Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 18, 2019

၁၆ နှစ်အရွယ်မိန်းကလေးအားခိုယူမှု






Mg Lay

#Unicode Version#
အသက်မပြည့်သောမိန်းကလေးအားခိုယူမှု လက်ခံထားသူ ဥပဒေအရအရေးယူခြင်းခံရမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့၊ရပ်ကွက်(၉)၊အပိုင်း(၁)၊ကန့်ကော်မြိုင်တန်းနေ ဦးဖိုဖြူ+ဒေါ်ချိုချိုကြည် ၏သမီးအငယ် မနုယဉ်ဝင်း (၁၆)နှစ်၊နဝမတန်းကျောင်းသူအား၊ အမဖြစ်သူ မအေးဖြူဖြူချို၏ခင်ပွန်း ဖြစ်သူမောင်စည်သူအောင်(ခ)ဇော်ဇော်သည် ၁၆-၅-၂၀၁၉ ရက်နေ့ နံနက် ၀၅း၀၀ နာရီအချိန်ခန့်ကဆိုင်ကယ်ဖြင့်ခေါ်ယူသွားကြောင်းမြင်တွေ့ရသောမိတ်ဆွေများပြောပြသဖြင့်သိရှိရသည်။

မိဘများကသတင်းသိရှိချိန်လိုက်လံရှာဖွေသောလည်မတွေ့ရှိရသဖြင့် ၁၇-၅-၂၀၁၉ ရက်နေ့ ကသာမြို့မရဲစခန်းတွင်သမီးဖြစ်သူ မနုယဉ်ဝင်း အာခိုးယူသွားသော စည်သူအောင်(ခ)ဇော်ဇော် အားဥပဒေအရအရေးယူဆောင်ရွက်ပေးပါရန်တိုင်ကြားသဖြင့်ကသာမြို့မစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။

စခန်းမှူး ဒုရဲမှူး မျိုးအောင်မှတရားခံဖမ်းမိနိုင်ရေးအတွက်တရားခံသွားလာနိုင်မည်နယ်မြေစခန်းများထံဆက်သွယ်သတင်းပို့ဆက်သွယ်ထားကြောင်းသိရှိရသည်။

လက်ခံထားသူများကသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်ရဲစခန်းများသို့အကြောင်းကြားပေးပါရန်နှင့်သတင်းပေးအကြောင်းကြားခြင်းမရှိပါကဥပဒေအရဆက်လက်အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်းသိရှိပါရန်ရေးသားဖော်ပြလိုက်ရသည်။
Mg Lay

No comments:

Post a Comment