Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 23, 2019

ေက်ာက္ဆည္တြင္ …လိင္အားတိုးေဆးအတုႏွင့္ …အျခားေဆး၀ါးအတုမ်ား.. ျပဳလုပ္ေနဓာတ္ခြဲခန္းပါ ေနအိမ္ဖမ္းမိ


ေက်ာက္ဆည္တြင္ လိင္အားတိုးေဆးအတုႏွင့္ အျခားေဆး၀ါးအတုမ်ား ျပဳလုပ္ေနဓာတ္ခြဲခန္းပါ ေနအိမ္ဖမ္းမိ
ေက်ာက္ဆည္၊ ေမ ၂၃ (သတင္းတမန္ )

လိင္အားတိုးေဆးအတုႏွင့္ အျခားေဆး၀ါးအတုမ်ား ျပဳလုပ္ေနဓာတ္ခြဲခန္းပါ ေနအိမ္တစ္လံုးကို ယေန႔ ေက်ာက္ဆည္တြင္ ေတြ႕ရွိ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ေက်ာက္ဆည္ၿမိဳ႕ ၾကက္မင္းတြန္ရပ္ကြက္ ကြက္သစ္အပိုင္း ၿမိဳ႕ပတ္လမ္းအနီးရွိ ေနအိမ္တစ္လံုးတြင္ ေဆး၀ါးအတုမ်ားျပဳလုပ္ေရာင္းခ်ေနေၾကာင္းသတင္းရရွိသျဖင့္ တာ၀န္ရွိသူမ်ားက ၀င္ေရာက္ရွာေဖြရာ ျပဳလုပ္ထားၿပီးသားေဆး၀ါးအတုမ်ားကိုေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ဖမ္းဆီးမႈႏွင့္ပတ္သက္၍ တာ၀န္ရွိသူတစ္ဦးက သတင္းတမန္သို႔ေျပာျပသည္။
အတုျပဳလုပ္ထားေသာေဆး၀ါးမ်ားတြင္ အမ်ားစုမွာ လိင္အားတိုးေဆးမ်ားျဖစ္ေၾကာင္းသိရသည္။

“ကိုယ္တိုင္ေဖာ္စပ္ထုတ္လုပ္တာ။ မသိရင္ အစစ္နဲ႔မျခားဘူး” ဟု ေက်ာက္ဆည္ေဒသခံတစ္ဦးက သတင္းတမန္သို႔ ဆိုသည္။

ကနဦးရရွိထားသည့္သတင္းမ်ားအရ ေဆး၀ါးအတုျပဳလုပ္ရန္ ဆက္စပ္ပစၥည္းမ်ားကို တရုတ္မွတင္သြင္းၿပီး ျပန္လည္ပါကင္ပိတ္ကာ ေဆးထုတ္လုပ္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ရဲတပ္ဖြဲ႕ႏွင့္တာ၀န္ရွိသူမ်ားက အဆိုပါ ေတြ႕ရွိသိမ္းဆည္းရမိမႈမ်ားကို စစ္ေဆးေနေၾကာင္း ဆိုသည္။
ထပ္မံရရွိေသာသတင္းမ်ား ႏွင့္ အေသးစိတ္ကို ဆက္လက္ေဖာ္ျပသြားပါမည္။

#Y(သတင္းတမန္)
Photo- ရဲတပ္ဖြဲ႕






Unicode Version
Breaking News ——-

ကျောက်ဆည်တွင် လိင်အားတိုးဆေးအတုနှင့် အခြားဆေးဝါးအတုများ ပြုလုပ်နေဓာတ်ခွဲခန်းပါ နေအိမ်ဖမ်းမိ





ကျောက်ဆည်၊ မေ ၂၃ (သတင်းတမန် )





လိင်အားတိုးဆေးအတုနှင့် အခြားဆေးဝါးအတုများ ပြုလုပ်နေဓာတ်ခွဲခန်းပါ နေအိမ်တစ်လုံးကို ယနေ့ ကျောက်ဆည်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် ကွက်သစ်အပိုင်း မြို့ပတ်လမ်းအနီးရှိ နေအိမ်တစ်လုံးတွင် ဆေးဝါးအတုများပြုလုပ်ရောင်းချနေကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေရာ ပြုလုပ်ထားပြီးသားဆေးဝါးအတုများကိုတွေ့ရှိရခြင်းဖြစ်ကြောင်း ဖမ်းဆီးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက သတင်းတမန်သို့ပြောပြသည်။

အတုပြုလုပ်ထားသောဆေးဝါးများတွင် အများစုမှာ လိင်အားတိုးဆေးများဖြစ်ကြောင်းသိရသည်။
“ကိုယ်တိုင်ဖော်စပ်ထုတ်လုပ်တာ။ မသိရင် အစစ်နဲ့မခြားဘူး” ဟု ကျောက်ဆည်ဒေသခံတစ်ဦးက သတင်းတမန်သို့ ဆိုသည်။

ကနဦးရရှိထားသည့်သတင်းများအရ ဆေးဝါးအတုပြုလုပ်ရန် ဆက်စပ်ပစ္စည်းများကို တရုတ်မှတင်သွင်းပြီး ပြန်လည်ပါကင်ပိတ်ကာ ဆေးထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက အဆိုပါ တွေ့ရှိသိမ်းဆည်းရမိမှုများကို စစ်ဆေးနေကြောင်း ဆိုသည်။


ထပ်မံရရှိသောသတင်းများ နှင့် အသေးစိတ်ကို ဆက်လက်ဖော်ပြသွားပါမည်။

#Y(သတင်းတမန်)
Photo- ရဲတပ်ဖွဲ့

No comments:

Post a Comment