Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 4, 2019

ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ရဲ့နှစ်ဦးအလှူ

နှစ်သစ်ကူးမှာ ၀ိုင်းစုခိုင်သိန်းက အောင်လနဲ့အတူ အလှူပြုလုပ်ပြီး ဓာတ်ပုံလေးတွေတင်ထားခဲ့ပါတယ်။ သူ့ရင်ထဲကခံစားချက်တွေနဲ့သူ့ဘ၀အကြောင်းကိုရေးသားထားသလိုသူ့ရဲ့ရွေးချယ်မှုမှန်ကန်ခဲ့တဲ့အကြောင်းနဲ့ မိသားစုဘ၀လေးကိုလိုချင်တဲ့အကြောင်းစသဖြင့်ရေးသားထားခဲ့ပါတယ်။
........................








ဝိုင်းစု
......................









နှစ်သစ်ကူးမှာ ၀ိုင်းစုခိုင်သိန်းက အောင်လနဲ့အတူ အလှူပြုလုပ်ပြီး သူ့ရင်ထဲကခံစားချက်တွေကို

ခုလိုရေးသားထားခဲ့ပါတယ်။

........................

အနုပညာလောကကို ခြေလှမ်းစခဲ့တဲ့ ၁၆နှစ်သမီးထဲက မိဘကို လုပ်ကျွေးပြုစုခွင့်ရခဲ့တယ်
အဲ့ဒီအတွက်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို အရမ်းကျေးဇူးတင်မိတယ်
ဝိုင်းစုရဲ့ ဇာတာလို့ပဲပြောရမလားတော့ မသိဘူး
ဘယ်အရာကိုမှ လွယ်လွယ်ကူကူရလေ့ မရှိပဲ
အခက်အခဲတွေထဲကမှ အောင်မြင်မှုကိုရလေ့ရှိတယ်... အဲ့ဒီ အခက်အခဲတွေကို သင်ခန်းစာယူပြီး ရင့်ကျက်တည်ငြိမ်တဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ် ချက်တွေကို တစ်ဆင့်ထက်တစ်ဆင့် တိုးပြီးရခဲ့တယ်

ဘဝမှာ မှန်ကန်တဲ့ လုပ်ရပ်တွေရှိသလို မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေလည်း ရှိခဲ့ဘူးပါတယ်
ဘယ်သူတွေဘယ်လိုပဲ ကိုယ်ရည်သွေးပြီး နောက်ကွယ်မှာပြောနေပါစေ ဒီနေ့ဒီအချိန်ထိ ဝိုင်းစုရဲ့ ရပ်တည်မှု, ဖြစ်တည်မှုတွေ အားလုံးက ဘယ်သူ့ အထောက်အပံ့မှ မယူပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာရပ်တည်ပြီး ရခဲ့တယ်ဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်တယ်

ပြောရရင်တော့ ဘဝတစ်လျောက်လုံးမှာ ကိုယ်ကပဲ ပေးဆပ်ခဲ့ရတာတွေချည်းပါပဲ
ပေးဆပ်ခဲ့ ရတာနဲ့ ထိုက်တန်တဲ့ ရလဒ်တော့ ကျန်ခဲ့တဲ့ ခုနှစ်တွေမှာပြန်မရခဲ့တာ အမှန်ပါပဲ
အခုလက်ရှိအချိန်မှာ ဝိုင်းစု အရမ်းပျော်တယ်
ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တဖြည်းဖြည်း ပိုပိုသိလာရတယ်
အဲ့ဒီ အတွက်လည်း ရင်ထဲက အစစ်အမှန်လာတဲ့ မေတ္တာစစ်တွေအတွက် ကျေးဇူးတင်ပါတယ် 'ကို'
ဝိုင်းစုတို့နှစ်ယောက်အတွက် အရေးအကြီးဆုံးက ငွေကြေးဥစ္စာ မဟုတ်ပါဘူး
စစ်မှန်တဲ့ ဘဝလက်တွဲဖေါ်နဲ့ သာယာအေးချမ်းတဲ့ မိသားစု ဘဝကိုပဲ တည်ဆောက်ချင်တာပါ
အဲ့ဒီဘဝကို အခုပိုင်ဆိုင်ထားရတဲ့ အတွက်လည်း
ပီတိဖြစ်တယ်

ဘဝတလျောက်လုံး ကိုယ့်ချွေးနဲစာနဲ့ ပိုင်ဆိုင်ဘူးခဲ့သမျှ ပိုင်ဆိုင်မှုတွေထဲက ဒီတစ်ခါ နှစ်ယောက်အတူ စိတ်တူကိုယ်တူ ကြိုးစားရှာဖွေပြီး တိုင်တိုင်ပင်ပင်နဲ့ ရခဲ့တဲ့အရာက ဘာနဲ့မှမလဲနိုင်တဲ့ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှုပါပဲ
နှစ်သစ်မှာ ဝိုင်းစုတို့ နှစ်ယောက်ရဲ့ နှစ်ဦးအလှူ ပျော်ရွှင်မှုတွေကို ဝေမျှပေးလိုက်ပါတယ်နော်

အားလုံးပဲ ပျော်ရွှင်ကြပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်...

၀ိုင်းစု

......................

No comments:

Post a Comment