Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 3, 2019

ကံကောင်းခြင်း သဘောဆောင်တဲ့ လက်ကောက်ပေါ်က တြိဂံပုံ









ရင်ခွင်လမ်း
Ref: healthyfoodteam

#Unicode Version#
 Rascette lines တွေဆိုတာ လက်ဖဝါး နဲ့ လက်ကြား လက်ကောက်ဝတ် အပေါ်က ကန့်ပေးထားတဲ့ အလျားလိုက် သို့မဟုတ် ကွေးကောက်တဲ့ မျဉ်းကြောင်းတွေဖြစ်ပါတယ်။

တစ်နည်းအားဖြင့် လက်ကောက်ဝတ် အစင်း အကြောင်း လို့လည်း သိရတဲ့ rascette lines များကို လက္ခဏာဗေဒ မှာ အရေး မပါတဲ့ မျဉ်းကြောင်းများ အဖြစ် သတ်မှတ်ထားပါတယ်။ အခုအခါမှာတော့ လူအများစုမှာ တစ်ခုတည်းလည်း ရှိနိုင်ပေမယ့် လက်ကောက် အရေးအကြောင်း ၂ ခု သို့မဟုတ် ၃ ခု ရှိကြပါတယ်။

ဒါပေမယ့် လက်ကောက် အစင်း အကြောင်း ၄ ခု ရှိခြင်းမှာ အသက် ၁၀၀ အသက်ရှင်နိုင်ခြေရှိတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

အမှန်တော့ ဒီ မျဉ်းကောက်ကြောင်းများက လူတစ်ယောက်ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာရေး၊ ဘဝကံကြမ္မာနဲ့ အခွင့် အလမ်းတွေ ကိုယ်စားပြုနေတာပါ။ လူတစ်ယောက်ရဲ့ အတွေး၊ ခန္ဓာ နဲ့ စိတ် ဟန်ချက်ညီမှု၊ မညီမှု သဘောလည်း ဆောင်ပါတယ်။

လက္ခဏာဗေဒင် အရ မျဉ်းကြောင်းတွေ ပိုပြီး ထင်ရှားပြတ်သားလေ၊ ကောင်းမွန် ကျန်းမာတဲ့ ဘဝ အခွင့် အလမ်း ပိုများလေဖြစ်ပါတယ်။

သို့သော် အဲဒီ အားလုံးတို့ အနက် ဖြစ်တောင့်ဖြစ်ခဲတဲ့ အချက်က လက်ကောက်ဝတ်မှာ တြိဂံပုံ သဏ္ဍာန် တစ် ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အမှန်တော့ လက်ကောက်ဝတ် ရှိ တြိဂံပုံဟာ အလွန့် အလွန် ကံကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။

အခုအခါမှာ လက်ကောက်ဝတ်ကို ကြည့်ပြီး မျဉ်းကြောင်းတွေ ဘာနဲ့တူလဲ ဆိုတာ ကြည့်ပါ။ လက်ကောက်အစင်း အကြောင်းများဖြင့် တြိဂံပုံ သဏ္ဍာန်တစ်ခု ပုံဖော်ထားတဲ့ မျဉ်းကြောင်းလေး တစ်ခု ရှိပါက မမျှော်လင့် ဘဲ ပိုက်ဆံရနိုင်ခြေ ရှိတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

ထီပေါက်တာလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးမခံပါနဲ့။
ရင်ခွင်လမ်း
Ref: healthyfoodteam

No comments:

Post a Comment