Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 3, 2019

ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများအား AA မှ ဝင်ရောက်တိုက်ခိုက်

ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများအား AA (ရက္ခိုင့်တပ်မတော်မှးမှ ဝင်ရောက်တိုက်ခိုက်မှုသတင်း )
၎-၁-၂၀၁၉ ရက်နေ့( ၀၆:၀၀ ) အချိန်ခန့်တွင် နစခ-၃ လက်အောက်ခံ ကျောင်းတောင်ရဲကင်းစခန်း၊ ဂုပ္ပီရဲကင်းစခန်း၊ ခထီးလှရဲကင်းစခန်း၊ ငမြင်းဘော်ရဲကင်းစခန်း၊ (၄) ခုအား AAအဖွဲ့မှ လာရောက်ပစ်ခတ်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အဆိုပါနေရာများသို့ ( ၀၈:၂၀ ) အချိန်တွင် စကခ (၁၅) မှ ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးလျက်ရှိကြောင်း၊ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဂုပ္ပီရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်(၁) ဦးကျဆုံးခဲ့ကြောင်း၊ ခထီးလှရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် (၁၀)ဦးကျဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင် (၁၀) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ငမြင်းဘော်ရဲကင်းစခန်းကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၈) ဦးအားဖမ်းဆီးခေါ်ဆော်သွားကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ ရဲမှူးစိုင်းဘိုဟန်ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များနှင့် သူတို့၏မိသားစုများ၊ လဝကဝန်ထမ်း အများအပြားအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း (၀၉:၃၀) အချိန်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများရောက်ရှိလာခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိပါသည်။



ကိုခိုင်ဇော်

၀၄-၁-၂၀၁၉

(၁၁:၅၉) နာရီ