Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

ေပ်ာက္ဆံုးျမန္မာကေလးကို ရဟတ္ယာဥ္နဲ့ ထုိင္းအစိုးအာဏာပိုင္ေတြ၇ွာေဖြေပးေန


ၾကံေတာထဲမွာ အသက္ရွင္ရက္ ရွိေနေသးတယ္လို ပဲ
ယံုၾကည္ေနျပီး တေနကုန္ သားနံမည္ကိုေခၚ

ျကံစုိက္ခင္းေတာအတြင္း(၆) ရက္တာ ေပ်ာက္ဆံုးေနသည့္
ျမန္မာေရႊ ့ေျပာင္းအလုပ္သမားရဲ ့ နွစ္နွစ္သားအရြယ္ ကေလးငယ္ကို ေဒသခံ နွင့္အာဏာပိုင္ အင္အား ၃၀၀ေက်ာ္ ျဖင့္ ကူညီရွာေဖြေပးေနပါတယ္ ။

စိုးေလျဖဴ (အသက္ႏွစ္နွစ္)ဟာ ဒီဇင္ဘာလ ၁၇ ရက္ ေန ့ကတဲက ထိုင္းနိုင္ငံ စူဖန္ဘူရီ အိုေထာင္ခရိုင္ စဖန္လန္ ေက်းရြာအုပ္စု( ၉) မွာ ဧက ၁၀၀၀ က်ယ္၀န္းတဲ့ၾကံေတာအတြင္း အသက္သံုးနွစ္ အရြယ္ မိန္းခေလးငယ္တစ္ဦး နဲ ့ ၾကံေတာထဲ ကစားေနရင္း ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။

ေပ်ာက္ဆံုးေနတဲ့ ကေလးငယ္ရဲ ့ မိဘျဖစ္သူ ျမန္မာနိုင္ငံသားမိသားစုဟာ ျခံခုတ္လုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

ပထမရက္ေတြမွာ ဘ၀တူ ၾကံလုပ္သားေတြက ကူညီရွာေပးခဲ့ၾကပါတယ္၊ ကေလးငယ္ကို ယေန ့အထိ ၇ွာမေတြ ့ေသးတာေၾကာင့္ဒီဇင္ဘာလ ၁၉ ရက္ေန ့ကစျပီး ရဲတပ္ဖြဲ ့နဲ ့ လူမွုေရးအဖြဲ ့ ၀င္ စုစုေပါင္း ၃၀၀ ေက်ာ္နဲ ့ ျမန္မာကေလးကို ကယ္တင္နိုင္ဖို ့ ကူညီ၇ွာေဖြေပးေနၾကပါတယ္။
စူဖန္ဘူရီ ျမိဳ ့ပိုင္ကိုယ္တိုင္ လာေရာက္ သတင္းေမးျမန္းခဲ့ျပီး ခရိုင္အတြင္း အသံုးျပဳေနတဲ့ ဌာနဆိုင္ရာ ရဟတ္ယာဥ္တစ္စီး ကို ကူညီရွာေဖြဖို ့ ေစလြတ္ခဲ့ေၾကာင္းသိရပါတယ္။
ကေလးရဲ ့အသက္ကို ကယ္တင္နိုင္ဖို ့ လိုအပ္ရင္ ၾကံပင္ေတြအားလံုး ခုတ္ေပးဖို ့ ၾကံျခံပိုင္၇ွင္ကလည္း ခြင့္ျပဳခဲ့တယ္လို ့ သိရပါတယ္။

ေပ်ာက္ဆံုးေနတဲ့ ကေလးရဲ ့ ဖခင္ျဖစ္တဲ့ ကိုျဖဴ ၂၆ နွစ္ နဲ ့ မိခင္မမူ အသက္ (၂၀) ကေတာ့သားဟာ ၾကံေတာထဲမွာ အသက္ရွင္ရက္ ရွိေနေသးတယ္လို ပဲ ယံုၾကည္ေနျပီး တေနကုန္ သားနံမည္ကိုေခၚျပီး ရွာေဖြေရးအဖြဲ ့ေတြနဲ ့အတူ လိုက္ရွာေနပါတယ္။

ျမန္မာကေလးလို ကူညီရွာေပးေနၾကတဲ့ အင္းအား ၃၀၀ ေက်ာ္အတြက္ ထိုင္းဘုရင့္မိသားစုကလည္းေန ့စဥ္ အစားေသာက္ အတြက္တာ၀န္ယူေပးေနေၾကာင္း သိရပါတယ္။

SAW






.........
ယူနီ

ကြံတောထဲမှာ အသက်ရှင်ရက် ရှိနေသေးတယ်လို ပဲ
ယုံကြည်နေပြီး တနေကုန် သားနံမည်ကိုခေါ်

ကြံစိုက်ခင်းတောအတွင်း(၆) ရက်တာ ပျောက်ဆုံးနေသည့်
မြန်မာရွှေ ့ပြောင်းအလုပ်သမားရဲ ့ နှစ်နှစ်သားအရွယ် ကလေးငယ်ကို ဒေသခံ နှင့်အာဏာပိုင် အင်အား ၃၀၀ကျော် ဖြင့် ကူညီရှာဖွေပေးနေပါတယ် ။

စိုးလေဖြူ (အသက်နှစ်နှစ်)ဟာ ဒီဇင်ဘာလ ၁၇ ရက် နေ ့ကတဲက ထိုင်းနိုင်ငံ စူဖန်ဘူရီ အိုထောင်ခရိုင် စဖန်လန် ကျေးရွာအုပ်စု( ၉) မှာ ဧက ၁၀၀၀ ကျယ်ဝန်းတဲ့ကြံတောအတွင်း အသက်သုံးနှစ် အရွယ် မိန်းခလေးငယ်တစ်ဦး နဲ ့ ကြံတောထဲ ကစားနေရင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ ့ မိဘဖြစ်သူ မြန်မာနိုင်ငံသားမိသားစုဟာ ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ပထမရက်တွေမှာ ဘဝတူ ကြံလုပ်သားတွေက ကူညီရှာပေးခဲ့ကြပါတယ်၊ ကလေးငယ်ကို ယနေ ့အထိ ရှာမတွေ ့သေးတာကြောင့်ဒီဇင်ဘာလ ၁၉ ရက်နေ ့ကစပြီး ရဲတပ်ဖွဲ ့နဲ ့ လူမှုရေးအဖွဲ ့ ၀င် စုစုပေါင်း ၃၀၀ ကျော်နဲ ့ မြန်မာကလေးကို ကယ်တင်နိုင်ဖို ့ ကူညီရှာဖွေပေးနေကြပါတယ်။
စူဖန်ဘူရီ မြို ့ပိုင်ကိုယ်တိုင် လာရောက် သတင်းမေးမြန်းခဲ့ပြီး ခရိုင်အတွင်း အသုံးပြုနေတဲ့ ဌာနဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ကို ကူညီရှာဖွေဖို ့ စေလွတ်ခဲ့ကြောင်းသိရပါတယ်။
ကလေးရဲ ့အသက်ကို ကယ်တင်နိုင်ဖို ့ လိုအပ်ရင် ကြံပင်တွေအားလုံး ခုတ်ပေးဖို ့ ကြံခြံပိုင်ရှင်ကလည်း ခွင့်ပြုခဲ့တယ်လို ့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးရဲ ့ ဖခင်ဖြစ်တဲ့ ကိုဖြူ ၂၆ နှစ် နဲ ့ မိခင်မမူ အသက် (၂၀) ကတော့သားဟာ ကြံတောထဲမှာ အသက်ရှင်ရက် ရှိနေသေးတယ်လို ပဲ ယုံကြည်နေပြီး တနေကုန် သားနံမည်ကိုခေါ်ပြီး ရှာဖွေရေးအဖွဲ ့တွေနဲ ့အတူ လိုက်ရှာနေပါတယ်။

မြန်မာကလေးလို ကူညီရှာပေးနေကြတဲ့ အင်းအား ၃၀၀ ကျော်အတွက် ထိုင်းဘုရင့်မိသားစုကလည်းနေ ့စဉ် အစားသောက် အတွက်တာဝန်ယူပေးနေကြောင်း သိရပါတယ်။
SAW

No comments:

Post a Comment