CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
CRAZY RICH ASIANS - Official Trailer
Every family has its crazy.
ထဘီကြ်တ္၍ လႊတ္လိုက္သည္ ရုပ္ရွင္ဇာတ္ကားၾကီး
( O f f i c i a l T r a i l e r )
စက္တင္ဘာလအတြင္း ရံုတင္ျပသပါေတာ့မည္ ။
VIDEO
အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ ကိစၥေတြနဲ႕ပတ္သက္ၿပီး ေဇရဲထက္က ယခုလိုေျပာျပခဲ့ပါတယ္။
အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ ဗီဒီယိုကိစၥနဲ႕ပတ္သက္ၿပီး ေဇရဲထက္က မေျဖရွင္းခ်င္ေတာ့ဘူးလို႕ ဆိုပါတယ္။အေျပာခံရတာ မ်ားလာေတာ့ လူကထူသြား ၿပီလုိ႕လည္းဆိုပါတယ္။တကယ္ျဖစ္ရပ္မွန္ကို မင္းသား မင္းသမီးအခ်င္းခ်င္းပဲ သိတာျဖစ္ၿပီး ကင္မရာ အယူအဆအရ ၾကည့္လိုက္ရင္ ထိတယ္လို႕ထင္သြားရတာလို႕ေျပာပါတယ္။
"မေျပာေတာ့ဘူး။ မေျပာေတာ့ဘူး ဆိုတာက အရင္ကလဲ တစ္ခုၿပီးတစ္ခုျဖစ္ေနတာပဲဆိုေတာ့ေလ။ ေနာက္တစ္ခုက ကိုယ့္ရဲ႕ မင္းသား၊ မင္းသမီးအခ်င္းခ်င္းပဲ သိတယ္ေလ။ ကိုင္မိတာလဲ မဟုတ္ဘူး။ ကင္မရာအယူအဆအရ ၾကည့္လိုက္ရင္ ထိသြားတယ္လို႕ထင္ရတာပါ။ ဒါေပမဲ့ အဲ့ဒါကို တစ္ေယာက္ခ်င္းစီ လိုက္ရွင္းျပဖို႕ဆိုရင္လလည္း ေကာင္းတဲ့ ဘက္ကျမင္တဲ့သူကေတာ့ အေကာင္းျမင္မွာပဲ။ မေကာင္းဘက္ျမင္တဲ့သူကေတာ့ မေကာင္းျမင္မွာပဲ။ အဓိကက ကိုယ္နဲ႕အလုပ္လုပ္ေနတဲ့သူ အခ်င္းခ်င္းပဲ သိတယ္။ မေျဖရွင္းဘဲ လႊတ္ထားလိုက္တာအေကာင္းဆံုးပဲ" လို႕ဆိုပါတယ္။
ယခု လတ္တေလာမွာေတာ့ "လူပ်ိဳလူလြတ္"ဆိုတဲ့ ဇာတ္ကားကို လူမင္းနဲ႕အတူတူ ရိုက္ကူးေနတယ္လို႕ ဆိုပါတယ္။
Photo : ေဇရဲထက္ ေဖ့စ္ဘြတ္ခ္
duwun.com.mm
.................
အွန်လိုင်းပေါ်က ဗီဒီယိုကိစ္စ ဇေရဲထက် ပြောပြီ
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဇေရဲထက်က ယခုလိုပြောပြခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီး ဇေရဲထက်က မဖြေရှင်းချင်တော့ဘူးလို့ ဆိုပါတယ်။အပြောခံရတာ များလာတော့ လူကထူသွား ပြီလို့လည်းဆိုပါတယ်။တကယ်ဖြစ်ရပ်မှန်ကို မင်းသား မင်းသမီးအချင်းချင်းပဲ သိတာဖြစ်ပြီး ကင်မရာ အယူအဆအရ ကြည့်လိုက်ရင် ထိတယ်လို့ထင်သွားရတာလို့ပြောပါတယ်။
"မပြောတော့ဘူး။ မပြောတော့ဘူး ဆိုတာက အရင်ကလဲ တစ်ခုပြီးတစ်ခုဖြစ်နေတာပဲဆိုတော့လေ။ နောက်တစ်ခုက ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးအချင်းချင်းပဲ သိတယ်လေ။ ကိုင်မိတာလဲ မဟုတ်ဘူး။ ကင်မရာအယူအဆအရ ကြည့်လိုက်ရင် ထိသွားတယ်လို့ထင်ရတာပါ။ ဒါပေမဲ့ အဲ့ဒါကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြဖို့ဆိုရင်လလည်း ကောင်းတဲ့ ဘက်ကမြင်တဲ့သူကတော့ အကောင်းမြင်မှာပဲ။ မကောင်းဘက်မြင်တဲ့သူကတော့ မကောင်းမြင်မှာပဲ။ အဓိကက ကိုယ်နဲ့အလုပ်လုပ်နေတဲ့သူ အချင်းချင်းပဲ သိတယ်။ မဖြေရှင်းဘဲ လွှတ်ထားလိုက်တာအကောင်းဆုံးပဲ" လို့ဆိုပါတယ်။
ယခု လတ်တလောမှာတော့ "လူပျိုလူလွတ်"ဆိုတဲ့ ဇာတ်ကားကို လူမင်းနဲ့အတူတူ ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
Photo : ဇေရဲထက် ဖေ့စ်ဘွတ်ခ်
duwun.com.mm
VIDEO
On Tue, 2016-02-09 06:30Issue No.No.1004 Tuesday, February 9, 2016
- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္း က႑မွာေတာ့ လူငယ္အခ်စ္ဇာတ္ကားေလးကို ၫႊန္းေပးလုိက္ပါတယ္။
လင္းညိဳက ရန္ကုန္ၿမိဳ႕ ကို တကၠသိုလ္တက္ဖို႔အတြက္ ေရာက္လာခဲ့တာပါ။ ရန္ကုန္ တကၠသိုလ္ထဲမွာ ဟိုေငးဒီေငးလုပ္ေနတုန္း ကားတစ္စီးကဝင္တိုက္မိမလုိျဖစ္ပါတယ္။ ဒါေပမဲ့လည္းကားသမားကေတာ့ဆင္း ေမးေဖာ္ေတာင္မရခဲ့ပါဘူး။ အဲဒီအခ်ိန္မွာ လူတစ္ေယာက္ကေတာ့ သူ႔ကိုကူူညီခဲ့ပါတယ္။ အဲဒီလူကေတာ့ ေက်ာင္းတက္ေနတာ ခုနစ္ႏွစ္ေလာက္ရွိေနၿပီျဖစ္တဲ့ ေက်ာင္းေပ်ာ္ႀကီးပါ။ အဲဒီလုိနဲ႔ ေက်ာင္းအပ္ဖို႔ သြားတန္းစီခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ သူေကာင္မေလးတစ္ေယာက္ကို လွမ္းၿပီးေတြ႕လိုက္ပါတယ္။ ေကာင္မေလးကို ေငးေနတာေၾကာင့္ ေနာက္ကလူေတြ ေအာ္တာခံလုိက္ရပါေသးတယ္။ သူအေဆာင္ေရာက္တဲ့အခ်ိန္မွာေတာ့ ေကာင္မေလးအေၾကာင္းကို စာအုပ္ထဲမွာေရးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူ႔သူ ငယ္ခ်င္းေတြ ေတြ႕ ၿပီး စခဲ့ပါတယ္။ အဲဒီအေၾကာင္းကို သိတဲ့အခ်ိန္မွာ ေကာင္မေလးကိုရွာဖို႔ သူ႔သူငယ္ခ်င္းက ကူညီမယ္လို႔ေျပာခဲ့ပါတယ္။
သူ႔သူငယ္ခ်င္း အစ္ကိုရဲ႕ အကူအညီနဲ႔ လင္းညိဳတို႔အဖြဲ႕ ေကာင္မေလးကို လုိက္ရွာၾကပါတယ္။ တစ္တန္းၿပီး တစ္တန္း လုိက္ရွာခဲ့ေပမယ့္ သူႀကိဳက္ေနတဲ့ ေကာင္မေလးကိုေတာ့ မေတြ႕ခဲ့ပါဘူး။ အဲဒါေၾကာင့္ ေနာက္ေန႔မွာ လုပ္မယ့္ ဖရက္ရွာဝဲလ္ကမ္းမွာ ရွာဖို႔စီစဥ္ခဲ့ပါတယ္။ ဖရက္ရွာဝဲလ္ကမ္းမွာေတာ့ သူရွာေနတဲ့ ေကာင္မေလးကို ေတြ႕ခဲ့ပါတယ္။
ေကာင္မေလးရဲ႕နာမည္ကပိုးဥပါ။ ပိုးဥက တစ္ေက်ာင္းလံုးရဲ႕အလွဆံုး ဆုရရွိခဲ့ပါတယ္။ အဲဒီလိုပဲ ေယာက်္ားေလးေတြထဲမွာ လည္း မင္းထင္သာဆိုတဲ့သူတစ္ ေယာက္ကဆုရခဲ့ပါတယ္။ တစ္ေက်ာင္းလံုးရဲ႕ Queen ဆုရခဲ့တဲ့ပိုးဥကို ခ်ဥ္းကပ္ဖို႔ လင္းညိဳ မဝ့ံမရဲျဖစ္ခဲ့ရပါတယ္။ အဲဒီထက္ဆိုး တာက မင္းထင္သာက ပိုးဥရဲ႕အနားကိုကပ္ေနတာေၾကာင့္ပါ။ အဲဒါေၾကာင့္ သူ႔အေျခအေနကို သူသိၿပီး ပိုးဥကိုစိတ္ဝင္စားေပမယ့္ေနာက္ဆုတ္ခဲ့ပါတယ္။ ဒါေပမဲ့ ပိုးဥအခက္အခဲေတြ႕တိုင္းေတာ့ ကူညီခြင့္ရခဲ့ပါတယ္။ ပထမတစ္ႀကိမ္က ပိုးဥရဲ႕ စာအုပ္ကိုျပန္ေပးခဲ့တာပါ။ ဒုတိယ တစ္ႀကိမ္မွာ ေတာ့ ေက်ာင္းထဲမွာ ပိုးဥရဲ႕ အက်ႌ မေတာ္တဆ ၿပဲသြားတာေၾကာင့္ သူ႔ရဲ႕ ဂ်င္းဂ်ာကင္အက်ႌေလးကို ငွားခဲ့ပါတယ္။
အဲဒီလုိအကူအညီေတြေပး ေပမယ့္ လင္းညိဳကပိုးဥကို ခပ္ တန္းတန္းပဲ ဆက္ဆံပါတယ္။ အဲဒါေၾကာင့္ ပိုးဥက လင္းညိဳကို စာေတာ္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးေနတာလို႔ထင္ခဲ့ပါတယ္။ အဲဒါကို လင္းညိဳကလည္း ျပန္ၿပီးရွင္းမျပခဲ့ပါဘူး။ လင္းညိဳကပိုးဥကို စိတ္ဝင္စားေနေပမယ့္ ဘာေၾကာင့္ ေနာက္ ဆုတ္ခဲ့တာလဲ၊ မင္းထင္သာကိုပိုးဥ တကယ္ျပန္ႀကိဳက္သြားမွာ လား၊ ပိုးဥနဲ႔လင္းညိဳရဲ႕ ဇာတ္လမ္းဘာေတြဆက္ျဖစ္မလဲဆုိ တာကိုေတာ့ ဘိုဘိုထုတ္လုပ္ေရးကျဖန္႔ခ်ိေပးထားတဲ့ ဂ်ာကင္အေဟာင္းေလးဆိုတဲ့ ဇာတ္ကား ေလးမွာ ဆက္လက္႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ လင္းညိဳအ ျဖစ္ လႊမ္းပိုင္၊ ပိုးဥအျဖစ္ ခင္ဝင့္ဝါနဲ႔ မင္းထင္သာအျဖစ္ သူရိယတုိ႔က ပါဝင္ သ႐ုပ္ေဆာင္ထားပါ တယ္။ လႊမ္းပိုင္ရဲ႕ ဇာတ္ၫႊန္းကို မိုးနီလြင္ဇာတ္ၫႊန္းေရးၿပီး ဒါ႐ိုက္တာေအာင္ေဇာ္လင္းက ႐ိုက္ ကူးပံုေဖာ္ထားပါတယ္။
7Daydaily
...................
