွေကလဲ အရိအယွဲတွေပဲရှိတာများလို့ တော်တော်များများ Nana or Soi Cowboy ပဲသွားကြတာများပါတယ် ခုတော့ ပုတ်ပုန်နားအနီးတဝိုက်သည် Gay Barတွေ Gay Show တွေ Gay Club တွေနဲ့ လူတန်းစားတခုအတွက်သက်သက်ပဲ လူစည်ပါတော့တယ်။

-Neon Night Market

ခရီးသွားဧည့်သည်တွေအများဆုံးစည်ကားရာ နေရာနဲ့မနီးမဝေးမှာ မကြာခင်မှ ပေါ်လာတဲ့ ညစျေးပါ စျေးကြီးပါတယ် အစားသောက် အဝတ်စား အသုံးအဆောင်တွေကစ ကွာလတီမကောင်းတာတွေကို စျေးတင်ရောင်းတဲ့နေရာပါ။

-Khao San Road

ခေါက်ဆံလမ်းပါ ညပိုင်းမှစည်တာပါ ဘီယာ ဘားတွေ ကလပ်တွေနဲ့ ညပိုင်းဆို ဆူဆူညံညံနဲ့ ပျော်စရာကြီးပါ အဖြူကောင်ဖော်ရိန်နာတော်တော်များလာလို့ ထိုင်းမတွေလင်လာလာထောင်ရာ နေရာကြီးပါ ကလပ်တွေလဲစုံစုံလင်လင်ရှိပါတယ် တချို့ကလပ်တွေမှာဆို မြန်မာမတွေပါရှိပါတယ် (တချို့ ဖော်ရိန်နာတွေပြောပြချက်အရ မြန်မာမတွေက ထိုင်းမတွေထက် ခေါက်ဆံကလပ်ထဲမှာဆိုရင် ညတူတူအိပ်ဖို့ ခေါ်ရတာ အင်မတန်လွယ်တယ်)လို့သိရပါတယ်-(XO Sad)။

အထက်ပါအကြောင်းအရာများသည် မိမိကိုယ်ပိုင်ယူဆချက်များသာဖြစ်ပါကြောင်း Edit- ကျန်သေးတယ် လက်ညောင်းလို့ဆက်မရေးတာ ဒါတောင် inside bangkok ပဲရှိသေးတာ
Gabar .. 4.1.2019

Monday, December 24, 2018

ေရႊတိဂံုဘုရားမွာ လူေတြသတိမထားမိတဲ့ ေနရာမ်ား

ဓာတ္ပုံ – Tuta Manaw May

သင္ ေရႊတိဂံု ဘုရားေရာက္ျဖစ္ၿပီး သတိထားမိခ်င္မွ ထားမိမဲ့ အရာေလးေတြကို စုစည္းတင္ျပလိုက္ပါတယ္။ သင္ကိုယ္တိုင္ သတိမထားမိေသးဘူး ဆိုရင္ ေနာက္တစ္ေခါက္ ဘုရားကိုေရာက္ရင္ သတိထားၾကည့္လိုက္ပါ ။ မသိေသးတဲ့ သူငယ္ခ်င္းေတြကိုလည္း ေျပာျပေပးလိုက္ပါအံုး ။

၁။ ဘိုးဘိုးေအာင္ ဂူဘုရား
ပထမဦးဆံုး တင္ျပေပးခ်င္တာကေတာ့ ဘိုးဘိုးေအာင္ ဂူဘုရားပါ ။ အံဖြယ္ ၉ ခုမွာ တစ္ခုအပါအဝင္ပါ။ ကၽြန္ေတာ္ေျပာခ်င္တာကေတာ့ ဘုရားတည္ရွိပံုပါ။ ဘုရားဆင္းတုေတာ္က ဘိုးဘိုးေအာင္ဂူဘုရား တန္ေဆာင္းရဲ႕ နံရံကိုကပ္ၿပီး အထဲက ဂူထဲမွာပါ။ ဒါဆို ဘုရားဆင္းတုေတာ္က တန္ေဆာင္း ေနာက္က ေစတီေတာ္ရဲ႕အလယ္တည့္တည့္ ကိုေရာက္ေနတာပါ။ ေနာက္ၿပီး ေရႊတိဂံုေစတီ ေတာ္ရဲ႕ ဌာပနာ တိုက္ကိုဝင္လို႔ရတဲ့ အေပါက္ကဘုရားေဘးမွာရွိၿပီး အခုေတာ့ ပိတ္ထားလုိက္ၿပီ လုိ႔ သိရပါတယ္။ ဒါကိုသင္သိၿပီး ၿပီလား ။

၂။ တရုတ္ဘံုေက်ာင္းေလး
ဒီတခါ ဘုရားက တရုတ္ဘံုေက်ာင္းေလးတစ္ခုကို ျပခ်င္ပါတယ္ ။ စေန ၿဂိဳလ္တိုင္ေရွ႕က ေက်ာက္စိမ္း ဘုရားနားမွာလည္းတစ္ခုရွိပါတယ္ ။ အခုပံုထဲက ဘံုေက်ာင္းဘုရားေလးကေတာ့ ေျမာက္ဘက္မုခ္က ျမန္မာျပည္ သုကကာရီ တန္ေဆာင္းအေနာက္မွာပါ ။ တရုတ္လိုေတြေတာ့ ေရးထားတယ္ ဘာလဲေတာ့ ကၽြန္ေတာ္လဲ မသိဘူး ။ သတိမထားမိေသးဘူးဆိုရင္ ေရာက္ရင္ သြားၾကည့္လိုက္ပါအံုး ။

၃။ ေလာကပါလ သိုက္ဘုရား
ဒါကေတာ့ ေလာကပါလ သိုက္ဘုရား ပါ။ တနဂၤေႏြ ၿဂိဳလ္ေထာင့္ ေရွ႕က သာယာဝတီ မင္းေခါင္းေလာင္းေတာ္ႀကီး ေဘးနားမွာ ရွိပါတယ္။ ဘီလူးသိုက္ဆက္မ်ားလႉဒါန္းတယ္လို႔ ဆုိၾကပါတယ္။ အဓိဌာန္ ေအာင္တယ္လို႔ လူသိမ်ားတဲ့ ဘုရားျဖစ္ပါတယ္။

၄။ ဝိဇၨာရုပ္တု
စေနေထာင့္ ေရွ႕တည့္တည့္က CMA တန္ေဆာင္း (ေက်ာက္စိမ္း ဘုရား) အေနာက္ဘက္ရွိ ဝိဇၨာရုပ္တု ေလးတစ္ခုက လက္၀ါးတစ္ဖက္ကုိျဖန္႔ထားၿပီး အခုလို မႈိင္ေနေလရဲ႕ ။ ဘာလို႔လဲေတာ့ ကၽြန္ေတာ္လည္ းမသိပါဘူး ။

၅။ ဓမၼေစတီ ေက်ာက္စာႏွင့္ ေခါင္းေတာ္ေနရာ
ဒါကေတာ့ ဓမၼေစတီ ေက်ာက္စာႏွင့္ ေခါင္းေတာ္ေနရာ အေၾကာင္းပါ။ ၁၅ ရာစု က ဓမၼေစတီမင္းေခါင္းေလာင္းေတာ္ႏွင့္အတူ လၽွဴဒါန္းခဲ့တဲ့ ေက်ာက္စာကို ယေန႔ အေရွ႕ေျမာက္ေထာင့္ တြင္ထိန္းသိမ္းထားသည္ကိုေတြ႕ႏိုင္သလို (ပံု ၁) ၊ ယခင္မူလေနရာတြင္ ပံုစံတူအသစ္ တစ္ခုထားရွိကာ
(ပံု ၂) ၊ ၎၏ ေဘးေနရာ အေရွ႕ဘက္ေစာင္းတန္းေဘး အလယ္ပစၥယံတြင္ ၊ အဂၤလိပ္ေခတ္စားေရးဆရာ တစ္ခ်ိဳ႕၏ ေရးသားထားေသာစာအုပ္မ်ား ႏွင့္ ယခင္ ဇရပ္ေဟာင္းမ်ား ျပဳျပင္ရာတြင္ ေခါင္းေလာင္းေတာ္ ထားရွိခဲ့သည္ဟု ယူဆရေသာ စတုဂံ ပံုအုပ္ေဘာင္ေတြ႕ရွိျခင္း ၊ စသည္တို႔ေၾကာင့္ ဓမၼေစတီေခါင္းေလာင္းအား သန္လၽွင္ၿမိဳ႕စားမွ ၍ေနရာမွ ယူေဆာင္သြားသည္ဟု ခႏ့္မွန္းရ၍ ယေန႔ဤေနရာအားေခါင္းေလာင္းေတာ္အတြက္ ခ်န္လွပ္ ထားပါသည္။(ပံု ၃)

၆။ ေသြးေဆး ကန္ ႏွင့္ ေသြး ေဆးကန္
ေသြးေဆးကန္ ဟုဆိုလိုက္တာနဲ႔ ေရႊတိဂံု ဘုရားေျမာက္ဘက္မုဒ္ ကို သတိျပဳမိမွာပါ။ ကၽြန္ေတာ္ ဒီေနရာကိုစေရာက္ခ်ိန္ မွာေလ့လာမိေတာ့ ေသြးေဆးကန္ အေၾကာင္းအရာက ႏွစ္ခုျဖစ္ေနတယ္ ။ ေနာက္ဆံုးသိလိုက္ရတာက ကန္က ႏွစ္ကန္ မို႔ သမိုင္းကႏွစ္ခု ပါ။



ပံု ၁. ေသြးေဆး ကန္
ေရႊတိဂံုဘုရားႀကီးကို စတင္တည္ခ်ိန္ ဥကလာပမင္းႀကီးႏွင္တကြ လုပ္အားေပး ျပည္သူျပည္သားမ်ားမွာ ပင္ပမ္း၍ အားအင္ကုန္ခန္း မူးေဝ ၾကသည္ကို ျမင္ေသာ သိၾကားမင္း က ေသာက္ေရကန္အတြင္းသို႔ တန္ခို႔ျဖင့္ ေဆးထည့္ေပးလိုက္ေသာအခါ ကန္အတြင္းရွိေရမ်ားသည္ ေသြးေဆးကဲ့ သို႔ နီျမန္းၿပီး ေသာက္သံုးသူ လူအမ်ားကို အားအင္ျပန္လည္ျပည့္ၿဖိဳး ေစပါတယ္ ။ ဒါကိုအစြဲျပဳၿပီး ေသြးေဆး ကန္ဟု ယေန႔တိုင္ေခၚတြင္ခဲ့တာပါ ။ ၁၉၉၅ ခုႏွစ္ေရႊတိဂံု ဘုရားႀကီးဘက္စံုျပဳျပင္မြန္းမံခ်ိန္ ၎ေသြးေဆးကန္ကို ျပန္လည္တူးေဖာ္ရာ ေသြးေဆးကဲ့သို႔ နီျမန္းေသာ ေက်ာက္တံုးတစ္တံုး ရရွိခဲ့ သျဖင့္ ေရႊတိဂံုဘုရားျပတိုက္ေအာက္ထပ္မွာ ယေန႔တိုင္ သိမ္းဆည္းထားပါသည္။

ပံု ၂. ေသြး ေဆးကန္
ဒီကန္ႀကီးကေတာ့ အဂၤလိပ္ျမန္မာစစ္ပြဲတုန္းက ေပခဲ့ေသာေသြးကို ထိုကန္တြင္ ေဆးေၾကာျခင္းေၾကာင့္ ေခၚေဝၚသည္ဟု လူသိမ်ားပါသည္။

မိတ္ေဆြသိထားတဲ့ ေရႊတိဂုံဘုရားက ထူးျခားတဲ့ေနရာေလးေတြရွိရင္ ျပန္လည္ မွ်ေ၀သြားပါဦး

Tuta Manaw May

မိုးကုတ္ျမိဳ႕ ဘားနပ္စ္တြင္ တစ္ရြာလံုး ေရခဲေနမွဳေၾကာင့္ လာေရာက္ လည္ပတ္သူ မ်ားျပား


ဒီဇင္ဘာ ၂၄ မိုးကုတ္

မိုးကုတ္ျမိဳ႕ ရြာသာယာေက်းရြာ ( ဘားနပ္စ္ ) တြင္ ရြာတစ္ရြာလံုးနီးပါးခန္႔ ေရခဲေနမွဳ ေၾကာင့္ ေဒသခံမ်ားႏွင့္ ျပည္တြင္းခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္ သူမ်ားျပားလာေၾကာင္းသိရသည္ ။

အဆိုပါ ေက်းရြာတြင္ ေနလမ္းေၾကာင္းႏွင့္ အေဝးဆံုး ေနရာတစ္ေနရာျဖစ္သည့္အတြက္ ပ်ွမ္းမွ်အပူခ်ိန္တို႔ထက္ 0 ဒီဂရီစင္တီဂရိတ္ ႏွင့္ အႏွွဳတ္ 1 ဒီဂရီစင္တီဂရိတ္ ေအာက္ကို ေလ်ာ့ခဲ႔သည့္အတြက္ ေရခဲျခင္းျဖစ္ေၾကာင္း သိရသည္ ။

" ေရစခဲတာကေတာ့ မေန႔ကစခဲတယ္ ။ ေရခဲတာကို လာၾကည့္ခ်င္ အလွဓါတ္ပံုလာရိုက္ခ်င္ သူေတြကေတာ့ တစ္ေန႔နဲ႔တစ္ေန႔ ေတာ္ေတာ္မ်ားမ်ားလာလည္ၾကတယ္ ။ ဒါေပမယ့္ ဒီႏွစ္က အရင္ ႏွစ္ေတြတုန္းကေလာက္ေတာ့ ေရသိပ္မခဲေသးဘူး " ဟု ရြာသာယာေက်းရြာ ( ဘားနပ္စ္ ) ေဒသခံကိုမ်ိဳးဝင္းက ေျပာသည္ ။

ယင္းေက်းရြာသည္ မိုးကုတ္ျမိဳ႕၏ အေနာက္ေတာင္ဘက္တြင္တည္ရွိျပီး ျမိဳ႕ႏွင့္ ရွစ္မိုင္ခန္႔ အကြာတြင္တည္ရွိသည့္ ရြာတစ္ရြာျဖစ္သည္ ။ ေက်းရြာတြင္ ႏွစ္ေပါင္း ၁၂၀ ေက်ာ္သက္တမ္းရွိ ဘားနပ္စ္ စစ္သခ်ိ ၤဴင္းဟုေခၚသည့္ အဂၤလိပ္ စစ္သခ်ိ ၤဴင္း တစ္ခုလည္း တည္ရွိသည္ ။

မိုးကုတ္ျမိဳ႕သည္ ေတာေတာင္မ်ား ပတ္လည္ဝိုင္းကာ တစ္ဆယ့္ႏွစ္ရာသီ ပတ္လံုး ေအးျမေသာရာသီဥတုႏွင့္ သမိုင္းဝင္ေစတီပုထိုးေျမာက္မ်ားစြာ တည္ရွိေသာျမိဳ႕တစ္ျမိဳ႕ျဖစ္သည္ ။

မိုးကုတ္ျမိဳ႕တြင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ေနျပီး ကမာၻေက်ာ္ေက်ာက္ပတၱျမားအပါအဝင္ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား မ်ိဳးစံု ထြက္ရွိေသာ ျမိဳ႕တစ္ျမိဳ႕ျဖစ္သည္ ။

သတင္း - ေနထက္ ( Mogok Views )
ဓါတ္ပံု - ေဘာ္ဘီေဒါက္တာ ၊ ေက်ာ္ထြန္း (မိုးကုတ္)

Sunday, December 23, 2018

ျမန္မာျပည္ရဲ့ ကမာၻ ေက်ာ္မယ့္ ေရျပာေရတံခြန္ (သို့) တညအိပ္ခရီးသြားခ်င္သူမ်ား အတြက္ ေနျပည္ေတာ္အလြန္က နန့္မြန္ၾကီး


Blue Lagoon ေတြအထပ္ထပ္နဲ့ ေရတံခြန္ၾကီးက ကိုယ္ေတြျမန္မာျပည္မွာရွိေနတယ္ဆိုတာ ကိုယ္အခုမွ သိရတာ ကိုယ့္ကိုကိုယ္ေတာ္ေတာ္ေလးအသဲယားမိတယ္.. ျပီးေတာ့ ရန္ကုန္ကေန သြားရတာလဲသိပ္မေ၀း ပိုက္ဆံလဲ သိပ္မကုန္ပဲ..ကိုယ့္မယ္ အိမ္နီးခ်င္းနိုင္ငံေတြက Blue Lagoon ေတြကို ေလ်ွာက္သြားေနမိခဲ့တာရင္နာမိတယ္. အေရွ့ေတာင္အာရွက အလွဆံုးလိုေျပာၾကတဲ့ေရတံခြန္ေတြကို ေတာ္ေတ္ာမ်ားမ်ားေရာက္ဖူးတယ္.. ထိုင္းက Erawan ေရတံခြန္တို့.. အေရွ့ေတာင္အာရွမွာ နံပါတ္ 1 လို့ေျပာၾကတဲ့ လာအိုက Kuang Si ေရတံခြန္တို့ ..အရင္လ ကမွ ေရာက္ခဲ့တဲ့ ဖိလစ္ပိုင္က နာမည္ၾကီး Kawasan ေရတံခြန္ တို့.. အကုန္လံုးကေရျပာေရတံခြန္ေတြဆို ေတာ့တျခားေတြ့ဖူးေနၾကေရတံခြန္ေတြလိုမဟုတ္ပဲ ေရေတြျမင္တာနဲ့ ေျပးကိုဆင္းလိုက္ခ်င္တာမ်ိဳးျဖစ္ေနတာေပါ့.. ဒါေၾကာင့္လဲ အာရွမွာသူတို့က နာမည္ေက်ာ္ျပီး နိုင္ငံျခားသားေတြတဖြဲဖြဲ နဲ့ျဖစ္ေနတာေပါ့… အခု .လာျပီေလ.. ကို္ယ္ေတြ ရဲ့ ေရျပာေရတံခြန္.. သူတို့ထက္ အေသအခ်ာကို သာတယ္ဆိုတာ ကိုယ္ရဲရဲၾကီးေျပာရဲတယ.္

ဘာေၾကာင့္သာတာလဲ..

💦ေနျပည္ေတာ္လို့ေခၚတဲ့ သြားလာရလြယ္ကူတဲ့ ျမိဳ့ကေန သံုးနာရီပဲေမာင္းရတယ္..
💦ေပါင္းေလာင္းျမိဳ့သစ္ကိုသြားတဲ့လမ္္းက အေကြ့ေပါင္း ၁၅ ေကြ့ကိုျဖတ္ရျပီး သိပ္လွတဲ့ရူခင္းေတြ

💦အဲ့ေရတံခြန္ေရာက္ဖို့ ျဖတ္ျပီးေလွစီးရတဲ့ေရျပင္ၾကီးက စိတ္၀င္စားစရာၾကီး.. ရြာေပါင္း ၂၀ ေက်ာ္ေရေအာက္ထဲျမဳပ္ေနျပီး သစ္ပင္ေျခာက္ေတြ ထိုးထိုးေထာင္ေထာင္ နဲ့ ပန္ခ်ီကားလိုပဲ.

💦ေတံခြန္က ေနေပ်ာက္မထိုးတဲ့ေတာအုပ္ၾကီးထဲမွာ.. ႏြယ္ပင္ေတြအထပ္ထပ္နဲ့..ငွက္သံေတြၾကားထဲ

💦Blue Lagoon ေတြက အထပ္ထပ္နဲ့ ကိုယ္ေရာက္ခဲ့တာေတာင္ Blue Lagoon အထပ္ ၂၀ ေလာက္ရွိတယ္

💦ေႏြရာသီေတာင္ေရေတြ တ၀ုန္း၀ုန္းနဲ့.. Private Pool ေတြလို အကန့္ေတြနဲ့ေရေတြက ျပာလဲ့ေနတာ..

ေဒသခံေတြအေျပာအရ အထပ္ ၂၀၀ ေက်ာ္ရွိတယ္လို့ထင္ရတဲ့ ဒီေရတံခြန္ဟာ ေတာတြင္းလမ္းေလ်ွာက္ျပီး အထပ္အထိတက္ခ်င္တဲ့သူေတြအတြက္ သိပ္ကို အဆင္ေျပတယ္..

ရန္ကုန္မွာ ပူေနလို့ ေရတံခြန္ တစ္ခုခုသြားခ်င္ေနတဲ့ ကိုယ့္ကို ကုိယ္ရဲ့ Travel blogger သူငယ္ခ်င္း Thiha, the Traveller က နန့္မြန္ၾကီးေရတံခြန္ကို သြားပါလားတဲ့ နင္ၾကိဳက္တဲ့ေရျပာေတြနဲ့ ေ၇တံခြန္မ်ိဳးတဲ့.. ကို္ယ္လို တခ်ိန္လံုးခရီးသြားေနတဲ့ သူကေတာ္ရံု လူအရမ္းမ်ားတဲ့ေရတံခြန္ ပိစိေကြးေတြကို သြားဖို့စိတ္မပါတဲ့သူကို သူက နင္ေသခ်ာေပါက္ၾကိဳက္မွာသြားၾကည့္ၾကည့္ဆိုျပီးတြန္းအားေပးျပီး သူေရထားခဲ့တဲ့ ဒီေရတံခြန္ အေၾကာင္းေပးဖတ္တယ္.. ကိုယ္လဲ ေနျပည္ေတာ္နားမွာတင္ဆိုေတာ့ သြားၾကည့္လိုက္ပါမယ္ဆိုျပီးထြက္လာခဲ့တာ..



ရန္ကုန္ကေန .. ေနျပည္ေတာ္….ေပါင္းေလာင္းျမိဳ့သစ္ .🚖🚖

ရန္ကုန္ကေန ေနျပည္ေတာ္ ေနျပည္ေတာ္ကေန ေပါင္းေလာင္းဆိုေတာ့ ဟိုဘက္ေရာက္ရင္ အေကြ့အေကာက္ေတြ ရွိနိုင္တာမို့ ကားပဲစီးလံုး ငွားသြားလိုက္ၾကတယ္.. ကိုယ့္သူငယ္ခ်င္း ကိုၾကီးက်ယ္တစ္ေယာက္ပါလို့ Alphard ကားကို တစ္ညအိပ္ငွားသြားၾကတာ ..ငါးေယာက္စီးလို့ရတဲ့ ကားကို 3 သိန္းခြဲေပးရတယ္ယ္.. ပံုမွန္ကားဆိုရင္ေတာ့ 3 သိန္းေလာက္နဲ့ရပါတယ္. ( ကိုငယ္ေလး 095402733 ) ငွားခ်င္ရင္ေတာ့ သူ့ဆီမယ္ ကားေတြအစံုရွိတယ္.. ရန္ကုန္ကေန မနက္ 5 နာရီထြက္ ျပီး ေနျပည္ေတာ္ကို မနက္ 11 နာ၇ီေရာက္တယ္.. ေနျပည္ေတာ္မွာထမင္း၀င္စားျပီး ရန္ကုန္ မန္းေလး လမ္းေဟာင္းဘက္ကို ေမာင္း..ျပီးရင္ မန္းေလးလမ္းအတိုင္း အထက္ကို ဆန္ျပီး ပင္ေလာင္းဘက္သြားတဲ့လမ္းအတိုင္း ဆက္ေမာင္းရတာ 3 နာရီေလာက္ၾကေတာ့ ေပါင္းေလာင္းျမိဳ့သစ္ကိုေရာက္ေရာ.. ရန္ကုန္ကေန ေနျပည္ေတာ္..ေနျပည္ေတာ္ကေန ရန္ကုန္မန္းေလး လမး္ေဟာင္းအထိကေတာ့ လမ္းကျဖဴးျပီး ေျဖာင့္ေနေတာ့ ေအးေဆးပဲ.. ရန္ကုန္-မန္းေလး လမ္းေဟာင္းကေန ပင္ေလာင္းဘက္ကို တက္တဲ့လမ္းကစျပီးေတာ့ မွ ေတာင္ေတြမိဳ့ အေကြ့အေကာက္ေတြ မ်ားတယ္.. လမ္းကက်ဥ္းေပမယ့္ လမ္းေတာ္ေတ္ာေကာင္းျပီး ကားအသြားအလာ နည္းေတာ့ ေတာ္ေသးတယ.္.. ကိုယ့္ကားနဲ့ကိုယ္လာရင္ေတာ့ ဒီလမ္းကိုသတိထားရမယ္.. 15 ေကြ့ေလာက္သြားျပီးမွ ေပါင္းေလာင္းကိုေရာက္လို့.. မူးတတ္တဲ့သူဆိုရင္ေတာ့ အခ်ိဳေလးေတြေဆာင္ထားပါ.. ဒါေပမယ့္ တစ္နာရီ ေက်ာ္ေလာက္ပဲ အတက္အဆင္းလမ္းဆိုေတာ့ သိပ္ေတာ့ မၾကာလိုက္သလိုပါပဲ.. ရူခင္းေတြလဲလွေတာ့ ဟိုၾကည့္ဒီၾကည့္နဲ့ေပါ့..

ေပါင္းေလာင္းျမိ္ဳ့သစ္ မွ နန့္မြန္ၾကီးသိူ့ 🛶🛶
ကိုယ္ေတြဆိုတာ ဘယ္သြားသြား GPS ဖြင့္ထားတဲ့သူေတြ.. ဟိုးေရွ့က ေပါင္းေလာင္းျမိဳ့သစ္ေရာက္ေတာ့မယ္လို့ ကားဆရာေျပာေတာ့ လွမ္းၾကည့္လိုက္တာ ေရအိုင္အၾကီးၾကီးလို ဆည္ၾကီးလိုလိုေတြ့တယ္.. အဲဒါနဲ့ ကိုယ့္ GPS ကို ကိုယ္ျပန္ၾကည့္ေတာ့ အဲ့ဒီေရအိုင္ၾကီး၇ွိမေနဘူးး ..လယ္ကြက္လိုလ္ု ေျမနိမ့္ခ်ိဳင့္၀ွမ္းၾကီးပဲေပၚေနတာ..ေပါင္းေလာင္းေရာက္ေတာ့ ကိုသီဟ ေျပာလိုက္တဲ့ နမ့္မြန္ စတိုးနဲ့ နမ့္မြန္ စားေသာက္ဆိုင္ကိုရွာရတယ္.. လမ္းမေပၚမွာ ဆိုေတာ့ ရွာရတာ အင္မတန္ကိုလြယ္တယ္.. ဆိုင္းဘုတ္လဲ၇ွိေတာ့ ေအးေဆးပဲ ..ဆိုင္ထဲ၀င္သြားျပီး နန့္မြန္ၾကီးသြားခ်င္လို့ ေလွငွားခ်င္လို့ပါဆိုျပီးေျပာလိုက္တာ.. ခ်က္ခ်င္းစီစဥ္ေပးတယ္.. တစ္စီးကိုအသြားအျပန္ 4 ေသာင္းေပးရတယ္.ညအိပ္ဆိုရင္ေတာ့ 6ေသာင္းေပးရျပီး တစ္စီးကို 10 ေယာက္ေလာက္စီးလို့ရတယ္.. ဆိုင္ကေန ေလွဆိပ္ကို 5 မိနစ္ကားေမာင္းလာျပီး ေလွဆိပ္ေရာက္ေတာ့ GPS ထဲမေပၚတဲ့ေရျပင္ၾကီးနားေရာက္ေရာေပါ့ .

🙊🙊ေရေအာက္ျမဳပ္ေနတဲ့ ရြာၾကီးေတြေပၚကေန ေလွစီး

ေလွေပၚေရာက္ျပီးေလွစစီးေတာ့ ေရထဲမွာ သစ္ပင္အေျခာက္ေတြ အမ်ားၾကီးေတြ့ရတယ္.. ေလွကေ၇ွာင္ေမာင္းရတယ္.. ၀ါးပင္ေတြလဲေရထဲမွာ ထိုးထိုးေထာင္ေထာင္နဲ့ ေဘးဘီကို ၾကည့္ရတာ တမ်ိဳးပဲ..ေဘးဘက္ေတြကေတာ့ ေတာင္ေတြအထပ္ထပ္နဲ့ေပါ့ ..ေလွသမားေလးကိုဒါေတြကဘာေတြလဲေမးမိေတာ့ ကိုယ္ေတြပဲပါးစပ္အေဟာင္းသားနဲ့..တကယ္က ဒီေရျပင္ၾကီးက ေပၚလာတာ 5 နွစ္ေလာက္ပဲရွိေသးတယ.္တဲ့.. အရင္ကဒီေနရာကရြာေပါင္း 20 ေက်ာ္ရွိခဲ့တာတဲ့ .ေပါင္းေလာင္းဆည္ကေန ေရလြွဲ၇င္းနဲ့မွ ဒီလိုေတြ ျမဳပ္ကုန္တာတဲ့.. ကိုယ္ေတြမယ္ အံျသရင္းး ဟယ္.. ဒါဆို လူေတြေသကုန္လားေရေတြ တက္လာေတာ့လို့ေမးေတာ့..အဲ့လိုမဟုတ္ဘူးတဲ့..ၾကိဳတင္ျပီးရြာေတြေျပာင္းဖို့အေၾကာင္းၾကားတာတဲ့.. ေျပာင္းျပီးသြားမွ နည္းနည္းစီေရလြတ္တာတဲ့.. ကိုယ္ေတြညအိပ္ခဲ့တဲ့ စခန္းက အန္တီအေမဆို ရြာေျပာင္းရမယ္ဆိုတုန္းက ငိုတယ္တဲ့.. သူတို့မေျပာင္းခ်င္ၾကဘူးတဲ့.. ေရေအာက္ထဲမယ္ ဘုန္းၾကီးေက်ာင္းေတြလဲရွိတယ္.. ဘုရားအပ်က္လဲေရေပၚမွာ ေပၚေနတာေတြ့တယ္.. သစ္ပင္ေတြကေတာ့ အမ်ားၾကီးရွိေနပံုအရ ဒီေနရာဟာအရင္က ေတာ္ေတာ္္ေလးသစ္ပင္ေတြထူထပ္ေနမယ္.. ေတာ္ေတာ္ေလးစိတ္၀င္စားစရာ ေကာင္းတဲ့ေရျပင္ၾကီးပဲ.. ကိုယ္ေတြလဲဓါတ္ပံုေတြရိုက္လိုက္ ေလွအကူေကာင္ေလးကိုေမးလိုက္နဲ့ ေလွစီးတဲ့ တစ္နာရီ ဘယ္လို ကုန္သြားမွန္းမသ္ိဘူး ..



💧💧Blue Lagoon ေတြအထပ္ထပ္နဲ့ နန့္မြန္ၾကီး ေရတံခြန္
ေလွေပၚကေနဆင္းျပီး ညအိပ္ရမယ္.တဲကို 10 မိနစ္ေလာက္က လမ္းေလ်ွာက္ရတယ္.. တဲကိုေရာက္ခါနီး ေရသံေတြ တ၀ုန္း၀ုန္းၾကားရထဲက ေနပူထဲလမ္းေလ်ွာက္လာခဲ့ရတာ အေမာေျပေရာ.. တဲမွာခနနားျပီး ေရကူး၀တ္စံုလဲ ျပီးေရတံခြန္ကို လမ္းေလွ်ာက္လာလိုက္တာ.. စစျခင္းေအာက္ဆံုးအဆင့္က ေရေတြျမင္လိုက္ထဲက ကိုယ္ေတာ္ေတာ္အံႀသသြားတာ.. ဒါဟာျမန္မာျပည္ကေရတံခြန္ ဟုတ္ပါေလစလို့.. ေရေတြျပာလဲ့ေနလိုက္တာမ်ား ခ်က္ခ်င္းကို ခုန္ဆင္းခ်င္တာ.. အေပၚမွာ ဘာေတြရွိေသးလဲသိခ်င္တာနဲ့ ထပ္တက္ဲကမယ္ဆိုျပီးေလ်ွာက္လာလိုက္ၾကတာ.. Blue Lagoon ေတြ ဆိုတာ အထပ္ထပ္နဲ… ကိုယ္သိပ္ၾကိဳက္လွပါခ်ည္ရဲ့ဆိုတဲ့ Blue Lagoon ေတြဆိုတာ အ၀ိုင္းလိုက္အ၀္ုင္းလိုက္ အဆင့္ဆင့္နဲ့ Private Pool ေတြလိုပဲ.. ကိုယ့္မ်က္စ္ိေတာင္ ကိုယ္မယံုနိုင္ဘူးတကယ္.. ဟိုးအရင္က နတ္သမီးေတြ ေရခ်ိဳးတဲ့အိုင္ေတြမ်ားလားလို့ ထင္မိတယ္.. ကိုယ္ေတြ တစ္ဖြဲ့ပဲရွိလို့ တိတ္ဆိတ္ျပီးေရက်သံေတြပဲၾကားေနရတယ္.. လမး္ကေလဲေဘးနားကေတာအုပ္ထဲကေန ေလ်ွာက္ရတာ စိမ္းစိုျပီးေနေပ်ာက္မထိုးဘူး… လွလိုက္တာ ..လွလိုက္တာ ဆိုျပီးတလမ္းလံုးရြတ္.. ထပ္တက္ရင္းး Blue Lagoon ေတြဆိုတာ ေရတြက္လိ္ု့မရနိုင္ေတာ့တဲ့ ေရတံခြန္ ကမာၻေပၚမွာ ကိုယ့္ျမန္မာနိုင္မွာကိုယ္လာေတြ့ရတာ ေက်နပ္မိေလျခင္းကြယ္.. ျမန္မာျပည္မွာေတာင္လူသိမမ်ားေသးတဲ့ ေရျပာေရတံခြန္.. ေနာက္ဆို ကမာၻေက်ာ္ေတာ့မွာ..အေရွ့ေတာင္အာရွမွာ နံပါတ္တစ္ျဖစ္ေတာ့မယ့္ ေရတံခြန္ပဲ..

ကို္ယ္ေတြ အထပ္ 20 ေလာက္အထိတက္ခဲ့တယ္.. ကိုယ္ေတြနဲ့လိုက္လာတဲ့ ေလွသမားေလးေျပာတာေတာ့ အထပ္ 200 ေလာက္အထိရွိတယ္တဲ့..အဲ့ဒါဆို Blue Lagoon ေတြ အခု 200 ေလာက္ေတာင္ရွိေနမွညေပါ့.. OMG .. သူမ်ားနိုင္ငံေတြ Blue Lagoon ေတြ သံုးေလးခုကိုေတာင္ နာမည္ေက်ာ္ျပီးနိုင္ငံျခား၀င္ေငြ ဒီေလာက္ရေနတာ.. ကိုယ္ေတြဆို….. အိုး လားလား… ေသခ်ာထိန္္းသိမ္းဖိ္ု့လိုျပီ..

ညဘက္စခန္းခ် ⛺️⛺️

ေရတံခြန္ေဘးက နန့္မြန္စားေသာက္ဆိုင္ကစီစဥ္တဲ့ တဲမွာညအိပ္ဖ္ို့လုပ္ၾကတယ္.. အိမ္လို နွစ္ထပ္လဲရွိေပမယ့္ ေရတံခြန္ဘက္အျခမ္းက ဇရပ္လို တဲေလးမွာပဲအိပ္ေတာ့မယ္ဆိုျပီး ကိုယ္ေတြဆံုူးျဖတ္လိုက္တယ္. အိပ္ယာခင္းေတြ ..ျခင္ေထာင္..ေခါင္းအံုးေတြ ျပင္ဆင္ေပးတယ္.. ညစာလဲေရတံခြန္မသြားခင္ထဲက မွာထားခဲ့တာ..ေရထဲကတက္လာေတာ့ ထမင္းဟင္းပူပူေတြအဆင္သင့္ပဲ… ဖရံုသီးဟင္းခ်ိဳဆိုခ်ိဳရဲေနေ၇ာပဲ.. အိမ္ရွင္ေတြကလဲ သေဘာေကာင္းၾကတယ္.. မသိရင္ရြာက အမ်ိဳးေတြ အိမ္လာလည္ေနသလိုပါပဲ.. စကားေတြေျပာ..ေရျမဳပ္သြားတဲ့ရြာေတြအေၾကာင္းေျပာျပ..ေရျပာအိုင္ေတြသိပ္လွေၾကာင္းေျပာၾကနဲ့ ေတာထဲက ညေလးဟာသာယာေနေရာပဲ..

ညဘက္ေတာ့ မီးရတယ္..ဖုန္းေတြ ကင္မရာေတြ မီးအားသြင္းလို့ရေပမယ့္ အားကနညး္ေတာ့ ၾကာၾကာသြင္းရတယ္.. ည 8 နာရီထဲက ျခင္ေထာင္ထဲ၀င္ၾကတာ ဖုန္းလိုင္းမမိ အင္တာနက္မရဆိုေတာ့ အေစာၾကီးအိပ္ဖူးတဲ့ ညျဖစ္သြားတာေပါ့.. ေရတံခြန္သံေတြ..အေကာင္ေလးေတြရဲ့ တ၀ီ၀ီေအာ္သံ.. ဇရပ္ဆိုေတာ့ ျခင္ေထာင္ကိုေလေလးကတိုး. ဆိုေတာ့ အိပ္ေကာင္းလိုက္ေလျခင္း.. အေစာၾကီး အိပ္ျပီး မနက္ 5 နာ၇ီထဲက နိုးေနၾကတာ.. မနက္စာကို ထမင္းဆီဆမ္း ၾကက္ဥေၾကာ္ ေကာ္ဖီနဲ့ စားျပီး ေရတံခြန္ကို ေနာက္တစ္ေခါက္ထပ္ျပီး ခ်ီတက္ၾကတာ..

ေအးေအးေဆးေဆး ေရစိမ္ ေရတံခြန္ေဘးကေန Life Jacket ေတြ၀တ္ျပီးခုန္ခ် ..ဓါတ္ပံုေတြရိုက္ၾကနဲ့ ေန့လည္မွပဲ ေလွစီးျပီးျပန္ထြက္လာၾကတာ.

ေန့ခ်င္းျပန္ခ်င္တဲ့သူေတြ..

တခ်ိဳ့ကေတာ့ ရန္ကုန္ကေန ညဘက္ထြက္ျပီး နန့္မြန္ၾကီးမွာေရေဆာ့ျပီး ျပန္တဲ့ သူေတြရွိသလို.. ေနျပည္ေတာ္မွာ ညအိပ္ျပီး မနက္အေစာၾကီး ေရတံခြန္လည္ျပီး ျပန္တဲ့သူေတြလဲရွိပါတယ္.. ေန့ခ်င္းျပန္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးပင္ပန္းျပီး ေနျပည္ေတာ္မွာ ညအိပ္မွ ပိုလို့အဆင္ေျပပါလိမ့္မယ္.. လူငယ္ေတြ အုပ္စုလိုက္လာမယ့္သူေတြကေတာ့ ေရတံခြန္မွာ ညအိပ္တာဟာအေကာင္းဆံုး အနားယူခ်င္းပါလို့ေျပာခ်င္ပါတယ္.. လူၾကီးေတြညအိပ္ဖို့ေတာ့ သိပ္ျပီးအားမေပးခ်င္ပါဘူး .. စခန္းဟာ ဟိုတယ္မဟုတ္တဲ့အတြက္ ညအိပ္စခန္းခ်ရံု ရွိတာနဲ့ စားတတ္တဲ့သူေတြပဲ အဆင္ေျပမွာမို့လို့ပါ..

ဘယ္ေလာက္ကုန္လဲ ..

ကိုယ္ေတြကားငွားသြားတာ မွအသြားအျပန္ တစ္ေယာက္ : 80000
ေလွခက ညအိပ္ဆိုေတာ့ တစ္ေယာက္ (4ေယာက္) : 15000
ညအိပ္.. ညစာစား (ဘီယာေတြပါ၀ယ္ေသာက္)..

မနက္စာပါအပါ Life Jacket ေတြငွားတာမွ တစ္ေယာက္ း 10000
လမ္းမွာ ဘာညာ ေလ်ွာက္၀ယ္စား : 10000
ဆိုေတာ့ အားလံုးေပါင္းမွ 1 သိန္းစြန္းစြန္းရယ္.. ကိုယ့္ကားနဲ့ကိုယ္ဆိုရင္ေတာ့ 5 ေသာင္းေလာက္ပဲကုန္လိမ့္မယ္..

Tips :
📌မသြားခင္ နန့္မြန္စားေသာက္ဆိုင္ကို ဖုန္းၾကိဳဆက္ျပီး ညအိပ္ဖို့ ေျပာထားတာပိုအဆင္ေျပပါမယ္.. ၾကားရက္ဆိုလူရွင္းျပီး weekend ဆိုလူမ်ားတတ္လို့ ၾကိဳတင္ ဘိုကင္တင္ပါ.. ( နန့္မြန္ စားေသာက္ဆိုင္ ၚ 09771264769 , 09771730834 ) ( ေအးနိုင္ဦး ေလွသမား ; 09795991837 )

📌ေရမကူးတတ္ရင္ Life Jacket ၀တ္ပါ ..အဲ့ဒီမွာငွားလို့ရပါတယ္..
📌ဘီယာ ..အရက္ေတြ ယူမသြားပါနဲ့ ဟိုမွာ ၀ယ္ေသာက္လို့ရပါတယ္.. ေရတံခြန္ ကို ဘီယာအရက္ယူခြင့္မရွိပါ..စခန္းမွာပဲ ေသာက္လို့ရမွာပါ..

📌Babyoil ေလးေဆာင္သြားျပီး ေတာထဲမသြားခင္လိမ္းသြားပါ.. ျဖဳတ္လိုအေကာင္ေလးေတြကိုက္တတ္ပါတယ္.
📌ေရထဲစီးတဲ့ ဖိနပ္လိုမ်ိဳးေတြ ေဆာင္သြားပါ..အဲ့ဒါမွ ေရတံခြန္ အထပ္ထပ္ကို ေျခေထာက္မစူးပဲတက္နိုင္မွာပါ

📌မ်က္နွာသုပ္ပ၀ါ..တကိုယ္ေရ အသံုးအေဆာင္ပစၥည္း ယူသြားပါ.. ဟိုတယ္မဟုတ္ တဲ့အတြက္ အဲ့ဒါေတြမရွိပါ..

📌ၾၾကီးက်ယ္တတ္ရင္ေတာ့ ညမအိပ္ပါနဲ့.. တဲလိုမ်ိဳးမွာ ေပးတဲ့ျခင္ေထာင္.ေခါင္းအံုးနဲ့ အိပ္ရမွာမို့ပါ ( သန့္ရွင္းပါတယ္) ..ေရေလာင္းအိမ္သာ.. ေရခ်ိုးတဲ့ေနရာက ၀ါးေတြပဲကာေပးထားတာပါ.. ဒါေၾကာင့္ေရ လဲအ၀တ္ေတြယူသြားပါ..
📌ေလွေပၚမွာ ေနအေတာ္ပူပါတယ္..ထီးတို့ ပ၀ါတို့ယူသြားပါ.. မ်က္မွန္လဲေဆာင္သြားပါ.. ေရလဲယူသြားပါ..

မီးအားသြင္းလို့ရေပမယ့္ အားအလြန္နည္းလို့ power bank ေတြေဆာင္သြားပါ..

📌ဇြန္လလယ္ေလာက္ကေနစျပီး မိုးရြာျပီမို့ သြားလိူ့အဆင္မေျပေတာ့ပါ.. မိုးရြာရင္ေတြ အရမ္းမ်ားျပီးေရေတြေနာက္ပါတယ္.. ေနာက္နွစ္ ဒီဇင္ဘာေလာက္မွ ျပန္လည္သြားနိုင္မယ္လို့ ေဒသခံေတြက ေျပာပါတယ္..

❌❌Remark : အထူးမွာခ်င္တာက အမိုက္ေတြလံုး၀မခ်ပါနဲ့ ..စခန္းမွာပဲမုန့္ေတြစား ဘီယာဘာညာေသာက္ပါ..ေရတံခြန္ဆီဘာမွ မသယ္သြားပါနဲ့.. ဒီေရတံခြန္ မၾကာခင္မွာ နာမည္ေက်ာ္ျပီး အေရွ့ေတာင္ အာရွမွာ အလွဆံုးေရတံခြန္ျဖစ္လာနိုင္ပါတယ္.. ျဖစ္လာဖို့လဲ ကိုယ္တို့ျပည္သူေတြမွာ တာ၀န္ရွိလို့ ကမာၻမေက်ာ္ခင္ ပ်က္စီးမသြားဖို့လိုပါတယ္.. ဒါေၾကာင့္ ၀ိုင္း၀န္းထိန္းသိမ္းေပးၾကပါလို့ေတာင္းဆိုပါတယ္.. မုန့္ေတြ အေအးေတြ ယူလာတာေတြ့ရင္လဲ အခ်င္းခ်င္းတားေပးၾကပါ.. သိပ္လွတဲ့ ေရျပာေရတံခြန္ကို ခံစားပါ..ေရကူးပါ..ေရစိမ္ပါ ..ေပ်ာ္ရြင္စာေဆာ့ကစားခဲ့ပါ..
မမေမဇြန္
I Love Travelling

Thursday, July 5, 2018

" လူတိုင္း သိထားသင့္တဲ့ ကမာၻတစ္လႊားမွ ဗုဒၶ ေျခေတာ္ရာ ခ်ခဲ့သည့္ ေနရာ ( ၁၀ ) ေနရာမ်ား "

ကမာၻ တစ္လႊား ဗုဒၶ ေျခေတာ္ရာ မ်ားကမာၻ တစ္လႊား ၌ ဗုဒၶ ေျခေတာ္ရာ ခ်ခဲ့သည့္ ေနရာမွာ ( ၁၀ ) ေနရာ ျဖစ္ေၾကာင္း ကို ေလ့လာ သိ ရွိ ရေပ သည္ ။ ၎တို႔မွာ .

(၁) အိႏၵိယ ျပည္၊ ဘုံဘိုင္ ေျမာက္ပိုင္း၊ နမၼဒါ ျမစ္ ထဲ၌ ေျခေတာ္ရာ တစ္ဆူ …

(၂) အိႏၵိယ ျပည္၊ ဘုံဘိုင္ နယ္ ေျမာက္ပိုင္း၊ နမၼဒါျမစ္ အထက္ သစၥပန္ ေတာင္ ေပၚ၌ ေျခေတာ္ရာ တစ္ဆူ …

(၃) အိႏၵိယ ျပည္ေျမာက္ပိုင္း ဥဒယာန တိုင္း ၌ ေျခေတာ္ရာ တစ္ဆူ …။ ( တ႐ုတ္ ဘုန္းေတာ္ႀကီး ဖာယီယန္ ၏ မွတ္တမ္း အရ )

(၄) အိႏၵိယ ျပည္၊ ပါတလိပုတ္ ၿမိဳ႕ေတာ္ ၏ ေတာင္ဘက္ သုံးလီ အကြာ ၌ ေျခေတာ္ရာ တစ္ဆူ …။ ( ဖာယီယန္ ၏ မွတ္တမ္း အရ )

(၅) သီရိလကၤာႏိုင္ငံ ( သီဟိုဠ္ကြၽန္း ) သုမနကုဋ ( SriPada ) ေတာင္ထိပ္ ၌ ေျခေတာ္ရာ တစ္ဆူ …။

(၆) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္ ေျမာက္ပိုင္း၊ မယူကမ္း ပုံစည္း ကြၽန္း၊ သာစည္ေထာင့္ ႐ႊာအနီး ၌ ေျခေတာ္ရာ တစ္ဆူ …

(၇) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ စစ္ေတြ ၿမိဳ႕ ကုလားတန္ ျမစ္ဝ ရွိ ဖ႐ုံကာ ကြၽန္းစု၊ ေျမငူကြၽန္း၊ဆံေတာ္ရွင္ ဓာတ္ေတာ္ အနီး ရွိ ေျခေတာ္ရာ တစ္ဆူ …

(၈) ျမန္မာ ႏိုင္ငံ၊ မေကြးတိုင္း ေဒသႀကီး၊ မင္းဘူး ခ႐ိုင္၊ မန္းေခ်ာင္း ( မန္း ေ႐ႊစက္ေတာ္ ) ၌ ေအာက္ , အထက္ ေျခေတာ္ရာ ႏွစ္ဆူ …။

(၉) ျမန္မာ ႏိုင္ငံ ေျမာက္ပိုင္း ဝနယ္၊ လြိဳင္မူေတာင္ အေရွ႕ေျမာက္ ဘက္ ေတာင္ေစာင္း ၌ ေျခေတာ္ရာ တစ္ဆူ …

(၁၀) ျမန္မာ ႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ မဟီ ( မအီ ) ျမစ္ အတြင္း၌ အထက္ ေအာက္ ဝဲယာ ေျခေတာ္ရာ တစ္စုံ …။ စသည္ တို႔ ျဖစ္ၾက ေၾကာင္း ရန္ကုန္ၿမိဳ႕၊ တာေမြ ၿမိဳ႕နယ္၊ ေက်ာက္ေျမာက္ ရပ္၊ မဟာသုခ ပါဠိ တကၠသိုလ္မွ ဆရာေတာ္ ဦးအရိယာဝံသ ၏ ရခိုင္ ျပည္နယ္၊ မအီ စက္ေတာ္ရာ သမိုင္း စာအုပ္ တြင္ မွတ္တမ္း ျပဳထား ပါသည္ ။

ျမတ္စြာ ဘုရားရွင္ သည္ မဟာ သကၠရာဇ္ ၁၂၄ ခုႏွစ္ တြင္ ရဟႏၲာ ငါးရာ ႏွင့္ တကြ သုနာပရႏၲ ေ ယာနက တိုင္း ( ယခု ျမန္မာ ႏိုင္ငံ မေကြးတိုင္း ေဒသႀကီး မင္းဘူး ခ႐ိုင္ စကု ၿမိဳ႕နယ္ လယ္ ကို င္း ေက်ာင္းေတာ္ ရာ ေဒသ ) သို႔လည္း ႂကြေရာက္ ခဲ့ေတာ္ မူ ၏ ။ ဘုရား ရွင္ သည္ သာဝတၳိ ျပ ည္၊ ေဇတဝန္ ေက်ာင္းေတာ္ သို႔ျပန္ အႂကြ နမၼဒါျမစ္ ( ယခု မန္းေခ်ာင္း ) အနီး သို႔ ေရာက္ သည္ တြင္ နမၼဒါ နဂါးမင္း ၏ ေတာင္းပန ္ခ်က္ ေၾကာင့္ ျမစ္ကမ္း နဖူး ေက်ာက္ဖ်ာ ထက္ တြင္ လက္ ဝဲ ေျခေ တာ္ ရာ ကို ခ်ေပး ခဲ့၏။ ယင္းကို ေအာက္ ေျခေတာ္ရာ ဟု ေခၚဆို ၾကသည္။

ဆက္လက္ ၍ ႂကြျမန္း စဥ္ ထိုျမစ္ အနီး သစၥဗႏၶက ေတာင္ေပၚ သို႔ ေရာက္ျပန္ ေသာ္ ရေသ့ ၏ ေလွ်ာက္ ထား ေတာင္းပန္ ခ်က္ ေၾကာင့္ မကုလ ေျမ ေက်ာက္ေပၚ တြင္ လက္ဝဲ ဘက္ ေျခေတာ္ရာ ကို တံ ဆိပ္ ခတ္ႏွိပ္ ေပးခဲ့ ျပန္သည္။ ထို အထက္ ေျခေတာ္ရာ ကို အထက္ စက္ေတာ္ရာဟု သမုတ္ ခဲ့ ၾကသည္ ဟု ဆိုၾက သည္။သို႔ျဖင့္ ထို ေနရာ မ်ား တြင္ ေစတီမ်ား တည္ထား ကာ ႏွစ္စဥ္ ေျခေတာ္ရာ ဖူးရင္း ေစတီ မ်ား တြင္ ပြဲေတာ္ မ်ား က်င္းပ ခဲ့ေလ သည္ ။ အဆိုပါ ေျခေတာ္ရာ သည္ ကာလ အတန္ၾကာ ကြယ္ေပ်ာ က္ ေ န ခဲ့ၿပီး ေတာင္ဖီလာ ဆရာ ေတာ္ႀကီး ( ဓားမကူး ဆရာေတာ္ ) ၏ ေဖာ္ထုတ္ မႈျဖင့္ ပြင့္ေပၚ လာျခင္း ျဖစ္ေၾကာင္း မွတ္သား ရပါ သည္။
original uploader
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ တစ်လွှား ဗုဒ္ဓ ခြေတော်ရာ များကမ္ဘာ တစ်လွှား ၌ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာမှာ ( ၁၀ ) နေရာ ဖြစ်ကြောင်း ကို လေ့လာ သိ ရှိ ရပေ သည် ။ ၎င်းတို့မှာ .

(၁) အိန္ဒိယ ပြည်၊ ဘုံဘိုင် မြောက်ပိုင်း၊ နမ္မဒါ မြစ် ထဲ၌ ခြေတော်ရာ တစ်ဆူ …

(၂) အိန္ဒိယ ပြည်၊ ဘုံဘိုင် နယ် မြောက်ပိုင်း၊ နမ္မဒါမြစ် အထက် သစ္စပန် တောင် ပေါ်၌ ခြေတော်ရာ တစ်ဆူ …

(၃) အိန္ဒိယ ပြည်မြောက်ပိုင်း ဥဒယာန တိုင်း ၌ ခြေတော်ရာ တစ်ဆူ …။ ( တရုတ် ဘုန်းတော်ကြီး ဖာယီယန် ၏ မှတ်တမ်း အရ )

(၄) အိန္ဒိယ ပြည်၊ ပါတလိပုတ် မြို့တော် ၏ တောင်ဘက် သုံးလီ အကွာ ၌ ခြေတော်ရာ တစ်ဆူ …။ ( ဖာယီယန် ၏ မှတ်တမ်း အရ )

(၅) သီရိလင်္ကာနိုင်ငံ ( သီဟိုဠ်ကျွန်း ) သုမနကုဋ ( SriPada ) တောင်ထိပ် ၌ ခြေတော်ရာ တစ်ဆူ …။

(၆) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း၊ မယူကမ်း ပုံစည်း ကျွန်း၊ သာစည်ထောင့် ရွှာအနီး ၌ ခြေတော်ရာ တစ်ဆူ …

(၇) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ ကုလားတန် မြစ်ဝ ရှိ ဖရုံကာ ကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာ တစ်ဆူ …

(၈) မြန်မာ နိုင်ငံ၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး ခရိုင်၊ မန်းချောင်း ( မန်း ရွှေစက်တော် ) ၌ အောက် , အထက် ခြေတော်ရာ နှစ်ဆူ …။

(၉) မြန်မာ နိုင်ငံ မြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက် ဘက် တောင်စောင်း ၌ ခြေတော်ရာ တစ်ဆူ …

(၁၀) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ မဟီ ( မအီ ) မြစ် အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာ တစ်စုံ …။ စသည် တို့ ဖြစ်ကြ ကြောင်း ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ ကျောက်မြောက် ရပ်၊ မဟာသုခ ပါဠိ တက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ ၏ ရခိုင် ပြည်နယ်၊ မအီ စက်တော်ရာ သမိုင်း စာအုပ် တွင် မှတ်တမ်း ပြုထား ပါသည် ။

မြတ်စွာ ဘုရားရှင် သည် မဟာ သက္ကရာဇ် ၁၂၄ ခုနှစ် တွင် ရဟန္တာ ငါးရာ နှင့် တကွ သုနာပရန္တ ေ ယာနက တိုင်း ( ယခု မြန်မာ နိုင်ငံ မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စကု မြို့နယ် လယ် ကို င်း ကျောင်းတော် ရာ ဒေသ ) သို့လည်း ကြွရောက် ခဲ့တော် မူ ၏ ။ ဘုရား ရှင် သည် သာဝတ္ထိ ပြ ည်၊ ဇေတဝန် ကျောင်းတော် သို့ပြန် အကြွ နမ္မဒါမြစ် ( ယခု မန်းချောင်း ) အနီး သို့ ရောက် သည် တွင် နမ္မဒါ နဂါးမင်း ၏ တောင်းပန ်ချက် ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာ ထက် တွင် လက် ဝဲ ခြေေ တာ် ရာ ကို ချပေး ခဲ့၏။ ယင်းကို အောက် ခြေတော်ရာ ဟု ခေါ်ဆို ကြသည်။

ဆက်လက် ၍ ကြွမြန်း စဉ် ထိုမြစ် အနီး သစ္စဗန္ဓက တောင်ပေါ် သို့ ရောက်ပြန် သော် ရသေ့ ၏ လျှောက် ထား တောင်းပန် ချက် ကြောင့် မကုလ မြေ ကျောက်ပေါ် တွင် လက်ဝဲ ဘက် ခြေတော်ရာ ကို တံ ဆိပ် ခတ်နှိပ် ပေးခဲ့ ပြန်သည်။ ထို အထက် ခြေတော်ရာ ကို အထက် စက်တော်ရာဟု သမုတ် ခဲ့ ကြသည် ဟု ဆိုကြ သည်။သို့ဖြင့် ထို နေရာ များ တွင် စေတီများ တည်ထား ကာ နှစ်စဉ် ခြေတော်ရာ ဖူးရင်း စေတီ များ တွင် ပွဲတော် များ ကျင်းပ ခဲ့လေ သည် ။ အဆိုပါ ခြေတော်ရာ သည် ကာလ အတန်ကြာ ကွယ်ပျော က် ေ န ခဲ့ပြီး တောင်ဖီလာ ဆရာ တော်ကြီး ( ဓားမကူး ဆရာတော် ) ၏ ဖော်ထုတ် မှုဖြင့် ပွင့်ပေါ် လာခြင်း ဖြစ်ကြောင်း မှတ်သား ရပါ သည်။

original uploader

Wednesday, June 13, 2018

ျပည့္တန္ဆာ လုံးဝမရွိ၊ သူေတာင္းစားလဲ မရွိတဲ့ ကမာၻ႔ စိတ္အခ်မ္းသာဆုံးႏိုင္ငံ

ျမတ္စြာဘုရားရဲ႕တရားေတာ္ေတြနဲ႔ အေျခခံ ဥပေဒ ေရးဆြဲထားတဲ့ႏိုင္ငံ။ ေတာင္ေပၚႏိုင္ငံငယ္ေလးတစ္ခု၊ လူဦးေရ ၆ သိန္းေက်ာ္သာရွိၿပီး ေဆးလိပ္ ေသာက္တဲ့သူ ၁%ပဲရွိပါတယ္..
Giordano ဂ်င္းေဘာင္းဘီ ဘာဖက္ရွင္ ညာဖက္ရွင္ လဲ ေတြ႕ရမွာ မဟုတ္သလို ႐ိုးရာအမ်ိဳးသား အမ်ိဳးသမီး ဝတ္စုံကလြဲရင္ ဘာမွမဝတ္ၾကလို႔ပါ။..
၁၉၉၉ ခုႏွစ္ေရာက္မွ တယ္လီေဗးရွင္း ၾကည့္ရတဲ့ ႏိုင္ငံတစ္ခုပါ။
စစ္သည္ေတာ္ ၁၆၀၀၀ ပဲရွိပါတယ္။

ဆင္းရဲတဲ့ ႏိုင္ငံငယ္ေလးျဖစ္ၿပီး ၿမိဳ႕ေတာ္ဟာ ပဲခူးေလာက္ေတာင္ မစည္ပါဘူး။ အထပ္ျမင့္ အေဆာက္အအုံေတြ မရွိေပမယ့္ စုတ္ျပတ္ေနတဲ့ တဲအိမ္ေတြလဲမရွိပါဘူး။ ျပည့္တန္ဆာ လုံးဝမရွိသလို သူေတာင္းစားလဲ မရွိပါဘူး။ အမ်ိဳးသား ၃၀% ေလာက္ဟာ ဘုန္းႀကီး ေတြျဖစ္ၿပီး ၁၀ ႏွစ္အတြင္း တစ္ႏိုင္ငံလုံးမွာ အမႈတစ္မႈပဲရွိခဲ့ပါတယ္။
အဲ့ဒီ အမႈကလည္း ဘုန္းႀကီး ေက်ာင္းထဲကို ဖိနပ္စီးၿပီး ဝင္မိလို႔ပါ။

ဆင္းရဲေပမယ့္ လူဦးေရရဲ႕ ၉၇%ဟာ စာတတ္ၾကပါတယ္။ႏိုင္ငံျခားကိုထြက္ၿပီး ပညာေတာ္သင္သူေတြရဲ႕ ၉၉%ဟာ ေနရပ္ကို ျပန္လာၾကပါတယ္။ ႏိုင္ငံသားေတြဟာ ေပ်ာ္႐ႊင္မႈ ရွိၾကၿပီး ခ်မ္းသာျခင္းကို ႐ုပ္ဝတၱဳေတြနဲ႔ မတိုင္းတာပဲ စိတ္ခ်မ္းသာမႈနဲ႔သာ တိုင္းတာၾကပါတယ္။ စည္းမ်ည္းခံ ဘုရင္စနစ္ျဖစ္ၿပီး ဘုရင္မွာ မိဖုရား တစ္ပါးသာ ရွိပါတယ္။

ပုံျပင္ ဆန္ဆန္ အခ်စ္ဇတ္လမ္းေလးလည္း ရွိပါတယ္။

အဲဒါကေတာ့..တစ္ေန႔ ၁၇ ႏွစ္အ႐ြယ္ အိမ္ ေရွ႕မင္းသားဟာ တိုင္းခန္း လွည့္လည္တဲ့အခါမွာ ၇ႏွစ္သမီးအ႐ြယ္ မိန္းကေလး တစ္ေယာက္က သူ႔ကိုေခၚသြားဖို႔ ေျပာပါတယ္။

အဲဒီအခါ မင္းသားက- မင္းလဲ အ႐ြယ္ေရာက္ အိမ္ေထာင္ မရွိတဲ့အခါ ငါလဲ အိမ္ေထာင္ မျပဳရေသးရင္ လာေခၚမယ္လို႔ ကတိေပးခဲ့ပါတယ္။ ေနာင္တစ္ခ်ိန္ မင္းသားက ၃၁ ႏွစ္ မိဖုရားက ၂၁ ႏွစ္အ႐ြယ္မွာ ကတိအတိုင္း လက္ထပ္ခဲ့ပါတယ္။
မင္းသားက ၁၉ ႏွစ္အ႐ြယ္မွာ ဘုရင္ျဖစ္လာခဲ့ၿပီး ေအာက္စဖို႔တကၠသိုလ္က ဘြဲ႕ရခဲ့ပါတယ္။

အဲဒီႏိုင္ငံက ဗုဒၶဘုရားရွင္ ေဟာၾကားတဲ့ တရားေတာ္ေတြထဲမွာ ပါေလ့ရွိတဲ့ ေတာင္တန္းႀကီးေပၚမွာ ရွိပါတယ္။

.ေတာင္ေပၚႏိုင္ငံေလးရဲ႕ နာမည္ကေတာ့…..
ဘူတန္ျဖစ္ပါတယ္။

Original Uploader

#Unicode Version#
မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နိုင်ငံ။ တောင်ပေါ်နိုင်ငံငယ်လေးတစ်ခု၊ လူဦးရေ ၆ သိန်းကျော်သာရှိပြီး ဆေးလိပ် သောက်တဲ့သူ ၁%ပဲရှိပါတယ်..
Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက်ရှင် လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာအမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှမဝတ်ကြလို့ပါ။..
၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။
စစ်သည်တော် ၁၆၀၀၀ ပဲရှိပါတယ်။

ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲမရှိပါဘူး။ ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်။
အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။

ဆင်းရဲပေမယ့် လူဦးရေရဲ့ ၉၇%ဟာ စာတတ်ကြပါတယ်။နိုင်ငံခြားကိုထွက်ပြီး ပညာတော်သင်သူတွေရဲ့ ၉၉%ဟာ နေရပ်ကို ပြန်လာကြပါတယ်။ နိုင်ငံသားတွေဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်းကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာပဲ စိတ်ချမ်းသာမှုနဲ့သာ တိုင်းတာကြပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။

ပုံပြင် ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။

အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်း လှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ်ထောင် မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။
မင်းသားက ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အောက်စဖို့တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

အဲဒီနိုင်ငံက ဗုဒ္ဓဘုရားရှင် ဟောကြားတဲ့ တရားတော်တွေထဲမှာ ပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ်မှာ ရှိပါတယ်။

.တောင်ပေါ်နိုင်ငံလေးရဲ့ နာမည်ကတော့…..
ဘူတန်ဖြစ်ပါတယ်။

Original Uploader

Friday, March 2, 2018

ပုဂံခရီး (၁) ”ပုဂံကို ရထားစီးျပီးသြားၾကမလား” ရ..ရထားၾကီး ေပ်ာ္ေပ်ာ္စီး


”ပုဂံကို ရထားစီးျပီးသြားၾကမလား”
ရ..ရထားၾကီး ေပ်ာ္ေပ်ာ္စီး
ခရီးသြားရတာႏွစ္သက္တာမို ့ ေလးလတစ္ခါေလာက္ အလုပ္နဲ့ မသက္ဆိုင္တဲ့ခရီးသြားျဖစ္ေအာင္ ၾကိဳးစားပါတယ္။
ဒီတစ္ခါလည္း စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြနဲ႕အတူ ရထားနဲ႕သြားျဖစ္ခဲ့တဲ့
ေပ်ာ္ရႊင္စရာ ပုဂံခရီးစဥ္ ေလးအေၾကာင္း ေ၀မွ်ေပးခ်င္ပါတယ္။
ပုဂံကို မိုးရာသီေရာ ေဆာင္းရာသီမွာပါ ေလယာဥ္ ကားတို ့နဲ႕ သြားဖူးခဲ့ေပမယ့္ ရထားနဲ႕သြားျဖစ္ခဲ့တာေတ့ာ ဒါပထမဆံုးအၾကိမ္ပါပဲ။





ပုဂံကို ရထားနဲ႕သြားမယ္ဆိုရင္ ရထားလက္မွတ္ ၃ ရက္ၾကိဳ၀ယ္ရပါတယ္။
ကြ်န္မတို့က ဗုဒၶဟူးေန ့သြားမွာမို ့တနဂၤေႏြမနက္မွာ သြား၀ယ္ျဖစ္ပါတယ္။ ရထားလက္မွတ္ကို ဗိုလ္ခ်ဳပ္လမ္း Sakura Tower ေရွ ႔က ရထားလက္မွတ္၀ယ္တဲ့
ေနရာမွာ မနက္ ၈ နာရီကေန ညေန ၃ နာရီအတြင္း၀ယ္လို ့ရပါတယ္။
အိပ္စင္လက္မွတ္က တစ္ေယာက္ကို ၁၆၅၀၀ က်ပ္ေပးရပါတယ္။
အိပ္စင္တစ္တြဲမွာ လူ ၈ ေယာက္အထိစီးလို ့ရပါတယ္။
တစ္ျခမ္းကို ထိုင္ခံု ၄ ခံုပါတာမို ့ အားလံုး ထိုင္ခံု ၈ခံုနဲ႕ အိပ္စင္ ၂ ခုပါတယ္။
မ်က္ႏွာခ်င္းဆိုင္ထိုင္ခံု ၂ ခံုကို ဆက္လိုက္ရင္ ေနာက္ထပ္အိပ္စင္ ၂ ခု ရတာမို ့
က်ယ္က်ယ္၀န္း၀န္းသြားခ်င္ရင္ လူ ၄ ေယာက္/ ၆ ေယာက္ဆို အိပ္စင္တစ္တြဲမွာ အေတာ္ပါပဲ။
ကြ်န္မတို့က ၄ ေယာက္သြားတာမို ့အိပ္ရတာေရာ ထိုင္ရတာေရာ က်ယ္က်ယ္၀န္း၀န္းရွိပါတယ္။
အိပ္စင္တစ္တြဲမွာ အိမ္သာ သီးသန္ ့ပါတာမို ့ အေတာ္ေလးအဆင္ေျပပါတယ္။
ရန္ကုန္- ပုဂံရထားက ေန ့စဥ္ ညေန ၄ နာရီမွာထြက္ပါတယ္။
ရန္ကုန္ျမိဳ႕လမ္းက်ပ္တာမို ့ ညေန ၃း ၁၅ ေလာက္အေရာက္ သြားဖို ့လိုပါတယ္။
တြဲထိုးတာနဲ႕ တက္ျပီးပစၥည္းတင္ ေနရာယူတာနဲ႕ ညေန ၄ နာရီအတိ ရထာထြက္တာနဲ႕ ကြက္တိပါပဲ။
ကြ်န္မနဲ႕ကြ်န္မအမ်ိဳးသားက အိမ္ကထြက္တာ နည္းနည္းေနာက္က်သြားတာမို ့ ဘူတာရံုမေရာက္မခ်င္း ရင္တထိတ္ထိတ္ျဖစ္ခဲ့ရပါတယ္။
သူငယ္ခ်င္းစံုတြဲကလည္း စိတ္ပူစြာနဲ႕ဖုန္းတစ္ဂြမ္ဂြမ္ဆက္ေနပါျပီ။
ဘူတာရံုထဲ၀င္ျပီး ေနာက္ထပ္စၾကၤ ံတစ္ခုေက်ာ္ျပီးမွ ရန္ကုန္-ပုဂံရထားတြဲကို
ေရာက္ပါတယ္။













၃း၃၀ မွေရာက္သြားလို ့ရထားစၾကၤ ံေက်ာ္/ အတြဲရွာ/ ပစၥည္းတင္နဲ႕မို ့
ရထားေပၚေရာက္မွ စိတ္ေအးႏိုင္ခဲ့ပါတယ္။
တစ္ကယ္လို ့ရထားမမွီခဲ့ရင္
ၾကားဘူတာေတြက ျဖတ္တက္ဖို ့လည္း အဆင္မေျပပါဘူး။
ရထားက ကားလို မဟုတ္တဲ့အတြက္ေၾကာင့္ ကိုယ္ေနာက္က်ေနရင္
ခဏေစာင့္ပါဆိုျပီး ေစာင့္ဆိုင္းထားလို ့မရပါဘူး။
ရထားထြက္တာနဲ႕ လူကအေတာ္ေလးေပ်ာ္ေနပါျပီ။
ၾကည့္ျမင္တာဘူတာ၊ အင္းစိန္ဘူတာ၊ ေရႊျပည္သာဘူတာ စတာေတြျဖတ္သန္းျပီး
ရန္ကုန္ျမိဳ႕ကထြက္တာနဲ႕ လမ္းတစ္ေလွ်ာက္ မ်က္စိေအးစရာ
ျမင္ကြင္းစိမ္းစိမ္းစိုစိုေတြကို ျမင္ရပါျပီ။
ရထားနဲ႕ သြားမယ္ဆိုရင္ အေရးၾကီးတဲ့အခ်က္က စားစရာ
( ညစာနဲ႕ မနက္စာ) ျပင္ဆင္လာဖို ့လိုပါတယ္။
ရိုးရိုးတန္းနဲ႕ အထက္တန္းတြဲေတြမွာ ေစ်းသည္ေတြ လာေရာင္းႏိူင္ေပမယ့္
အိပ္စင္အတြဲက တစ္ျခားအတြဲေတြလို ကူးလို ့မရပါဘူး။
ရထားက ဘူတာတိုင္းလည္း မရပ္တာရယ္ ဟိုးတုန္းကလို ရပ္တဲ့ဘူတာမွာ ေရာင္းတဲ့ေစ်းသည္လည္း သိပ္မေတြ႕ရတာမို ့
ကိုယ့္မွာစားစရာမပါလာရင္ ဘာမွမတတ္ႏိုင္ပါဘူး။
ကြ်န္မတို ့က ၾကက္ေပါင္ေၾကာ္/ ဟန္ဘာဂါ/ စြတ္ျပဳတ္/ ၾကက္ဥျပဳတ္/
လက္ဖက္/ ေပါင္မုန္ ့/ ငါးပိေၾကာ္/ ေရေႏြး/ ေကာ္ဖီထုတ္/ အသီး/ tissue (wet & dry) နဲ႕ တစ္ျခား အားလူးေၾကာ္/ ငါးမုန္ ့ေၾကာ္/ ေနၾကာေစ့/ အခ်ဥ္ထုတ္/ ေရသန္ ့ စတာေတြယူသြားျဖစ္ပါတယ္။
ကြ်န္မသူငယ္ခ်င္းက ေစ့စပ္ေသခ်ာသူမို ့ဓါတ္ဗူး၊ ဇြန္း၊ အမႈိက္အိတ္ကအစ ကြ်န္မတို့ သယ္လာပါတယ္။
ပတ္၀န္းက်င္ ညစ္ညမ္းမႈမရွိေအာင္ ကိုယ္စားျပီးသား အမွိဳက္ေတြ၊ ျပစ္စရာေတြကို အျပင္ကိုမျပစ္ဘဲ အမႈိက္အိတ္ထဲ တစ္ခါတည္း ထည့္ပါတယ္။
ထမင္းစားခ်င္တဲ့သူဆိုရင္ ထမင္းယူသြားသင့္ပါတယ္။
ည ၇ နာရီေလာက္ လက္ပံတန္းဘူတာမွာ ခဏေလးရပ္ေပမယ့္
၀ယ္စားတဲ့ ထမင္းနဲ႕ဟင္းက အဆင္မေျပပါဘူး။
ေနာက္တစ္ခ်က္က ေစ်း၀ယ္တဲ့အခါ အဆင္ေျပေစဖို ့ ၅၀၀ တန္၊ ၂၀၀ တန္စတာေတြကိုလည္း ေဆာင္ထားသင့္ပါတယ္။
ရန္ကုန္-ပုဂံ ရထားလမ္းက အရမ္းၾကီးမခုန္ပါဘူး။
ညစာ စားျပီးခ်ိန္ စာအုပ္ေလးဖတ္ျပီး ရထားသံေလးနားေထာင္ရင္း
အိပ္လိုက္လာရတာ အေတာ္ေလးဇိမ္က်ပါတယ္။
ရထာၾကီးကျမန္လာလိုက္၊ ေႏွးသြားလိုက္နဲ ့ေခ်ာ့သိပ္ေနသလိုပါပဲ။
ကြ်န္မတို ့ေလးေယာက္ကေတ့ာ စာအုပ္ဖတ္တဲ့သူကဖတ္၊ သီခ်င္းနားေထာင္တဲ့သူကနားေထာင္၊ ဖုန္းၾကည့္သူကၾကည့္ျပီး
အိပ္စက္လိုက္ပါလာၾကပါတယ္။
ရထားက အိပ္စင္နဲ ့ထုိင္ခံုေတြအတြက္ အခင္းအျဖဴေရာင္ေတာ့ေပးထားပါတယ္။
သူတို့အခင္းေတြ မသံုးခ်င္ရင္
ကုိယ့္ရဲ ့ေစာင္တို ့အခင္းတို့ ယူလာဖို့ေတ့ာ သတိခ်ပ္သင့္ပါတယ္။
အမွန္အတိုင္းေျပာရရင္ ကြ်န္မက ရထားေပၚက ၾကမ္းပိုးကိုက္မွာ
အင္မတန္ေၾကာက္တဲ့သူပါ။
ကံေကာင္းေထာက္မစြာနဲ ့ကြ်န္မတို့ ရထားတြဲမွာေတ့ာ
ၾကမ္းပိုးမေတြ ့ခဲ့ရပါဘူး။
မနက္လင္းလို့ရထားအိမ္သာတြဲထဲမွာ ေဘစင္တစ္ခုလည္းပါတာမို ့မ်က္ႏွာသစ္ရတာ
အဆင္ေျပပါတယ္။ ေရလည္းလံုလံုေလာက္ေလာက္ပါပဲ။
ရထားနဲ ့ခရီးသြားျခင္းရဲ ့အားသာခ်က္က အိပ္ေရး၀ျပီး
ကားနဲ ့သြားသလို အေညာင္းမမိသလို၊ သက္ေတာင့္သက္သာလည္းရွိပါတယ္။
မနက္ေစာေစာ ေနထြက္တာကို ရထားေပၚကေန ပါလာတဲ့ေကာ္ဖီေလးတစ္စိမ့္စိမ့္ေသာက္ရင္း ၾကည့္ရတာကလည္း အရသာတစ္မ်ိဳးပါပဲ။
ရန္ကုန္ထြက္စက စိမ္းစိမ္းစိုစိုနဲ ့ရႈခင္းေတြက တစ္မ်ိဳးလွသလို၊
အညာက်ျပန္ေတ့ာ တစ္မ်ိဳးတစ္ဖံုလွပါတယ္။
မိုးတြင္းမွ ဖုန္းမထူသလို၊ ရာသီဥတုကလည္း ပူစပ္မေနပါဘူး။
မိုးလည္းအျမဲရြာေနတာမဟုတ္လို ့စိုစိစိလည္းျဖစ္မေနပါဘူး။
ရထားေပၚက ရႈခင္းေတြၾကည့္ရတဲ့ခံစားခ်က္ကလည္း ကားနဲ ့ခရီးသြားျခင္းနဲ့
ကြာျခားျပန္ပါတယ္။
သားျမာဘူတာေရာက္တဲ့အခါ မနက္စာ၀ယ္စားခ်င္ရင္ ၀ယ္စားလို့ရတယ္လို ့
ရထားတြဲေစာင့္ဆရာၾကီးကေတ့ာ ေျပာေပမယ့္ ကြ်န္မတို့ေတ့ာပါလာတဲ့
မုန္ ့ေတြပဲစားျဖစ္ပါတယ္။
ရထာၾကီးေကြ ့သြားတဲ့အခါဓါတ္ပံုရိုက္ရင္ အင္မတန္လွပါတယ္။
ဒါေပမယ့္ သစ္ပင္၊ သစ္ကိုင္းေတြကို ေတ့ာ သတိထားရပါမယ္။
လမ္းတစ္ေလွ်ာက္ ဓါတ္ပံုရိုက္ခ်င္စရာ ရႈမညီးတဲ့ ရႈခင္းေတြအမ်ားၾကီး
ေတြ ့ရပါလိမ့္မယ္။
ဒီလိုနဲ ့နတ္ေမာက္၊ ေက်ာက္ပန္းေတာင္း၊ ငါ့မင္းေမး၊စုတည္ စတဲ့ဘူတာေပါင္းမ်ားစြာ ျဖတ္သန္းျပီးတဲ့အခါ အခ်ိန္မွန္ မနက္ ၁၁ နာရီေလာက္မွာေတ့ာ ပုဂံဘူတာကို ဆိုက္ေရာက္ပါတယ္။
ညေန ၄ နာရီကေနစစီးလာတာမို ့စုစုေပါင္းရထားစီးခ်ိန္ကေတ့ာ
ရန္ကုန္-ပုဂံကို ၁၈ နာရီေလာက္စီးရပါတယ္။
ပုဂံခရီး (၂)
ပုဂံကို ေရာက္ပါျပီ
ပုဂံေရာက္ျပီဆိုေတ့ာ ကိုယ္တည္းခိုမယ့္ Hotel/ Guest House တစ္ခုခုကို သြားရပါမယ္။
ဒါ့ေၾကာင့္ ခရီးမထြက္လာခင္ကတည္းက ဘယ္ဟိုတယ္မွာ တည္းမယ္။
ကိုယ့္ရဲ ့Budget ကဘယ္လိုသတ္မွတ္ထားသလဲ ဆိုတာ အေရးၾကီးပါတယ္။
တစ္ကယ့္ ဟိုတည္ၾကီးေတြမွာ တည္းမယ့္သူေတြေရာ၊ ဟိုတယ္အေသးေလးေတြမွာ တည္းမယ့္သူေတြေရာ ၾကိဳတင္ဘိုကင္လုပ္ထားခဲ့တာကေတ့ာ အေကာင္းဆံုးပါ။
တစ္ခ်ိဳ ့ဟိုတည္ၾကီးေတြက online က ဘိုကင္လုပ္ထားရင္ walk in ၀င္တာထက္
ပိုျပီးေစ်းသက္သာတာရွိတတ္ပါတယ္။
တည္းခိုမယ့္ေနရာ ရွာမထားဘဲ ေရာက္မွ
တည္းဖို ့ရွာမယ္ဆို
သက္သက္အခ်ိန္ပိုကုန္ေစသလို လူကိုလည္း ပင္ပန္းေစပါတယ္။
ကြ်န္မတို့လည္း online က review ေလးေတြကို ဖတ္ျပီး၊ ၾကည့္ျပီး
New Wave Guest House မွာ ဖုန္းနဲ ့ၾကိဳျပီး ဘိုကင္တင္ထားပါတယ္။
New Wave က ၀က္ၾကီးအင္း၊ ေညာင္ဦးျမိဳ ့နယ္၊ ပုဂံျမိဳ ့မွာတည္ရွိပါတယ္။
ဖုန္းနံပါတ္က ၀၆၁ ၆၀၇၃၁၊ ၀၉ ၄၅၀၀ ၅၃၁၅၅
New Wave မွာ standard room အခန္းခက တစ္ရက္ကို ၂၅၀၀၀ က်ပ္ ပါ။
ႏွစ္ေယာက္တည္းခိုႏိုင္ပါတယ္။
မနက္စာပါ၀င္ပါတယ္။
မနက္စာကလည္း သူ ့ေစ်းေလးနဲ ့ဆို
ေကာင္းတယ္လို ့ေျပာလို့ရပါတယ္။
သံုးရက္တည္းတဲ့အခိုက္ ထမင္းဆီဆမ္း၊ ထမင္းသုတ္၊ မုန့္ဟင္းခါး တစ္ေန ့တစ္မ်ိဳးစီ စားရပါတယ္။
ေပါင္မုန္ ့နဲ ့ၾကက္ဥ စားခ်င္လည္းရပါတယ္။
အမွန္အတိုင္းေျပာရရင္ New Wave ကို အရမ္းၾကီးေမွွ်ာ္လင့္မထားပါဘူး။
ကိုယ္ေတြကလည္း တစ္ေနကုန္ အျပင္ထြက္မယ့္သူေတြျဖစ္လို ့ review ေလးလည္း မဆိုးဘူးဆိုျပီးစမ္းသြားၾကည့္တဲ့သေဘာပါ။
ဒါေပမယ့္ သူ ့ရဲ ့အခန္းေတြက က်ယ္သလို၊ အျပင္အဆင္ေလးေတြလည္း
သပ္ရပ္ေကာင္းမြန္ပါတယ္။
ေနရတာ အေတာ္ေလးအဆင္ေျပျပီး စိတ္ေက်နပ္ခဲ့ပါတယ္။
ဒါ့ေၾကာင့္မို ့ေစ်းအရမ္းၾကီး ၾကီးတဲ့ေနရာမွာ
တည္းဖို ့မစဥ္းစားထားဘူးဆိုတဲ့သူေတြကို
New wave သြားဖို ့လမ္းညႊန္ခ်င္ပါတယ္။ ႏိုင္ငံျခားသားေရာ၊ ျမန္မာေတြေရာ တည္းခိုၾကပါတယ္။
သူ ့ပတ္၀န္းက်င္မွာလည္း စားေသာက္ဆိုင္ေတြ ရွိသလို၊ ဘုရားေတြသြားဖို ့ရာလည္း
အဆင္ေျပပါတယ္။ Queen/ မ်ိဳးမ်ိဳး/ Nandar/ Harmony/ The Little Thai Kitchen စတဲ့စားေသာက္ဆိုင္ေတြနဲ ့နီးပါတယ္။
ဟိုတယ္မွာပဲ ေအးေအးေဆးေဆးပိုေနမယ္၊ ေရကူးမယ္၊ ဧရာ၀တီျမစ္ျပင္ၾကီးၾကည့္ျပီး
ထေနာင္းပင္ၾကီးေအာက္ထိုင္မယ္။
ညဘက္ ရုပ္ေသးအကေလးလည္း ၾကည့္ခ်င္တယ္။
ညည့္နက္တဲ့အထိ ကိုယ့္အခန္း (ဘန္ကလို) ကေန ေလာကသဘာ၀ကို ခံစာၾကည့္ခ်င္တဲ့သူေတြအတြက္ဆိုရင္ေတ့ာ Bagan Thandae Hotel (River View) ကို သေဘာက်ပါတယ္။
ဒီလိုအခ်ိန္ မိုးတြင္းဆို ပုဂံကဟိုတယ္ေတြက ပြင့္လင္းရာသီေတြထက္ ေစ်းပိုသက္သာပါတယ္။
တည္းခိုစရာေနရာလည္း ဘိုကင္လုပ္ထားျပီးသား
မို ့ပုဂံဘူတာကေန ကားငွားသြားရံုပါပဲ။
ပုဂံရထားကေတ့ာ လူလည္း မမ်ားလို ့ ဘူတာရံုကလည္း ေအးေအးေဆးေဆးပါပဲ။
ကားငွားခေတြကေတ့ာ ကိုယ္တည္းမယ့္ေနရာ သြားရမယ့္ ေနရာေပၚမူတည္ပါတယ္။
ဘူတာကေန တည္းခိုတည့္ေနရာကို ၈၀၀၀ က်ပ္ေပးရပါတယ္။
ရန္ကုန္ကားငွားခအေနနဲ ့ၾကည့္ရင္ေတ့ာ ေစ်းၾကီးတယ္လို့ေတ့ာဆိုႏိုင္ပါတယ္။
New Wave ေရာက္ေတ့ာ ၁၁ခြဲပဲ ရွိေသးတာေၾကာင့္ ့အခန္းသန္ ့ရွင္းေရးလုပ္ေနခ်ိန္မို ့ ပစၥည္းေတြ
ခ်ျပီး အဲ့ဒီ့အနားက Queen ဆိုတဲ့ စားေသာက္ဆိုင္ကို လမ္းေလွ်ာက္ျပီးသြားစားျဖစ္ပါတယ္။
အဲ့ဒီမွာက ေဒါင္းလန္းၾကီး တစ္ေယာက္စာ မွာလို့ရပါတယ္။ အရသာလည္း မဆိုးပါဘူး။
လာစားတဲ့ ဧည့္သည္အျပည့္ပါပဲ။
ႏိုင္ငံျခားသား ဧည့္သည္ပိုမ်ားတာေတြ ့ရပါတယ္။
ပုဂံမွာ ေလွ်ာက္လည္မယ္ဆိုရင္ ကိုယ္က ဘယ္လိုလည္ခ်င္သလဲဆိုတဲ့ အခ်က္ကို စဥ္းစားရပါမယ္။
ဘုရားအစံုဖူးခ်င္တာလား၊ ေအးေအးေဆးေဆး ဘယ္လိုဘုရားေတြ သြားခ်င္တာလဲ။
ေပါက္ဆိန္ေပါက္သြားမွာလား။
ကားနဲ ့လည္မလား။ ebike စီးျပီး ကိုယ့္ဟာကိုယ္ သြားၾကမလားဆိုတာ စဥ္းစားရပါမယ္။
ကားနဲ ့လည္မယ္ဆိုရင္ ကားခက တစ္ေန ့မနက္ကေနညေနအထိ ၃၀၀၀၀ က်ပ္ရွိပါတယ္။
ပုပၸားသြားလည္ရင္လည္း ေစ်းက ဒီေလာက္ပါပဲ။ ပုပၸားကို တစ္ျခားသူေတြနဲ ့အတူ share ျပီး ကားငွားခ်င္လည္း ရပါတယ္။
အဲဒါက်ေတ့ာ ေစ်းတစ္မ်ိဳးပါ။
Ebike တစ္စီးကို တစ္ေယာက္တည္းစီးရင္
တစ္ေန ့လံုးငွားခ ၇၀၀၀-၈၀၀၀ က်ပ္ ေပးရျပီး၊
ႏွစ္ေယာက္စီးရင္ ၁၀၀၀၀- ၁၁၀၀၀ က်ပ္ ရွိပါတယ္။
ကားနဲ ့လည္မယ္ဆိုရင္ ကားဆရာက အထင္ကရဘုရားေတြကို လိုက္ပို့ေပးမွာမို ့ဘယ္ဘုရား၊ ဘယ္နားမွာရွိလဲ၊ sun set ဘယ္က ၾကည့္ရမလဲ
ဘယ္ဘုရားေတြက တက္လို့ရေသးလဲ ဆိုတဲ့အခ်က္ေတြအတြက္ သိပ္စိတ္ပူစရာမလိုပါဘူး။
ကိုယ့္ဟာကိုယ္ လည္မယ့္သူေတြ၊ ပထမဆံုးအၾကိမ္ေရာက္ဖူးတဲ့သူေတြအတြက္
ကေတ့ာ အခ်ိန္မကုန္ရေအာင္ ေျမပံုတစ္ခုရွိထားသင့္ပါတယ္။
လမ္းမွာ သြားရင္း informatation ေကာင္တာကေန ေျမပံု၀င္ေတာင္းလို့ရပါတယ္။
မႏွစ္က အခုလို မိုးရာသီမွာ ပုဂံကို အလုပ္ကိစၥနဲ ့လာရင္း ေနာက္ႏွစ္မိုးရာသီ မျဖစ္မေနေအးေအးလူလူ
လမယ္လို ့အားခဲထားတာမို ့ ပုဂံမွာပဲ ၃ ညအိပ္မယ္။
ebike နဲ ့ကိုယ္သြားခ်င္တဲ့ေနရာေတြကို သြားလည္မယ္။
တစ္ေနရာ၀င္ ေအးေအးေဆးေဆး ဓါတ္ပံုရိုက္မယ္၊ နားမယ္။
ေနာက္ထပ္တစ္ေနရာ သြားမယ္။
ေန ့လည္ ခဏျပန္နားမယ္။ ညေနျပန္ထြက္မယ္ ဆိုျပီး ရည္ရြယ္သြားတာမို့ ကြ်န္မတို့က
ebike ကိုပဲ သံုးျဖစ္ပါတယ္။
ပုဂံသြားမယ္ဆိုရင္ အက်ီ ၤ၊ ေဘာင္းဘီအမ်ားၾကီးထည့္စရာမလိုပါဘူး။
ပုဂံမွာ ဖက္ရွင္တစ္ခုလို ့ဆိုလို့ရေအာင္ သူသူကိုယ္ကိုယ္ ေဘာင္းဘီပြပြၾကီးေတြ၀တ္ၾကပါတယ္။
ကိုယ့္မွာ မပါလည္း စိတ္ပူစရာမလိုပါဘူး။ ေနရာတိုင္းမွာ ေလးလႊာဖားဖားေဘာင္းဘီနဲ ့
အက်ီ ၤေတြ၀ယ္လို့ရပါတယ္။ ၀တ္စရာအမ်ားၾကီး ယူလာမိရင္ေတာင္မွ အဲ့ဒီ့လို ေဘာင္းဘီေတြ မ၀ယ္ျဖစ္တဲ့သူ မရွိဘူးလို ့ထင္ပါတယ္။
ေပါ့ေပါ့ပါးပါးရွိျပီး ရာသီဥတုနဲ ့ကိုက္ညီတာကာ ေစ်းလည္းသင့္တာမို ့ ဒါက ပုဂံရဲ ့ဖက္ရွင္ပါပဲ။
ေဘာင္းဘီအရွည္က တစ္ထည္ကို ၄၀၀၀-၄၅၀၀ က်ပ္ ကပံုမွန္ေစ်းပါ။
အတိုဆိုရင္ တစ္ထည္ ၃၀၀၀-၃၅၀၀ က်ပ္ ေပးရပါတယ္။
Ebike စီးရင္ ေနကာဖို ့ဦးထုတ္၊ မ်က္မွန္၊ ေပါ့ေပါ့ပါးပါးပိုက္ဆံအိတ္ ယူသြားတာေကာင္းပါတယ္။
ေနလည္းမျပင္းသလို၊ မိုးလည္း မသည္းဘဲ တစ္ခါတစ္ေလ မိုးေလးအံု ့တတ္ေသးတာမို ့
အခုလို မိုးရာသီကေတ့ာ လည္လို့အေကာင္းဆံုးအခ်ိန္ပါပဲ။
ပုဂံဘုရားေတြနဲ ့ေနာက္ခံ ဓါတ္ပံုရိုက္တဲ့အခါ ျမန္မာအက်ီ ၤနဲ ့လံုျခည္အေရာင္လြင္လြင္ေလးေတြဆို
ပိုလို့ ၾကည့္ေကာင္းပါတယ္။
ေနာက္ထပ္ မပါမျဖစ္အေရးၾကီးတာက sefile stick ပါ။
ပုဂံမွာ ေနာက္ရက္ေတြရဲ႕ ေန ့လည္စာကို အာနႏၵာ ဘုရားနားက သရပါ ၃ နဲ ့မ်ိုးမ်ိဳး တို့မွာစားျဖစ္ပါတယ္။
နာမည္ၾကီးျပီးသားဆိုင္ေတြမို ့လူစည္ပါတယ္။ လူစည္သေလာက္ အရသာကလည္း ေကာင္းပါတယ္။
ျမန္မာထမင္း၊ ဟင္းကို အညာအရြက္သုတ္ေလးေတြ၊ အေထာင္ေလးေတြ၊ ၾကက္ေၾကာ္၊ အမဲေၾကာ္၊ ဆိတ္သားလံုးေၾကာ္လည္း ရတာမို ့ကြ်န္မကေတ့ာ သရပါ ၃ ကို အေတာ္ေလးၾကိဳက္ပါတယ္။
ညေနစာ အကင္ေလာက္ပဲ စားခ်င္တယ္ဆိုရင္ေတ့ာ Harmony က ေကာင္းပါတယ္။
Harmony မွာ ႏွစ္ည ဆက္တိုက္စားျဖစ္ျပီး ေနာက္ဆံုးတစ္ညကို The Little Thai Kitchen ကိုေျပာင္းစားျဖစ္ပါတယ္။ သူကေတ့ာ unplugged ေလးနဲ ့အရသာကလည္း ေကာင္းပါတယ္။
ခရီးသြားရင္ ေနာက္ထပ္အေရးၾကီးတဲ့အခ်က္က “ဘံုပိုက္ဆံ” လုပ္ထားဖို ့ပါပဲ။
ဒါဟာ ေရရွည္အတြက္ အေကာင္းဆံုးပါ။
ကြ်န္မတို ့သူငယ္ခ်င္းေတြကေတ့ာ ခရီးတစ္ခုထြက္မယ္ဆို
စထြက္ကတည္းက တစ္ေယာက္ဘယ္ေလာက္ ဆိုျပီး အားလံုး၀ိုင္းထည့္တဲ့ ဘံုပိုက္ဆံ လုပ္ထားပါတယ္။
အစားအေသာက္၊ ကားငွားခ၊ ဘာခ၊ ညာခစတာေတြကို ဘံုပိုက္ဆံထဲကပဲ တစ္ေယာက္က ဒိုင္ခံရွင္းပါတယ္။
ဘံုပိုက္ဆံက နည္းလာရင္ ထပ္ထည့္ၾကပါတယ္။
ဒါမွ ဘယ့္သူကို ဘယ္သူကမွ အားနားစရာမလိုပဲ ဘယ္ေလာက္သံုးျပီးျပီလဲ ဆိုတာကိုလည္း အလြယ္တစ္ကူ ျပန္တြက္လို ့ရပါတယ္။
ေန ့လည္စာစားျပီး တစ္ေရးလည္း အိပ္ျပီးျပီမို ့
ညေန ၄ မွာေတ့ာ
ပုဂံ Day 1 ေျခဆန္ ့ဖို ့အသင့္ျဖစ္ေနပါျပီ။
ပုဂံခရီး (၃)
ပုဂံမွာ ေလွ်ာက္လည္ၾကမယ္
ပုဂံဘုရားေတြ ဖူးမယ္ဆိုရင္
တန္ခိုးမွာ ေရႊစည္းခံု၊ အႏုမွာ အာနႏၵာ၊
အျမင့္မွာ သဗၺညဳ ၊ ထုမွာ ဓမၼရံ
လို ့ေျပာစမတ္ျပဳၾကတာမို ့
ဒီ ေရႊစည္းခံု၊အာနႏၵာ၊ သဗၺညဳ နဲ ့ဓမၼရံၾကီး ဘုရားတို့ကိုေတ့ာ မျဖစ္မေနသြားဖူးသင့္ပါတယ္။
ေရႊစည္းခံုသြားျပီး နည္းနည္းဆက္သြားရင္ ေညာင္ဦးကိုေရာက္ျပီမို ့
ေညာင္ဦးေစ်းသြားခ်င္ရင္လည္း
သြားႏိုင္ပါတယ္။
ေညာင္းဦးျမို ့ထဲသြားရင္ လမ္းမွာ ငွက္ပစ္ေတာင္ဘုရားကို လမ္းညႊန္ထားလည္းရွိပါတယ္။
ေရႊစည္းခံုေဇာင္းတန္းက တိုင္အျဖဴေတြနားမွာ ဓါတ္ပံုရိုက္ရင္လွသလို၊
အာနႏၵာဘုရား ေဇာင္းတန္းနားမွာလည္း ဓါတ္ပံုရိုက္လို့ေကာင္းပါတယ္။
Sun Set ၾကည့္ခ်င္သူမ်ားကေတ့ာ ေရႊလိပ္တူးဘုရား၊ ေရႊဂူၾကီး၊ ေရႊဆံေတာ္ဘုရားေတြကေနျပီး ေန၀င္တာကို ၾကည့္ရႈခံစားလို့ရပါတယ္။
ပုဂံဘုရားေတြထဲမွာ ထုထည္ၾကီးမားတဲ့ ဓမၼရံၾကီးဘုရားကို အေတာ္ေလးသေဘာက်မိပါတယ္။
ေနာက္ထပ္လူသြားမ်ားတဲ့ ဘုရားတစ္ဆူကေတ့ာ ထီးလိုမင္းလိုဘုရားပါ။
ရုပ္ေသးရုပ္ေတြ၊ ပုသိမ္ထီးေတြ၊ ေခါင္းေလာင္း၊ ေၾကးစည္စတဲ့ ဆိုင္တန္းေတြဟာ ဘုရားပတ္ပတ္လည္မွာ ရွိပါတယ္။
ကေလးကစားရာေရာင္စံုအိုးပုတ္အစံုကို သရပါတံခါးကထြက္ျပီး အာနႏၵာသြားတဲ့လမ္းက ေစ်းတန္းေလးမွာ ၀ယ္လို့ရပါတယ္။
ဧရာ၀တီျမစ္ကမ္းနေဘးက ေလာကနႏၵာဘုရားဖူးရင္း ဧရာ၀တီျမစ္ျပင္ၾကီးကိုလည္း ေငးၾကည့္ႏိုင္ပါတယ္။
မႏုဟာဘုရား၊ ကန္ေတ့ာပုလင္၊ ဓမၼရာဇက
နဲ ့တစ္ျခားထင္ရွားတဲ့ဘုရားေတြအမ်ားၾကီးရွိပါေသးတယ္။
တစ္ခ်ိဳ ့လည္း စြယ္ေတာ္ေလးဆူ ေန့မြမ္းမလြဲခင္ဖူးႏိုင္ရင္ ဆုေတာင္းျပည့္တယ္လို ့ေျပာၾကတာမို ့
မနက္အေစာၾကီးကတည္းကထျပီး စြယ္ေတာ္ေလးဆူ
(တန္ ့ၾကည္ေတာင္ေစတီ၊ တုရင္းေတာင္ေစတီ၊ ေရႊစည္းခံုေစတီ
နဲ ့ေလာကနႏၵာေစတီ) ကို လွဴဖြယ္ပစၥည္းအစုစုနဲ ့သြားၾကတာရွိပါတယ္။
ဒီတစ္ေခါက္ေတ့ာ ကြ်န္မတို့က တန္ ့ၾကည္ေတာင္နဲ ့တုရင္းေတာင္ကို မေရာက္ျဖစ္ပါဘူး။
ေနာက္ထပ္ ပုဂံမွာ ဗူးဘုရားကေနလည္း Sun Set ၾကည့္ၾကသူမ်ားရွိပါတယ္။
Sun Set ကို ဗူးဘုရားကဆင္းျပီး ေလွငွားျပီး ဧရာ၀တီျမစ္ျပင္ထဲ ရႈခင္းေတြခံစားျပီးၾကည့္လို့လည္း ရပါတယ္။
ဗူးဘုရားသြားတဲ့အခါ ညေန ေလွငွားျပီး sun set ၾကည့္မလားလို ့ေမးတဲ့ ေလွဆရာေတြရွိပါတယ္။
ကြ်န္မတို့အုပ္စုကေတ့ာ ပထမေန ့sun set ကို ေရႊလိပ္တူးဘုရားကၾကည့္ျဖစ္ျပီး
ဒုတိယေန့မွာ ေရႊဂူၾကီးဘုရားကၾကည့္ပါတယ္။
ေရႊဂူၾကီးကၾကည့္ရင္ သဗၺညဳ နဲ ့ဓမၼရံၾကီးဘုရားကိုလည္း လွမ္းျမင္ရပါတယ္။
အရင္အေခါက္ေတြတံုးက sun set ကို ေရႊဆံေတာ္၊ ျပသာဒ္ၾကီးနဲ ့ မဂၤလာေစတီကၾကည့္ခဲ့ဖူးပါတယ္။
ေရႊဆံေတာ္ဘုရားက အျမဲလူျပည့္တတ္သလို၊ ျပသာဒ္ၾကီးက ၾကည့္ရတဲ့ျမင္ကြင္းကိုေတ့ာ အၾကိဳက္ဆံုးပါပဲ။
အရင္က ျပသာဒ္ၾကီးဘုရားကေနလည္းတက္ျပီး ေန၀င္တာကို ၾကည့္လို့ရေပမယ့္ အခုေတ့ာ ျပသာၤၾကီးက တက္လို့မရေတ့ာပါဘူး။ ဒါေပမယ့္ ဓါတ္ပံုရိုက္ခ်င္သူမ်ားအတြက္ေတ့ာ ျပသာဒ္ၾကီးကို သြားျပီး
ျပသာဒ္ၾကီးဘုရားရဲ ့ၾကီးၾကယ္ခမ္းနားမႈကို ေလ့လာႏိုင္ပါတယ္။ အဲ့ဒီ့ကေနအျပန္ စူဠာမဏိဘုရားကို ၀င္ႏိုင္ပါတယ္။
စူဠာမဏိဘုရားမွာ ဘုရားအထဲကို မ၀င္မွီ ဘယ္ဘက္ကိုခ်ိဳးလာရင္ ဘုရားရယ္ သစ္ကိုင္းအေကြးေလးေပၚေအာင္ ဓါတ္ပံုရိုက္ေကာင္းတဲ့ေနရာေလးရွိပါတယ္။
အဲ့ဒီ့အေနာက္မွာ ရဟန္းစာဆို ဦးက်ည္ေပြ ့ရဲ ့ စာေမးစာေျဖကန္လည္းရွိပါတယ္။
စူဠာမဏိ၊ ျပသာဒ္ၾကီးနဲ ့ဓမၼံရံၾကီးဘုရားေတြက
လမ္းတစ္ေၾကာထဲမွာ ရွိပါတယ္။
ေနာက္ဆံုးေန ့မွာေတ့ာ ဧရာ၀တီျမစ္ထဲေလွစီးရင္းၾကည့္ျဖစ္ပါတယ္။
ဗူးဘုရားကို ညေန ၅ နာရီေလာက္အေရာက္သြားျပီး စားခ်င္တဲ့ ပုဇြန္ေၾကာ္
တို ့ငါးေလးေၾကာ္တို့ကို ဗူးဘုရားမွာပဲ ၀ယ္ပါတယ္။
ကြ်န္မတို့ငွားတဲ့ ေလွဆရာက သေဘာေကာင္းပါတယ္။
သူက လက္ဖက္နဲ ့ေရေႏြးၾကမ္းဧည့္ခံပါတယ္။
ေလွငွားခက တစ္ေယာက္ ၅၀၀၀ ေတာင္းတဲ့သူရွိေပမယ့္ ကြ်န္မတို့ငွားတဲ့ ေလွဆရာကေတ့ာ ေလးေယာက္ကို ၁၅၀၀၀ ပဲေတာင္းျပီး ေစ်းထပ္ေလ်ာ့ေပးပါေသးတယ္။
ဘုရားေတြကေတ့ာ ကိုယ္သြားမယ့္လမ္းေၾကာင္း၊ ကိုယ္သြားခ်င္တဲ့ဘုရား၊ အခ်ိန္ေပၚမူတည္ျပီး အလ်င္းသင့္သလို သြားလို့ရပါတယ္။
ကြ်န္မတို့ကေတ့ာ မနက္ ၈ နာရီေလာက္ထြက္ျပီး ေန့လည္ခဏျပန္နားပါတယ္။
ျပီးမွ ညေန ၄ နာရီေလာက္ တစ္ေခါက္ျပန္ထြက္ပါတယ္။
တစ္ခ်ိဳ ့ပုဂံကေန ပုပၸားေတာင္ကို သြားလည္သူမ်ားလည္းရွိပါတယ္။
ပုဂံ-ပုပၸားလမ္းက ပိုင္ထန္းေတာကေတ့ာ မ၀င္မျဖစ္လူတိုင္း၀င္ၾကတဲ့ ေနရာတစ္ခုပါပဲ။
ဒီတစ္ေခါက္ သံုးရက္လံုး ပုဂံမွာပဲေအးေအးေဆးေဆး
လည္ျဖစ္တာမို ့ပုပၸားေတာင္ကို မသြားျဖစ္ခဲ့ပါဘူး။
ေနာက္ထပ္ ပုဂံမွာ ေခတ္စားလာတာက လက္ပန္းခ်ီဆြဲတာပါ။
လက္ပန္းခ်ီဆြဲသည္ဆိုတဲ့ ဆိုင္းပုဒ္နဲ ့ဆိုင္ေလးေတြ ပုဂံဘုရားဖူးလမ္းတစ္ေလွ်ာက္အမ်ားအျပားရွိပါတယ္။
ေယာက်ၤားေလး၊ မိန္းကေလး ႏွစ္ေယာက္လံုး လက္ေပၚမွာ ဆြဲလို့ရပါတယ္။
သူက အၾကာၾကီးေတ့ာမခံပါဘူး။ အလွသေဘာမ်ိဳးပါ။
ကိုယ္ဆြဲခ်င္တဲ့ဒီဇိုင္းကို မူတည္ျပီး ၂၅၀၀-၃၀၀၀ က်ပ္စသျဖင့္ အမ်ိဳးမ်ိဳးရွိပါတယ္။
လက္မႈပန္းခ်ီဆိုင္ေလးေတြမွာ ရုပ္ေသးရုပ္ေလးေတြ၊ ပုသိမ္ထီးေရာင္စံုေလးေတြနဲ့ အလွဆင္ထားပါတယ္။
အဲဒါေလးေတြနဲ ့လည္း တြဲျပီး ဓါတ္ပံုရိုက္လို့ရပါတယ္။
ေနာက္ထပ္ျပည္တြင္းျဖစ္ ၾကိမ္၊ ဖ်ာ၊ ၾကာရိုး အိတ္
ၾကိမ္ထည္ပစၥည္းေတြ ၀ယ္ခ်င္ရင္ေတ့ာ သဗၺညဳဘုရာနား
မွာ ၾကိမ္ဆိုင္ေတြရွိပါတယ္။
ပုဂံကေန ရန္ကုန္ျပန္မယ္ဆိုရင္ ကား၊ ေလယာဥ္ တို့နဲ ့ျပန္လို့ရသလို ရထားနဲ ့ျပန္လို့လည္းရပါတယ္။
ပုဂံမွာက်ေတ့ာ ရထားလက္မွတ္က ၾကိဳမေရာင္းပါဘူး။
ခရီးသြားမယ့္ေန ့ရဲ ့ေန ့လည္ ၃ နာရီမွ လက္မွတ္စေရာင္းပါတယ္။
အိပ္စင္ေစ်းက အသြားတုန္းကလိုပဲ ၁၆၅၀၀ က်ပ္ပါ။
ညေန ၄ နာရီမွာ ရထားထြက္ပါတယ္။
ရထားစီးသူနည္းေသးတာေၾကာင့္ ကြ်န္မတို့ လြယ္လြယ္ကူကူပဲ၀ယ္လို့ရပါတယ္။
ပုဂံကို ဘယ္ႏွစ္ေခါက္ပဲ ေရာက္ေရာက္ ဘယ္ေတ့ာမွ မရိုးပါဘူး။
အညာက တမာလမ္းနဲ ့ထေနာင္းပင္ေတြကို ကြ်န္မခ်စ္ပါတယ္။
ေအးေအးေဆးေဆး ebike ေလးစီးပီး
ကိုယ္သြားခ်င္တဲ့ ဘုရားေတြပဲ ေရြးျပီးသြားခဲ့တာမို ့
ဒီခရီးစဥ္ေလးဟာ ေက်နပ္စရာေကာင္းပါတယ္။
ပုဂံမွာ (၃) ညအိပ္ခဲ့ျပီး အလာတုန္းက ရထားေပၚ (၁) ည၊
အခုအျပန္ (၁) ည နဲ ့ကြ်န္မတို့ရဲ ့ပုဂံခရီးေလးက ျပီးဆံုးပါေတ့ာမယ္။
တစ္ကယ္ေတ့ာအိမ္ကို မျပန္ခ်င္ေသးပါဘူး။
ဒါေပမယ့္ အခ်ိန္တန္ အိမ္ျပန္ရတာပါပဲ။
အျပန္လက္ေဆာင္ပုဂံပုန္းရည္ၾကီး နဲ ့လမ္းမွာစားဖို ့သရပါ ၃ ကေအာ္ဒါမွာ၀ယ္ခဲ့တဲ့
ၾကက္ေၾကာ္၊ အမဲေၾကာ္၊ ထမင္း၊ ဟင္းအစံုပါတဲ့ ျခင္းေထာင္းႏွစ္လံုးနဲ ့အတူ
ၾကိမ္ကုလားထိုင္ေတြပါ တင္ျပီး
ရထားၾကီး ဂ်ံဳး ဂ်ံဳးစီးလုိ ့ကြ်န္မတို့ အိမ္ျပန္ခဲ့ပါျပီ။
Title: ပုဂံခရီး
By: phwe phyu
10th August 2017
#bagan #trip #travelling #myanmar #bytrain #travellernote