Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 29, 2019

ျမင္းစီးရုပ္ဖ်က္ဆီးခဲ႔သူ…အပါအဝင္အေပါင္း..အပါမ်ားဖမ္းဆီးရမိ


ေတာင္ႀကီးျမိဳ႕ ရွိျမင္းစီးရုပ္အားဖ်က္ဆီးျခင္းခံခဲ႔ရရာျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိနိုင္ေရးအတြက္ ေတာင္ႀကီးျမဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရဲမွဴး ေမာင္ေမာင္နိုင္၏ဦးေဆာင္ႀကီးႀကပ္မႈျဖင့္ျပစ္မႈက်ဴးလြန္သူႏွင့္အေပါင္းအပါမ်ားအား မတ္လ၂၈ရက္ေန႕ကဖမ္းဆီးရမိခဲ႔သည္။

ျမင္းစီး ရုပ္ အနီးCCTV မွတ္တမ္းအရ အခင္းျဖစ္စဥ္ကာလက မသကၤာဖြယ္ေတြ႔ရွိထားေသာေမာ္ေတာ္ယာဥ္အားအေနာက္ျမိဳ႕ပါတ္လမ္းရွိေျမပံုယာဥ္ထိန္းဂိတ္တြင္ရပ္ကင္းေဆာင္ရြက္ေနစဥ္ေတြ႕ရွိသျဖင့္ရဲစခန္းသို႕ေခၚေဆာင္ခဲ႔ျပီးယာဥ္ေပၚလိုက္ပါလာသူမ်ားအားစစ္ေဆးရာမွ ျပစ္မႈက်ဴးလြန္ထားေၾကာင္းေပၚေပါက္ျခင္းျဖစ္သည္။

ေညာင္ေရႊျမိဳ႕ေန ကိုကိုနိုင္(ခ)မြန္မက္အလီ သည္ ေညာင္ေရႊျမိဳ႕ ႏြားသတ္ကုန္းၾကက္ျခံေန အလုပ္သမားမ်ားျဖစ္သည္႔ ဘာရာဟင္(ခ)သန္းေအာင္။ ပါဆစ္ ။ ဝဏၰ(ခ)စလင္း ႏွင့္ စပိုင္အင္တို႕လိုက္ပါလ်က္ Canter အျဖဴေရာင္ျဖင့္ ၾကက္ျခင္းမ်ားတင္ေဆာင္ခဲ႔ျပီး ျမင္းရုပ္အနားတြင္ေခတၱရပ္နားခဲ႔သည္။

ထိုသို႕ နားေနစဥ္ ပါဆစ္ ဆိုသူက ျမင္းရုပ္ေပၚတက္၍ ျမင္းရုပ္၏ ယာဘက္လက္အား လက္ဝါးေစာင္းျဖင့္ရိုက္ခ်ိဳးဖ်က္ဆီးခဲ႔ေၾကာင္း စစ္ေဆးသိရွိရသည္။ ျပစ္မႈက်ြတ္သူမ်ားအားအျမန္ဆံုးတရားစြဲဆိုနိုက္ရန္ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရျပီးေနာက္ဆက္တြဲသတင္းအားဆက္လက္ေဖာ္ျပသြားမည္ျဖစ္ပါသည္။ သံလြင္ေသြးခ်င္း

Unicode

တောင်ကြီးမြို့ ရှိမြင်းစီးရုပ်အားဖျက်ဆီးခြင်းခံခဲ့ရရာပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက် တောင်ကြီးမြု့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မောင်မောင်နိုင်၏ဦးဆောင်ကြီးကြပ်မှုဖြင့်ပြစ်မှုကျူးလွန်သူနှင့်အပေါင်းအပါများအား မတ်လ၂၈ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။

မြင်းစီး ရုပ် အနီးCCTV မှတ်တမ်းအရ အခင်းဖြစ်စဉ်ကာလက မသင်္ကာဖွယ်တွေ့ရှိထားသောမော်တော်ယာဉ်အားအနောက်မြို့ပါတ်လမ်းရှိမြေပုံယာဉ်ထိန်းဂိတ်တွင်ရပ်ကင်းဆောင်ရွက်နေစဉ်တွေ့ရှိသဖြင့်ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပြီးယာဉ်ပေါ်လိုက်ပါလာသူများအားစစ်ဆေးရာမှ ပြစ်မှုကျူးလွန်ထားကြောင်းပေါ်ပေါက်ခြင်းဖြစ်သည်။

ညောင်ရွှေမြို့နေ ကိုကိုနိုင်(ခ)မွန်မက်အလီ သည် ညောင်ရွှေမြို့ နွားသတ်ကုန်းကြက်ခြံနေ အလုပ်သမားများဖြစ်သည့် ဘာရာဟင်(ခ)သန်းအောင်။ ပါဆစ် ။ ဝဏ္ဏ(ခ)စလင်း နှင့် စပိုင်အင်တို့လိုက်ပါလျက် Canter အဖြူရောင်ဖြင့် ကြက်ခြင်းများတင်ဆောင်ခဲ့ပြီး မြင်းရုပ်အနားတွင်ခေတ္တရပ်နားခဲ့သည်။

ထိုသို့ နားနေစဉ် ပါဆစ် ဆိုသူက မြင်းရုပ်ပေါ်တက်၍ မြင်းရုပ်၏ ယာဘက်လက်အား လက်ဝါးစောင်းဖြင့်ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ ပြစ်မှုကျွတ်သူများအားအမြန်ဆုံးတရားစွဲဆိုနိုက်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီးနောက်ဆက်တွဲသတင်းအားဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
သံလွင်သွေးချင်း

No comments:

Post a Comment