CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
မင်းပြားတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ၊ အသတ်ခံရသူမှာ AA အဖွဲ့မှ ကျည်ဆံတစ်တောင့်နှင့် ခြိမ်းခြောက်စာပို့ခံထားရသူဖြစ်နေ
မင်းပြား၊ ဇန်နဝါရီ ၂၄၊ ၂၀၁၉။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အသတ်ခံရသူမှာ AA အဖွဲ့မှ ကျည်ဆံတစ်တောင့်နှင့်ခြိမ်းခြောက်စာ ပို့ခံထားရသူဖြစ်နေကြောင်း သတင်းရရှိသည်။
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဟောင်းရပ်ကွက်နေ ဦးမောင်အေးသိန်း (၅၆ နှစ်)သည် ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီခန့်တွင် သေနတ်ပစ်လုပ်ကြံခံခဲ့ရခြင်းဖြစ်ပြီး ၄င်းသည် ဇန်နဝါရီလ (၅)ရက်နေ့က AA အဖွဲ့က ကျည်တစ်တောင့်နှင့် သတိပေးစာပေးပို့ခြင်းခံထားရသူဖြစ်ကြောင်း သိရသည်။
"သူက ဝန်ကြီးချုပ်ကားတန်းကို မိုင်းခွဲခဲ့သူကို သိပြီး ရဲတွေနဲ့အတူ ပူးပေါင်းဖော်ထုတ်နေတယ်လို့ သိရတယ်။ ဒါ့ကြောင့် နှုတ်ပိတ်တဲ့သဘောလို့ ယူဆပါတယ်"ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု စီးနင်းလိုက်ပါလာသည့်ကားတန်းသည် ဒီဇင်ဘာလအတွင်းက မင်းပြားမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ၄င်းဖြစ်စဉ်ကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ချေ။
မိုင်းခွဲသူမှာ မည်သည့်အဖွဲ့အစည်းဖြစ်ပြီး မည်သူမည်ဝါက ကျူးလွန်ခဲ့သည်ကိုမူ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။
ယခုအသတ်ခံရသူမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ည ၉ နာရီခန့်တွင် နေအိမ်ခြံတံခါးပိတ်ရန်ပြင်နေစဉ် အမည်မသိ သေနတ်သမားတစ်ဦးက ပစ္စတိုသေနတ်ဖြင့် လုပ်ကြံခံခဲ့သည့်အတွက် ၄င်း၏ယာဘက် ရင်ဘတ်နို့အုံအနီးဖောက်ဝင် တစ် ချက်၊ ရင်ညွန့် အောက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဖက်ရင်ဘတ်အောက် တစ်ချက်၊ ယာဖက်ခါးဆစ် တစ်ချက်၊ ဝဲဖက် ပေါင်ရင် တစ်ချက် စုစုပေါင်း ကျည်ဒဏ်ရာ ၅ ချက် ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
မင်းပြားတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ၊ အသတ်ခံရသူမှာ AA အဖွဲ့မှ ကျည်ဆံတစ်တောင့်နှင့် ခြိမ်းခြောက်စာပို့ခံထားရသူဖြစ်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment