Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 13, 2019

အမေ” ချမ်းတယ် သားရယ်


သားငယ်ငယ်က သားသွားချင်တဲ့နေရာလေးတွေ ကြည့်ချင်တဲ့ ပွဲဈေးလေးတွေကို အမေချီပို့ခဲ့သလို အခုချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့ အမေ့အပေါ် မစာနာနိုင်တော့ဘူးလား သားရယ်”
♦အမေ…..
Wai Yan Moe


အမေ” ချမ်းတယ် သားရယ် **
“””””””””””””””””””””””””””””
♦အမေ ချမ်းတယ်သား” သားငယ်ငယ်က အမေ့ရင်ခွင်မှာ နွေးထွေးစွာ မှေးစက်ဖူးသလို အခုချိန်မှာ အမေ့အတွက် နွေးထွေးလုံခြုံမှုရှိတဲ့ နေရာလေးတစ်ခု အမေမရနိုင်ဘူးလား သားရယ်”

♦အမေ အဝတ်တွေလဲချင်သေးတယ်သား”

သားငယ်ငယ်က အညစ်အကြေးတွေပေတိုင်း သားအတွက် ညအိပ်ရေးပျက်ပြီး လဲပေးခဲ့တဲ့ အမေ့ရဲ့အိပ်ပျက် ညတွေမှတ်မိသေးရဲ့လား သားရယ်…

♦အမေ ဟိုးအဝေးက ရှုခင်းတွေကို ငေးကြည့်ချင်တယ်သား”

သားငယ်ငယ်က သားသွားချင်တဲ့နေရာလေးတွေ ကြည့်ချင်တဲ့ ပွဲစျေးလေးတွေကို အမေချီပို့ခဲ့သလို အခုချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့ အမေ့အပေါ် မစာနာနိုင်တော့ဘူးလား သားရယ်”

♦အမေ…..

မသိတဲ့ ဒီခေတ်နည်းပညာလေးတွေ သိချင်တဲ့အခါ အမေ့ကို စိတ်ရှည်ရှည်ရှင်းပြပေးပါသား…

သားငယ်ငယ်က မသိတဲ့အရာတွေ တတွတ်တွတ်မေးတိုင်း အမေမငြိုမငြင်ဖြေခဲ့ဖူးတာလေးကို သတိတရရှိပေးပါသားရယ်”

♦အမေ့ရဲ့ ဘဝနေဝင်ချိန် အမေ့ရဲ့ နောက်ဆုံးအချိန်မှာ အမေ့သားကို အမေမြင်ချင်သေးတယ်သားရယ်”

Wai Yan Moe

No comments:

Post a Comment