ဗီဒီယို အကြိုခံစားခြင်း
ဂျာကင်အဟောင်းလေး
On Tue, 2016-02-09 06:30Issue No.No.1004 Tuesday, February 9, 2016
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍမှာတော့ လူငယ်အချစ်ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။
လင်းညိုက ရန်ကုန်မြို့ ကို တက္ကသိုလ်တက်ဖို့အတွက် ရောက်လာခဲ့တာပါ။ ရန်ကုန် တက္ကသိုလ်ထဲမှာ ဟိုငေးဒီငေးလုပ်နေတုန်း ကားတစ်စီးကဝင်တိုက်မိမလိုဖြစ်ပါတယ်။ ဒါပေမဲ့လည်းကားသမားကတော့ဆင်း မေးဖော်တောင်မရခဲ့ပါဘူး။ အဲဒီအချိန်မှာ လူတစ်ယောက်ကတော့ သူ့ကိုကူူညီခဲ့ပါတယ်။ အဲဒီလူကတော့ ကျောင်းတက်နေတာ ခုနစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ကျောင်းပျော်ကြီးပါ။ အဲဒီလိုနဲ့ ကျောင်းအပ်ဖို့ သွားတန်းစီခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကောင်မလေးတစ်ယောက်ကို လှမ်းပြီးတွေ့လိုက်ပါတယ်။ ကောင်မလေးကို ငေးနေတာကြောင့် နောက်ကလူတွေ အော်တာခံလိုက်ရပါသေးတယ်။ သူအဆောင်ရောက်တဲ့အချိန်မှာတော့ ကောင်မလေးအကြောင်းကို စာအုပ်ထဲမှာရေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့သူ ငယ်ချင်းတွေ တွေ့ ပြီး စခဲ့ပါတယ်။ အဲဒီအကြောင်းကို သိတဲ့အချိန်မှာ ကောင်မလေးကိုရှာဖို့ သူ့သူငယ်ချင်းက ကူညီမယ်လို့ပြောခဲ့ပါတယ်။
သူ့သူငယ်ချင်း အစ်ကိုရဲ့ အကူအညီနဲ့ လင်းညိုတို့အဖွဲ့ ကောင်မလေးကို လိုက်ရှာကြပါတယ်။ တစ်တန်းပြီး တစ်တန်း လိုက်ရှာခဲ့ပေမယ့် သူကြိုက်နေတဲ့ ကောင်မလေးကိုတော့ မတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် နောက်နေ့မှာ လုပ်မယ့် ဖရက်ရှာဝဲလ်ကမ်းမှာ ရှာဖို့စီစဉ်ခဲ့ပါတယ်။ ဖရက်ရှာဝဲလ်ကမ်းမှာတော့ သူရှာနေတဲ့ ကောင်မလေးကို တွေ့ခဲ့ပါတယ်။
ကောင်မလေးရဲ့နာမည်ကပိုးဥပါ။ ပိုးဥက တစ်ကျောင်းလုံးရဲ့အလှဆုံး ဆုရရှိခဲ့ပါတယ်။ အဲဒီလိုပဲ ယောကျ်ားလေးတွေထဲမှာ လည်း မင်းထင်သာဆိုတဲ့သူတစ် ယောက်ကဆုရခဲ့ပါတယ်။ တစ်ကျောင်းလုံးရဲ့ Queen ဆုရခဲ့တဲ့ပိုးဥကို ချဉ်းကပ်ဖို့ လင်းညို မဝ့ံမရဲဖြစ်ခဲ့ရပါတယ်။ အဲဒီထက်ဆိုး တာက မင်းထင်သာက ပိုးဥရဲ့အနားကိုကပ်နေတာကြောင့်ပါ။ အဲဒါကြောင့် သူ့အခြေအနေကို သူသိပြီး ပိုးဥကိုစိတ်ဝင်စားပေမယ့်နောက်ဆုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုးဥအခက်အခဲတွေ့တိုင်းတော့ ကူညီခွင့်ရခဲ့ပါတယ်။ ပထမတစ်ကြိမ်က ပိုးဥရဲ့ စာအုပ်ကိုပြန်ပေးခဲ့တာပါ။ ဒုတိယ တစ်ကြိမ်မှာ တော့ ကျောင်းထဲမှာ ပိုးဥရဲ့ အကျႌ မတော်တဆ ပြဲသွားတာကြောင့် သူ့ရဲ့ ဂျင်းဂျာကင်အကျႌလေးကို ငှားခဲ့ပါတယ်။
အဲဒီလိုအကူအညီတွေပေး ပေမယ့် လင်းညိုကပိုးဥကို ခပ် တန်းတန်းပဲ ဆက်ဆံပါတယ်။ အဲဒါကြောင့် ပိုးဥက လင်းညိုကို စာတော်တာကြောင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာလို့ထင်ခဲ့ပါတယ်။ အဲဒါကို လင်းညိုကလည်း ပြန်ပြီးရှင်းမပြခဲ့ပါဘူး။ လင်းညိုကပိုးဥကို စိတ်ဝင်စားနေပေမယ့် ဘာကြောင့် နောက် ဆုတ်ခဲ့တာလဲ၊ မင်းထင်သာကိုပိုးဥ တကယ်ပြန်ကြိုက်သွားမှာ လား၊ ပိုးဥနဲ့လင်းညိုရဲ့ ဇာတ်လမ်းဘာတွေဆက်ဖြစ်မလဲဆို တာကိုတော့ ဘိုဘိုထုတ်လုပ်ရေးကဖြန့်ချိပေးထားတဲ့ ဂျာကင်အဟောင်းလေးဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ လင်းညိုအ ဖြစ် လွှမ်းပိုင်၊ ပိုးဥအဖြစ် ခင်ဝင့်ဝါနဲ့ မင်းထင်သာအဖြစ် သူရိယတို့က ပါဝင် သရုပ်ဆောင်ထားပါ တယ်။ လွှမ်းပိုင်ရဲ့ ဇာတ်ညွှန်းကို မိုးနီလွင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအောင်ဇော်လင်းက ရိုက် ကူးပုံဖော်ထားပါတယ်။
7Daydaily
Byဇြဲဉာဏ္On Tue, 2016-01-19 06:30Issue No.No.983 Tuesday, January 19, 2016
စိုင္းစိုင္းခမ္းလိႈင္ႏွင့္ အမ်ိဳးသမီးသ႐ုပ္ေဆာင္ ငါးဦးတုိ႔ပါဝင္ သ႐ုပ္ေဆာင္ထားသည့္ ‘ဧဒင္ရဲ႕ နတ္သမီး’႐ုပ္ရွင္ဇာတ္ကားကို ဇန္နဝါရီလကုန္ပိုင္းတြင္ စတင္႐ံု တင္ျပသေတာ့မည္ျဖစ္သည္။ ယင္း႐ုပ္ရွင္ကို လြန္ခဲ့သည့္ သံုးႏွစ္ခန္႔က ႐ိုက္ကူးခဲ့ျခင္းျဖစ္ၿပီး စိုင္းစိုင္းခမ္းလိႈင္ႏွင့္အတူ မ်က္ႏွာသစ္ အမ်ိဳးသမီးသ႐ုပ္ေဆာင္မ်ားကို တြဲဖက္သ႐ုပ္ေဆာင္ေစခဲ့ျခင္းေၾကာင့္ အဆိုပါ႐ုပ္ရွင္သည္ ယင္းဇာတ္ကားတြင္ပါဝင္သည့္ သ႐ုပ္ေဆာင္မ်ားအတြက္ ပထမဆံုး႐ုပ္ရွင္အေတြ႕အႀကံဳျဖစ္သည္။ ထို႔အတူ စိုင္းစိုင္းခမ္းလိႈင္အတြက္လည္း ေခါင္းေဆာင္အေနျဖင့္ ပထမဆံုး႐ံုတင္မည့္ ႐ုပ္ရွင္ဇာတ္ကားျဖစ္ေသာေၾကာင့္ စိုင္းစိုင္းခမ္းလိႈင္က ယင္းဇာတ္ကားႏွင့္ပတ္သက္၍ စာေမးပြဲေအာင္စာရင္းေနာက္တစ္ခု ေစာင့္ရသလိုရင္ခုန္သည္ဟု ေျဖၾကားထားသည္။ ထို႔ေၾကာင့္ အမ်ိဳးသမီးသ႐ုပ္ေဆာင္ငါးဦး၏ ရင္ခုန္သံႏွင့္ ယင္းဇာတ္ကား႐ိုက္ကူးစဥ္က အေတြ႕အႀကံဳမ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါသည္။
ပိုင္ၿဖိဳးသူ
‘ဧဒင္ရဲ႕ နတ္သမီး’ဇာတ္ ကားမွာ ညီမက ဧဒင္ရဲ႕ သူငယ္ ခ်င္းသီခ်င္းေရးဆရာမေနရာက သ႐ုပ္ေဆာင္ထားတာပါ။ နာမည္က လမင္းျဖဴ၊ ဧဒင္ နယ္ကေန ရန္ကုန္တက္လာတဲ့အခ်ိန္က တည္းက ညီမနဲ႔ ကိုသားညီက သူ နဲ႔အတူ လိုက္လာၿပီး ဧဒင္နာမည္ ႀကီးတဲ့အခ်ိန္အထိ သူ႔အနားမွာရွိ ေနတာေပါ့။ အဲဒီကား႐ိုက္တုန္း က အမွတ္တရေတြကေတာ့ အ မ်ားႀကီးပါပဲ။ အခ်ိန္လည္း အမ်ားႀကီးေပးၿပီး ႐ိုက္ခဲ့ရတယ္။ ဦးပြား ႀကီး (ဒါ႐ိုက္တာမီးပြား)ကလည္း ညီမတုိ႔အကုန္လံုးက အသစ္ေတြ ဆုိေတာ့ ေတာ္ေတာ္သင္ရတယ္။ အဝတ္အစား၊ ကာ႐ိုက္တာအ တြက္ ပီျပင္ေအာင္ ကိုစိုင္းတုိ႔ေရာ၊မခင္စႏၵာျမင့္တုိ႔ေရာ ဝိုင္းၿပီးေဈး ဝယ္ဖို႔ ဒီဇိုင္းေတြခ်ေပးတယ္။ ဒီ ကားမွာပါတဲ့ မင္းသား၊ မင္းသမီး ေတြအျပင္ စက္အဖြဲ႕ေတြက လည္း ႀကိဳးစားထားၾကတယ္။ ထုတ္လုပ္သူကစၿပီး ပါဝင္တဲ့သူ ေတြအကုန္လံုး အပင္ပန္းခံထား ၾကတယ္။ ဒီကားက ညီမအတြက္ ႐ုပ္ရွင္ကားႀကီးမွာ ပထမဆံုး။ အဲ ဒီအခ်ိန္တုန္းကဆုိရင္ ညီမအေန နဲ႔က မင္းသမီးအေနနဲ႔ ျပန္႐ိုက္ တာ အေရွ႕မွာ ဗီဒီယိုေတာင္မွ တစ္ကားပဲရွိေသးတယ္။ ‘စိုင္းစိုင္းကို ခ်စ္တယ္’တစ္ကားပဲ။ ဒါက ႐ုပ္ ရွင္ကားႀကီး ပထမဆံုး။ အဲဒီအ တြက္ ေၾကာက္လည္းေၾကာက္ တယ္။ ပရိသတ္လက္မခံမွာ။ ေနာက္ၿပီး ပိတ္ကားႀကီးလည္းျဖစ္ တဲ့အတြက္ ကိုယ့္ရဲ႕လိုအပ္ခ်က္ ေတြက ထင္းထင္းႀကီးေပၚမွာ ေလ။ အဲဒီအတြက္ စိုးရိမ္တယ္။ ညီမအတြက္ စာေမးပြဲတစ္ခုေျဖရ သလိုပဲ။
ျမႏွင္းရည္လြင္
‘ဧဒင္ရဲ႕ နတ္သမီး’ဇာတ္ ကားမွာ ေရွ႕ေနအျဖစ္ သ႐ုပ္ ေဆာင္ထားတာ။ ပထမဆံုးဆုိ ေတာ့ ကိုယ္သ႐ုပ္ေဆာင္ထား တာက အဆင္ေျပပါ့မလားဆုိၿပီး စိတ္ပူတာေပါ့။ ဒီကားကို မ႐ိုက္ ခင္ အစမ္းေတြလည္းေရြးတယ္။ မ႐ိုက္ခင္ ဇာတ္ၫႊန္းေတြေပးထားေတာ့ ေရွ႕ေန႐ံုးေတြမွာ သြားၿပီး ေလ့လာတယ္။ ဒီအတုိင္း ကိုယ့္ ဟာကိုယ္ဆုိရင္ အစ္မလည္း ေသခ်ာမသိဘူး။ ဦးမီးပြားကလည္း ေတာ္ေတာ္ေလးသင္ေပးတယ္။ ကိုစိုင္းစိုင္းခမ္းလိႈင္ကလည္း သင္ ေပးတယ္။ သူတို႔ေတြက ေရွ႕ေနဆုိ တာ အသံအနိမ့္အျမင့္ ဘယ္လို ေျပာဆိုၿပီး သင္ေပးတယ္။ အစ္မ ကလည္း တတ္ႏုိင္သေလာက္ ႀကိဳးစားတယ္။ အမွတ္တရေတြ ကေတာ့ အမ်ားႀကီးပါပဲ။ ကိုယ္က ဒိုင္ယာေလာ့ခ္ေတြဆုိရင္ က်က္ရ မယ္ပဲထင္ေနတာ။ အမွန္က မက်က္ရဘူး။ အဲဒါကိုလည္း အဲဒီေတာ့မွ သေဘာေပါက္သြား တယ္။ ေနာက္ၿပီး ေရွ႕ေနသ႐ုပ္ ေဆာင္ရတာက စစခ်င္းလည္း ျဖစ္တယ္။ စကားေတြက အပိုဒ္ ရွည္ေတြေျပာရတာဆုိေတာ့ အဲဒါ ေတြက အရမ္းအမွတ္တရေတြ ေပါ့။ ပထမဆံုးမွာ စာပိုဒ္အရွည္ ႀကီး ခ်က္နဲ႔လက္နဲ႔ ေျပာရတာက ေတာ့ အမွတ္တရေတြပါ။ ဒီကား ထဲမွာ အခက္အခဲဆံုးကေတာ့ ေနာက္ဆံုးအယူခံဝင္တာတုိ႔ ဘာ တုိ႔။ အဲဒါဆုိရင္ စာမ်က္ႏွာတစ္ မ်က္ႏွာေလာက္ရွိတယ္။ ၿပီးေတာ့ သူက စာက်က္သလိုလည္း မျဖစ္ ရဘူး။ ေလယူေလသိမ္းနဲ႔ တရား သူႀကီးကို ေလွ်ာက္တင္ရတာ။ မ်က္လံုးအေနအထား အကုန္လံုး ကေတာ့ အစ္မအတြက္က ခက္ ေနတာပဲ။ ၾကားထဲမွာ အႏုပညာ မလုပ္ေတာ့ေပမယ့္ အခုအမွန္အ တိုင္းေျပာရရင္ စိုးရိမ္ေနတယ္။ အစ္မက ဒီကားကိုၾကည့္ၿပီးမွ ဆံုးျဖတ္လို႔ရမွာ။ စိုးလည္းစိုးရိမ္ တယ္။ ေနာက္တစ္မ်ိဳးကက်ေတာ့ အားျပန္တက္လာေစတယ္။ အ ရင္ႏွစ္ေတြတုန္းက ဒီအလုပ္ကို မလုပ္ေတာ့ဘူးဆုိၿပီး စိတ္ဓာတ္ ေတြက်ေနတာ။ အခုေထြလာေတြ မွာ ျမင္ရတယ္။ အင္တာဗ်ဴးေတြ လုပ္လာရေတာ့ အားျပန္တက္ လာတယ္။ ျပန္လုပ္ခ်င္လာတယ္။ ခံစားမႈႏွစ္မ်ိဳးေပါ့။
ဝင့္ယမံုလိႈင္
‘ဧဒင္ရဲ႕ နတ္သမီး’ဇာတ္ ကားမွာ ညီမက သတင္းေထာက္ ေပါ့။ အမႈကိုလိုက္စံုစမ္းရင္းနဲ႔ အသတ္ခံလိုက္ရတဲ့ သတင္း ေထာက္။ အတတ္ႏုိင္ဆံုး အ ေကာင္းဆံုးႀကိဳးစားထားတယ္။ လိုအပ္ခ်က္ေတြရွိခဲ့ရင္လည္း နား လည္ေပးပါလို႔။ ညီမက စကား ေျပာနည္းနည္းျမန္ေတာ့ အျပင္ က သတင္းေထာက္ေတြရဲ႕ ပံုစံနဲ႔ ကိုက္ညီေအာင္ အေကာင္းဆံုး ေတာ့ ႀကိဳးစားထားပါတယ္။ ညီမ အရမ္းစိတ္လႈပ္ရွားတယ္။ ဒီကား က လြန္ခဲ့တဲ့သံုးႏွစ္ေလာက္က ႐ိုက္တဲ့ကားဆုိေတာ့ အခ်ိန္က ေတာ့ ဟေနတယ္။ သ႐ုပ္ေဆာင္ ထားတဲ့ပံုစံနဲ႔ ႐ုပ္ေတြလည္း ေတာ္ ေတာ္ကြာေနၿပီေပါ့။ ပထမဆံုး စလုပ္တာဆုိေတာ့ ပရိသတ္ေတြ ကို လုိအပ္တာရွိရင္လည္း နား လည္ေပးပါလုိ႔။ ဒီကားေလးက ပံုစံလည္း ကြဲထြက္တယ္။ ရသ ေလးေတြလည္း ပါတယ္ဆုိေတာ့ ပရိသတ္ႀကိဳက္မယ္လုိ႔လည္း ေမွ်ာ္လင့္ပါတယ္။ ညီမတို႔ရဲ႕ ပထမဆံုး႐ုပ္ရွင္ကားဆုိေတာ့ ရင္ ခုန္တာကေတာ့ ကိုယ့္ရဲ႕႐ုပ္ကို ပိတ္ကားေပၚမွာ ျပန္ၾကည့္ရမယ္ ဆိုေတာ့ အရမ္းရင္ခုန္ပါတယ္။ ပရိသတ္တုံ႔ျပန္မႈ ဘယ္လိုလာ မလဲဆုိတာကိုလည္း ရင္ခုန္ေနပါ တယ္။
ေမဂေရ႕စ္ပယ္ရီ
ေမဂေရ႕စ္က ဒီကားထဲမွာ ကေခ်သည္ေကာင္းမေလးေနရာ က သ႐ုပ္ေဆာင္ထားပါတယ္။ ေမက သ႐ုပ္ေဆာင္အေလ့အ က်င့္မရွိဘူး။ ေမ့ရဲ႕ ပထမဆံုး႐ုပ္ ရွင္ဆုိေတာ့ အရမ္းရင္ခုန္ေနပါ တယ္။ ဒီကားမွာ သ႐ုပ္ေဆာင္အ ေလ့အက်င့္မရွိေပမယ့္ အရမ္း ႀကိဳးစားခဲ့တယ္။ စိတ္လည္းလႈပ္ ရွားတယ္။ ေမက အျပင္မွာ အက အေလ့အက်င့္မရွိေတာ့ ဒီကား ႐ိုက္ဖို႔ မ႐ိုင္ခင္ကတည္းက အက သင္တန္းေတြ တက္ခဲ့ရတယ္။ Life & Dance နဲ႔ သင္တယ္။ ယူ ေရနီယံနဲ႔သင္တယ္။ ေနာက္ၿပီး ဦးမီးပြားတုိ႔အပါအဝင္ အကုန္လံုး ကလည္း ေမ့ကို ေသခ်ာသင္ေပး တယ္။ သူတုိ႔ေျပာတာေတြကို နား ေထာင္ၿပီး ႀကိဳးစားသ႐ုပ္ေဆာင္ခဲ့ တယ္။ အမွတ္တရေတြကေတာ့ သ႐ုပ္ေဆာင္နဲ႔ပတ္သက္ၿပီး ေမ့ မွာ အေတြ႕အႀကံဳမရွိေတာ့ ႐ႈတင္ ရက္ေတြအားလံုးက အမွတ္တရ ေတြပါပဲ။ ခက္ခက္ခဲခဲသ႐ုပ္ ေဆာင္ရတာကေတာ့ အကေတြ သိပ္မကြၽမ္းက်င္ေတာ့ နည္းနည္း ေတာ့ ခက္ခဲတယ္။ အမွတ္တရ အျဖစ္ဆံုး ဇာတ္ဝင္ခန္းကေတာ့ ဧဒင္က ေမဂေရ႕စ္ စေတြ႕တဲ့အ ခန္းကို အမွတ္တရျဖစ္တယ္။ ဒီ ကားနဲ႔ပတ္သက္ၿပီး အကုန္လံုးက အေကာင္းဆံုးလုပ္ထားၾကတာ ဆုိေတာ့ ပရိသတ္အႀကိဳက္ေတြ႕ မယ္လို႔လည္း ထင္ပါတယ္။
ေက်းဇူးတင္ပါတယ္။
7Daydaily
On Sun, 2016-01-17 06:30Issue No.No.981 Sunday, January 17, 2016
- ဒီေန႔ရဲ႕ ဗီဒီယို္အၫႊန္း က႑ မွာေတာ့ လူငယ္အိမ္ေထာင္ေရး ဟာသကားေလး တစ္ကားကို ၫႊန္းေပးလိုက္ပါတယ္။
မင္းပံုရိပ္ထင္နဲ႔ ျမသား၀တ္ ရည္တို႔က ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်တာေၾကာင့္ စီးပြား ေရးကို အေလးအနက္မထားၾက ပါဘူး။ မင္းပံုရိပ္ထင္က သူ႔အေဖ ရဲ႕ ကုမၸဏီမွာ အလုပ္၀င္လုပ္ေန ပါတယ္။ သူ႔အေဖကသူ႔ကိုအလုပ္ ကို ေသေသခ်ာခ်ာ လုပ္ေစခ်င္ ေပမယ့္ မင္းပံုရိပ္ထင္ကေတာ့ ႀကိဳးႀကိဳးစားစား မရွိပါဘူး။ တစ္ ရက္မွာေတာ့ သူ႔အေဖက သူ႔ကို ပေရာဂ်က္တစ္ခု တင္ဖုိ႔ ေျပာခဲ့ပါတယ္။ မင္းပံုရိပ္ထင္ကေတာ့ ေအးေအးေဆးေဆး ျပင္ဆင္ထား တာလည္းမရွိပါဘူး။ ဒါေပမဲ့ သူ႔ အေဖေမးတဲ့အခ်ိန္မွာေတာ့ သူ႔ အိမ္မွာ သြားပြတ္တံမ၀ယ္ရေသး တဲ့ ကိစၥကို သတိရၿပီး သြားပြတ္တံ ထုတ္ဖို႔ေျပာခဲ့ပါတယ္။ ကံေကာင္း ခ်င္တာလားမသိပါဘူး။ သူ႔အေဖ ရဲ႕ အတြင္းေရးမွဴးက အႀကံဉာဏ္ ေကာင္းတယ္လို႔ ခ်ီးက်ဴးခဲ့ပါ တယ္။
မင္းပံုရိပ္ထင္ အေဖက လည္း မင္းပံုရိပ္ထင္ႀကိဳးစားလာ ေအာင္ဆိုၿပီး သူ႔သားနဲ႔အၿပိဳင္ လူ ငယ္တစ္ေယာက္ကို ပေရာဂ်က္ မန္ေနဂ်ာအျဖစ္ ထပ္ခန္႔ခဲ့ပါ တယ္။ ဒါေပမဲ့လည္း အဲဒီ ေကာင္ေလးကလည္း မင္းပံုရိပ္ ထင္ရဲ႕ လက္ေအာက္ကိုပဲေရာက္ လာခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ မင္းပံုရိပ္ထင္ရဲ႕အေမက သူမသိဘဲ ၀န္ထမ္းထပ္ခန္႔တာကို သိသြားတဲ့အတြက္ မင္းပံုရိပ္ထင္ ရဲ႕အေဖကို အျပစ္တင္ခဲ့လို႔ပါ။ မင္းပံုရိပ္ထင္ကေတာ့ အရင္အတိုင္း ေပါ့ေပါ့ေန ေပါ့ေပါ့စားပါပဲ။
ျမသား၀တ္ရည္ကလည္း အဲဒီလုိပါပဲ။ အိမ္ေထာင္ျပဳထား ေပမယ့္ သူ႔အလုပ္က ေစ်း၀ယ္ စင္တာေတြအစံုသြားၿပီး ေစ်း၀ယ္ ရတာကိုပဲ စိတ္၀င္စားတာပါ။ ဒါေပမဲ့ သူ႔ေယာကၡမေတြရဲ႕ ေရွ႕ မွာေတာ့ မယားအလိမၼာပံုစံေလး လုပ္တတ္ပါတယ္။ ဟင္းမခ်က္တတ္ေပမယ့္ ဟင္းအစံု၀ယ္လာၿပီး သူခ်က္လာတဲ့ပံုစံနဲ႔ လာေကြၽးတတ္ပါတယ္။ အဲဒါေၾကာင့္လည္း သူ႔ေယာကၡမေတြက သူ႔ကို အရမ္းသေဘာက်ပါတယ္။
အဲဒီလိုနဲ႔ မင္းပံုရိပ္ထင္ တင္ျပသြားတဲ့ သြားပြတ္တံပေရာဂ်က္ကို စလုပ္ဖို႔ စီစဥ္ပါတယ္။ အဲဒီမွာ ပထမဆံုးစဥ္းစားရတာက ကုန္ပစၥည္းတံဆိပ္ နာမည္ေပးဖို႔ပါ။ မင္းပံုရိပ္ထင္ကလည္း လြယ္လြယ္ကူကူပဲ အာဘြားလို႔ေပးခဲ့ပါတယ္။ အဲဒီလိုနဲ႔ သြားပြတ္တံ အေရာင္းျမႇင့္တင္ေရးအတြက္ အမ်ိဳးသမီး၀န္ထမ္းေတြ ထပ္ခန္႔ခဲ့ပါတယ္။ တကယ္ပဲ မင္းပံုရိပ္ထင္ရဲ႕ သြားပြတ္တံစီမံကိန္း ေအာင္ျမင္ မွာလား၊ ဘယ္လိုဇာတ္လမ္းေတြ ဆက္ျဖစ္ဦးမလဲဆိုတာကိုေတာ့ ထား၀ယ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိေပးမယ့္ ‘အာဘြား’ဆိုတဲ့ဇာတ္ကားမွာ ဆက္လက္႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ မင္းပံုရိပ္ထင္အျဖစ္ ေအာင္ရဲလင္းနဲ႔ျမသား ၀တ္ရည္အျဖစ္ ၀ိုင္းစုခိုင္သိန္းတို႔ က ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ ကိုလြင္(စႏိုး၀ိႈက္)ရဲ႕ဇာတ္လမ္းဇာတ္ၫႊန္းကို ဒါ႐ိုက္တာ ေမာင္ေမာင္ဦး(စႏိုး၀ႈိက္) ႐ိုက္ကူးပံုေဖာ္ထားပါတယ္။ ။
7Daydaily
.......................
ဗီဒီယို အကြိုခံစားခြင်း
အာဘွား
On Sun, 2016-01-17 06:30Issue No.No.981 Sunday, January 17, 2016
- ဒီနေ့ရဲ့ ဗီဒီယို်အညွှန်း ကဏ္ဍ မှာတော့ လူငယ်အိမ်ထောင်ရေး ဟာသကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
မင်းပုံရိပ်ထင်နဲ့ မြသားဝတ် ရည်တို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာကြောင့် စီးပွား ရေးကို အလေးအနက်မထားကြ ပါဘူး။ မင်းပုံရိပ်ထင်က သူ့အဖေ ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေ ပါတယ်။ သူ့အဖေကသူ့ကိုအလုပ် ကို သေသေချာချာ လုပ်စေချင် ပေမယ့် မင်းပုံရိပ်ထင်ကတော့ ကြိုးကြိုးစားစား မရှိပါဘူး။ တစ် ရက်မှာတော့ သူ့အဖေက သူ့ကို ပရောဂျက်တစ်ခု တင်ဖို့ ပြောခဲ့ပါတယ်။ မင်းပုံရိပ်ထင်ကတော့ အေးအေးဆေးဆေး ပြင်ဆင်ထား တာလည်းမရှိပါဘူး။ ဒါပေမဲ့ သူ့ အဖေမေးတဲ့အချိန်မှာတော့ သူ့ အိမ်မှာ သွားပွတ်တံမဝယ်ရသေး တဲ့ ကိစ္စကို သတိရပြီး သွားပွတ်တံ ထုတ်ဖို့ပြောခဲ့ပါတယ်။ ကံကောင်း ချင်တာလားမသိပါဘူး။ သူ့အဖေ ရဲ့ အတွင်းရေးမှူးက အကြံဉာဏ် ကောင်းတယ်လို့ ချီးကျူးခဲ့ပါ တယ်။
မင်းပုံရိပ်ထင် အဖေက လည်း မင်းပုံရိပ်ထင်ကြိုးစားလာ အောင်ဆိုပြီး သူ့သားနဲ့အပြိုင် လူ ငယ်တစ်ယောက်ကို ပရောဂျက် မန်နေဂျာအဖြစ် ထပ်ခန့်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း အဲဒီ ကောင်လေးကလည်း မင်းပုံရိပ် ထင်ရဲ့ လက်အောက်ကိုပဲရောက် လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မင်းပုံရိပ်ထင်ရဲ့အမေက သူမသိဘဲ ၀န်ထမ်းထပ်ခန့်တာကို သိသွားတဲ့အတွက် မင်းပုံရိပ်ထင် ရဲ့အဖေကို အပြစ်တင်ခဲ့လို့ပါ။ မင်းပုံရိပ်ထင်ကတော့ အရင်အတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စားပါပဲ။
မြသားဝတ်ရည်ကလည်း အဲဒီလိုပါပဲ။ အိမ်ထောင်ပြုထား ပေမယ့် သူ့အလုပ်က စျေးဝယ် စင်တာတွေအစုံသွားပြီး စျေးဝယ် ရတာကိုပဲ စိတ်ဝင်စားတာပါ။ ဒါပေမဲ့ သူ့ယောက္ခမတွေရဲ့ ရှေ့ မှာတော့ မယားအလိမ္မာပုံစံလေး လုပ်တတ်ပါတယ်။ ဟင်းမချက်တတ်ပေမယ့် ဟင်းအစုံဝယ်လာပြီး သူချက်လာတဲ့ပုံစံနဲ့ လာကျွေးတတ်ပါတယ်။ အဲဒါကြောင့်လည်း သူ့ယောက္ခမတွေက သူ့ကို အရမ်းသဘောကျပါတယ်။
အဲဒီလိုနဲ့ မင်းပုံရိပ်ထင် တင်ပြသွားတဲ့ သွားပွတ်တံပရောဂျက်ကို စလုပ်ဖို့ စီစဉ်ပါတယ်။ အဲဒီမှာ ပထမဆုံးစဉ်းစားရတာက ကုန်ပစ္စည်းတံဆိပ် နာမည်ပေးဖို့ပါ။ မင်းပုံရိပ်ထင်ကလည်း လွယ်လွယ်ကူကူပဲ အာဘွားလို့ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ သွားပွတ်တံ အရောင်းမြှင့်တင်ရေးအတွက် အမျိုးသမီးဝန်ထမ်းတွေ ထပ်ခန့်ခဲ့ပါတယ်။ တကယ်ပဲ မင်းပုံရိပ်ထင်ရဲ့ သွားပွတ်တံစီမံကိန်း အောင်မြင် မှာလား၊ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ထားဝယ်ထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် ‘အာဘွား’ဆိုတဲ့ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ မင်းပုံရိပ်ထင်အဖြစ် အောင်ရဲလင်းနဲ့မြသား ၀တ်ရည်အဖြစ် ၀ိုင်းစုခိုင်သိန်းတို့ က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကိုလွင်(စနိုးဝှိုက်)ရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) ရိုက်ကူးပုံဖော်ထားပါတယ်။ ။
7Daydaily
VIDEO
On Sun, 2016-01-03 06:30Issue No.No.967 Sunday, January 3, 2016
- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္း က႑ မွာေတာ့ အခ်စ္ကားေလး တစ္ ကားကို ၫႊန္းေပးလိုက္ပါတယ္။
ကိုကိုးေမက ဆယ္တန္းကို ဂုဏ္ထူးသံုးဘာသာနဲ႔ ေအာင္ခဲ့ ေပမယ့္ သူဆယ္တန္းေအာင္တဲ့ ႏွစ္မွာ သူ႔အေဖ ဆံုးသြားတာ ေၾကာင့္ ေက်ာင္းဆက္မတက္ႏိုင္ ေတာ့ပါဘူး။ ႏွလံုးေရာဂါသည္ အေမကို ျပဳစုဖို႔နဲ႔ ညီမေလးကို ေက်ာင္းဆက္ထားဖို႔အတြက္ ကိုကိုးေမက ေန႔တိုင္းမနက္ကေန ညအထိ အလုပ္လုပ္ရပါ တယ္။ မနက္ပိုင္းဆို ပန္းလိုက္ေရာင္းၿပီး ေစ်းဆိုင္တစ္ဆိုင္မွာ တစ္ေန႔လံုး အလုပ္လုပ္ပါတယ္။ ညပိုင္းမွာ ေတာ့ ကေလးေတြကို က်ဴရွင္ျပ ပါတယ္။
ကိုကိုးေမကို သူ႔ညီမေလး က ကေလးအေတြးနဲ႔ သူေဌးတစ္ ေယာက္နဲ႔ အိမ္ေထာင္က်ေစခ်င္ ပါတယ္။ ကိုကိုးေမကို သူတုိ႔ရပ္ ကြက္ထဲက ေကာင္ေလး တစ္ ေယာက္က ရည္းစားစကား ေျပာ ထားပါတယ္။ ဒါေပမဲ့လည္းကိုယ့္ ၀မ္းစာအတြက္ ကိုယ္ရွာစားေန တဲ့ ကိုကိုးေမကေတာ့ အခ်စ္ကိစၥ ေတြကို မစဥ္းစားႏိုင္ဘူးလို႔ ျငင္း ထားပါတယ္။
တစ္ရက္မွာေတာ့ ပန္းေရာင္းျပန္လာတဲ့ ကိုကိုးေမ အေဒၚႀကီးတစ္ေယာက္နဲ႔ဆံုခဲ့ပါတယ္။ အေဒၚႀကီးက ကိုကိုးေမဆီကေန က်န္ေနတဲ့ ပန္းေတြကို ၀ယ္ၿပီး မူးလာတယ္ဆိုတာေၾကာင့္ ကိုကိုးေမက အဲဒီအေဒၚႀကီးကို အိမ္အထိ လိုက္ပို႔ခဲ့ရပါတယ္။ အဲဒီအေဒၚႀကီးက သူေဌးတစ္ေယာက္ရဲ႕ အိမ္ကအလုပ္သမားပါ။ ဒါေပမဲ့လည္း အဲဒီသူေဌးက အိမ္အလုပ္သမားလိုမဆက္ဆံဘဲ လိုက္ပို႔တဲ့ ကိုကိုးေမကို ေက်းဇူးတင္တယ္ဆိုၿပီး အိမ္အထိ ျပန္လိုက္ပို႔ပါတယ္။
သူေဌးရဲ႕နာမည္က ေကာင္း မုိးယံပါ။ တကယ္ေတာ့ ေကာင္း မုိးယံက ကိုကိုးေမကို အရင္က တည္းက ျမင္ဖူးထားတာပါ။ ကုိ ကိုးေမကို ျမင္ဖူးၿပီး စိတ္၀င္စား တာေၾကာင့္ ေကာင္းမိုးယံက ကို ကိုးေမနဲ႔နီးစပ္ေအာင္ ႀကံစည္ခဲ့ တာပါ။ အဲဒီအေၾကာင္းေတြကို ေတာ့ ကိုကိုးေမ မသိခဲ့ပါဘူး။ တစ္ရက္မွာေတာ့ ကိုကိုးေမရဲ႕ ညီ မေလးက ဆိုင္တစ္ဆိုင္ကို၀င္ရင္း ေရေမႊးပုလင္းက်ကြဲလို႔ ဆိုင္ရွင္ က အေလ်ာ္ေတာင္းခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႔အစ္မဆီကိုဖုန္း ဆက္ၿပီး ေျပာခဲ့ပါတယ္။ ညီမဆီ ကို စိတ္ပူလို႔သြားမယ့္ ကိုကိုးေမနဲ႔ ေကာင္းမိုးယံ ေတြ႕ခဲ့ၿပီး သူ႔ညီမ ေလးရဲ႕ အေၾကာင္းကို ေျပာျပခဲ့ တာေၾကာင့္ ေကာင္းမိုးယံက ေရ ေမႊးပုလင္းဖိုးကိုလည္း စိုက္ေလ်ာ္ ေပးခဲ့ပါတယ္။ ေကာင္းမိုးယံက ကိုကိုးေမကို ဘာေၾကာင့္ စိတ္၀င္ စားတာလဲ။ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းဘာဆက္ျဖစ္မလဲ ဆို တာကိုေတာ့ ေအာင္သီရိ ထုတ္ လုပ္ေရးကေန ျဖန္႔ခ်ိေပးထားတဲ့ ဒုတိယေျမာက္နံ႐ိုးဆိုတဲ့ ဇာတ္ ကားေလးမွာ ဆက္လက္ ႐ႈစား ေပးပါ။
ဒီဇာတ္ကားမွာ ေကာင္းမုိး ယံအျဖစ္ လူမင္း၊ ကိုကိုးေမအျဖစ္ သြန္းဆက္တို႔ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ လူညိဳေခ်ာရဲ႕ ၀တၳဳကို ေနစိုးေသာ္ဇာတ္ၫႊန္းေရးေပးထားၿပီး ဒါ႐ိုက္တာ သားႀကီးက ႐ိုက္ကူးပံုေဖာ္ထားပါတယ္။
7Daydaily
.....................
ဗီဒီယို အကြိုခံစားခြင်း
ဒုတိယမြောက် နံရိုး
On Sun, 2016-01-03 06:30Issue No.No.967 Sunday, January 3, 2016
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ အချစ်ကားလေး တစ် ကားကို ညွှန်းပေးလိုက်ပါတယ်။
ကိုကိုးမေက ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်ခဲ့ ပေမယ့် သူဆယ်တန်းအောင်တဲ့ နှစ်မှာ သူ့အဖေ ဆုံးသွားတာ ကြောင့် ကျောင်းဆက်မတက်နိုင် တော့ပါဘူး။ နှလုံးရောဂါသည် အမေကို ပြုစုဖို့နဲ့ ညီမလေးကို ကျောင်းဆက်ထားဖို့အတွက် ကိုကိုးမေက နေ့တိုင်းမနက်ကနေ ညအထိ အလုပ်လုပ်ရပါ တယ်။ မနက်ပိုင်းဆို ပန်းလိုက်ရောင်းပြီး စျေးဆိုင်တစ်ဆိုင်မှာ တစ်နေ့လုံး အလုပ်လုပ်ပါတယ်။ ညပိုင်းမှာ တော့ ကလေးတွေကို ကျူရှင်ပြ ပါတယ်။
ကိုကိုးမေကို သူ့ညီမလေး က ကလေးအတွေးနဲ့ သူဌေးတစ် ယောက်နဲ့ အိမ်ထောင်ကျစေချင် ပါတယ်။ ကိုကိုးမေကို သူတို့ရပ် ကွက်ထဲက ကောင်လေး တစ် ယောက်က ရည်းစားစကား ပြော ထားပါတယ်။ ဒါပေမဲ့လည်းကိုယ့် ၀မ်းစာအတွက် ကိုယ်ရှာစားနေ တဲ့ ကိုကိုးမေကတော့ အချစ်ကိစ္စ တွေကို မစဉ်းစားနိုင်ဘူးလို့ ငြင်း ထားပါတယ်။
တစ်ရက်မှာတော့ ပန်းရောင်းပြန်လာတဲ့ ကိုကိုးမေ အဒေါ်ကြီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ အဒေါ်ကြီးက ကိုကိုးမေဆီကနေ ကျန်နေတဲ့ ပန်းတွေကို ၀ယ်ပြီး မူးလာတယ်ဆိုတာကြောင့် ကိုကိုးမေက အဲဒီအဒေါ်ကြီးကို အိမ်အထိ လိုက်ပို့ခဲ့ရပါတယ်။ အဲဒီအဒေါ်ကြီးက သူဌေးတစ်ယောက်ရဲ့ အိမ်ကအလုပ်သမားပါ။ ဒါပေမဲ့လည်း အဲဒီသူဌေးက အိမ်အလုပ်သမားလိုမဆက်ဆံဘဲ လိုက်ပို့တဲ့ ကိုကိုးမေကို ကျေးဇူးတင်တယ်ဆိုပြီး အိမ်အထိ ပြန်လိုက်ပို့ပါတယ်။
သူဌေးရဲ့နာမည်က ကောင်း မိုးယံပါ။ တကယ်တော့ ကောင်း မိုးယံက ကိုကိုးမေကို အရင်က တည်းက မြင်ဖူးထားတာပါ။ ကို ကိုးမေကို မြင်ဖူးပြီး စိတ်ဝင်စား တာကြောင့် ကောင်းမိုးယံက ကို ကိုးမေနဲ့နီးစပ်အောင် ကြံစည်ခဲ့ တာပါ။ အဲဒီအကြောင်းတွေကို တော့ ကိုကိုးမေ မသိခဲ့ပါဘူး။ တစ်ရက်မှာတော့ ကိုကိုးမေရဲ့ ညီ မလေးက ဆိုင်တစ်ဆိုင်ကိုဝင်ရင်း ရေမွှေးပုလင်းကျကွဲလို့ ဆိုင်ရှင် က အလျော်တောင်းခဲ့ပါတယ်။ အဲဒါကြောင့် သူ့အစ်မဆီကိုဖုန်း ဆက်ပြီး ပြောခဲ့ပါတယ်။ ညီမဆီ ကို စိတ်ပူလို့သွားမယ့် ကိုကိုးမေနဲ့ ကောင်းမိုးယံ တွေ့ခဲ့ပြီး သူ့ညီမ လေးရဲ့ အကြောင်းကို ပြောပြခဲ့ တာကြောင့် ကောင်းမိုးယံက ရေ မွှေးပုလင်းဖိုးကိုလည်း စိုက်လျော် ပေးခဲ့ပါတယ်။ ကောင်းမိုးယံက ကိုကိုးမေကို ဘာကြောင့် စိတ်ဝင် စားတာလဲ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဘာဆက်ဖြစ်မလဲ ဆို တာကိုတော့ အောင်သီရိ ထုတ် လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ဒုတိယမြောက်နံရိုးဆိုတဲ့ ဇာတ် ကားလေးမှာ ဆက်လက် ရှုစား ပေးပါ။
ဒီဇာတ်ကားမှာ ကောင်းမိုး ယံအဖြစ် လူမင်း၊ ကိုကိုးမေအဖြစ် သွန်းဆက်တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ လူညိုချောရဲ့ ၀တ္ထုကို နေစိုးသော်ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ သားကြီးက ရိုက်ကူးပုံဖော်ထားပါတယ်။
7Daydaily
Sunday, January 3, 2016
႐ုံၿပိဳင္စနစ္ျဖင့္ ျပသေန ေသာ ‘ခ်စ္လွစြာေသာ အမုန္း’ ႐ုပ္ရွင္ဇာတ္ကားကို ပရိသတ္ အားေပးမႈရရွိေသာ္လည္း ၀င္ေငြ ေလ်ာ့က်ေၾကာင္း ဒါ႐ုိက္တာ၀ုိင္း က ေျပာသည္။
‘‘ဒီလိုကားမ်ဳိးကို အရင္ရတဲ့ ၀င္ေငြႏႈန္းနဲ႔ အခုႏႈန္းဆိုရင္ နည္း နည္းေလးကြာသြားတာကို ေတြ႕ရ တယ္။ အဲဒါက လူမ၀င္လို႔ မဟုတ္ဘူး။ လူကေတာ့ အရင္စံခ်ိန္အ တုိင္း၀င္တာပဲ’’ဟု ၎ကေျပာ သည္။ ခ်စ္လွစြာေသာ အမုန္း႐ုပ္ ရွင္ဇာတ္ကားကို ဇန္န၀ါရီ ၁ ရက္ မွစတင္၍ ေရွ႕ေဆာင္၊ သြင္၊စံျပ၊ JCGV ေမာ္တင္ႏွင့္ Junction Square စသည့္ ႐ုပ္ရွင္႐ုံမ်ားပါ ၀င္သည့္ ဘီ႐ုံတဲြတြင္ ျပသေန ျခင္း ျဖစ္သည္။
‘‘သတ္မွတ္ထားတဲ့ ရာခိုင္ ႏႈန္းျပည့္ရင္ တစ္လျပခြင့္ရမယ္။ ဒီစနစ္မွာ အခြင့္အေရးတစ္ခု ပို တာက တစ္လျပည့္မယ့္ ေနာက္ ဆုံးပတ္မွာ ၅၀ ရာခိုင္ႏႈန္းဆက္ ၀င္ရင္ ႏွစ္ပတ္ထပ္ရမယ္။ သို႔ ေသာ္လည္း အဲဒီမွာ ခ်ဳိ႕ယြင္းခ်က္ ရွိတာက အရင္စနစ္မွာတုန္းက သမၼတ႐ုံတစ္႐ုံတည္းရဲ႕ ၀င္ေငြကို သတ္မွတ္တာ။ အခုက်ေတာ့ ႐ုံ တစ္႐ုံခ်င္းရဲ႕ ၀င္ေငြကိုသတ္မွတ္ တာဆိုေတာ့ တခ်ဳိ႕႐ုံေတြက အ ရင္ကတည္းက လူလာမၾကည့္တဲ့ ႐ုံေတြအမ်ားႀကီးပဲေလ။ အဲဒီ႐ုံ ေတြက Promote လည္း မလုပ္ ဘူး။ ႐ုံၿပိဳင္ျပခ်င္တယ္သာ ေအာ္ ေနတာ။ အဲဒီ႐ုံေတြက ၿမိဳ႕ထဲက ႐ုံေတြကို ၀င္ေငြမီမွာမဟုတ္ဘူး။ အဲဒီ႐ုံေတြအတြက္ ျပန္စဥ္းစားဖုိ႔ လိုတယ္ထင္တယ္’’ဟု ဒါ႐ုိက္ တာ၀ုိင္းက ႐ုံၿပိဳင္စနစ္၏ အား နည္းခ်က္ အားသာခ်က္ကို ေျပာ ၾကားသည္။
‘ခ်စ္လွစြာေသာ အမုန္း’ ဇာတ္ကားတြင္ ေအာင္ရဲလင္း၊ သက္မြန္ျမင့္ႏွင့္ ၀တ္မႈံေရႊရည္ တို႔က အဓိကသ႐ုပ္ေဆာင္မ်ားအ ျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ၿပီး ပုည ခင္၏ ၀တၳဳကိုဒါ႐ုိက္တာ၀ိုင္းက ႐ုိက္ကူးပုံေဖာ္ထားသည္။
‘‘အစ္ကိုရဲ႕ ပုံသဏၭာန္တစ္ ခုအေျပာင္းအလဲကို ပရိသတ္ေတြ ခံစားလို႔ရတယ္။ ႀကိဳက္ႏွစ္သက္ တယ္ဆုိေတာ့ အရမ္း၀မ္းသာ တယ္။ မၾကည့္ရတဲ့ ပရိသတ္ေတြ ကိုေတာ့ ဒီကားက အရင္ကား ေတြထက္ အျပစ္အနာအဆာ ကင္းတယ္။ ဦးတည္ခ်က္ေကာင္း တယ္။ အဲဒီအတြက္ ၾကည့္ေစ ခ်င္တယ္’’ဟု ဒါ႐ုိက္တာ၀ိုင္းက ေျပာသည္။
ခ်စ္လွစြာေသာ အမုန္းအဖဲြ႕ သားမ်ားအေနျဖင့္လည္း ဇန္န၀ါ ရီ ၃ ရက္ ေန႔လယ္ပုိင္းတြင္ ေရွ႕ ေဆာင္႐ုပ္ရွင္႐ုံ၌ ပရိသတ္မ်ား ႏွင့္ ေတြ႕ဆုံရန္စီစဥ္ေနသည္။
7Day Daily
........................
ပရိသတ်အားပေးပေမယ့် ၀င်ငွေလျော့တဲ့ ‘ချစ်လှစွာသော အမုန်း’
Sunday, January 3, 2016
ရုံပြိုင်စနစ်ဖြင့် ပြသနေ သော ‘ချစ်လှစွာသော အမုန်း’ ရုပ်ရှင်ဇာတ်ကားကို ပရိသတ် အားပေးမှုရရှိသော်လည်း ၀င်ငွေ လျော့ကျကြောင်း ဒါရိုက်တာဝိုင်း က ပြောသည်။
‘‘ဒီလိုကားမျိုးကို အရင်ရတဲ့ ၀င်ငွေနှုန်းနဲ့ အခုနှုန်းဆိုရင် နည်း နည်းလေးကွာသွားတာကို တွေ့ရ တယ်။ အဲဒါက လူမဝင်လို့ မဟုတ်ဘူး။ လူကတော့ အရင်စံချိန်အ တိုင်းဝင်တာပဲ’’ဟု ၎င်းကပြော သည်။ ချစ်လှစွာသော အမုန်းရုပ် ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁ ရက် မှစတင်၍ ရှေ့ဆောင်၊ သွင်၊စံပြ၊ JCGV မော်တင်နှင့် Junction Square စသည့် ရုပ်ရှင်ရုံများပါ ၀င်သည့် ဘီရုံတွဲတွင် ပြသနေ ခြင်း ဖြစ်သည်။
‘‘သတ်မှတ်ထားတဲ့ ရာခိုင် နှုန်းပြည့်ရင် တစ်လပြခွင့်ရမယ်။ ဒီစနစ်မှာ အခွင့်အရေးတစ်ခု ပို တာက တစ်လပြည့်မယ့် နောက် ဆုံးပတ်မှာ ၅၀ ရာခိုင်နှုန်းဆက် ၀င်ရင် နှစ်ပတ်ထပ်ရမယ်။ သို့ သော်လည်း အဲဒီမှာ ချို့ယွင်းချက် ရှိတာက အရင်စနစ်မှာတုန်းက သမ္မတရုံတစ်ရုံတည်းရဲ့ ၀င်ငွေကို သတ်မှတ်တာ။ အခုကျတော့ ရုံ တစ်ရုံချင်းရဲ့ ၀င်ငွေကိုသတ်မှတ် တာဆိုတော့ တချို့ရုံတွေက အ ရင်ကတည်းက လူလာမကြည့်တဲ့ ရုံတွေအများကြီးပဲလေ။ အဲဒီရုံ တွေက Promote လည်း မလုပ် ဘူး။ ရုံပြိုင်ပြချင်တယ်သာ အော် နေတာ။ အဲဒီရုံတွေက မြို့ထဲက ရုံတွေကို ၀င်ငွေမီမှာမဟုတ်ဘူး။ အဲဒီရုံတွေအတွက် ပြန်စဉ်းစားဖို့ လိုတယ်ထင်တယ်’’ဟု ဒါရိုက် တာဝိုင်းက ရုံပြိုင်စနစ်၏ အား နည်းချက် အားသာချက်ကို ပြော ကြားသည်။
‘ချစ်လှစွာသော အမုန်း’ ဇာတ်ကားတွင် အောင်ရဲလင်း၊ သက်မွန်မြင့်နှင့် ၀တ်မှုံရွှေရည် တို့က အဓိကသရုပ်ဆောင်များအ ဖြစ် ပါ၀င်သရုပ်ဆောင်ပြီး ပုည ခင်၏ ၀တ္ထုကိုဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားသည်။
‘‘အစ်ကိုရဲ့ ပုံသဏ္ဌာန်တစ် ခုအပြောင်းအလဲကို ပရိသတ်တွေ ခံစားလို့ရတယ်။ ကြိုက်နှစ်သက် တယ်ဆိုတော့ အရမ်းဝမ်းသာ တယ်။ မကြည့်ရတဲ့ ပရိသတ်တွေ ကိုတော့ ဒီကားက အရင်ကား တွေထက် အပြစ်အနာအဆာ ကင်းတယ်။ ဦးတည်ချက်ကောင်း တယ်။ အဲဒီအတွက် ကြည့်စေ ချင်တယ်’’ဟု ဒါရိုက်တာဝိုင်းက ပြောသည်။
ချစ်လှစွာသော အမုန်းအဖွဲ့ သားများအနေဖြင့်လည်း ဇန်နဝါ ရီ ၃ ရက် နေ့လယ်ပိုင်းတွင် ရှေ့ ဆောင်ရုပ်ရှင်ရုံ၌ ပရိသတ်များ နှင့် တွေ့ဆုံရန်စီစဉ်နေသည်။
7Day Daily
VIDEO
On Fri, 2016-01-01 06:30Issue No.No.965 Friday, January 1, 2016
- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑မွာ ေတာ့ အိမ္ေထာင္ေရး ပညာေပး ဇာတ္ကားေလးတစ္ကားကို ၫႊန္းေပးလုိက္ပါ တယ္။
သူရိန္က နာမည္ႀကီးဓာတ္ ပုံဆရာ တစ္ေယာက္ပါ။ သူရိန္က သူ႔ဆီမွာ ဓာတ္ပုံ လာ႐ို္က္တဲ့ ေကာင္မေလးေတြနဲ႔ ရင္းရင္းႏွီးႏွီးေနတတ္ေပမယ့္ မိန္းမကိစၥ အ႐ႈပ္အရွင္းေတာ့ လုံး၀မရွိပါဘူး။ သူရိန္မွာ မိန္းမနဲ႔ကေလးလည္း ရွိပါတယ္။ သူရိန္မိန္းမနာမည္က သင္းသင္းပါ။ သင္းသင္းက သူရိိန္ထက္ေတာ့ အသက္ႀကီးပါတယ္။ အဲဒါေၾကာင့္ သူရိန္က သင္းသင္းကို မမလို႔ေခၚပါတယ္။ သူရိန္က သူ႔ မိန္းမကို အရမ္းခ်စ္သလို သူ႔ မိသားစုေလးကိုလည္း အရမ္းအ ေလးထားပါတယ္။
သူရိန္က အလုပ္ကိစၥနဲ႔ပတ္ သက္ရင္ေတာ့ ေခါင္းမာတတ္ပါ တယ္။ သူ႔ရဲ႕ အလုပ္ကိစၥေတြကို သူ႔ရဲ႕ အားလပ္ခ်ိန္ေတြမွာ လုပ္ ေလ့ မရွိပါဘူး။ ေနာက္ၿပီး အခ်ိန္ကိုလည္း အရမ္းေလးစားပါ တယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး သူ႔ ပညာကို ေစာ္ကားရင္လည္း ၿငိမ္ခံမေနတတ္ပါဘူး။ သူရိန္ကို အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး မေက် နပ္တဲ့ ကုမၸဏီပိုင္ရွင္တစ္ဦးလည္း ရွိပါတယ္။ အဲဒီလူနဲ႔ သူရိန္က အ လုပ္ကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာ ျဖစ္ထားတာပါ။ ဒါေပမဲ့လည္း သူက သူရိန္႔ကို သူ႔ကုမၸဏီမွာအ လုပ္လုပ္ဖို႔အတြက္ ကမ္းလွမ္းခဲ့ ပါတယ္။ အဲဒါကိုလည္း သူရိန္က လက္မခံဘဲ ျငင္းခဲ့ပါတယ္။ အဲဒီ လိုျငင္းခဲ့တဲ့အတြက္ ေနာင္တရ မယ္လို႔ သူရိန္ကို သတိေပးခဲ့ပါ တယ္။
တစ္ရက္မွာေတာ့ သူ႔အေဖ ရဲ႕ သူငယ္ခ်င္းသမီးတစ္ေယာက္ က မင္းသမီးျဖစ္ခ်င္တာေၾကာင့္ သူ႔ကို အကူအညီ ေတာင္းခဲ့ပါ တယ္။ ေကာင္မေလးရဲ႕ နာမည္ က ေဒ၀ီပါ။ ေဒ၀ီက စင္ကာပူက ေနျပန္လာတာပါ။ သူရိန္က ေဒ၀ီ ကို ျပန္ေတြ႕တဲ့အခ်ိန္မွာ မမွတ္မိ ခဲ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒ၀ီက သူငယ္ငယ္တုန္းက ေတြ႕ ဖူးခဲ့တဲ့ ေကာင္မေလး ပုံစံမဟုတ္ ေတာ့သလို နာမည္ကိုလည္း ေဒြး မယ္ေနာ္လို႔ ေျပာင္းထားလို႔ပါ။
ေဒ၀ီနဲ႔ သူရိန္ရဲ႕ ဆက္ဆံေရး က တျခားေကာင္မေလးေတြနဲ႔ စာရင္ေတာ့ ပိုၿပီးရင္းႏွီးခဲ့ပါတယ္။ တစ္ရက္မွာေတာ့ ေဒ၀ီ မႏၲေလး မွာ ႐ႈိးေလွ်ာက္ဖုိ႔ ရွိတာေၾကာင့္ သူရိန္ကို လုိက္ခဲ့ဖို႔ ေျပာခဲ့ပါ တယ္။ သူရိန္က သူ႔တပည့္ကိုပဲ ထည့္လုိက္မယ္လို႔ ေျပာခဲ့ေပမယ့္ ေဒ၀ီက အတင္းလုိက္ဖို႔ ေျပာေနတာေၾကာင့္ လက္ခံခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာပဲ သူရိန္႔ရဲ႕ အလုပ္ခန္းကို သူ႔မိန္းမနဲ႔ ကေလးေရာက္လာခဲ့ပါတယ္။ အဲဒါေၾကာင့္ သူရိန္ကလည္း သူမႏၲေလးကို သြားမယ့္ အေၾကာင္း သူ႔မမကို တစ္ခါတည္းအသိေပးခဲ့ပါတယ္။ မႏၲေလးကို လုိက္သြားတဲ့ သူရိန္နဲ႔ ေဒ၀ီတို႔ ဘာေတြ ဆက္ျဖစ္ၾကမွာလဲ၊ သူရိန္ ကို မေက်မနပ္ျဖစ္ေနတဲ့ ကုမၸဏီပိုင္ရွင္ကေကာ ဘာေတြလုပ္ဦး မလဲ ဆိုတာကိုေတာ့ လာဗင္ဒါ ထုတ္လုပ္ေရးကေန ျဖန္႔ခ်ိေပး ထားတဲ့ ‘ကေ၀ခ်ဳိးတဲ့ဖဲ’ ဇာတ္ ကားေလးမွာ ဆက္လက္ ႐ႈစား ေပးပါ။
ဒီဇာတ္ကားမွာ သူရိန္အျဖစ္ ေဇရဲထက္၊ သင္းသင္းအျဖစ္ စိုး ျမတ္နႏၵာ ၊ ေဒ၀ီအျဖစ္ ႏြယ္ဒါလီထြန္းတို႔ ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ သွ်ဳိးရဲ႕ ၀တၳဳကို ဆူးခက္မင္းဇာတ္ၫႊန္း ေရးေပးထားၿပီး ဒါ႐ုိက္တာ သားညီက ႐ုိက္ကူးပုံေဖာ္ထားပါတယ္။
7Daydaily
.....................
ဗီဒီယို အကြို ခံစားခြင်း
ကဝေချိုးတဲ့ ဖဲ
On Fri, 2016-01-01 06:30Issue No.No.965 Friday, January 1, 2016
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ အိမ်ထောင်ရေး ပညာပေး ဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။
သူရိန်က နာမည်ကြီးဓာတ် ပုံဆရာ တစ်ယောက်ပါ။ သူရိန်က သူ့ဆီမှာ ဓာတ်ပုံ လာရို်က်တဲ့ ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပေမယ့် မိန်းမကိစ္စ အရှုပ်အရှင်းတော့ လုံးဝမရှိပါဘူး။ သူရိန်မှာ မိန်းမနဲ့ကလေးလည်း ရှိပါတယ်။ သူရိန်မိန်းမနာမည်က သင်းသင်းပါ။ သင်းသင်းက သူရိိန်ထက်တော့ အသက်ကြီးပါတယ်။ အဲဒါကြောင့် သူရိန်က သင်းသင်းကို မမလို့ခေါ်ပါတယ်။ သူရိန်က သူ့ မိန်းမကို အရမ်းချစ်သလို သူ့ မိသားစုလေးကိုလည်း အရမ်းအ လေးထားပါတယ်။
သူရိန်က အလုပ်ကိစ္စနဲ့ပတ် သက်ရင်တော့ ခေါင်းမာတတ်ပါ တယ်။ သူ့ရဲ့ အလုပ်ကိစ္စတွေကို သူ့ရဲ့ အားလပ်ချိန်တွေမှာ လုပ် လေ့ မရှိပါဘူး။ နောက်ပြီး အချိန်ကိုလည်း အရမ်းလေးစားပါ တယ်။ အလုပ်နဲ့ ပတ်သက်ပြီး သူ့ ပညာကို စော်ကားရင်လည်း ငြိမ်ခံမနေတတ်ပါဘူး။ သူရိန်ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး မကျေ နပ်တဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးလည်း ရှိပါတယ်။ အဲဒီလူနဲ့ သူရိန်က အ လုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်ထားတာပါ။ ဒါပေမဲ့လည်း သူက သူရိန့်ကို သူ့ကုမ္ပဏီမှာအ လုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ ပါတယ်။ အဲဒါကိုလည်း သူရိန်က လက်မခံဘဲ ငြင်းခဲ့ပါတယ်။ အဲဒီ လိုငြင်းခဲ့တဲ့အတွက် နောင်တရ မယ်လို့ သူရိန်ကို သတိပေးခဲ့ပါ တယ်။
တစ်ရက်မှာတော့ သူ့အဖေ ရဲ့ သူငယ်ချင်းသမီးတစ်ယောက် က မင်းသမီးဖြစ်ချင်တာကြောင့် သူ့ကို အကူအညီ တောင်းခဲ့ပါ တယ်။ ကောင်မလေးရဲ့ နာမည် က ဒေဝီပါ။ ဒေဝီက စင်ကာပူက နေပြန်လာတာပါ။ သူရိန်က ဒေဝီ ကို ပြန်တွေ့တဲ့အချိန်မှာ မမှတ်မိ ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေဝီက သူငယ်ငယ်တုန်းက တွေ့ ဖူးခဲ့တဲ့ ကောင်မလေး ပုံစံမဟုတ် တော့သလို နာမည်ကိုလည်း ဒွေး မယ်နော်လို့ ပြောင်းထားလို့ပါ။
ဒေဝီနဲ့ သူရိန်ရဲ့ ဆက်ဆံရေး က တခြားကောင်မလေးတွေနဲ့ စာရင်တော့ ပိုပြီးရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒေဝီ မန္တလေး မှာ ရှိုးလျှောက်ဖို့ ရှိတာကြောင့် သူရိန်ကို လိုက်ခဲ့ဖို့ ပြောခဲ့ပါ တယ်။ သူရိန်က သူ့တပည့်ကိုပဲ ထည့်လိုက်မယ်လို့ ပြောခဲ့ပေမယ့် ဒေဝီက အတင်းလိုက်ဖို့ ပြောနေတာကြောင့် လက်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ သူရိန့်ရဲ့ အလုပ်ခန်းကို သူ့မိန်းမနဲ့ ကလေးရောက်လာခဲ့ပါတယ်။ အဲဒါကြောင့် သူရိန်ကလည်း သူမန္တလေးကို သွားမယ့် အကြောင်း သူ့မမကို တစ်ခါတည်းအသိပေးခဲ့ပါတယ်။ မန္တလေးကို လိုက်သွားတဲ့ သူရိန်နဲ့ ဒေဝီတို့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ သူရိန် ကို မကျေမနပ်ဖြစ်နေတဲ့ ကုမ္ပဏီပိုင်ရှင်ကကော ဘာတွေလုပ်ဦး မလဲ ဆိုတာကိုတော့ လာဗင်ဒါ ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ‘ကဝေချိုးတဲ့ဖဲ’ ဇာတ် ကားလေးမှာ ဆက်လက် ရှုစား ပေးပါ။
ဒီဇာတ်ကားမှာ သူရိန်အဖြစ် ဇေရဲထက်၊ သင်းသင်းအဖြစ် စိုး မြတ်နန္ဒာ ၊ ဒေဝီအဖြစ် နွယ်ဒါလီထွန်းတို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သျှိုးရဲ့ ၀တ္ထုကို ဆူးခက်မင်းဇာတ်ညွှန်း ရေးပေးထားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်ထားပါတယ်။
7Daydaily
On Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015
- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑မွာေတာ့ လူငယ္အခ်စ္ကားေလးတစ္ကားကို ၫႊန္းေပးလိုက္ပါတယ္။
လင္းသူက ေၾကာ္ျငာကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနပါတယ္။ သူ႔ေမြးေန႔ကိုေရာက္တဲ့အခ်ိန္မွာေတာ့ အလုပ္ကေန ခြင့္ယူၿပီး သူ႔ခ်စ္သူကို အခ်ိန္ေပးဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေန႔မွာပဲ ျပႆနာတက္ခဲ့ပါတယ္။ ျပႆနာတက္တာကလည္း ထူးဆန္းပါတယ္။ သူ႔ေမြးေန႔မွာ သူမသိတဲ့ ေကာင္မေလးသံုးေယာက္က သူတို႔နဲ႔ ပတ္သက္တဲ့ပံုစံနဲ႔ ဆုေတာင္းေပးခဲ့ၾကတာေၾကာင့္ပါ။ အဲဒီကိစၥ ေၾကာင့္ သူ႔ခ်စ္သူက သူ႔ကိုျပႆနာရွာခဲ့ပါတယ္။
အဲဒီေကာင္မေလးေတြနဲ႔ ပတ္သက္ၿပီး လင္းသူ သိတာက ေကာင္မေလးသံုးေယာက္ရဲ႕ နာမည္ေတြပါ။ေကာင္မေလးသံုး ေယာက္ရဲ႕ နာမည္ကလည္း ထူးထူးဆန္းဆန္းပါပဲ။ ေမ၊ ဇြန္၊ ဇူလိုင္ပါ။ အဲဒါေၾကာင့္ အေျဖရွာႏိုင္ဖို႔ ေဖ့စ္ဘြတ္ခ္မွာ အဲဒီအေၾကာင္းကို ေရးတင္ရင္း သဲလြန္စေတြရခဲ့ပါတယ္။ ေမ၊ ဇြန္၊ ဇူလိုင္နဲ႔ပတ္သက္ၿပီး သူ႔လိုပဲ ခံခဲ့ရသူေတြက ေျပာျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ေမ၊ ဇြန္၊ ဇူလိုင္ ဘယ္သူလဲဆိုတာကိုေတာ့ မသိခဲ့ပါဘူး။
ေမ၊ ဇြန္၊ ဇူလိုင္က ဂီတကို ၀ါသနာပါတာေၾကာင့္အဆိုေတာ္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ ေကာင္မေလး သံုးေယာက္ပါ။ သူတို႔သံုးေယာက္က ေဖ့စ္ဘြတ္ခ္မွာ နာမည္ႀကီးတဲ့ သူေတြကို မထင္မွတ္တဲ့ကိစၥေတြလုပ္ၿပီး သူတို႔ကိုလူေတြ သတိ ထားမိေအာင္ လုပ္ေနတာပါ။ အဲဒီလုိလုပ္တာကိုသူတို႔က သူတို႔ကိုယ္သူတို႔ ပ႐ိုမိုးရွင္းဆင္းေနတယ္လို႔ ခံယူထားၾကပါတယ္။
အဲဒီလိုနဲ႔ လင္းသူ အေခြဆိုင္ တစ္ခုမွာ ဇူလိုင္မိုးေဆြဆိုတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ဆံု ေတြ႕ခဲ့ပါတယ္။ ဇူလိုင္ဆုိတဲ့ နာ မည္ေၾကာင့္ အဲဒီေကာင္မေလးကို ပိုၿပီးလည္းသတိျပဳမိခဲ့ပါတယ္။ အဲဒီလိုပဲ သူ႔သူငယ္ခ်င္းမန္ေနဂ်ာ လုပ္တဲ့ဆိုင္မွာလည္း ဇြန္သံစဥ္ဆို တဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီးဆံု ေတြ႕ခဲ့ပါတယ္။
ေနာက္ရက္မွာေတာ့ ဆိုင္ တစ္ဆိုင္မွာ ေစာျမေမပံုဆိုတဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီးဆံုခဲ့ပါ တယ္။ ခြင့္ရတဲ့ ရက္အတြင္းမွာ ဆံုခဲ့တဲ့ ေကာင္မေလးေတြက သူ႔ ကိုေႏွာင့္ယွက္ထားတဲ့ ေမ၊ ဇြန္၊ ဇူလိုင္ဆိုတဲ့ နာမည္ေတြပါေနတာ ေၾကာင့္ သံသယရွိခဲ့ေပမယ့္ ခြင့္ ရက္ေစ့သြားတာေၾကာင့္ လုပ္ငန္း ခြင္ကို ျပန္၀င္ခဲ့ရပါတယ္။
ေကာင္မေလးသံုးေယာက္ကေတာ့ လင္းသူနဲ႔ဆံုတဲ့အေၾကာင္း တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ေျပာၿပီး လင္းသူနဲ႔ ဆံုတဲ့ကိစၥေတြကို သံသယေတာ့ရွိေနခဲ့ပါတယ္။ လင္းသူ သူ႔ကိုေႏွာင့္ယွက္ခဲ့တဲ့ ေကာင္မေလးသံုးေယာက္ကိုဘယ္လိုျပန္ရွာေတြ႕မွာလဲ ဆိုတာကိုေတာ့ ေအာင္တိုင္းေက်ာ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိမယ့္ ပ႐ိုမိုးရွင္းဆိုတဲ့ ဇာတ္ကားမွာ ႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ လင္းသူအ ျဖစ္ ေနတိုး၊ ေစာျမေမပံုအျဖစ္ ပိုင္ၿဖိဳးသူ၊ ဇြန္သံစဥ္အျဖစ္ ေရႊ သမီး၊ ဇူလိုင္မိုးေဆြအျဖစ္ ရတနာ ဗိုတို႔က ပါ၀င္သ႐ုပ္ေဆာင္ထား ပါတယ္။ ညိဳမင္းလြင္ရဲ႕ ဇာတ္ လမ္းကို ထက္ေ၀ယံႏိုင္နဲ႔ခ်မ္းေျမ႕ လင္းတို႔က ဇာတ္ၫႊန္းေရးေပးၿပီး ဒါ႐ိုက္တာ ညိဳမင္းလြင္ ႐ိုက္ကူး ေပးထားပါတယ္။
7Daydaily
.....................
