Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

တစ္ကြ်န္းျပန္ဘ၀မွ အမတ္ျဖစ္လာသူတစ္ဦး ၊ သို႔မဟုတ္ ကယားနယ္က ကိုယ္စားလွယ္


|| ကိုေပါက္ ||

လူတစ္ေယာက္ရဲ႕ တန္ဖိုးဟာ သူျဖစ္သန္း ေက်ာ္လႊားေနတဲ့ ေခတ္ႀကီးက သူ႔ပခံုးေပၚ တင္ေပးလိုက္တဲ့ သမိုင္းတာဝန္ကို သူဘယ္ေလာက္ သယ္ပိုးထမ္းရြက္ခဲ့တယ္ ဆိုတဲ့အခ်က္နဲ႔ တိုင္းတာရမွာပါပဲ။
( ဗန္းေမာ္တင္ေအာင္ )

လူ႔တန္ဖိုးႏွင့္ ပတ္သက္ၿပီး ကိုေအာင္ေက်ာ္စိုး (ခ) ဖိုးခြြားက အထက္ပါအတိုင္း ခံယူထားသည္။ သူ႔ခံယူခ်က္ အတုိင္းပင္ သူ႔အသက္ ၄၇ ႏွစ္အတြင္း သူျဖတ္သန္းခဲ့သည့္ ေခတ္စနစ္ဆိုးက ပခံုးေပၚ တင္ေပးလုိက္သည့္ သမိုင္းေပးတာဝန္ကို တစ္ႀကိမ္မက စိတ္လုိလက္ရ ထမ္းေဆာင္ခဲ့သည္။

ကိုေအာင္ေက်ာ္စိုးကဲ့သို႔ အသက္အရြယ္ ရသူတိုင္း ေခတ္က်ပ္ႀကီးကို ျဖတ္သန္းဖူးၾကပါလိမ့္မည္။ အခ်ိဳ႕ကေတာ့ မသိလိုက္ မသိဘာသာ ေရာေယာင္ေက်ာ္လႊား၍ ဇာတ္ဆရာ စစ္အစိုးရအလုိက်သာ ျဖတ္သန္းခဲ့ၾကသည္။ ကိုေအာင္ေက်ာ္စိုး ကေတာ့ ထုိသို႔မဟုတ္ ၊ မိမိေရွ႕ ေရာက္လာသည့္ မည္သည့္ မတရားေသာ ဖိႏွိပ္မႈမ်ိဳးကိုမွ င႔ံုခံတတ္သူ မဟုတ္သည့္ ဗီဇစိတ္ဓာတ္ရင္းခံေၾကာင့္ သမိုင္းေပးတာ၀န္ကို အႀကိမ္ႀကိမ္ ပခံုးတင္ထမ္းခဲ့သူျဖစ္ခဲ့ရင္း ႏုိင္ငံေရးသမားဘ၀ျဖင့္ တစ္ကြ်န္းက်ခံခဲ့ရသူလည္း ျဖစ္သည္။

ျမန္မာႏုိ္င္ငံတြင္ အာဏာရွင္အစိုးရ၏ ဖိႏွိပ္မႈဒဏ္ေၾကာင့္ ကိုေအာင္ေက်္ာစိုး ကဲ့သို႔ေသာ အရြယ္ေကာင္း လူငယ္ေလးမ်ားသည္ ၄င္းတုိ႔၏ ပ်ိဳရြယ္ႏုနယ္သည့္ ဘ၀အခ်ိန္မ်ားကို ေထာင္တြင္းမွာပင္ ကုန္ဆံုးခဲ့ရသည္။ အခ်ိဳ႕ေသာ ႏုိင္ငံေရးသမား ေထာင္ထြက္မ်ားသည္ ၄င္းတုိ႔၏ ေပးဆပ္မႈ၊ အနစ္နာခံခဲ့မႈတုိ႔အတြက္ အခြင့္အေရး ျပန္လိုခ်င္ၾကသည္။ ႏုိင္ငံေရး လုပ္သူ အခြင့္အေရးသမားမ်ားႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္က “ႏုိင္ငံေရး လုပ္တဲ့ေနရာမွာ ေၾကာက္စရာ အေကာင္းဆံုး လူမ်ိဳးကေတာ့ ငါကဘယ္တုန္းက အနစ္နာခံထားရတယ္ ၊ ငါက ဘယ္ေလာက္ အနစ္နာခံတယ္ဆုိၿပီး တစ္ခိ်န္ခ်ိန္မွာ အခြင့္အေရးကို အေၾကြးေတာင္းသလို ျပန္ေတာင္းမယ့္ လူမ်ိဳးပါပဲ" ဟု ဆုိခဲ့သည္။

ကိုေအာင္ေက်ာ္စိုးတို႔လို ႏုိင္ငံေရးသမား အနစ္နာခံ ေပးဆပ္သူမ်ားကေတာ့ ထုိသုိ႔ေသာ လူအမ်ိဳးအစားတြင္ မပါေပ။ မိမိ၏ စြန္႔လႊတ္အနစ္နာခံခဲ့မႈမ်ား အတြက္ ေက်းဇူးေတာင္း ေနသူ မဟုတ္သည့္အျပင္ မိမိေပးဆပ္ခဲ့မႈမ်ား အတြက္လည္း ဂုဏ္ေဖာ္ၾကြား၀ါေနသူ မဟုတ္သျဖင့္ လူသိမမ်ားသည့္ သာမန္ မထင္မရွားသူသာ ျဖစ္ေနဆဲပင္ ။

ညိဳရင့္ရင့္ အသားအေရာင္၊ ေဖ်ာ့ေတာ့ေတာ့ သူ႔အျပံဳးႏွင့္ ပါ၀ါမ်က္မွန္ ထူထူေအာက္က အေရာင္ေတာက္ေနသည့္ သူ႔မ်က္၀န္းအစံုက ေလာကဓံကို မမႈသည့္ ဟန္၊ ေက်ေက်နပ္နပ္ ထမ္းေဆာင္ခဲ့သည့္ သမိုင္းေပး တာ၀န္ေၾကာင့္ ေသဒဏ္တစ္သက္တစ္ကြ်န္း က်ခံခဲ့ရေသာ္လည္း ၊ သူရဲေကာင္းတုိ႔အတြက္ ရဲေသာ္မေသ ျဖစ္ခဲ့သည္။ ေသကံမေရာက္ဘဲ ၂၀၁၁ ခုႏွစ္တြင္ လႊတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ ကိုေအာင္ေက်ာ္စိုး လြတ္လာခဲ့သည္။ အခုဆိုလွ်င္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ပင္ ျဖစ္လာသည္။ ျပည္သူက ေရြးခ်ယ္လိုက္သည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ ၄၀၀ ေက်ာ္ထဲတြင္ တစ္ဦးတည္းေသာ ေသရြာျပန္ အမတ္တစ္ဦး ျဖစ္ေနသည္။

ကိုေအာင္ေက်ာ္စိုး ျဖတ္သန္းခဲ့သည့္ ေခတ္ႀကီးက သူ႔အား အဦးဆုံး တာဝန္ေပးလိုက္သည္က ၁၉၈၈ ခုႏွစ္ အေရးေတာ္ပံုကာလ ျဖစ္သည္။ ထိုအခ်ိန္က ကိုေအာင္ေက်ာ္စိုးမွာ အသက္ ၂၀ သာရွိေသးၿပီး ကယားျပည္နယ္ အေထြေထြသပိတ္ ေကာ္မတီတြင္ ပါဝင္ခဲ့သည္။

ကိုေအာင္ေက်ာ္စိုးက “အဲဒီတုန္းကေတာ့ ႏိုင္ငံေရးေတြဘာေတြ သိပ္နားမလည္ေသးဘူး၊ အဓိကေတာ့ မခံခ်င္စိတ္ေပါ့၊ ေက်ာင္းသားေတြ၊ ဝန္ထမ္းေတြကို လက္နက္နဲ႔ အႏိုင္က်င့္တာ မခံခ်င္လို႔ ဝင္ပါခဲ့တာ” ဟု ၈၈ အေရးအခင္းတြင္ သူပါဝင္ျဖစ္ခဲ့ပံုကို ျပန္ေျပာျပသည္။

အေရးအခင္းတြင္ ပါဝင္ခဲ့ေသာ ကိုေအာင္ေက်ာ္စိုးမွာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္တစ္ေန႔ စက္တင္ဘာ ၁၉ ရက္တြင္ ေတာခိုရန္ လြိဳင္ေကာ္ၿမိဳ႕မွ ထြက္ခြာခဲ့သည္။ ေခတ္ႀကီးက သူ႔ပခံုးေပၚ တင္ေပးလိုက္သည့္ သမိုင္းေပးတာဝန္ကို ထမ္းေဆာင္ရန္ သူခ်စ္ေသာ သူ႔မိသားစုႏွင့္အတူ ခ်စ္လွစြာေသာ သူ႔ခ်စ္သူကို လမ္းခြဲခဲ့ရသည္။ ခ်စ္သူက လမ္းခြဲလိုက္ျခင္းထက္ ႏုိင္ငံေရးလုပ္သျဖင့္ မိဘႏွစ္ပါးက အေမြျပတ္ စြန္႔လြတ္ျခင္းက ပိုခံစားရပါသည္ဟု ယခုခ်ိန္ထိ အိမ္ေထာင္မရွိေသးသည့္ ကိုေအာင္ေက်ာ္စိုးက ရင္ဖြင့္ေျပာျပသည္။ သုိ႔ေသာ္လည္း ႏွစ္သက္လို႔ ေရြးခ်ယ္ခဲ့သည့္ လမ္းအတြက္ ရရွိလာသည့္ မည္သည့္ျပစ္ဒဏ္ကိုမဆုိ ခံယူရမွာပါပဲဟု သူကဆုိသည္။ “ကိုယ္ေရြးခ်ယ္တဲ့ လမ္းပဲ၊ ဆံုးခန္းတိုင္ေအာင္ ေလွ်ာက္ရမယ္ေလ” ဟု ေတာခိုရသည့္ အေၾကာင္းအရင္းကို ခပ္တိုတို ေျပာျပရင္း မိဘမ်ား စြန္႔ပစ္ခံခဲ့ရသည္ကို ေအာက္ေမ့သည့္ဟန္ျဖင့္ ေျပာသည္။

