Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 6, 2016

မိဘနှစ်ပါးလုံးအား သားဖြစ်သူက ရက်ရက်စက်စက် ပုဆိန်ဖြင့် ခုတ်သတ်မှုဖြစ်ပွား

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာမှာ ဒီညနေ ၃း၃၀ နာရီခန့်က မိဘနှစ်
ပါးလုံးအား သားဖြစ်သူ အမင်း (ခေါ်) မောင်မင်းက ရက်ရက်စက်စက် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သော နေရာ
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့  ဘုရားဖြူ ရွာမှာ ဒီနေ့(6-9-2016) စက်တင်ဘာလ (၆) ရက်နေ့ ညနေ (3:30)နာရီခန့်က ဆီဆိုင်မြို့နယ် ဘုရားဖြူ ရွာမှာ သားအရင်းဖြစ်သူက အသက် (၅၀)ခန့် အရွယ်ရှိ ဖခင်နှင့်မိခင်နှစ်ဦးစလုံးအား ရက်စက်စွာ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

နေရာမှာပွဲချင်းပီး သေဆုံးသူ မိခင်ဒေါ်နန်းခင်
 အမေဖြစ်သူဒေါ်နန်းခင်မှာ နေရာမှာတင် ပွဲချင်းပီးသေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူဦးဝိမလထွန်းမှာ ဆေးရုံသို့ရောက်ရှိပြီးမှ သေဆုံးသွားခဲ့ပါတယ်။

ဆေးရုံသို့ရောက်ရှိပြီး သေဆုံးသွားသော ဖခင်ဦးဝိမလထွန်း
ဖခင်ဖြစ်သူနှင့် မိခင်အရင်းအား ရက်ရက်စက်စက်ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သော သားဖြစ်သူ အမင်း (ခေါ်) မောင်မင်း
နှစ်ဦးလုံးမှာ ပုဆိန်ဖြင့် ခုတ်ခဲ့သောကြောင့် ဦးခေါင်းခွန်များ ကွဲအက်ပြီး သေဆုံးသွားခဲ့ကြရပါတယ်။ မိခင်နှင့် ဖခင်နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့သော အမင်း (ခေါ်) မောင်မင်း ကို ဆီဆိုင်မြို့မရဲစခန်း စခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

San Win

No comments:

Post a Comment