Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 8, 2018

တ ႐ုတ္အမ်ဳိးသားေတြ နဲ႔ အတင္း အက်ပ္ အိမ္ေထာင္္ျပဳ သားေမြးေပးရတဲ့ ျမန္မာအမ်ဳိးသမီးေပါင္း ၅၀၀၀ ေက်ာ္ ရွိေန


ျမန္ မာႏိုင္ငံမွ အမ်ဳိးသမီးေပါင္း ၇၅၀၀ ေက်ာ္ဟာ တ႐ုတ္အမ်ဳိးသားေတြနဲ႔ စိတ္ဆႏၵမပါဘဲ အတင္းအက်ပ္ အိမ္ေထာင္ျပဳခံၾကရၿပီး အဲဒီအထဲက ၅၀၀၀ ေက်ာ္ထက္မနည္းဟာ တ႐ုတ္ လင္ေယာက္က်ားေတြအတြက္ အတင္းအက်ပ္ ကုိယ္၀န္ေဆာင္ ကေလးေမြးဖြားေပးၾကရေၾကာင္္း သုေတသနတစ္ရပ္က ေတြ႔ရွိေဖာ္ျပပါတယ္။

တ႐ုတ္အမ်ဳိးသားေတြနဲ႔ အတင္းအက်ပ္ အိမ္ေထာင္ျပဳ သားေမြးေပးရတဲ့ ျမန္မာအမ်ဳိးသမီးေတြရဲ႕ ၆၅ ရာခုိင္ႏႈန္းခန္႔ဟာ ပြဲစားေတြ၊ လူရွာတဲ့သူေတြတစ္ဆင့္ လူေမွာင္ခိုကုန္ကူးခံရသူေတြ ျဖစ္တယ္လို႔ Johns Hopkins Bloomberg School of Public Health နဲ႔ Kachin Women’s Association Thailand (ထုိင္းေရာက္ကခ်င္အမ်ဳိးသမီးမ်ားအသင္း) ရဲ႕ သုေတသနျပဳလုပ္ခ်က္အရ သိရပါတယ္။

“အဓိက ျပႆနာကေတာ့ မွတ္ပုံတင္သက္ေသခံ မရွိၾကတာ၊ တုိင္းရင္းသားေဒသေတြမွာ ပဋိပကၡစစ္ပြဲေတြ ျဖစ္ပြားေနတာ၊ တ႐ုတ္ႏုိင္ငံထဲကို မွတ္တမ္းမွတ္ရာမပါဘဲ ေရွာင္တိမ္းေရႊ႕ေျပာင္းလာၾကတာေတြ၊ ကန္ထ႐ုိက္စာခ်ဳပ္မရွိဘဲ လာေရာက္အလုပ္လုပ္ကိုင္ၾကတာ၊ အေထာက္အထားမဲ့ အိမ္ေထာင္ခ်ေပးခံရတာနဲ႔ ကေလးေတြကိုလည္း ဖြားစာရင္း မသြင္းတာေတြ ျဖစ္ပြားေနတာပဲ ျဖစ္တယ္။”လို႔ ဒီ သုေတသနကို ဦးေဆာင္ေရးသားသူ ကို႔လ္လန္းေရာ္ဘင္ဆန္က ေျပာပါတယ္။

“ဒီလို ျပႆနာေတြရွိတာေၾကာင့္ အတင္းအိမ္ေထာင္အခ်ခံရတာေတြ ျဖစ္ေနတာပဲ။ အၾကမ္းဖက္ခံရတာေတြ၊ ေခါင္းပုံျဖတ္ခံရတာေတြကို ပုံစံအမ်ဳိးမ်ဳိးနဲ႔ ျမန္မာတိုင္းရင္းသားေတြ ႀကံဳေတြ႔ခံစားေနရတာပဲ။”လို႔ Johns Hopkins Bloomberg School of Public Health မွ ပါေမာကၡတစ္ဦးလည္း ျဖစ္တဲ့ ေရာ္ဘင္ဆန္က ေျပာပါတယ္။