မၿပီးဆံုးသည့္ ဒီမိုကေရစီတာဝန္မ်ား ထမ္းေဆာင္ရန္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF) သို႔ ဝင္ေရာက္ခဲ့သည္။ ABSDF တပ္မေတာ္ တပ္ရင္း ၃၀၃ တြင္ တာဝန္ထမ္းေဆာင္ရင္း သံလြင္ျမစ္ အေနာက္ဘက္ျခမ္း တိုက္ခိုက္ေရး၊ စည္း႐ံုးေရးႏွင့္ နယ္ေျမတာဝန္ခံ တာဝန္မ်ား ယူခဲဲ့သည္။

ေခတ္ႀကီးက ေနာက္တစ္ႀကိမ္ ကိုေအာင္ေက်ာ္စိုး ပခံုးေပၚ သမိုင္းေပးတာဝန္ေတြ ထပ္မံတင္ေပး လိုက္ျပန္သည္။ ABSDF ၏ တာ၀န္မ်ား ထမ္းေဆာင္ရင္း ၁၉၉၀ ခုႏွစ္တြင္ ရွားေတာၿမိဳ႕နယ္အတြင္း ကိုေအာင္ေက်ာ္စိုး အဖမ္းခံခဲ့ရသည္။ ကိုေအာင္ေက်ာ္စိုးအား မတရားအသင္း ဆက္သြယ္မႈ (၁၇/၁၊ ၁၇/၂) လက္နက္ကိုင္ေဆာင္မႈ၊ လူသတ္မႈတြင္ ပူးေပါင္းၾကံစည္မႈ အပါအဝင္ ပုဒ္မ ၆ ခုျဖင့္ စြဲခ်က္တင္ကာ ေသဒဏ္ႏွင့္ ေထာင္ဒဏ္ ၅ ႏွစ္ စစ္ခံု႐ံုးက အမိန္႔ခ်လိုက္သည္။

သူ အင္းစိန္ေထာင္သို႔ ေရာက္လာခဲ့သည္။ ေထာင္ထဲတြင္ ၂၁ ႏွစ္ႏွင့္ ၂ ရက္ေနခဲ့ရၿပီး ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာလ တြင္ ျပန္လည္ လြတ္ေျမာက္ခဲ့သည္။ “ေသဒဏ္ကေန ေလွ်ာ့ေပါ့ေပးလိုက္တာက ၁၉၉၃ တစ္လပိုင္း ၁ ရက္ေန႔ အမ်ိဳးသားညီလာခံ စတာေပါ့၊ အခု ၂၀၀၈ ဖြဲ႔စည္းပံု စဆြဲခဲ့တဲ့ႏွစ္ေပါ့၊ အမ်ိဳးသား ညီလာခံကို ႀကိဳဆိုေသာအားျဖင့္ ကၽြန္ေတာ့္ကို ေသဒဏ္ကေန တစ္သက္တစ္ကၽြန္းကို ေလွ်ာ့လိုက္တာ၊ တစ္သက္တစ္ကၽြန္းကေန ႏွစ္လေလာက္ ၾကာတဲ့အခါမွာ ႏွစ္ ၂၀ ေျပာင္းေပးလိုက္တယ္၊ အဲဒါနဲ႔ ၂၅ ႏွစ္ ျဖစ္သြားတာေပါ့၊ ၂၀၁၁ ဆယ္လပိုင္းမွာ ျပန္လြတ္တာေပါ့၊ ေထာင္ထဲမွာ အားလံုး ၂၁ ႏွစ္နဲ႔ ၂ ရက္ စြန္းသြားတာေပါ့” ဟု ကိုေအာင္ေက်ာ္စိုးက သူေသဒဏ္က လြတ္ေျမာက္လာပံုကို ျပန္ေျပာသည္။

အင္းစိန္ေထာင္အတြင္း အႏွစ္ ၂၀ ေက်ာ္ ေနခဲ့စဥ္အတြင္း အမွတ္တရ မ်ားစြာရွိခဲ့သည္။ ထိုအမွတ္တရ မ်ားစြာထဲက မေမ့ႏိုင္စရာ အျဖစ္အပ်က္တစ္ခုကို ကိုေအာင္ေက်ာ္စိုးက အခုလို ျပန္ေျပာသည္။ “ကၽြန္ေတာ့္ဆီက စာအုပ္မိသြားတဲ့ ကိစၥ၊ မိတဲ့စာအုပ္က ပရိတ္ႀကီး ၁၁ သုတ္စာအုပ္၊ အဲဒီစာအုပ္မိတဲ့ အခ်ိန္မွာ ထုတ္ၿပီး အ႐ိုက္ခံရတယ္။ ပရိတ္ႀကီး ၁၁ သုတ္ကို အလြတ္က်က္ေနတဲ့ ကာလ၊ ပ႒ာန္းကို အလြတ္က်က္ေနတဲ့ ကာလမွာ ထုတ္အ႐ိုက္ခံရတာေတာ့ ကၽြန္ေတာ့္အတြက္ အမွတ္အရဆံုးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘာသာေရး စာအုပ္ကိုေတာင္ ေပးမဖတ္ေတာ့ ဘယ္ေလာက္ထိ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတယ္ဆိုတာ” ဟု ျပန္ေျပာျပသည္။

