CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, May 26, 2019
ေရခဲေတာင္ေပၚက ျပဳတ္က်ခဲ့တယ္ဆုိတဲ့ မစိမ့္ထက္ရဲ႕ခႏၶာကုိယ္ကုိ ျပန္ရွာေတြျပီ႔
ဖန္ဂရန္ရာဇီေရခဲေတာင္ေပၚကေန ျပဳတ္က်ၿပီးေသဆံုးခဲ့တယ္ဆုိတဲ့ မစိမ့္ထက္ရဲ႕ ခႏၶာကုိယ္ကုိ ျပန္ရွာေတြ႔ၿပီလို႔သူ႔ဖခင္ရဲ႕ O Media ကုိ အတည္ျပဳေျပာၾကားခ်က္အရ သိရပါတယ္။အခုအခ်ိန္မွာေတာ့ သူ႔အေနနဲ႔ ေသေသခ်ာခ်ာမသိရေသးေပမဲ့ ေဒသခံေတြပူးေပါင္းရွာေဖြေပးခဲ့တာလို႔ေျပာပါတယ္။
“ေတြ႔တာေတာ့ ေသခ်ာတယ္ အေသးစိတ္ကေတာ့ မေရာက္ေသးေတာ့မသိဘူးေနာ္၊ ကြ်န္ေတာ္တုိ႔ကဦးက်င္ဦးရဲဲ႕သေဘာတူခ်က္အရ အရင္လူေတြပဲသြားရွာေပးတာပါ။ ေဒသခံေတြပါပဲ။ မေန႔ကေတြတာလားေတာ့မသိဘူး သူတုိ႔လည္း ကြ်န္ေတာ့္ကုိ ေသခ်ာေတာ့မေျပာျပေသးဘူး” လုိ႔ဦးေမာင္ေမာင္ဦးက O Media ကုိေျပာပါတယ္။
မစိမ့္ထက္ရဲ႕ ခႏၶာကုိယ္ဟာ ရန္ကုန္ကုိျပန္ေရာက္ဖုိ႔ ေနာက္ထပ္သံုးေလးရက္ေလာက္ၾကာဦးမယ္လုိ႔လည္း သိရပါတယ္။
မစိမ့္ထက္ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေျခလ်င္နဲ႔ေတာင္တက္အဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ဦးက်င္ဦးက ဦးေဆာင္ၿပီး ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႔တစ္ဖြဲ႔နဲ႔ ဧၿပီလ ၂၆ ရက္ေန႔က သြားေရာက္႐ွာေဖြခဲ့ေပမဲ့ မစိမ့္ထက္ရဲ႕ မ်က္မွန္နဲ႔ အက်ၤီတုိ႔ကုိသာ ေတြ႔႐ွိခဲ့ၿပီး ျပန္လာခဲ့ရပါတယ္။
ဒါေပမဲ့ ေနာက္္ပုိင္းမွာ ထပ္သြားရွာတဲ့အခ်ိန္ မစိမ့္ထက္ရဲ႕ Dead Body ကုိ ရွာေဖြေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။မစိမ့္ထက္ဟာ ဧၿပီလ ၆ ရက္ေန႔က သူအပါအဝင္ အဖြဲ႕ဝင္ ၂၁ ဦးႏွင့္အတူ (The Summiter) ဆုိတဲ့ေတာင္တက္အဖြဲ႔နဲ႔အတူ စတင္ေတာင္တက္ခဲ့ၿပီး ေတာင္တက္ခရီးစဥ္အျပန္မွာေျခေခ်ာ္ၿပီး ေခ်ာက္ထဲကုိ က်သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
မစိမ့္ထက္ေခ်ာက္ထဲက်သြားေပမယ့္ သူနဲ႔အတူလုိက္ပါခဲ့တဲ့ အဖြဲ႔ဟာ မစိမ့္ထက္က်သြားတဲ့ ေခ်ာက္ အနက္ေပကုိ ဆင္း႐ွာႏုိင္ဖုိ႔ ပစၥည္းမျပည့္စုံလုိ႔ ဒီအတုိင္းျပန္လာခဲ့ၾကတာလုိ႔ သိရပါတယ္။
O Media
Unicode
ဖန်ဂရန်ရာဇီရေခဲတောင်ပေါ်ကနေ ပြုတ်ကျပြီးသေဆုံးခဲ့တယ်ဆိုတဲ့ မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်ကို ပြန်ရှာတွေ့ပြီလို့သူ့ဖခင်ရဲ့ O Media ကို အတည်ပြုပြောကြားချက်အရ သိရပါတယ်။အခုအချိန်မှာတော့ သူ့အနေနဲ့ သေသေချာချာမသိရသေးပေမဲ့ ဒေသခံတွေပူးပေါင်းရှာဖွေပေးခဲ့တာလို့ပြောပါတယ်။
“တွေ့တာတော့ သေချာတယ် အသေးစိတ်ကတော့ မရောက်သေးတော့မသိဘူးနော်၊ ကျွန်တော်တို့ကဦးကျင်ဦးရဲ့သဘောတူချက်အရ အရင်လူတွေပဲသွားရှာပေးတာပါ။ ဒေသခံတွေပါပဲ။ မနေ့ကတွေတာလားတော့မသိဘူး သူတို့လည်း ကျွန်တော့်ကို သေချာတော့မပြောပြသေးဘူး” လို့ဦးမောင်မောင်ဦးက O Media ကိုပြောပါတယ်။
မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်ဟာ ရန်ကုန်ကိုပြန်ရောက်ဖို့ နောက်ထပ်သုံးလေးရက်လောက်ကြာဦးမယ်လို့လည်း သိရပါတယ်။
မစိမ့်ထက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးကျင်ဦးက ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့နဲ့ ဧပြီလ ၂၆ ရက်နေ့က သွားရောက်ရှာဖွေခဲ့ပေမဲ့ မစိမ့်ထက်ရဲ့ မျက်မှန်နဲ့ အင်္ကျီတို့ကိုသာ တွေ့ရှိခဲ့ပြီး ပြန်လာခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ထပ်သွားရှာတဲ့အချိန် မစိမ့်ထက်ရဲ့ Dead Body ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။မစိမ့်ထက်ဟာ ဧပြီလ ၆ ရက်နေ့က သူအပါအဝင် အဖွဲ့ဝင် ၂၁ ဦးနှင့်အတူ (The Summiter) ဆိုတဲ့တောင်တက်အဖွဲ့နဲ့အတူ စတင်တောင်တက်ခဲ့ပြီး တောင်တက်ခရီးစဉ်အပြန်မှာခြေချော်ပြီး ချောက်ထဲကို ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မစိမ့်ထက်ချောက်ထဲကျသွားပေမယ့် သူနဲ့အတူလိုက်ပါခဲ့တဲ့ အဖွဲ့ဟာ မစိမ့်ထက်ကျသွားတဲ့ ချောက် အနက်ပေကို ဆင်းရှာနိုင်ဖို့ ပစ္စည်းမပြည့်စုံလို့ ဒီအတိုင်းပြန်လာခဲ့ကြတာလို့ သိရပါတယ်။
ေရခဲေတာင္ေပၚက ျပဳတ္က်ခဲ့တယ္ဆုိတဲ့ မစိမ့္ထက္ရဲ႕ခႏၶာကုိယ္ကုိ ျပန္ရွာေတြျပီ႔
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 26, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 26, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment