Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 11, 2017

West's criticism of Suu Kyi misses big picture of Myanmar


 (မိမိ မှန်တယ် ထင်ရာ ကို သတ္တိရှိရှိ လုပ်ရဲပြီး ဆုတံဆိပ်များ ရုတ်သိမ်းယုံမကလို့ ဘာပဲ ပြောပြော တခွန်းမှ ပြန်လည် ချေပခြင်း မရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်မှ တရုတ်အစိုးရ အာဘော် သတင်းစာ ဖြစ်တဲ့ Global Time သတင်းစာမှ ခေါင်းကြီးပိုင်းကနေ အခုလို ပြန်လည် ချေပ ပြောဆိုခဲ့ပါတယ်။)

ပြီးခဲ့သည့်လ အတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသွားကြတဲ့ "ရိုဟင်ဂျာ" များအရေး နဲ့ ပါတ်သက်ပြီး အနောက်နိုင်ငံများမှ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဝေဖန်တိုက်ခိုက်မှုများ တိုးတက် ဖြစ်ပေါ်လာခဲ့ပေသည်။ အောက်စဖို့ မြို့တော်ကြီးမှလည်း သူမအား ပေးအပ်ခဲ့သော Freedom of City ဆု ကို ပြန်လည် ရုတ်သိမ်းခဲ့တဲ့ အပြင် သူမ ပညာဆည်းပူးခဲ့ရာ အောက်စဖို့ တက္ကသိုလ်ကြီးမှလည်း ၎င်းတို့ရဲ့ နံရံပေါ် ရှိ သူမရဲ့ ပုံတူ ပန်းချီကားကိုပင် ဖယ်ရှားခဲ့ပေသည်။ ထိုမျှမကသေး ကမ္ဘာတ၀ှမ်းရှိ ပညာရှင်များ၊ သတင်းစာဆရာများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း လေးသိန်းကျော်က သူမထံမှ နိုဘဲလ်ဆု ပြန်လည်ရုပ်သိမ်းပေးရန် ဆုရွေးချယ်ရေး ကော်မီတီ အား လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြန်သည်။ အနောက်အုပ်စုမှ သူမအား ဒီမိုကရေစီ ပုံရိပ် အဖြစ် ချီးမြှောက်ထားခဲ့မှုသည် ပြိုလဲကျဆင်း သွားခဲ့ပုံရပေသည်။
Myanmar's State Councilor Aung San Suu Kyi, a Nobel Peace Award laureate, has been increasingly rebuked by the West due to her government's treatment of Rohingyas in the recent ethnic conflicts that have led to more than 400,000 Rohingyas fleeing to Bangladesh in over a month. She was stripped of the Freedom of the City of Oxford and her portrait on the walls of the Oxford University, where she studied, was removed. More than 400,000 people including scholars, journalists and human rights activists have demanded the Nobel Committee take back her peace prize. Her image built up by the West as a democracy icon seems to have collapsed.

သို့သော်ငြားလည်း ထိုကဲ့သို့ ဝေဖန် ပြစ်တင်ခဲ့ကြသူများ သတိလက်လွတ် ဖြစ်ခဲ့သည်ပဲ ဆိုဆို တမင်တကာ မသိချင်ယောင်ဆောင်သည်ပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ထုထည်ကြီးမားလှသည့် စိမ်ခေါ်မှုများ ရှိနေသည် ဆိုသည့် အချက်ကို ချန်လှပ်ထားခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းတို့ကား တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခ၊ နိုင်ငံတွင် အရေးတကြီး လိုအပ်နေသော နိုင်ငံရေး နှင့် စီးပွားရေး တိုးတက်မှုများ ဖေါ်ဆောင်ရေး ပင် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ယူခဲ့ပြီး နှစ် နှစ် မပြည့်မီ အချိန်လေး အတွင်းမှာပင် အမျိုးသား ရင်ကြားစေ့ရေး ကို ရှေ့တန်းတင်ခဲ့ပြီး လူမှုရေး၊ စီးပွားရေး နှင့် သံတမန်ရေး နယ်ပါယ်များတွင် ရေရှည် တွင် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ဦးစားပေး လုပ်ဆောင်လာခဲ့သည်။ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် "ရိုဟင်ဂျာ" များအကြား ပဋိပက္ခများသည် ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးယုံမျှဖြင့် နေ့ချင်းညချင်း ဆိုသလို ဖြေရှင်းနိုင်လိမ့်မည်လည်း မဟုတ်ပေ။
But among the tide of criticism, the enormous challenges confronting Suu Kyi have been overlooked, be it intentionally or not. She was elected to govern a country with complicated ethnic conflicts and a desperate need for social and economic development. In office less than two years, the government led by her National League for Democracy has advanced national reconciliation and promoted Myanmar's long-term development in social, economic and diplomatic fields. The conflicts between Rohingyas and local Buddhists in Rakhine state won't be solved overnight simply on the orders of Suu Kyi.

ကံအကောင်း အကြောင်းမလှဟု ဆိုရမည်လားမသိ၊ အဆိုပါအရေးများနှင့် ပါတ်သက်၍ သူမ၏ ကြိုးပမ်းမှုများကို အနောက်အုပ်စုမှ အသိအမှတ်ပြုခဲ့ပုံမရပေ။ စီဗက်စတီယန် စထရန့်ဂရို မှ The Nation သတင်းစာ တွင် ရေးသားခဲ့သလို "ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျရောက်ခဲ့သော အနောက်အုပ်စု၏ ဒေါသသည် သူမ၏ ပြုမူ ဆောင်ရွက်မှုများ၊ သို့မဟုတ် ဆောင်ရွက်ရန် လျော့နည်းခဲ့မှုများကြောင့် ဖြစ်ရသည်ထက် ၎င်းတို့ သတ်မှတ်ပေးထားခဲ့သော အကောင်းဖက်သို့ ပြန်လည်တည်မတ်ပေးရမည့် တာဝန်ကို ခေါင်းမာစွာ ငြင်းပါယ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု" ဆိုရပေမည်။
Unfortunately her efforts in this regard have gone unrecognized in the West. As Sebastian Strangio wrote in The Nation, the West's anger toward Suu Kyi "seems to stem less from her actions, or lack thereof, than from her stubborn refusal to play the redemptive role assigned to her by the international community."

အနောက်အုပ်စု က ၎င်းတို့၏ လူ့အခွင့်အရေး ဆိုသည်များကို အနီးကပ် စောင့်ကြည့်နေတတ်ကြသော်လည်း "ရိုဟင်ဂျာ" အကြပ်အတည်းကြီး အဘယ်ကြောင့် ဖြစ်ခဲ့ရသည်ဆိုသည်ကိုမူ နားလည်ယုံသာသာ ပင် ရှိသည်။ "ရိုဟင်ဂျာ" နှင့် မြန်မာ ဗုဒ္ဓဘာသာဝင်များအကြာင်း သမိုင်းနှင့် ချီပြီး ဖြစ်လာခဲ့သော ပဋိပက္ခများ ကို တိုတောင်းသော အချိန်ကာလအတွင်း ဖြေရှင်းနူိုင်ဖို့ အဘယ်လာ ဖြစ်နိုင်ပေသနည်း။ ထိုကဲ့သို့ ဖြေရှင်းနိုင်ရေး အတွက် ခေါင်းအေးအေး တည်တည်ငြိမ်ငြိမ်ဖြင့် သည်းခံစိတ် အပြည့်အ၀ ထားနိုင်သော ခေါင်းဆောင်မျိုး လိုအပ်သည် မဟုတ်ပါလား၊ ဤနေရာတွင် မြန်မာတို့အဖို့ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ အနောက်အုပ်စု၏ ဝေဖန်မှုများကို ကြံ့ကြံ့ ခံနိုင်ခဲ့ယုံမက အလောသုံးဆယ် ဖြေရှင်းနည်းကို ရှောင်ရှားခဲ့သည်ကိုလည်း တွေ့ခဲ့ရပေသည်။
The West has kept a close eye on the so-called human rights, but barely understands what caused the Rohingya crisis. The historical conflicts between Rohingyas and Buddhists in Myanmar are unlikely to be addressed in a short period and to tackle them needs a sober-minded leader and a great deal of patience. Fortunately Suu Kyi has so far withstood Western criticism and refrained from taking rash steps to address the crisis in a hasty manner.

တရုတ်ပြည်အနေဖြင့် မြန်မာတို့၏ လူမျိုးစုများ ဖွဲ့စည်းထားပုံကို ကောင်းစွာ သိရှိ နားလည်ခဲ့ပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား အခိုင်အမာ ထောက်ခံမှု ပေးထားခဲ့ပြီး လည်း ဖြစ်ပေသည်။ အဆိုပါ အရေးအခင်းနှင့် စပ်လျင်း၍ မြန်မာ အစိုးရ၏ ကိုင်တွယ်နေမှုအား တရုတ်မှ ရှေ့မှ ဦးဆောင် အကူအညီပေးခဲ့ယုံမျှမက ဒုက္ခသည်များကိုလည်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပေသည်။ ထို့အပြင် အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်ပေါ်လာစေနိုင်ရေး အတွက် လူမျိုးရေး ပဋိပက္ခ အားလုံးကို ခြုံငုံမိစေပြီး လက်ဆုပ်လက်ကိုင် အကောင်အထည်ဖေါ်နိုင်မည့် နည်းလမ်းကို ရှာကြံနိုင်အောင် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများအားလည်း တရုတ်မှ ထောက်ခံလျက် ရှိပေသည်။ ထိုနေရာတွင် ပထမဦးစွာ ခွဲထွက်ရေးကို မြန်မာတို့မှ လက်မခံနိုင်သည်ကိုလည်း တရုတ်မှ ကောင်းစွာ နားလည်ထားပြီးလည်း ဖြစ်ပေသည်။
China is fully aware of the ethnic composition of Myanmar and has been a staunch supporter of Suu Kyi. China has proactively helped Myanmar's government deal with the crisis and aided the refugees. China also supports the Myanmar government's efforts to figure out a holistic and concrete solution to the ethnic conflicts that can prompt a national reconciliation. And China understands well that first and foremost, separation is unacceptable for Myanmar.

လောလောဆယ် နိုင်ငံတကာ အသိုက်အ၀န်း အနေဖြင့် အတိအကျ လုပ်ရမည်တခုကား ဒေါ်အောင်ဆန်းစုကြည်အား မတိုက်ခိုက်ကြရေးပင် ဖြစ်သည်။ ထိုအစား မြန်မာ အစိုးရအနေနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ တို့အကြား အပြန်အလှန် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရေးနှင့် လူသားချင်း စာနာထောက်ထားသော ကယ်ဆယ်ရေး လုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့တွင် အဆင်ပြေ ချောမွေ့အောင် ကူညီပေးသင့်ပေသည်။ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်မှု ကို ကျုးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား တိုက်ဖျက်ချေမှုန်းနိုင်ရန် မြန်မာတို့၏ လုံလပြု အားထုတ်နေမှုများကိုလည်း နိုင်ငံတကာမှ အကူအညီပေးသင့်လှပေသည်။ ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုထက်စာလျင် မြန်မာ အနေဖြင့် အစစ်အမှန် ထောက်ခံ အားပေးမှုများသာ လိုအပ်နေပေသည်။
For the moment, what the international community needs to do is definitely not bash Suu Kyi but instead facilitate the Myanmese government to work with Bangladesh on enhanced communication and humanitarian rescue. There should also be international assistance for Myanmar's efforts to combat terrorists that triggered the latest violence on August 25. Myanmar needs genuine support rather than purposeful idolization.

HSW

No comments:

Post a Comment