Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 20, 2018

ဖေ့ဘုတ်ပေါ်မှာ ကြိုက်နေတဲ့ဘဲနဲ့ တည်းခိုခန်းမှာ ချိန်းတွေ့လိုက်မိတဲ့ မိန်းကလေးရဲ့ ရင်နာစရာဖြစ်ရပ် ရန်ကုန်တိုင်းတွင်ဖြစ်












Kyaw Thu Oo

#Unicode Version#
ဖေ့ဘုတ်ပေါ်မှာ ကြိုက်နေတဲ့ဘဲကို ချိန်းတော့ ဘဲက တည်းခိုခန်းမှာ ပစ္စည်းယူ မုဒိမ်းကျင့်

ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်*********** တည်းခိုခန်းတွင် မုဒိမ်းမှု ကျူးလွန်ပြီးရွှေထည်ပစ္စည်းနှင့် ငွေသား ဖုန်း လုယက်သွားသူအားအင်းစိန်မြို့မရဲစခန်းမှ တရားခံအားလေးရက်အတွင်းဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ — ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု သစ်ဆိပ်ကုန်းလမ်းသစ်ဆိပ်ကုန်းရပ်ကွက်တွင် နေထိုင်သူ မ- – – – – – – – –အသက်၃၀နှစ် (ဘ)ဦးဗေဒါ(မိ)ဒေါ်အေးအေးမြင့်၈/ရ ခ န(နိုင်)၁၁၈၅၉၉ ဗမာ/ဗုဒ္ဓ F M C ပိုက်ဆံအိပ်စက်ရုံတွင် လုပ်ကိုင်သူသည်

သူမ၏ ချစ်သူကောင်လေးနင့်လူငယ်သဘာဝ အဆင်မ ပြေဖြစ်ကြသောအခါသူမ၏ FB အကောင့်တွင် လွန်ခဲ့သောတပက်ခန့်မှ စ၍ခင်မင်ခဲ့သော စုန်း အောက်လမ်း FB အကောင့်ပိုင်ရှင်အမည်မသိနင့် FaceBook ပေါ်မှတဆင့် သူမ၏ ချစ်သူကောင်လေးနင့် အဆင်မပြေဖြစ်နေ၍ ယတြာချေပေးရန်အကူအညီတောင်းခံရာစုန်း အောက်လမ်း အကောင့်ပိုင်ရှင်အမည်မသိမှ၂၈-၂-၂၀၁၈ ရက်နေ့ ည ၉:၀၀ နာရီတွင် messengerမှ စာဖြင့်ပို့ပြီး အင်းစိန်မြိုနယ် တညင်းကုန်းရပ်ကွက်တညင်းကုန်းလမ်းဆုံသို့ လာခဲ့ရန် ချိန်းဆို၍ မ- – – – – – မှ

၁-၃-၂၀၁၈ ရက်နေ့ မနက် ၉:၀၀ နာရီတွင်သူမတစ်ဦးတစ်ဦးတည်း တညင်းကုန်းလမ်းဆုံသို့ ရောက်ရှိလာပြီး စောင့်နေခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် စုန်း အောက်လမ်းအကောင့်ပိုင်ရှင် (အမည်မသိ) လူမြင်ရင်မှတ်မိ အသက်(၃၅)နစ်ခန့်ရှိ အမျိုးသားသည် ဆိုင်ကယ်နံပါတ်မပါအနီရောင် ငွေမင်ခံ ဆိုင်ကယ်အားစီး၍ရောက်ရှိလာကာ လမ်းဘေးလက်ဘက်ရည်ဆိုင်တွင်ထိုင်ပြီး

အခန်းတစ်ခန်းငှားပြီး ယတြာချေပေးမည်ဟုပြောကာလမ်းဘေးဆိုင်မှ ဖယောင်းတိုင် အမွှေးတိုင် အနက်ရောင် အပ်ချည်လုံး မီးခြစ်တစ်လုံးတို့အားဝယ်ယူပြီး တညင်းကုန်းလမ်းဆုံမှ အင်းစိန်ဘက်သို့ မောင်းနှင်လာပြီး အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ – – – – – – – – – – – တည်းခိုခန်းတွင်းသို့ဝင်ရောက်ပြီး အခန်းတစ်ခန်းအား ငွေ(၆၀၀၀-/) ကျပ်ဖြင့် ငှားရမ်းပြီးအခန်းအတွင်းသို့အ ရောက်တွင် ယတြာချေရန်အတွက် မ- – – – – – -၏နားတွင်ဝတ်ဆင် ထားသော အ လေးချိန် မသိ ဆောက်ဖြက်ပုံပါ နားကွင်း

တစ်ရံ တန်ဘိုး(၁၂၀၀၀၀-/)ကျပ် နင့် ကြယ်နားကပ် တစ်ရံတန်ဘိုး(၂၀၀၀၀-/)ကျပ်တို့အားချွတ်ခိုင်းပြီးဖုန်းနံပါတ် ၀၉ ၂၆၁၀၁၂၂၉၃ ViVo y55 အမျိုးအစား ပန်းရောင် လက်ကိုင်ဖုန်းတစ်လုံး ငွေ(၅၀၀၀၀-/)ကျော် တိုအား ကြွပ်ကြွပ်အိပ်အတွင်းသို့ ထည့်သွင်းခိုင်းပြီး မ- – – – – – – – – အားအိပ်ယာပေါ်တွင် ပက်လက်လှန်စေပြီး အော်ဟစ်လျှင်သတ်ပြစ်မည်ဟု ကြိမ်းမောင်းကာသားမယားအဖြစ် ဆက်ဆံပြီး မ- – – – – – – – – – -မှာ

သန့်စင်ခန်းအတွင်းသို့ သွားရောက်စဉ် အပြင်ကိုထွက်မလာနဲ့ ထွက်လာရင်သတ်ပြစ်မယ်ဟု ပြောဆိုကြိမ်းမောင်းသဖြင့် သန့်စင်ခန်းအတွင်း ၁၀မိနစ်ကျော်ခန့် ထိုင်နေခဲ့ရာအခန်းအတွင်းဘာသံမှမကြားရ၍ သန့်စင်ခန်းမှပြန်ထွက်လာရာ ၎င်း စုံး အောက်လမ်း FB အကောင့်ပိုင်ရှင်မှာမရှိတော့သဖြင့် နေအိမ်သို့ပြန်လာပြီးး

မိခင်ဖြစ်သူ ဒေါ်အေးအေးမြင့်အားပြောပြရာ မ- – – – – – –သည် မိခင်ဖြစ်သူနင့် အင်းစိန်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားပြီးအင်းစိန်မြို့မရဲစခန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အေးနှင့် စခန်းမှူးဒုရဲမှူးကိုကိုထွေးတို့မှတရားခံ အမြန်ဆုံးဖမ်းဆီးရမိနိုင် ရန် ဆောင်ရွက်စေပြီး

အောင်ဆန်းရပ်ကွက် နယ်ထိန်း ဒုတပ်ကြပ် မျိုးမင်းလတ်နှင့် တပ်ဖွဲ့ဝင် သုံးဦးတို့သည် တရားခံအားစုံစမ်းဖော်ထုပ်ဖမ်းဆီးခဲ့ရာ စုန်း အောက်လမ်း FB အကောင့်ပိုင်ရှင်ဖြစ်သူ သန်းဇော်ဦး(၃၁)နှစ်(ဘ)ဦးအောင်နိုင်ဦး(မိ)ဒေါ်မြမြဝင်း ၁၂/အ စ န(နိုင်)၂၃၈၇၉၁ ဗမာ/ဗုဒ္ဓ ကျပန်းစိုက်ပျိုးရေး(၁)လမ်း စဉ့်ငူရပ်ကွက် အင်းစိန်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ရာ

အင်းစိန်မြို့မရဲစခန်းမှူးဒုရဲမှူးကိုကိုထွေးမှ (ပ)၅၃၆/၂၀၁၈.ရာဇသတ်ကြီးပုဒ်မ၃၇၆/၃၈၂. ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီးမိဘ ပြည်သူများအနေဖြင့် လည်း လက်ရှိဖြစ်ပေါ်နေသောရာဇဝတ်မှုများအားမိမိတို့၏ ရင်သွေးငယ်နှင့် သားသမီးများအား သိရှိနားလည် အောင် သွန်သင်ပြောဆို ဆုံးမခြင်းမိမိပါတ်ဝန်းကျင်တွင်လည်း ဒုစရိုက်မှုကျူးလွန်တက်သူများအား အစဉ်မပြက် ဂရုပြုလေ့လာ စောင့်ကြည့် နေထိုင်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Kyaw Thu Oo

No comments:

Post a Comment