ေထာင္ထဲတြင္ မေမ့ႏိုင္စရာေတြ ျဖစ္ခဲ့သလို တတိယေျမာက္ သမိုင္းေပးတာဝန္ ထမ္းေဆာင္ရန္ ကိုေအာက္ေက်ာ္စိုးကို ဆဲြေဆာင္ခဲ့ေသာ အေၾကာင္းအရာမ်ားသည္လည္း ေထာင္ထဲကပင္ စတင္ခဲ့သည္ဟု ဆိုရေပမည္။ ေထာင္က်ေနစဥ္အတြင္း အင္းစိန္ေထာင္ထဲ၌ NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္မ်ား ျဖစ္ၾကသည့္ ဦးဝင္းတင္(ဟံသာဝတီ)၊ ေဒါက္တာတင္မ်ိဳးဝင္း (ေဒၚေအာင္ဆန္းစုၾကည္ ဆရာဝန္) ႏွင့္ ဆံုခဲ့သည္။ ေထာင္က လြတ္သည့္အခါ ကယားျပည္နယ္က လူငယ္ေတြကို ျပန္စုေပးဖို႔ ဦးဝင္းတင္က ကိုေအာင္ေက်ာ္စိုးကို အကူအညီေတာင္းခဲ့သည္။ ထို႔ေၾကာင့္ ေထာင္က လြတ္သည့္အခါ ကယားျပည္နယ္တြင္ လူငယ္အဖြဲ႔တစ္ခုဖြဲ႔ကာ ႏိုင္ငံေရးႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သည္။

သို႔ျဖင့္ ကိုေအာင္ေက်ာ္စိုးအတြက္ ေနာက္ထပ္ သမိုင္းေပးတာ၀န္ကို ဆက္လက္ ပခံုးထမ္းရမည့္ အေျခအေနတစ္ခု ထပ္မံရရွိလာျခင္း ျဖစ္သည္။ ၄င္းမွာ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲဝင္ရန္ NLD ပါတီက ဆက္သြယ္လာခဲ့ျခင္း ျဖစ္သည္။ သူ႔အေနျဖင့္ တုိင္းျပည္အကိ်ဳး ပိုမိုေဆာင္ရြက္ႏုိင္ေစရန္ လႊတ္ေတာ္ႏုိင္ငံေရးက ပိုထိေရာက္ႏုိင္သည္ဟု ယူဆသျဖင့္ အမတ္၀င္အေရြးခံရန္ ဆံုးျဖတ္ခဲ့သည္ဟု ဆုိသည္။

“ေထာင္ကထြက္ၿပီးေတာ့ ပါတီမဝင္ဘူး။ ပါတီက စည္းေတြေဘာင္ေတြ ရွိတယ္၊ ဒါေပမဲ့ အျပင္မွာ လုပ္ရတာက အကန္႔အသတ္ရွိတယ္။ ေဒသခံေတြအတြက္ လႊတ္ေတာ္ႏိုင္ငံေရးက ဒီထက္ပိုလုပ္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းတယ္ေလ။ အဲဒါနဲ႔ ေရြးေကာက္ပြဲဝင္ဖုိ႔ လက္ခံလိုက္တာ” ဟု ကိုေအာင္ေက်ာ္စိုးက ဆိုသည္။

ထို႔ေနာက္ ကိုေအာင္ေက်ာ္စိုးသည္ NLD ပါတီကိုယ္စားလွယ္အျဖစ္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ကယားျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ ၇ က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ နာမည္ေက်ာ္ ၿငိမ္းခ်မ္းေရးစင္တာ ဥကၠ႒ ျဖစ္သူ သမၼတ႐ံုးဝန္ႀကီး ဦးေအာင္မင္းႏွင့္ ယွဥ္ၿပိဳင္ခဲ့ရၿပီး အႏိုင္ရကာ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္လာခဲ့သည္။

ေရြးေကာက္ပြဲ အႏိုင္ရရွိလာျခင္းႏွင့္ ပတ္သက္၍လည္း ကိုေအာင္ေက်ာ္စိုးက “NLD ကိုယံုၾကည္လို႔၊ ေဒၚေအာင္ဆန္းစုၾကည္ကို ယံုၾကည္လို႔ ၊ လူထုအေျပာင္းအလဲကို ယံုၾကည္လို႔ ကၽြန္ေတာ္ႏိုင္တာ” ဟု ဆိုသည္။ ယခုဆို ကိုေအာင္ေက်ာ္စိုးမွာ တစ္ခ်ိန္က သူေမွ်ာ္လင့္မထားသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ေယာက္ ျဖစ္လာခဲ့ျပန္သည္။

သည္အခ်ိန္တြင္ေတာ့ သူ႔အေနျဖင့္ သူခ်စ္ေသာ ကယားျပည္နယ္ ေဒသခံမ်ားအတြက္ ၿငိမ္းခ်မ္းေရး၊ ပညာေရးႏွင့္ က်န္းမာေရးအတြက္ ေဆာင္ရြက္ဖို႔ ဆႏၵရွိေနသည္ ဟု ဆိုသည္။ ၿပီးလွ်င္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ား ထဲတြင္ ျပည္ေတာ္မျပန္ႏိုင္ေသးသည့္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားႏွင့္ ေတာ္လွန္ေရး ရဲေဘာ္ေဟာင္းမ်ား ဂုဏ္သိကၡာရွိစြာ ျပည္ေတာ္ျပန္ေရး ဝိုင္းဝန္းလုပ္ေဆာင္ဖို႔ စဥ္းစားထားသည္။

ဒုတိယအႀကိမ္ လႊတ္ေတာ္ အစည္းအေဝးမ်ားတြင္ သူလုပ္ေဆာင္ရန္ ျပင္ဆင္ထားျခင္းႏွင့္ ပတ္သက္၍လည္း “ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ကိစၥရပ္ေတြမွာ NCA (တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္) ကို လက္မွတ္ထိုးတဲ့ အဖြဲ႔ကထိုးတယ္၊ မထိုးတဲ့အဖြဲ႔က မထိုးေသးဘူး၊ မထိုးတ့ဲအဖြဲ႔ေတြ က်န္ေနေသးတယ္၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ဆိုတဲ့ ပါတီရဲ႕မူနဲ႔အညီ အဆိုတင္ဖို႔ေတာ့ စဥ္းစားထားတာေတြ ရွိတယ္” ဟု ကိုေအာင္ေက်ာ္စိုးက ဆိုသည္။

လက္ရွိ ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း သူယံုၾကည္ထားသည္မွာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားအေနျဖင့္ ယံုၾကည္လာလွ်င္ လက္နက္စြန္႔ပါလိမ့္မည္ဟု ဆိုသည္။ ယခုဆို ကိုေအာင္ေက်ာ္စိုး တစ္ေယာက္ ေခတ္ႀကီးက ေပးလာသည့္ သမိုင္းေပးတာဝန္မ်ားကို ထမ္းေဆာင္ရန္ ေနျပည္ေတာ္ကို ေရာက္ရွိေနၿပီ ျဖစ္သည္။ သည္အခ်ိန္ သမိုင္းေပးတာဝန္မ်ား ထမ္းေဆာင္ခ်ိန္မွာေတာ့ ကိုေအာင္ေက်ာ္စိုး ေမွ်ာ္လင့္ထားသည့္ လိုအင္ဆႏၵမ်ား ျပည့္၀ႏုိင္မည္လား ၊ တစ္နည္းအားျဖင့္ ကိုေအာင္ေက်ာ္စိုး ပခုံးေပၚ ေရာက္ရွိေနသည့္ ျပည္သူကို အလုပ္အေကြ်း ျပဳရမည့္ တာ၀န္မ်ားကို သူကိုယ္တိုင္ ဘယ္ေလာက္အထိ ထမ္းရြက္ႏိုင္မည္လဲ ဆိုသည္ကိုေတာ့ အားလုံးက စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကမည္ ဟု ထင္ပါသည္။

ကိုေပါက္
The Ladies News
https://www.facebook.com/News.TheLadies
.............


|| ကိုပေါက် ||

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြစ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပါပဲ။
( ဗန်းမော်တင်အောင် )

လူ့တန်ဖိုးနှင့် ပတ်သက်ပြီး ကိုအောင်ကျော်စိုး (ခ) ဖိုးခွွားက အထက်ပါအတိုင်း ခံယူထားသည်။ သူ့ခံယူချက် အတိုင်းပင် သူ့အသက် ၄၇ နှစ်အတွင်း သူဖြတ်သန်းခဲ့သည့် ခေတ်စနစ်ဆိုးက ပခုံးပေါ် တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို တစ်ကြိမ်မက စိတ်လိုလက်ရ ထမ်းဆောင်ခဲ့သည်။

ကိုအောင်ကျော်စိုးကဲ့သို့ အသက်အရွယ် ရသူတိုင်း ခေတ်ကျပ်ကြီးကို ဖြတ်သန်းဖူးကြပါလိမ့်မည်။ အချို့ကတော့ မသိလိုက် မသိဘာသာ ရောယောင်ကျော်လွှား၍ ဇာတ်ဆရာ စစ်အစိုးရအလိုကျသာ ဖြတ်သန်းခဲ့ကြသည်။ ကိုအောင်ကျော်စိုး ကတော့ ထိုသို့မဟုတ် ၊ မိမိရှေ့ ရောက်လာသည့် မည်သည့် မတရားသော ဖိနှိပ်မှုမျိုးကိုမှ ငု့ံခံတတ်သူ မဟုတ်သည့် ဗီဇစိတ်ဓာတ်ရင်းခံကြောင့် သမိုင်းပေးတာဝန်ကို အကြိမ်ကြိမ် ပခုံးတင်ထမ်းခဲ့သူဖြစ်ခဲ့ရင်း နိုင်ငံရေးသမားဘဝဖြင့် တစ်ကျွန်းကျခံခဲ့ရသူလည်း ဖြစ်သည်။