တ႐ုတ္ႏုိင္္ငံမွာ အရင္က ျပဌာန္းက်င့္သုံးခဲ့တဲ့ ကေလးတစ္ဦးႏႈန္း ေပၚလစီေၾကာင့္ အမ်ဳိးသားဦးေရဟာ အမ်ဳိးသမီး ဦးေရထက္ ၃၄ သန္္းနီးပါး ပိုမ်ားေနပါတယ္။ ဒီ ျဖစ္ရပ္ႀကီးေၾကာင့္ သတို႔သမီး လိုအပ္ခ်က္ ႀကီးမားၿပီး ျမန္မာ၊ ဗီယက္နမ္၊ ကေမာၻဒီးယားနဲ႔ ေျမာက္ကိုရီးယားလို အိမ္နီးခ်င္္းႏိုင္ငံေတြအေနနဲ႔ လူေမွာင္ခိုကူး ခံရတာေတြ ျဖစ္ပြားႀကံဳေတြ႔ရေတာ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာက တိုင္းရင္းသားပဋိပကၡေတြ၊ ေျမယာသိမ္းဆည္းခံရျခင္းေတြ၊ အတင္းအက်ပ္ ေနရာေျပာင္းေရႊ႕ခံရတာေတြဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြက ေျမယာမဲ့ဘ၀၊ အလုပ္လက္မဲ့ဘ၀ေတြ ေရာက္ၾကရၿပီး တ႐ုတ္ႏိုင္ငံထဲ ေရႊ႕ေျပာင္း၀င္ေရာက္ၾကတာေတြ ျဖစ္ပြားေစေတာ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံဖက္က အမ်ဳိးသမီးေတြအေနနဲ႔ေတာ့ မွတ္တမ္းမွတ္ရာအေထာက္အထားမရွိတာ၊ ဘာသာစကားမကၽြမ္းက်င္တာနဲ႔ ပညာတတ္ေျမာက္မႈ နည္းပါးတာေတြေၾကာင့္ အတင္းအက်ပ္ အိမ္ေထာင္ခ် သားေမြးေပးရတာ အပါအ၀င္ လူေမွာင္ခုိကုန္ကူးမႈ ေဘးအႏၱရာယ္ေတြ တုိးပြားျမင့္မားေနတာကို ေတြ႔ရွိေၾကာင္း ဘန္ေကာက္မွာ ဒီကေန႔ ေသာၾကာေန႔မွာ ဖတ္ၾကားတင္သြင္းဖုိ႔ရွိတဲ့ အခု သုေတသနမွာ ေရးသားေဖာ္ျပထားပါတယ္။

ဒုကၡတြင္း ဆိုက္ေနၿပီး ဆုပ္လည္းစူး စားလည္း႐ူး အေျခအေနမွာ ေရာက္ရွိေနတဲ့ ျမန္မာအမ်ိဳးသမီး ၅၀၀၀ ေက်ာ္ထက္မနည္းဟာ အတင္းအက်ပ္ ျပဳခဲ့ရတဲ့ အိမ္ေထာင္ေရးႏြံထဲကလည္း ႐ုန္းထြက္ႏုိင္ျခင္းမရွိဘဲ သူတို႔ တ႐ုတ္ လင္ေယာက္က်ားေတြရဲ႕ ေကာင္းေကာင္းဆိုးဆိုး မွန္သမွ်ကို သည္းခံၿပီး ကေလးေမြးဖြားေပးရေၾကာင္း ဒီ သုေတသနစာတမ္းက မီးေမာင္းထုိး ေဖာ္ျပထားပါတယ္။

Rf; South China Morning Post

 ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #

မြန် မာနိုင်ငံမှ အမျိုးသမီးပေါင်း ၇၅၀၀ ကျော်ဟာ တရုတ်အမျိုးသားတွေနဲ့ စိတ်ဆန္ဒမပါဘဲ အတင်းအကျပ် အိမ်ထောင်ပြုခံကြရပြီး အဲဒီအထဲက ၅၀၀၀ ကျော်ထက်မနည်းဟာ တရုတ် လင်ယောက်ကျားတွေအတွက် အတင်းအကျပ် ကိုယ်ဝန်ဆောင် ကလေးမွေးဖွားပေးကြရကြောင်း သုတေသနတစ်ရပ်က တွေ့ရှိဖော်ပြပါတယ်။

တရုတ်အမျိုးသားတွေနဲ့ အတင်းအကျပ် အိမ်ထောင်ပြု သားမွေးပေးရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ ပွဲစားတွေ၊ လူရှာတဲ့သူတွေတစ်ဆင့် လူမှောင်ခိုကုန်ကူးခံရသူတွေ ဖြစ်တယ်လို့ Johns Hopkins Bloomberg School of Public Health နဲ့ Kachin Women’s Association Thailand (ထိုင်းရောက်ကချင်အမျိုးသမီးများအသင်း) ရဲ့ သုတေသနပြုလုပ်ချက်အရ သိရပါတယ်။

“အဓိက ပြဿနာကတော့ မှတ်ပုံတင်သက်သေခံ မရှိကြတာ၊ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေတာ၊ တရုတ်နိုင်ငံထဲကို မှတ်တမ်းမှတ်ရာမပါဘဲ ရှောင်တိမ်းရွှေ့ပြောင်းလာကြတာတွေ၊ ကန်ထရိုက်စာချုပ်မရှိဘဲ လာရောက်အလုပ်လုပ်ကိုင်ကြတာ၊ အထောက်အထားမဲ့ အိမ်ထောင်ချပေးခံရတာနဲ့ ကလေးတွေကိုလည်း ဖွားစာရင်း မသွင်းတာတွေ ဖြစ်ပွားနေတာပဲ ဖြစ်တယ်။”လို့ ဒီ သုတေသနကို ဦးဆောင်ရေးသားသူ ကို့လ်လန်းရော်ဘင်ဆန်က ပြောပါတယ်။

“ဒီလို ပြဿနာတွေရှိတာကြောင့် အတင်းအိမ်ထောင်အချခံရတာတွေ ဖြစ်နေတာပဲ။ အကြမ်းဖက်ခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေကို ပုံစံအမျိုးမျိုးနဲ့ မြန်မာတိုင်းရင်းသားတွေ ကြုံတွေ့ခံစားနေရတာပဲ။”လို့ Johns Hopkins Bloomberg School of Public Health မှ ပါမောက္ခတစ်ဦးလည်း ဖြစ်တဲ့ ရော်ဘင်ဆန်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ အရင်က ပြဌာန်းကျင့်သုံးခဲ့တဲ့ ကလေးတစ်ဦးနှုန်း ပေါ်လစီကြောင့် အမျိုးသားဦးရေဟာ အမျိုးသမီး ဦးရေထက် ၃၄ သန်းနီးပါး ပိုများနေပါတယ်။ ဒီ ဖြစ်ရပ်ကြီးကြောင့် သတို့သမီး လိုအပ်ချက် ကြီးမားပြီး မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြောက်ကိုရီးယားလို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူမှောင်ခိုကူး ခံရတာတွေ ဖြစ်ပွားကြုံတွေ့ရတော့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာက တိုင်းရင်းသားပဋိပက္ခတွေ၊ မြေယာသိမ်းဆည်းခံရခြင်းတွေ၊ အတင်းအကျပ် နေရာပြောင်းရွှေ့ခံရတာတွေဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မြေယာမဲ့ဘဝ၊ အလုပ်လက်မဲ့ဘဝတွေ ရောက်ကြရပြီး တရုတ်နိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်ကြတာတွေ ဖြစ်ပွားစေတော့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဖက်က အမျိုးသမီးတွေအနေနဲ့တော့ မှတ်တမ်းမှတ်ရာအထောက်အထားမရှိတာ၊ ဘာသာစကားမကျွမ်းကျင်တာနဲ့ ပညာတတ်မြောက်မှု နည်းပါးတာတွေကြောင့် အတင်းအကျပ် အိမ်ထောင်ချ သားမွေးပေးရတာ အပါအဝင် လူမှောင်ခိုကုန်ကူးမှု ဘေးအန္တရာယ်တွေ တိုးပွားမြင့်မားနေတာကို တွေ့ရှိကြောင်း ဘန်ကောက်မှာ ဒီကနေ့ သောကြာနေ့မှာ ဖတ်ကြားတင်သွင်းဖို့ရှိတဲ့ အခု သုတေသနမှာ ရေးသားဖော်ပြထားပါတယ်။

ဒုက္ခတွင်း ဆိုက်နေပြီး ဆုပ်လည်းစူး စားလည်းရူး အခြေအနေမှာ ရောက်ရှိနေတဲ့ မြန်မာအမျိုးသမီး ၅၀၀၀ ကျော်ထက်မနည်းဟာ အတင်းအကျပ် ပြုခဲ့ရတဲ့ အိမ်ထောင်ရေးနွံထဲကလည်း ရုန်းထွက်နိုင်ခြင်းမရှိဘဲ သူတို့ တရုတ် လင်ယောက်ကျားတွေရဲ့ ကောင်းကောင်းဆိုးဆိုး မှန်သမျှကို သည်းခံပြီး ကလေးမွေးဖွားပေးရကြောင်း ဒီ သုတေသနစာတမ်းက မီးမောင်းထိုး ဖော်ပြထားပါတယ်။

Rf; South China Morning Post

 မောင်သံဆင့် ( Daily Hot News )

No comments:

Post a Comment