ဗီဒီယို အကြိုခံစားခြင်း
ပရိုမိုးရှင်း
On Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
လင်းသူက ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူ့မွေးနေ့ကိုရောက်တဲ့အချိန်မှာတော့ အလုပ်ကနေ ခွင့်ယူပြီး သူ့ချစ်သူကို အချိန်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ပြဿနာတက်ခဲ့ပါတယ်။ ပြဿနာတက်တာကလည်း ထူးဆန်းပါတယ်။ သူ့မွေးနေ့မှာ သူမသိတဲ့ ကောင်မလေးသုံးယောက်က သူတို့နဲ့ ပတ်သက်တဲ့ပုံစံနဲ့ ဆုတောင်းပေးခဲ့ကြတာကြောင့်ပါ။ အဲဒီကိစ္စ ကြောင့် သူ့ချစ်သူက သူ့ကိုပြဿနာရှာခဲ့ပါတယ်။
အဲဒီကောင်မလေးတွေနဲ့ ပတ်သက်ပြီး လင်းသူ သိတာက ကောင်မလေးသုံးယောက်ရဲ့ နာမည်တွေပါ။ကောင်မလေးသုံး ယောက်ရဲ့ နာမည်ကလည်း ထူးထူးဆန်းဆန်းပါပဲ။ မေ၊ ဇွန်၊ ဇူလိုင်ပါ။ အဲဒါကြောင့် အဖြေရှာနိုင်ဖို့ ဖေ့စ်ဘွတ်ခ်မှာ အဲဒီအကြောင်းကို ရေးတင်ရင်း သဲလွန်စတွေရခဲ့ပါတယ်။ မေ၊ ဇွန်၊ ဇူလိုင်နဲ့ပတ်သက်ပြီး သူ့လိုပဲ ခံခဲ့ရသူတွေက ပြောပြခဲ့ကြပါတယ်။ ဒါပေမဲ့ မေ၊ ဇွန်၊ ဇူလိုင် ဘယ်သူလဲဆိုတာကိုတော့ မသိခဲ့ပါဘူး။
မေ၊ ဇွန်၊ ဇူလိုင်က ဂီတကို ၀ါသနာပါတာကြောင့်အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေး သုံးယောက်ပါ။ သူတို့သုံးယောက်က ဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးတဲ့ သူတွေကို မထင်မှတ်တဲ့ကိစ္စတွေလုပ်ပြီး သူတို့ကိုလူတွေ သတိ ထားမိအောင် လုပ်နေတာပါ။ အဲဒီလိုလုပ်တာကိုသူတို့က သူတို့ကိုယ်သူတို့ ပရိုမိုးရှင်းဆင်းနေတယ်လို့ ခံယူထားကြပါတယ်။
အဲဒီလိုနဲ့ လင်းသူ အခွေဆိုင် တစ်ခုမှာ ဇူလိုင်မိုးဆွေဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံ တွေ့ခဲ့ပါတယ်။ ဇူလိုင်ဆိုတဲ့ နာ မည်ကြောင့် အဲဒီကောင်မလေးကို ပိုပြီးလည်းသတိပြုမိခဲ့ပါတယ်။ အဲဒီလိုပဲ သူ့သူငယ်ချင်းမန်နေဂျာ လုပ်တဲ့ဆိုင်မှာလည်း ဇွန်သံစဉ်ဆို တဲ့ ကောင်မလေးနဲ့ ထပ်ပြီးဆုံ တွေ့ခဲ့ပါတယ်။
နောက်ရက်မှာတော့ ဆိုင် တစ်ဆိုင်မှာ စောမြမေပုံဆိုတဲ့ ကောင်မလေးနဲ့ ထပ်ပြီးဆုံခဲ့ပါ တယ်။ ခွင့်ရတဲ့ ရက်အတွင်းမှာ ဆုံခဲ့တဲ့ ကောင်မလေးတွေက သူ့ ကိုနှောင့်ယှက်ထားတဲ့ မေ၊ ဇွန်၊ ဇူလိုင်ဆိုတဲ့ နာမည်တွေပါနေတာ ကြောင့် သံသယရှိခဲ့ပေမယ့် ခွင့် ရက်စေ့သွားတာကြောင့် လုပ်ငန်း ခွင်ကို ပြန်ဝင်ခဲ့ရပါတယ်။
ကောင်မလေးသုံးယောက်ကတော့ လင်းသူနဲ့ဆုံတဲ့အကြောင်း တစ်ယောက်နဲ့တစ်ယောက်ပြန်ပြောပြီး လင်းသူနဲ့ ဆုံတဲ့ကိစ္စတွေကို သံသယတော့ရှိနေခဲ့ပါတယ်။ လင်းသူ သူ့ကိုနှောင့်ယှက်ခဲ့တဲ့ ကောင်မလေးသုံးယောက်ကိုဘယ်လိုပြန်ရှာတွေ့မှာလဲ ဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ပရိုမိုးရှင်းဆိုတဲ့ ဇာတ်ကားမှာ ရှုစားပေးပါ။
ဒီဇာတ်ကားမှာ လင်းသူအ ဖြစ် နေတိုး၊ စောမြမေပုံအဖြစ် ပိုင်ဖြိုးသူ၊ ဇွန်သံစဉ်အဖြစ် ရွှေ သမီး၊ ဇူလိုင်မိုးဆွေအဖြစ် ရတနာ ဗိုတို့က ပါ၀င်သရုပ်ဆောင်ထား ပါတယ်။ ညိုမင်းလွင်ရဲ့ ဇာတ် လမ်းကို ထက်ဝေယံနိုင်နဲ့ချမ်းမြေ့ လင်းတို့က ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး ပေးထားပါတယ်။
7Daydaily
On Mon, 2015-12-21 06:30Issue No.No.954 Monday, December 21, 2015
- ဒီေန႔ရဲ႕ ဗီဒီယုိအၫႊန္းက႑မွာ ေတာ့ ေက်းလက္ဟာသ ဇာတ္ ကားေလးတစ္ကားကို ၫႊန္းေပးလုိက္ပါတယ္။
ကံထူးက လူပ်ဳိႀကီးပါ။ လူ ပ်ဳိႀကီးကံထူးကို သူ႔အေမက မိန္းမ ေပးစားခ်င္ေနပါတယ္။ ဒါေပမဲ့ ကံထူးမွာ ခ်စ္သူလည္း မရွိတာေၾကာင့္ သူ႔အေမ သေဘာတူတဲ့ မိန္းမနဲ႔ ယူမယ္လုိ႔ ေျပာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ကံထူးအေမက သူ႔သားကို မိန္းမေပးစားဖုိ႔ ရြာထဲမွာရွိတဲ့ သမီးရွင္ေတြကို လုိက္ၿပီးဆက္ပါတယ္။
ကံထူးတုိ႔က လယ္ပိုင္ယာ ပုိင္နဲ႔ ခ်မ္းသာတဲ့မိသားစုျဖစ္တာ ေၾကာင့္ ကံထူးကုိ သမီးရွင္ေတြက လည္း လုိလားၾကပါတယ္။ဒါေပမဲ့ ကံထူးရဲ႕အေမက သူ႕စိတ္ႀကိဳက္ရဖို႔ သြားတိုင္းအျပစ္တစ္ခုမဟုတ္တစ္ခုေတြ႕ေနတာေၾကာင့္ အဆင္မေျပ ျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့ တစ္ရက္မွာေတာ့ သူ႔သားကံထူးအတြက္ သူ႕အေမသေဘာက်တဲ့ ေကာင္မေလးတစ္ေယာက္ ေတြ႕ခဲ့ပါတယ္။ ေကာင္မေလးဘက္ကလည္း ကံထူးကိုလိုလိုလားလားရွိတာေၾကာင့္ အဆင္ေျပခဲ့ပါတယ္။
ဒါေပမဲ့လည္း လက္ထပ္ပြဲက်င္းပတဲ့ေန႔မွာေတာ့ ထင္မထားတဲ့ကိစၥ ႀကံဳခဲ့ပါတယ္။အဲဒါကေတာ့ ကံထူးနဲ႔ သေဘာတူထားတဲ့ေကာင္မေလးက ကိုယ္သူသတ္ေသသြားတာပါ။ ေကာင္မေလးက သူ႕အိ္မ္က စာရင္းငွားနဲ႔ ခ်စ္ႀကိဳက္ေနတာကို သူ႕မိဘေတြက သေဘာမတူဘဲ ကံထူးနဲ႔ေပးစားခဲ့တာေၾကာင့္ သတ္ေသသြားတာပါ။ အဲဒါေၾကာင့္ ကံထူးမိန္းမမယူရေသးဘဲ မုဆိုးဖိုျဖစ္ခဲ့ရပါတယ္။အဲဒီေနာက္မွာလည္းကံထူးအေမကေတာ့ သူ႕သားကို မိန္းမေပးစားဖို႔ ဇြဲမေလွ်ာ့ေသးပါဘူး။ ျမရြက္က ကံထူးတို႔ ရြာသူတစ္ေယာက္ပါ။ ေနာက္ၿပီးရြာေက်ာင္းမွာလည္း ဆရာမအလုပ္ လုပ္ပါတယ္။ ကံထူးကိုလည္း စိတ္ဝင္စားေနတာပါ။ အဲဒါေၾကာင့္ကံထူးနဲ႔ ျမရြက္ကို ကံထူးအေမက ေပးစားဖို႔လူႀကီးခ်င္းသေဘာတူခဲ့ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ကံထူးက ျမရြက္ကိုေတြ႕ၿပီးအက်ိဳးအေၾကာင္းေမးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာလည္း အဆင္ေျပေနတာေၾကာင့္ ျမရြက္နဲ႔ကံထူးတို႔ မဂၤလာေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဒီ့မဂၤလာေဆာင္တဲ့ေန႔ မဂၤလာပြဲမွာပဲ ျမရြက္ ႏွလံုးေရာဂါနဲ႔ဆံုးသြားခဲ့ပါတယ္။
အဲဒီ့အခ်ိန္ကစၿပီး ကံထူးအေမကို ရြာကသမိီးရွင္ေတြ ေၾကာက္သြားၾကပါတယ္။ အဲဒီ့အခ်ိန္မွာပဲ ျမရြက္ရဲ႕ ေနရာကို ၿမိဳ႕ကဆရာမေလး ထူးထူး ေရာက္လာခဲ့ပါတယ္။ မဂၤလာေဆာင္လုပ္တိုင္း သတို႔သမီး ေသသြားေပမယ့္ကံထူးရဲ႕အေမကေတာ့ ဇြဲမေလွ်ာ့ေသးပါဘူး။ေျပာင္းလာတဲ့ဆရာမေလးကို သူ႔သားအတြက္ စကား ေတြ ေခၚေနပါတယ္။ ဒီတစ္ခါေကာ ကံထူး တကယ္မိန္းမရမလားဆုိတာကိုေတာ့ ေအာင္တိုင္းေက်ာ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိေပးထားတဲ့ ကံထူးမထူး ဆိုတဲ့ဇာတ္ကားမွာဆက္လက္႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ ကံထူးအျဖစ္ လူမင္း၊ ထူးထူးအျဖစ္ ယုသႏၲာတင္နဲ႔ ျမရြက္အျဖစ္ ထားထက္ထက္တုိ႔က ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ ညီညီလႈိင္ရဲ႕ဇာတ္လမ္းကို ေရႊမိုးသက္ ဇာတ္ၫႊန္းေရးေပးၿပီး ဒါ႐ိုက္တာ ညီညီဘေမာင္က ႐ိုက္ကူးထားပါတယ္။
7Daydaily
................
ဗီဒီယို အကြိုခံစားခြင်း
ကံထူး မထူး
On Mon, 2015-12-21 06:30Issue No.No.954 Monday, December 21, 2015
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ ကျေးလက်ဟာသ ဇာတ် ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
ကံထူးက လူပျိုကြီးပါ။ လူ ပျိုကြီးကံထူးကို သူ့အမေက မိန်းမ ပေးစားချင်နေပါတယ်။ ဒါပေမဲ့ ကံထူးမှာ ချစ်သူလည်း မရှိတာကြောင့် သူ့အမေ သဘောတူတဲ့ မိန်းမနဲ့ ယူမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကံထူးအမေက သူ့သားကို မိန်းမပေးစားဖို့ ရွာထဲမှာရှိတဲ့ သမီးရှင်တွေကို လိုက်ပြီးဆက်ပါတယ်။
ကံထူးတို့က လယ်ပိုင်ယာ ပိုင်နဲ့ ချမ်းသာတဲ့မိသားစုဖြစ်တာ ကြောင့် ကံထူးကို သမီးရှင်တွေက လည်း လိုလားကြပါတယ်။ဒါပေမဲ့ ကံထူးရဲ့အမေက သူ့စိတ်ကြိုက်ရဖို့ သွားတိုင်းအပြစ်တစ်ခုမဟုတ်တစ်ခုတွေ့နေတာကြောင့် အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူ့သားကံထူးအတွက် သူ့အမေသဘောကျတဲ့ ကောင်မလေးတစ်ယောက် တွေ့ခဲ့ပါတယ်။ ကောင်မလေးဘက်ကလည်း ကံထူးကိုလိုလိုလားလားရှိတာကြောင့် အဆင်ပြေခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ထပ်ပွဲကျင်းပတဲ့နေ့မှာတော့ ထင်မထားတဲ့ကိစ္စ ကြုံခဲ့ပါတယ်။အဲဒါကတော့ ကံထူးနဲ့ သဘောတူထားတဲ့ကောင်မလေးက ကိုယ်သူသတ်သေသွားတာပါ။ ကောင်မလေးက သူ့အိ်မ်က စာရင်းငှားနဲ့ ချစ်ကြိုက်နေတာကို သူ့မိဘတွေက သဘောမတူဘဲ ကံထူးနဲ့ပေးစားခဲ့တာကြောင့် သတ်သေသွားတာပါ။ အဲဒါကြောင့် ကံထူးမိန်းမမယူရသေးဘဲ မုဆိုးဖိုဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာလည်းကံထူးအမေကတော့ သူ့သားကို မိန်းမပေးစားဖို့ ဇွဲမလျှော့သေးပါဘူး။ မြရွက်က ကံထူးတို့ ရွာသူတစ်ယောက်ပါ။ နောက်ပြီးရွာကျောင်းမှာလည်း ဆရာမအလုပ် လုပ်ပါတယ်။ ကံထူးကိုလည်း စိတ်ဝင်စားနေတာပါ။ အဲဒါကြောင့်ကံထူးနဲ့ မြရွက်ကို ကံထူးအမေက ပေးစားဖို့လူကြီးချင်းသဘောတူခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ကံထူးက မြရွက်ကိုတွေ့ပြီးအကျိုးအကြောင်းမေးခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း အဆင်ပြေနေတာကြောင့် မြရွက်နဲ့ကံထူးတို့ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ့မင်္ဂလာဆောင်တဲ့နေ့ မင်္ဂလာပွဲမှာပဲ မြရွက် နှလုံးရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။
အဲဒီ့အချိန်ကစပြီး ကံထူးအမေကို ရွာကသမိီးရှင်တွေ ကြောက်သွားကြပါတယ်။ အဲဒီ့အချိန်မှာပဲ မြရွက်ရဲ့ နေရာကို မြို့ကဆရာမလေး ထူးထူး ရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်လုပ်တိုင်း သတို့သမီး သေသွားပေမယ့်ကံထူးရဲ့အမေကတော့ ဇွဲမလျှော့သေးပါဘူး။ပြောင်းလာတဲ့ဆရာမလေးကို သူ့သားအတွက် စကား တွေ ခေါ်နေပါတယ်။ ဒီတစ်ခါကော ကံထူး တကယ်မိန်းမရမလားဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ ကံထူးမထူး ဆိုတဲ့ဇာတ်ကားမှာဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ကံထူးအဖြစ် လူမင်း၊ ထူးထူးအဖြစ် ယုသန္တာတင်နဲ့ မြရွက်အဖြစ် ထားထက်ထက်တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ ညီညီလှိုင်ရဲ့ဇာတ်လမ်းကို ရွှေမိုးသက် ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ညီညီဘမောင်က ရိုက်ကူးထားပါတယ်။
7Daydaily
On Sun, 2015-12-06 06:30Issue No.No. 939 Sunday, December 6 , 2015.
- ဒီေန႔ရဲ႕ ဗီဒီယုိအၫႊန္း က႑ မွာေတာ့ မိသားစုဇာတ္ကားေလး ကုိ ၫႊန္းေပးလုိက္ပါတယ္။
ေနသူရိန္နဲ႔ ေႏြကႏၲာဦးတုိ႔ မွာ ဆယ္ေက်ာ္သက္အရြယ္သမီး ေလးတစ္ေယာက္ ရွိပါတယ္။ သမီးေလးရဲ႕ နာမည္က ဧပရယ္ ပါ။ ဧပရယ္က အရြယ္ရလာတာ နဲ႔အမွ် ႐ုပ္ကေလးကလည္း လွ တာေၾကာင့္ သူ႔အေမေႏြကႏၲာဦး ကေတာ့ စိတ္ပူေနပါတယ္။ ေန သူရိန္နဲ႔ ေႏြကႏၲာဦးက လင္မယား ဆိုေပမယ့္ မ်က္ႏွာခ်င္းဆိုင္တိုင္းတစ္ေယာက္ တစ္ခြန္း စကား မ်ားေနတတ္ပါတယ္။ အဲဒါက လည္း အေၾကာင္းေတာ့ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေႏြကႏၲာဦးက အၿမဲတမ္းအဆိုးျမင္တတ္ေနလုိ႔ပါ။
ေနာက္တစ္ခုလည္း ရွိပါ ေသးတယ္။ အဲ့ဒါကေတာ့ သူတို႔ အိမ္ကုိ၀င္ထြက္ေနတဲ့ ေဆာင္း ႏွင္းေဟမန္ဆုိတဲ့ အမ်ိဳးသမီး ေၾကာင့္ပါ။ ေဆာင္းႏွင္းေဟမန္က ေႏြကႏၲာဦးနဲ႔ေတာ့ တျခားစီပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဆာင္း ႏွင္းေဟမန္က မိန္းမပီပီသသနဲ႔ အိမ္ေထာင္မႈႏိုင္နင္းတဲ့သူ တစ္ ေယာက္မို႔လို႔ပါ။ ေနာက္ၿပီး ေဆာင္းႏွင္းေဟမန္က ဘုရား၊ တရားလည္းအရမ္းလုပ္ပါတယ္။ အဲဒါကိုပဲ ေႏြကႏၲာဦးက ၾကည့္မ ရတာပါ။
ဧပရယ္ကုိ ေက်ာင္းမွာစိတ္ ၀င္စားေနတဲ့ သူတစ္ေယာက္ရွိပါ တယ္။ အဲဒီသူေတြထဲမွာေတာ့ ေက်ာ္ေက်ာ္ဆိုတဲ့ေကာင္ေလးက ေျခလွမ္း အသြက္ဆံုးပါ။ ေက်ာ္ ေက်ာ္က ဧပရယ္အနားမွာရွိေနတဲ့ သူေတြကို ေပါင္းၿပီးဧပရယ္နဲ႔ နီး စပ္ေအာင္ႀကိဳးစားခဲ့ပါတယ္။ အဲဒီလိုနဲ႔ ဧပရယ္နဲ႔ တျဖည္းျဖည္း ရင္းႏွီးမႈေတြရလာခဲ့ပါတယ္။ အဲဒီ အေၾကာင္းေတြကို ဧပရယ္ရဲ႕မိဘေတြကလည္း မ်က္ျခည္မျပတ္ခဲ့ၾကပါဘူး။ ေက်ာ္ေက်ာ္ ဆိုတဲ့ ေကာင္ေလးနဲ႔ ရင္းႏွီးမႈေတြရွိေန တယ္ဆုိတဲ့အေၾကာင္းကုိ ေဆာင္း ႏွင္းေဟမန္ေရာ၊ ေႏြကႏၲာဦးေရာ သိခဲ့ၾကပါတယ္။
တကယ္ေတာ့ ေဆာင္းႏွင္း ေဟမန္က ဧပရယ္ဦးကိုခင္တြယ္ ေနတာေၾကာင့္ အဲဒီအိမ္ကုိလာ ေနတာပါ။ ဒါေပမဲ့လည္း ေဆာင္းႏွင္းေဟမန္နဲ႔ ေနသူရိန္တု႔ိရဲ႕ အတိတ္ေတြေၾကာင့္ ေႏြကႏၲာဦးက အျမင္ေတြလဲြေနတာပါ။ ဧပရယ္ကလည္း အေမရင္း ေႏြကႏၲာဦးနဲ႔ ေဆာင္းႏွင္းေဟမန္တို႔ ႏွစ္ေယာက္မွာ ေဆာင္းႏွင္းေဟမန္ကို ပိုၿပီး သံေယာဇဥ္ႀကီးပါတယ္။
ဘာျဖစ္လို႔လဲဆုိေတာ့ေႏြကႏၲာဦးက ထစ္ခနဲဆုိရင္ ေဒါသနဲ႔ပဲအရာရာကို ေျဖရွင္းတတ္ေပမယ့္ ေဆာင္းႏွင္းေဟမန္ကေတာ့ ဧပ ရယ္ နားလည္ေအာင္ ေျပာျပၿပီး ဆံုးမတတ္ပါတယ္။
ေဆာင္းႏွင္းေဟမန္နဲ႔ ေနသူ ရိန္တို႔ရဲ႕ အတိတ္အေၾကာင္းေတြ က ဘာေတြလဲ။ ေနသူရိန္နဲ႔ ေႏြ ကႏၲာဦးတု႔ိ လက္ထပ္ျဖစ္ခဲ့တာက ေကာ ဘာေၾကာင့္လဲ။ ေဆာင္း ႏွင္းေဟမန္ကေကာ ဘာေၾကာင့္ သူတို႔အိမ္မွာ ေနခြင့္ရေနတာလဲ ဆိုတာေတြကိုေတာ့ ထား၀ယ္ ထုတ္လုပ္ေရးကေန ျဖန္႔ခ်ိေပး ထားတဲ့ ႏွလံုးသားကုိ အလွဆင္ မယ္ဆုိတဲ့ ဇာတ္ကားေလးမွာ ဆက္လက္႐ႈစားေပးပါ။
ဒီဇာတ္ကားမွာ ေနသူရိန္အ ျဖစ္ ေအာင္ရဲလင္း၊ ေႏြကႏၲာဦးအ ျဖစ္ ခုိင္သင္းၾကည္၊ ေဆာင္းႏွင္း ေဟမန္အျဖစ္ ေမကဗ်ာတို႔ပါ၀င္ သ႐ုပ္ေဆာင္ထားၿပီး ကိုလြင္(စႏိႈး ၀ိႈက္)ရဲ႕ ဇာတ္လမ္းဇာတ္ၫႊန္းကုိ ဒါ႐ိုက္တာ ေမာင္ေမာင္ဦး (စႏိႈး ၀ိႈက္) က ႐ုိက္ကူးပံုေဖာ္ထားပါ တယ္။
7Daydaily
....................
On Sun, 2015-12-06 06:30Issue No.No. 939 Sunday, December 6 , 2015.
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ မိသားစုဇာတ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။
နေသူရိန်နဲ့ နွေကန္တာဦးတို့ မှာ ဆယ်ကျော်သက်အရွယ်သမီး လေးတစ်ယောက် ရှိပါတယ်။ သမီးလေးရဲ့ နာမည်က ဧပရယ် ပါ။ ဧပရယ်က အရွယ်ရလာတာ နဲ့အမျှ ရုပ်ကလေးကလည်း လှ တာကြောင့် သူ့အမေနွေကန္တာဦး ကတော့ စိတ်ပူနေပါတယ်။ နေ သူရိန်နဲ့ နွေကန္တာဦးက လင်မယား ဆိုပေမယ့် မျက်နှာချင်းဆိုင်တိုင်းတစ်ယောက် တစ်ခွန်း စကား များနေတတ်ပါတယ်။ အဲဒါက လည်း အကြောင်းတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေကန္တာဦးက အမြဲတမ်းအဆိုးမြင်တတ်နေလို့ပါ။
နောက်တစ်ခုလည်း ရှိပါ သေးတယ်။ အဲ့ဒါကတော့ သူတို့ အိမ်ကို၀င်ထွက်နေတဲ့ ဆောင်း နှင်းဟေမန်ဆိုတဲ့ အမျိုးသမီး ကြောင့်ပါ။ ဆောင်းနှင်းဟေမန်က နွေကန္တာဦးနဲ့တော့ တခြားစီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်း နှင်းဟေမန်က မိန်းမပီပီသသနဲ့ အိမ်ထောင်မှုနိုင်နင်းတဲ့သူ တစ် ယောက်မို့လို့ပါ။ နောက်ပြီး ဆောင်းနှင်းဟေမန်က ဘုရား၊ တရားလည်းအရမ်းလုပ်ပါတယ်။ အဲဒါကိုပဲ နွေကန္တာဦးက ကြည့်မ ရတာပါ။
ဧပရယ်ကို ကျောင်းမှာစိတ် ၀င်စားနေတဲ့ သူတစ်ယောက်ရှိပါ တယ်။ အဲဒီသူတွေထဲမှာတော့ ကျော်ကျော်ဆိုတဲ့ကောင်လေးက ခြေလှမ်း အသွက်ဆုံးပါ။ ကျော် ကျော်က ဧပရယ်အနားမှာရှိနေတဲ့ သူတွေကို ပေါင်းပြီးဧပရယ်နဲ့ နီး စပ်အောင်ကြိုးစားခဲ့ပါတယ်။ အဲဒီလိုနဲ့ ဧပရယ်နဲ့ တဖြည်းဖြည်း ရင်းနှီးမှုတွေရလာခဲ့ပါတယ်။ အဲဒီ အကြောင်းတွေကို ဧပရယ်ရဲ့မိဘတွေကလည်း မျက်ခြည်မပြတ်ခဲ့ကြပါဘူး။ ကျော်ကျော် ဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးမှုတွေရှိနေ တယ်ဆိုတဲ့အကြောင်းကို ဆောင်း နှင်းဟေမန်ရော၊ နွေကန္တာဦးရော သိခဲ့ကြပါတယ်။
တကယ်တော့ ဆောင်းနှင်း ဟေမန်က ဧပရယ်ဦးကိုခင်တွယ် နေတာကြောင့် အဲဒီအိမ်ကိုလာ နေတာပါ။ ဒါပေမဲ့လည်း ဆောင်းနှင်းဟေမန်နဲ့ နေသူရိန်တို့ရဲ့ အတိတ်တွေကြောင့် နွေကန္တာဦးက အမြင်တွေလွဲနေတာပါ။ ဧပရယ်ကလည်း အမေရင်း နွေကန္တာဦးနဲ့ ဆောင်းနှင်းဟေမန်တို့ နှစ်ယောက်မှာ ဆောင်းနှင်းဟေမန်ကို ပိုပြီး သံယောဇဉ်ကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့နွေကန္တာဦးက ထစ်ခနဲဆိုရင် ဒေါသနဲ့ပဲအရာရာကို ဖြေရှင်းတတ်ပေမယ့် ဆောင်းနှင်းဟေမန်ကတော့ ဧပ ရယ် နားလည်အောင် ပြောပြပြီး ဆုံးမတတ်ပါတယ်။
ဆောင်းနှင်းဟေမန်နဲ့ နေသူ ရိန်တို့ရဲ့ အတိတ်အကြောင်းတွေ က ဘာတွေလဲ။ နေသူရိန်နဲ့ နွေ ကန္တာဦးတို့ လက်ထပ်ဖြစ်ခဲ့တာက ကော ဘာကြောင့်လဲ။ ဆောင်း နှင်းဟေမန်ကကော ဘာကြောင့် သူတို့အိမ်မှာ နေခွင့်ရနေတာလဲ ဆိုတာတွေကိုတော့ ထားဝယ် ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ နှလုံးသားကို အလှဆင် မယ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ နေသူရိန်အ ဖြစ် အောင်ရဲလင်း၊ နွေကန္တာဦးအ ဖြစ် ခိုင်သင်းကြည်၊ ဆောင်းနှင်း ဟေမန်အဖြစ် မေကဗျာတို့ပါ၀င် သရုပ်ဆောင်ထားပြီး ကိုလွင်(စနှိုး ၀ိှုက်)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး (စနှိုး ၀ိှုက်) က ရိုက်ကူးပုံဖော်ထားပါ တယ်။
7Daydaily