မြန်မာနို်င်ငံတွင် အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကြောင့် ကိုအောင်ကျေ်ာစိုး ကဲ့သို့သော အရွယ်ကောင်း လူငယ်လေးများသည် ၄င်းတို့၏ ပျိုရွယ်နုနယ်သည့် ဘဝအချိန်များကို ထောင်တွင်းမှာပင် ကုန်ဆုံးခဲ့ရသည်။ အချို့သော နိုင်ငံရေးသမား ထောင်ထွက်များသည် ၄င်းတို့၏ ပေးဆပ်မှု၊ အနစ်နာခံခဲ့မှုတို့အတွက် အခွင့်အရေး ပြန်လိုချင်ကြသည်။ နိုင်ငံရေး လုပ်သူ အခွင့်အရေးသမားများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေး လုပ်တဲ့နေရာမှာ ကြောက်စရာ အကောင်းဆုံး လူမျိုးကတော့ ငါကဘယ်တုန်းက အနစ်နာခံထားရတယ် ၊ ငါက ဘယ်လောက် အနစ်နာခံတယ်ဆိုပြီး တစ်ချိန်ချိန်မှာ အခွင့်အရေးကို အကြွေးတောင်းသလို ပြန်တောင်းမယ့် လူမျိုးပါပဲ" ဟု ဆိုခဲ့သည်။

ကိုအောင်ကျော်စိုးတို့လို နိုင်ငံရေးသမား အနစ်နာခံ ပေးဆပ်သူများကတော့ ထိုသို့သော လူအမျိုးအစားတွင် မပါပေ။ မိမိ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများ အတွက် ကျေးဇူးတောင်း နေသူ မဟုတ်သည့်အပြင် မိမိပေးဆပ်ခဲ့မှုများ အတွက်လည်း ဂုဏ်ဖော်ကြွားဝါနေသူ မဟုတ်သဖြင့် လူသိမများသည့် သာမန် မထင်မရှားသူသာ ဖြစ်နေဆဲပင် ။

ညိုရင့်ရင့် အသားအရောင်၊ ဖျော့တော့တော့ သူ့အပြုံးနှင့် ပါ၀ါမျက်မှန် ထူထူအောက်က အရောင်တောက်နေသည့် သူ့မျက်ဝန်းအစုံက လောကဓံကို မမှုသည့် ဟန်၊ ကျေကျေနပ်နပ် ထမ်းဆောင်ခဲ့သည့် သမိုင်းပေး တာဝန်ကြောင့် သေဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရသော်လည်း ၊ သူရဲကောင်းတို့အတွက် ရဲသော်မသေ ဖြစ်ခဲ့သည်။ သေကံမရောက်ဘဲ ၂၀၁၁ ခုနှစ်တွင် လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ကိုအောင်ကျော်စိုး လွတ်လာခဲ့သည်။ အခုဆိုလျှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ပင် ဖြစ်လာသည်။ ပြည်သူက ရွေးချယ်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ် ၄၀၀ ကျော်ထဲတွင် တစ်ဦးတည်းသော သေရွာပြန် အမတ်တစ်ဦး ဖြစ်နေသည်။

ကိုအောင်ကျော်စိုး ဖြတ်သန်းခဲ့သည့် ခေတ်ကြီးက သူ့အား အဦးဆုံး တာဝန်ပေးလိုက်သည်က ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ ဖြစ်သည်။ ထိုအချိန်က ကိုအောင်ကျော်စိုးမှာ အသက် ၂၀ သာရှိသေးပြီး ကယားပြည်နယ် အထွေထွေသပိတ် ကော်မတီတွင် ပါဝင်ခဲ့သည်။

ကိုအောင်ကျော်စိုးက “အဲဒီတုန်းကတော့ နိုင်ငံရေးတွေဘာတွေ သိပ်နားမလည်သေးဘူး၊ အဓိကတော့ မခံချင်စိတ်ပေါ့၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေကို လက်နက်နဲ့ အနိုင်ကျင့်တာ မခံချင်လို့ ဝင်ပါခဲ့တာ” ဟု ၈၈ အရေးအခင်းတွင် သူပါဝင်ဖြစ်ခဲ့ပုံကို ပြန်ပြောပြသည်။

အရေးအခင်းတွင် ပါဝင်ခဲ့သော ကိုအောင်ကျော်စိုးမှာ စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက်တွင် တောခိုရန် လွိုင်ကော်မြို့မှ ထွက်ခွာခဲ့သည်။ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရန် သူချစ်သော သူ့မိသားစုနှင့်အတူ ချစ်လှစွာသော သူ့ချစ်သူကို လမ်းခွဲခဲ့ရသည်။ ချစ်သူက လမ်းခွဲလိုက်ခြင်းထက် နိုင်ငံရေးလုပ်သဖြင့် မိဘနှစ်ပါးက အမွေပြတ် စွန့်လွတ်ခြင်းက ပိုခံစားရပါသည်ဟု ယခုချိန်ထိ အိမ်ထောင်မရှိသေးသည့် ကိုအောင်ကျော်စိုးက ရင်ဖွင့်ပြောပြသည်။ သို့သော်လည်း နှစ်သက်လို့ ရွေးချယ်ခဲ့သည့် လမ်းအတွက် ရရှိလာသည့် မည်သည့်ပြစ်ဒဏ်ကိုမဆို ခံယူရမှာပါပဲဟု သူကဆိုသည်။ “ကိုယ်ရွေးချယ်တဲ့ လမ်းပဲ၊ ဆုံးခန်းတိုင်အောင် လျှောက်ရမယ်လေ” ဟု တောခိုရသည့် အကြောင်းအရင်းကို ခပ်တိုတို ပြောပြရင်း မိဘများ စွန့်ပစ်ခံခဲ့ရသည်ကို အောက်မေ့သည့်ဟန်ဖြင့် ပြောသည်။

