Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 29, 2019

မသန္​မစြမ္​းျဖစ္​ေနသူမ်ားကုိ အခမဲ့ လိင္​ပုိင္​းဆုိင္​ရာ ဝန္​ေဆာင္​မူေပးေနတဲ့ ပရဟိတအဖြဲ႕ တည္ေထာင္ခဲ့ သူ


မသန္​မစြမ္​းျဖစ္​ေနသူမ်ားကုိ လိင္​ပုိင္​းဆုိင္​ရာဝန္​ေဆာင္​မူမ်ား ျဖည္​့ဆည္​းေပးေနတဲ့ ပရဟိတ အဖြဲ႕
တစ္ကိုယ္ရည္အာသာေျဖျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းတယ္လို႔ ေျပာဆိုသူမ်ားလည္းရွိၾကသလို က်န္းမာေရးအတြက္ ထိခိုက္ေစႏိုင္တယ္လို႔ ေျပာဆိုမႈမ်ား

လည္း ရွိေနပါတယ္။ ဒီလို တစ္ကိုယ္ရည္ အာသာေျဖမႈကို လူေတာ္ေတာ္မ်ားမ်ားလုပ္ၾကေလ့ရွိၿပီး ဒီလို ဆႏၵရွိလ်က္နဲ႔ ခႏၶာကိုယ္မသန္မစြမ္းျဖစ္ေနလို႔ မလုပ္ႏိုင္တဲ့သူမ်ားကို ထိုင္ဝမ္မွ ပရဟိတ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ “Hand Angels” ဆိုတဲ့ အဖြဲ႕က ကူညီေပးေနတယ္လို႔ သိရပါတယ္။

“Hand Angels” အဖြဲ႕ ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ဒီလို ဆႏၵရွိေနလ်က္နဲ႔ မလုပ္ႏိုင္တဲ့သမ်ားကိုကူညီေပးျခင္းသာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အဖြဲ႕ရဲ႕ တည္ေထာင္သူျဖစ္သူ ဗင္းဆင့္ (Vincent) ကိုယ္တိုင္ကလည္း မသန္မစြမ္းသူလူတစ္ဦး ျဖစ္ပါတယ္။

ဗင္းဆင္ဟာ လမ္းေလွ်ာက္တက္ခါစ အခ်ိန္ ၃ လ အၾကာမွာ ပိုလီယိုေရာဂါျဖစ္ခဲ့လို႔ ေျခလက္မသန္မစြမ္းျဖစ္ကာ လက္ရွိအခ်ိန္မွာေတာ့ အသက္ ၅၂ ႏွစ္ရွိေနပါၿပီ။ ဗင္းဆင့္ဟာ သူ႔ဘဝမွာ ႀကဳံခဲ့ရတဲ့ အခက္အခဲေတြေၾကာင့္ တျခားသူေတြကိုလည္း သူ႔လို မျဖစ္ေစခ်င္တဲ့အတြက္ ဒီအဖြဲ႕ကိုတည္ေထာင္ခဲ့တာ ျဖစ္တယ္လို႔ေျပာဆိုခဲ့ပါတယ္။

BBC နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ဗင္းဆင့္က “ကြၽန္ေတာ္လို႔ မသန္မစြမ္း ျဖစ္ေနတဲ့ သူေတြကို ကြၽန္ေတာ္ေတြ႕လိုက္ရရင္ သူတို႔အတြက္ ကိုယ္ခ်င္းစာတယ္။ သူတို႔ကိုေတြ႕တဲ့အခါ ကြၽန္ေတာ္ကို ကြၽန္ေတာ္ျပန္ျမင္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ မသန္မစြမ္းသူေတြ အတြက္ လိင္မႈကိစၥဆိုင္ရာ ဝန္ေဆာင္မႈေပးဖို႔ “Hand Angels” ကိုတည္ေထာင္ခဲ့တာပါ ” လို႔ေျပာဆိုခဲ့ပါတယ္။
“Hand Angels” အဖြဲ႕ဟာ ဒီအေန႔ အခ်ိန္အထိ မသန္မစြမ္းသူ လူ ၆ ေယာက္အထိ ကူညီေပးခဲ့တယ္လို႔ သိရၿပီး ဒီအဖြဲ႕ထဲမွာ မိန္းကေလးနဲ႔ ေယာက္်ားေလး လုပ္အားေပးသူေတြ လည္းရွိၿပီး မသန္စြမ္းသူမ်ားနဲ႔ အခ်ိန္ယူစကားေျပာကာ Service ေပးေလ့ရွိတယ္လို႔သိရပါတယ္။

သို႔ေပမဲ့ “Hand Angels” အဖြဲ႕ဟာ ျပည္တန္ဆာ လုပ္ငန္းတစ္ခုသာ ျဖစ္တယ္လို႔ ထိုင္ဝမ္ႏိုင္ငံ ကသူမ်ားက ေဝဖန္ခဲ့ၾကေပမဲ့ ထိုင္ဝမ္ႏိုင္ငံမွာ ဒီလုပ္ငန္းက တရားဝင္တဲ့အတြက္ အခုခ်ိန္ထိ ဆက္ရွိေနဆဲ ျဖစ္တယ္ လို႔သိရပါတယ္။
(Pyit Tine Htaung) Ref : ViralforReal

Unicode ျဖင့္ဖတ္ရန္

မသန်​မစွမ်​းဖြစ်​နေသူများကို လိင်​ပိုင်​းဆိုင်​ရာဝန်​ဆောင်​မူများ ဖြည်​့ဆည်​းပေးနေတဲ့ ပရဟိတ အဖွဲ့

တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောဆိုသူများလည်းရှိကြသလို ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တယ်လို့ ပြောဆိုမှုများ

လည်း ရှိနေပါတယ်။ ဒီလို တစ်ကိုယ်ရည် အာသာဖြေမှုကို လူတော်တော်များများလုပ်ကြလေ့ရှိပြီး ဒီလို ဆန္ဒရှိလျက်နဲ့ ခန္ဓာကိုယ်မသန်မစွမ်းဖြစ်နေလို့ မလုပ်

နိုင်တဲ့ သူများကို ထိုင်ဝမ်မှ ပရဟိတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Hand Angels” ဆိုတဲ့ အဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်။

“Hand Angels” အဖွဲ့ ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလို ဆန္ဒရှိနေလျက်နဲ့ မလုပ်နိုင်တဲ့သများကိုကူညီပေးခြင်းသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဖွဲ့ရဲ့ တည်ထောင်သူဖြစ်သူ ဗင်းဆင့် (Vincent) ကိုယ်တိုင်ကလည်း မသန်မစွမ်းသူလူတစ်ဦး ဖြစ်ပါတယ်။

ဗင်းဆင်ဟာ လမ်းလျှောက်တက်ခါစ အချိန် ၃ လ အကြာမှာ ပိုလီယိုရောဂါဖြစ်ခဲ့လို့ ခြေလက်မသန်မစွမ်းဖြစ်ကာ လက်ရှိအချိန်မှာတော့ အသက် ၅၂ နှစ်ရှိနေပါ

ပြီ။ ဗင်းဆင့်ဟာ သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကြောင့် တခြားသူတွေကိုလည်း သူ့လို မဖြစ်စေချင်တဲ့အတွက် ဒီအဖွဲ့ကိုတည်ထောင်ခဲ့တာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

BBC နဲ့ အင်တာဗျူးတစ်ခုမှာ ဗင်းဆင့်က “ကျွန်တော်လို့ မသန်မစွမ်း ဖြစ်နေတဲ့ သူတွေကို ကျွန်တော်တွေ့လိုက်ရရင် သူတို့အတွက် ကိုယ်ချင်းစာတယ်။ သူတို့ကို

တွေ့တဲ့အခါ ကျွန်တော်ကို ကျွန်တော်ပြန်မြင်တယ်။ ဒါကြောင့် ကျွန်တော် မသန်မစွမ်းသူတွေ အတွက် လိင်မှုကိစ္စဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ “Hand Angels” ကိုတည်ထောင်ခဲ့တာပါ ” လို့ပြောဆိုခဲ့ပါတယ်။
“Hand Angels” အဖွဲ့ဟာ ဒီအနေ့ အချိန်အထိ မသန်မစွမ်းသူ လူ ၆ ယောက်အထိ ကူညီပေးခဲ့တယ်လို့ သိရပြီး ဒီအဖွဲ့ထဲမှာ မိန်းကလေးနဲ့ ယောက်ျားလေး လုပ်အားပေးသူတွေ လည်းရှိပြီး မသန်စွမ်းသူများနဲ့ အချိန်ယူစကားပြောကာ Service ပေးလေ့ရှိတယ်လို့သိရပါတယ်။

သို့ပေမဲ့ “Hand Angels” အဖွဲ့ဟာ ပြည်တန်ဆာ လုပ်ငန်းတစ်ခုသာ ဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံ ကသူများက ဝေဖန်ခဲ့ကြပေမဲ့ ထိုင်ဝမ်နိုင်ငံမှာ ဒီလုပ်ငန်းက တရားဝင်တဲ့အတွက် အခုချိန်ထိ ဆက်ရှိနေဆဲ ဖြစ်တယ် လို့သိရပါတယ်။
Slash (Pyit Tine Htaung) Ref : ViralforReal

No comments:

Post a Comment