Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2019

ကျောင်းအုပ်ဆရာမရဲ့ အမျိုးသားက ၇ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်


မိုင်းရူကော၊ ရွှေဖီမြေ
စက်တင်ဘာ ၂၁ ရက်၊ မိုင်းရယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် နားဖြန်းကျေးရွာအုပ်စုထဲမှာ တာဝန်ကျတဲ့ ကျောင်းအုပ်ဆရာမရဲ့ အမျိုးသားဖြစ်သူ ဦးအောင်မျိုးထက်(အသက် ၃ဝ နှစ်)က ကျောင်းသူ ၂ ဦးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ကော်ဖီထဲ အိပ်ဆေးထည့်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

၇ တန်း တက်ရောက်နေတဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ ၂ ဦးကို ဦးအောင်မျိုးထက်က ကော်ဖီထဲ အိပ်ဆေးထည့်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးရွာအုပ်စုဥက္ကဌ ဦးစိုင်းဟန်က “အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်က ကျူးလွန်တဲ့သူကို မနေ့(စက်တင်ဘာ ၂ဝ ရက်)က အချုပ်ထဲ ထည့်ထားပါပြီ။ ကောင်မလေးတွေက အိပ်ဆေးနဲ့လား ဘာနဲ့လားတော့ မသိဘူးလို့ ပြောတယ်။ မနက်မိုးလင်းမှ သတိရတာတဲ့” လို့ ဆိုပါတယ်။

မိုင်းရယ်မြို့ အမှတ်(၁)ပြည်နယ်အမတ် ဦးစိုင်းမြင့်ထူးကလည်း “အဲဒီကိစ္စကို ကျနော်လဲ ကြားမိပါတယ်။ ကျနော့်ဆီတော့ လာမတိုင်သေးပါဘူး။ ကျနော်က တောင်ကြီးမှာ လွှတ်တော်တက်နေလို့ပါ” ဆိုပြီး ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ကျောင်းသူ ၂ ဦးထဲက ၁ ဦးဟာ ဇွန်လဆန်းပိုင်းတုန်းကလဲ တစ်ကြိမ်အဓမ္မပြုကျင့်ခံရပေမယ့် မိဘတွေ ရိုက်နှက်မှာကို စိုးရိမ်တဲ့အတွက် တစ်စုံတစ်ရာမပြောဘဲ နှုတ်ပိတ်ထားခဲ့ပြီးနောက် ယခုတစ်ကြိမ်မှသာ မိသားစုဝင်တွေကို ဖွင့်ပြောခဲ့တာဖြစ်တယ်လို့ ဦးစိုင်းဟန်က ပြောပါတယ်။
Shwe Phee Myay News Journal

No comments:

Post a Comment