မပြီးဆုံးသည့် ဒီမိုကရေစီတာဝန်များ ထမ်းဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့ ဝင်ရောက်ခဲ့သည်။ ABSDF တပ်မတော် တပ်ရင်း ၃၀၃ တွင် တာဝန်ထမ်းဆောင်ရင်း သံလွင်မြစ် အနောက်ဘက်ခြမ်း တိုက်ခိုက်ရေး၊ စည်းရုံးရေးနှင့် နယ်မြေတာဝန်ခံ တာဝန်များ ယူခဲဲ့သည်။

ခေတ်ကြီးက နောက်တစ်ကြိမ် ကိုအောင်ကျော်စိုး ပခုံးပေါ် သမိုင်းပေးတာဝန်တွေ ထပ်မံတင်ပေး လိုက်ပြန်သည်။ ABSDF ၏ တာဝန်များ ထမ်းဆောင်ရင်း ၁၉၉၀ ခုနှစ်တွင် ရှားတောမြို့နယ်အတွင်း ကိုအောင်ကျော်စိုး အဖမ်းခံခဲ့ရသည်။ ကိုအောင်ကျော်စိုးအား မတရားအသင်း ဆက်သွယ်မှု (၁၇/၁၊ ၁၇/၂) လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုတွင် ပူးပေါင်းကြံစည်မှု အပါအဝင် ပုဒ်မ ၆ ခုဖြင့် စွဲချက်တင်ကာ သေဒဏ်နှင့် ထောင်ဒဏ် ၅ နှစ် စစ်ခုံရုံးက အမိန့်ချလိုက်သည်။

သူ အင်းစိန်ထောင်သို့ ရောက်လာခဲ့သည်။ ထောင်ထဲတွင် ၂၁ နှစ်နှင့် ၂ ရက်နေခဲ့ရပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ “သေဒဏ်ကနေ လျှော့ပေါ့ပေးလိုက်တာက ၁၉၉၃ တစ်လပိုင်း ၁ ရက်နေ့ အမျိုးသားညီလာခံ စတာပေါ့၊ အခု ၂၀၀၈ ဖွဲ့စည်းပုံ စဆွဲခဲ့တဲ့နှစ်ပေါ့၊ အမျိုးသား ညီလာခံကို ကြိုဆိုသောအားဖြင့် ကျွန်တော့်ကို သေဒဏ်ကနေ တစ်သက်တစ်ကျွန်းကို လျှော့လိုက်တာ၊ တစ်သက်တစ်ကျွန်းကနေ နှစ်လလောက် ကြာတဲ့အခါမှာ နှစ် ၂၀ ပြောင်းပေးလိုက်တယ်၊ အဲဒါနဲ့ ၂၅ နှစ် ဖြစ်သွားတာပေါ့၊ ၂၀၁၁ ဆယ်လပိုင်းမှာ ပြန်လွတ်တာပေါ့၊ ထောင်ထဲမှာ အားလုံး ၂၁ နှစ်နဲ့ ၂ ရက် စွန်းသွားတာပေါ့” ဟု ကိုအောင်ကျော်စိုးက သူသေဒဏ်က လွတ်မြောက်လာပုံကို ပြန်ပြောသည်။

အင်းစိန်ထောင်အတွင်း အနှစ် ၂၀ ကျော် နေခဲ့စဉ်အတွင်း အမှတ်တရ များစွာရှိခဲ့သည်။ ထိုအမှတ်တရ များစွာထဲက မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုကို ကိုအောင်ကျော်စိုးက အခုလို ပြန်ပြောသည်။ “ကျွန်တော့်ဆီက စာအုပ်မိသွားတဲ့ ကိစ္စ၊ မိတဲ့စာအုပ်က ပရိတ်ကြီး ၁၁ သုတ်စာအုပ်၊ အဲဒီစာအုပ်မိတဲ့ အချိန်မှာ ထုတ်ပြီး အရိုက်ခံရတယ်။ ပရိတ်ကြီး ၁၁ သုတ်ကို အလွတ်ကျက်နေတဲ့ ကာလ၊ ပဋ္ဌာန်းကို အလွတ်ကျက်နေတဲ့ ကာလမှာ ထုတ်အရိုက်ခံရတာတော့ ကျွန်တော့်အတွက် အမှတ်အရဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး စာအုပ်ကိုတောင် ပေးမဖတ်တော့ ဘယ်လောက်ထိ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတာ” ဟု ပြန်ပြောပြသည်။

ထောင်ထဲတွင် မမေ့နိုင်စရာတွေ ဖြစ်ခဲ့သလို တတိယမြောက် သမိုင်းပေးတာဝန် ထမ်းဆောင်ရန် ကိုအောက်ကျော်စိုးကို ဆွဲဆောင်ခဲ့သော အကြောင်းအရာများသည်လည်း ထောင်ထဲကပင် စတင်ခဲ့သည်ဟု ဆိုရပေမည်။ ထောင်ကျနေစဉ်အတွင်း အင်းစိန်ထောင်ထဲ၌ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဝင်းတင်(ဟံသာဝတီ)၊ ဒေါက်တာတင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည် ဆရာဝန်) နှင့် ဆုံခဲ့သည်။ ထောင်က လွတ်သည့်အခါ ကယားပြည်နယ်က လူငယ်တွေကို ပြန်စုပေးဖို့ ဦးဝင်းတင်က ကိုအောင်ကျော်စိုးကို အကူအညီတောင်းခဲ့သည်။ ထို့ကြောင့် ထောင်က လွတ်သည့်အခါ ကယားပြည်နယ်တွင် လူငယ်အဖွဲ့တစ်ခုဖွဲ့ကာ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

သို့ဖြင့် ကိုအောင်ကျော်စိုးအတွက် နောက်ထပ် သမိုင်းပေးတာဝန်ကို ဆက်လက် ပခုံးထမ်းရမည့် အခြေအနေတစ်ခု ထပ်မံရရှိလာခြင်း ဖြစ်သည်။ ၄င်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီက ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် တိုင်းပြည်အကျိုး ပိုမိုဆောင်ရွက်နိုင်စေရန် လွှတ်တော်နိုင်ငံရေးက ပိုထိရောက်နိုင်သည်ဟု ယူဆသဖြင့် အမတ်ဝင်အရွေးခံရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“ထောင်ကထွက်ပြီးတော့ ပါတီမဝင်ဘူး။ ပါတီက စည်းတွေဘောင်တွေ ရှိတယ်၊ ဒါပေမဲ့ အပြင်မှာ လုပ်ရတာက အကန့်အသတ်ရှိတယ်။ ဒေသခံတွေအတွက် လွှတ်တော်နိုင်ငံရေးက ဒီထက်ပိုလုပ်နိုင်မယ်လို့ မျှော်မှန်းတယ်လေ။ အဲဒါနဲ့ ရွေးကောက်ပွဲဝင်ဖို့ လက်ခံလိုက်တာ” ဟု ကိုအောင်ကျော်စိုးက ဆိုသည်။

ထို့နောက် ကိုအောင်ကျော်စိုးသည် NLD ပါတီကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ရ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာမည်ကျော် ငြိမ်းချမ်းရေးစင်တာ ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရကာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရရှိလာခြင်းနှင့် ပတ်သက်၍လည်း ကိုအောင်ကျော်စိုးက “NLD ကိုယုံကြည်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ ၊ လူထုအပြောင်းအလဲကို ယုံကြည်လို့ ကျွန်တော်နိုင်တာ” ဟု ဆိုသည်။ ယခုဆို ကိုအောင်ကျော်စိုးမှာ တစ်ချိန်က သူမျှော်လင့်မထားသည့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာခဲ့ပြန်သည်။

သည်အချိန်တွင်တော့ သူ့အနေဖြင့် သူချစ်သော ကယားပြည်နယ် ဒေသခံများအတွက် ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ဆောင်ရွက်ဖို့ ဆန္ဒရှိနေသည် ဟု ဆိုသည်။ ပြီးလျှင် ငြိမ်းချမ်းရေးကိစ္စရပ်များ ထဲတွင် ပြည်တော်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် တော်လှန်ရေး ရဲဘော်ဟောင်းများ ဂုဏ်သိက္ခာရှိစွာ ပြည်တော်ပြန်ရေး ဝိုင်းဝန်းလုပ်ဆောင်ဖို့ စဉ်းစားထားသည်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများတွင် သူလုပ်ဆောင်ရန် ပြင်ဆင်ထားခြင်းနှင့် ပတ်သက်၍လည်း “ငြိမ်းချမ်းရေးဖြစ်စဉ် ကိစ္စရပ်တွေမှာ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်) ကို လက်မှတ်ထိုးတဲ့ အဖွဲ့ကထိုးတယ်၊ မထိုးတဲ့အဖွဲ့က မထိုးသေးဘူး၊ မထိုးတဲ့အဖွဲ့တွေ ကျန်နေသေးတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ပါတီရဲ့မူနဲ့အညီ အဆိုတင်ဖို့တော့ စဉ်းစားထားတာတွေ ရှိတယ်” ဟု ကိုအောင်ကျော်စိုးက ဆိုသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍လည်း သူယုံကြည်ထားသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယုံကြည်လာလျှင် လက်နက်စွန့်ပါလိမ့်မည်ဟု ဆိုသည်။ ယခုဆို ကိုအောင်ကျော်စိုး တစ်ယောက် ခေတ်ကြီးက ပေးလာသည့် သမိုင်းပေးတာဝန်များကို ထမ်းဆောင်ရန် နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်သည်။ သည်အချိန် သမိုင်းပေးတာဝန်များ ထမ်းဆောင်ချိန်မှာတော့ ကိုအောင်ကျော်စိုး မျှော်လင့်ထားသည့် လိုအင်ဆန္ဒများ ပြည့်ဝနိုင်မည်လား ၊ တစ်နည်းအားဖြင့် ကိုအောင်ကျော်စိုး ပခုံးပေါ် ရောက်ရှိနေသည့် ပြည်သူကို အလုပ်အကျွေး ပြုရမည့် တာဝန်များကို သူကိုယ်တိုင် ဘယ်လောက်အထိ ထမ်းရွက်နိုင်မည်လဲ ဆိုသည်ကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြမည် ဟု ထင်ပါသည်။

ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment