Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 7, 2016

ခရီးသည္ အလုယက္တင္ရာမွ ခိုက္ရန္ျဖစ္ပြား



မႏၲေလး၊ ႏိုဝင္ဘာ ၇။

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရန္ကုန္ - မႏၲေလးလမ္း နွင့္ ေတာင္ျမင့္ရပ္ကြက္ အဝင္လမ္း (တံခြန္တိုင္အဝိုင္း နွင့္ ယာေတာ္ပန္းၿခံၾကား) တြင္ နိုဝင္ဘာလ (၆) ရက္ေန႔ ညေနက ခရီးသည္ အလုအယက္တင္ရာမွ ခိုက္ရန္ျဖစ္ပြားမႈ တစ္ခုျဖစ္ခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

ျဖစ္စဥ္မွာ ေစ်းခ်ိဳအနီးတြင္ အမွတ္ (၃၉) ယာဥ္လိုင္း နွင့္ အမွတ္ (၁၀) ယာဥ္လိုင္းတို႔ ခရီးသည္လုတင္ျခင္းကို အၿငိဳးအေတးထား၍ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ေတာင္ျမင့္ရပ္ကြက္ေန ခင္ေမာင္ထြန္း ေမာင္းနွင္သည့္ အမွတ္ (၃၉) ယာဥ္လိုင္းေပၚပါ (၃)ဦးတို႔သည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ေတာင္ရြာသစ္ရပ္ကြက္ေန သန္းလင္းနိုင္ (ခ) ဗႏၶဳလ ေမာင္းနွင္သည့္ အမွတ္ (၁၀) ယာဥ္လိုင္းေပၚပါ (၄) ဦးအား ရိုက္နွက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"စျဖစ္ျဖစ္ခ်င္း ကြ်န္ေတာ့ဆီ ဖုန္းဝင္လာတဲ့အတြက္ သက္ဆိုင္ရာကို အေၾကာင္းၾကားတယ္။ ျဖစ္တာက ဘာသာမတူတဲ့လူျခင္း ျဖစ္တာဆိုေတာ့ ပုဂၢိဳလ္ေရး မေက်နပ္ခ်က္ကေန ဘာသာေရး ျပႆနာေတြအထိ မျဖစ္ေအာင္ တားနိုင္ခဲ့ပါတယ္။ ႏွစ္ဘက္လံုးကိုလည္း အၿငိဳးမထားဖို႔ရာ ေျပာပါတယ္။ နိုင္ငံေတာ္တည္ၿငိမ္မႈကိုလည္း မထိခိုက္ေစဖို႔ တားနိုင္ခဲ့တယ္"ဟု ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ေမာင္ေမာင္က ေျပာသည္။

နွစ္ဖက္ခိုက္ရန္ျဖစ္ပြားမႈေၾကာင့္ အမွတ္ (၁၀) ယာဥ္လိုင္းေပၚပါ သန္းလင္းနိုင္(ခ)ဗႏၶဳလ၊ ဒိုးေလး (ခ) သူရဦး၊ မင္းေထြး၊ ေဝမင္းဦး ႏွင့္ အမွတ္ (၃၉) ယာဥ္လိုင္းေပၚပါ နသီး(ခ)ဆန္းညႊန္႔ေအာင္တို႔ ဒဏ္ရာအသီးသီးရခဲ့ၿပီး မႏၲေလးေဆးရံုႀကီးသို႔ ပို႔၍ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္ ။

ယင္းျဖစ္စဥ္နွင့္ ပတ္သတ္ၿပီး မင္းေထြး၏ဇနီးမွ နသီး (ခ)ဆန္းညႊန္႔ေအာင္တို႔ အဖြဲ႔အား ျပည္ႀကီးတံခြန္ၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၂၉၄/၃၂၅/၁၁၄ အမႈဖြင့္ထားၿပီး အမႈဖြင့္ခံထားရသူမ်ားမွာ ထြက္ေျပးေနသည့္အတြက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္ ။

နိုင္လင္းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
...........



မန္တလေး၊ နိုဝင်ဘာ ရ။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် - မန္တလေးလမ်း နှင့် တောင်မြင့်ရပ်ကွက် အဝင်လမ်း (တံခွန်တိုင်အဝိုင်း နှင့် ယာတော်ပန်းခြံကြား) တွင် နိုဝင်ဘာလ (၆) ရက်နေ့ ညနေက ခရီးသည် အလုအယက်တင်ရာမှ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စျေးချိုအနီးတွင် အမှတ် (၃၉) ယာဉ်လိုင်း နှင့် အမှတ် (၁၀) ယာဉ်လိုင်းတို့ ခရီးသည်လုတင်ခြင်းကို အငြိုးအတေးထား၍ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်နေ ခင်မောင်ထွန်း မောင်းနှင်သည့် အမှတ် (၃၉) ယာဉ်လိုင်းပေါ်ပါ (၃)ဦးတို့သည် ပြည်ကြီးတံခွန်မြို့နယ် တောင်ရွာသစ်ရပ်ကွက်နေ သန်းလင်းနိုင် (ခ) ဗန္ဓုလ မောင်းနှင်သည့် အမှတ် (၁၀) ယာဉ်လိုင်းပေါ်ပါ (၄) ဦးအား ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရသည်။

"စဖြစ်ဖြစ်ချင်း ကျွန်တော့ဆီ ဖုန်းဝင်လာတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားတယ်။ ဖြစ်တာက ဘာသာမတူတဲ့လူခြင်း ဖြစ်တာဆိုတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကနေ ဘာသာရေး ပြဿနာတွေအထိ မဖြစ်အောင် တားနိုင်ခဲ့ပါတယ်။ နှစ်ဘက်လုံးကိုလည်း အငြိုးမထားဖို့ရာ ပြောပါတယ်။ နိုင်ငံတော်တည်ငြိမ်မှုကိုလည်း မထိခိုက်စေဖို့ တားနိုင်ခဲ့တယ်"ဟု ပြည်ကြီးတံခွန် မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က ပြောသည်။

နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမှတ် (၁၀) ယာဉ်လိုင်းပေါ်ပါ သန်းလင်းနိုင်(ခ)ဗန္ဓုလ၊ ဒိုးလေး (ခ) သူရဦး၊ မင်းထွေး၊ ဝေမင်းဦး နှင့် အမှတ် (၃၉) ယာဉ်လိုင်းပေါ်ပါ နသီး(ခ)ဆန်းညွှန့်အောင်တို့ ဒဏ်ရာအသီးသီးရခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ပို့၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မင်းထွေး၏ဇနီးမှ နသီး (ခ)ဆန်းညွှန့်အောင်တို့ အဖွဲ့အား ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၂၅/၁၁၄ အမှုဖွင့်ထားပြီး အမှုဖွင့်ခံထားရသူများမှာ ထွက်ပြေးနေသည့်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment