Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

လႊတ္ေတာ္အမတ္တို႔ကို သင္တန္းေပးမႈအေပၚ မေဝဖန္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ထုတ္ျပန္

   သတင္း ျပည္တြင္း ႏိုင္ငံေရး

မင္းမင္း


(ဓာတ္ပံု- မင္းမင္း/မဇၩိမ)

ေနျပည္ေတာ္(ေဖေဖာ္ဝါရီ ၁၈)။ ။ ျပည္ေထာင္စုလႊတ္ေတာ္အမတ္မ်ားအား ကုလသမဂၢဖြ႔ံၿဖိဳးမႈအစီအစဥ္(UNDP)ႏွင့္ ႏုိင္ငံတကာပါလီမန္မ်ားအဖြဲ႔(IPU)တုိ႔ဦးေဆာင္ကာ ငါးရက္ၾကာသင္တန္းပို႔ခ်ေနမႈအေပၚ လူမႈကြန္ယက္အခ်ိဳ႕တြင္ ေဝဖန္ေရးသားေနမႈမ်ားသည္ မလိုလားအပ္ေသာ၊ အျပဳသေဘာမေဆာင္သည့္ ေရးသားေဖာ္ျပခ်က္မ်ားျဖစ္သည့္အတြက္ ျပည္သူမ်ားသတိျပဳဆင္ျခင္ႏုိင္ရန္ဟုဆိုကာ ျပည္ေထာင္စုလႊတ္ေတာ္႐ံုးက သတင္းထုတ္ျပန္လိုက္သည္။

"လႊတ္ေတာ္ဆိုင္ရာလုပ္ငန္းမ်ားရွင္းလင္းေဆြးေႏြးျခင္း အစီအစဥ္ႏွင့္ စပ္လ်ဥ္း၍ သတင္းထုတ္ျပန္ျခင္း" ဟူ၍ ေခါင္းစဥ္တပ္ထားေသာ ျပည္ေထာင္စုလႊတ္ေတာ္႐ံုး၏ ေဖေဖာ္ဝါရီ ၁၈ရက္စြဲပါ ထုတ္ျပန္ခ်က္တြင္ "မလိုလားအပ္ေသာ၊ အျပဳသေဘာမေဆာင္သည့္ ေရးသားေဖာ္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္သူလူထုအေနျဖင့္ သတိျပဳဆင္ျခင္ႏုိင္ပါရန္" ဟု ေဖာ္ျပထားသည္။

လႊတ္ေတာ္ဝင္းအတြင္းရွိ သဘင္ေဆာင္တြင္ ျပည္ေထာင္စုလႊတ္ေတာ္အမတ္ ၄၆၅ဦးအား ကုလသမဂၢဖြ႔ံၿဖိဳးမႈအစီအစဥ္(UNDP)ႏွင့္ ႏုိင္ငံတကာပါလီမန္မ်ားအဖြဲ႔(IPU)တုိ႔ဦးေဆာင္ကာ ေဖေဖာ္ဝါရီ ၁၅ရက္ကစၿပီး ငါးရက္ၾကာသင္တန္းပို႔ခ်ေနမႈအေပၚ လူမႈကြန္ယက္စာမ်က္ႏွာအခ်ိဳ႕တြင္ ေရးသားေဖာ္ျပမႈမ်ားသည္ လႊတ္ေတာ္မ်ား၏ ဂုဏ္သိကၡာ၊ ႏုိင္ငံတကာဆက္ဆံေရးႏွင့္ UNDP၊ IPUတို႔ကို ထိခိုက္ေစသည္ဟုဆိုကာ ျပည္ေထာင္စုလႊတ္ေတာ္႐ံုးက သတင္းထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

ေဖ့စ္ဘြတ္စာမ်က္ႏွာတစ္ခုျဖစ္သည့္ 7 Eleven Mediaတြင္ “အခ်ဳပ္အျခာအာဏာစတင္ ဆုံးရႈံးေနျပီ ျဖစ္တဲ့ ျမန္မာပါလီမန္”ဟူ၍ ေခါင္းစဥ္တပ္ကာ "လႊတ္ေတာ္အစည္းအေဝးေတြကိုေမွ်ာ္လင့္တၾကီးနဲ႕ ေစာင့္ေနၾကခ်ိန္မွာ ႏိုင္ငံအတြက္ သိကၡာက်စရာ ျဖစ္ရပ္ေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ အျဖဴေကာင္ေတြက ျမန္မာေတြရဲ႕ ျပည္ေထာင္စုလႊတ္ေတာ္ၾကီးကိုသင္တန္းပို႕ခ်ၾကတာမီဒီယာေတြကလည္းအမႊမ္းေတြတင္။ ေၾသာ္ျမန္မာေတြ အခ်ဳပ္အျခာေပ်ာက္သြားျပီဆိုတာေတာင္ မသိၾကေတာ့အထိပါပဲ" ၊ " ျပည္ေထာင္စုရဲ႕ အျမင့္ဆုံးလႊတ္ေတာ္ၾကီးမွာအျဖဴေကာင္ေတြ လတ္လ်ားလတ္လ်ားနဲ႔ သြားလာေနၾကတာ ျမန္မာပါလီမန္လား၊ ျပည္ပၾသဇာခံရုပ္ေသးပါလီမန္လားထင္မွတ္မွားစရာ ျဖစ္ေနပါတယ္" စသျဖင့္ ေဖေဖာ္ဝါရီ ၁၆ရက္က ေရးသားထားသည္ကို ေတြ႔ရသည္။

ျပည္ေထာင္စုလႊတ္ေတာ္႐ံုးကမူ "လူမႈကြန္ယက္အခ်ိဳ႕တြင္ အထက္ပါအစီအစဥ္ေဆာင္ရြက္မႈႏွင့္ စပ္လ်ဥ္း၍ ႏုိင္ငံေတာ္ႏွင့္ ဥပေဒျပဳလႊတ္ေတာ္မ်ား၏ ဂုဏ္သိကၡာ၊ ႏုိင္ငံတကာဆက္ဆံေရးႏွင့္ UNDP၊ IPUအပါအဝင္ မိတ္ဖက္အဖြဲ႔အစည္းမ်ား၏ ပူးေပါင္းကူညီပံ့ပိုးမႈမ်ားကို ထိခိုက္ေစေသာအခ်က္မ်ား၊ ျပည္သူမ်ား အထင္အျမင္လြဲမွားေစႏုိင္သည့္ ထင္ျမင္ယူဆခ်က္မ်ားကို ေရးသားေဖာ္ျပလ်က္ရွိေၾကာင္း သိရွိရပါသည္" ဟု  ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျပည္ေထာင္စုလႊတ္ေတာ္႐ံုး၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး NLDပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးဝင္းထိန္က "လႊတ္ေတာ္က တည္တည္ၾကည္ၾကည္နဲ႔ တံု႔ျပန္လိုက္တာပဲ။ အဲ့လိုပဲ ကၽြန္ေတာ္သေဘာရတယ္" ဟု ေဖေဖာ္ဝါရီ ၁၈ရက္တြင္ ေျပာသည္။

UNDPႏွင့္ IPUတို႔ ဦးေဆာင္ျပဳလုပ္ေသာ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္အမတ္မ်ားအား လႊတ္ေတာ္ဆိုင္ရာလုပ္ငန္းမ်ားရွင္းလင္းေဆြးေႏြးျခင္းအစီအစဥ္သည္ လႊတ္ေတာ္အမတ္တို႔အား ဥပေဒျပဳျခင္း၊ ေစာင့္ၾကည့္ေလ့လာျခင္းႏွင့္ အျပန္အလွန္ထိန္းေက်ာင္းျခင္းတို႔ကို ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ လႊတ္ေတာ္ဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီေဆာင္ရြက္ႏုိင္ရန္ ရည္ရြယ္ျပဳလုပ္ျခင္းျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုလႊတ္ေတာ္႐ံုးက သတင္းထုတ္ျပန္ထားသည္။

"သင္တန္းဆိုေပမယ့္ အျပန္အလွန္ေဆြးေႏြးတဲ့သေဘာပါ။ သူတို႔ဆီက ဥပေဒျပဳေရးအေတြ႔အႀကံဳေတြကို အမ်ားႀကီးေလ့လာခြင့္၊ သိခြင့္ရပါတယ္" ဟု သင္တန္းတက္ေရာက္ေနေသာ လႊတ္ေတာ္အမတ္တစ္ဦးက ေဖေဖာ္ဝါရီ ၁၇ရက္တြင္ မဇၩိမကို ေျပာသည္။

အဆိုပါ အစီအစဥ္တြင္ ႏုိင္ငံတကာလႊတ္ေတာ္အမတ္မ်ားက တက္ေရာက္ကာ ဦးေဆာင္ေဆြးေႏြးလ်က္ရွိၿပီး ျပည္ေထာင္စုလႊတ္ေတာ္အမတ္မ်ားအေနျဖင့္ ႏုိင္ငံတကာလႊတ္ေတာ္အမတ္မ်ား၏ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာ အေတြ႔အႀကံဳမ်ားကို အခ်ိန္တိုအတြင္း ေလ့လာသိရွိခြင့္၊ ပါဝင္ေဆြးေႏြးခြင့္ရရွိေစသည္ဟုလည္း ျပည္ေထာင္စုလႊတ္ေတာ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားေသးသည္။

NLDအမတ္အမ်ားဆံုးေနရာယူထားေသာ ဒုတိယအႀကိမ္လႊတ္ေတာ္အစည္းအေဝးမ်ားကို ေဖေဖာ္ဝါရီ ၁ရက္ကတည္းက စတင္ျပဳလုပ္ေနၿပီျဖစ္သည္။
- See more at: http://mizzimaburmese.com/article/11337#sthash.g7LRTnqt.dpuf
.....................
လွှတ်တော်အမတ်တို့ကို သင်တန်းပေးမှုအပေါ် မဝေဖန်ဖို့ ပြည်ထောင်စုလွှတ်တော်ထုတ်ပြန်

    သတင်း ပြည်တွင်း နိုင်ငံရေး

မင်းမင်း


(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၈)။ ။ ပြည်ထောင်စုလွှတ်တော်အမတ်များအား ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့ဦးဆောင်ကာ ငါးရက်ကြာသင်တန်းပို့ချနေမှုအပေါ် လူမှုကွန်ယက်အချို့တွင် ဝေဖန်ရေးသားနေမှုများသည် မလိုလားအပ်သော၊ အပြုသဘောမဆောင်သည့် ရေးသားဖော်ပြချက်များဖြစ်သည့်အတွက် ပြည်သူများသတိပြုဆင်ခြင်နိုင်ရန်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

"လွှတ်တော်ဆိုင်ရာလုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း" ဟူ၍ ခေါင်းစဉ်တပ်ထားသော ပြည်ထောင်စုလွှတ်တော်ရုံး၏ ဖေဖော်ဝါရီ ၁၈ရက်စွဲပါ ထုတ်ပြန်ချက်တွင် "မလိုလားအပ်သော၊ အပြုသဘောမဆောင်သည့် ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်သူလူထုအနေဖြင့် သတိပြုဆင်ခြင်နိုင်ပါရန်" ဟု ဖော်ပြထားသည်။

လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပြည်ထောင်စုလွှတ်တော်အမတ် ၄၆၅ဦးအား ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၅ရက်ကစပြီး ငါးရက်ကြာသင်တန်းပို့ချနေမှုအပေါ် လူမှုကွန်ယက်စာမျက်နှာအချို့တွင် ရေးသားဖော်ပြမှုများသည် လွှတ်တော်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် UNDP၊ IPUတို့ကို ထိခိုက်စေသည်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်သည့် 7 Eleven Mediaတွင် “အချုပ်အခြာအာဏာစတင် ဆုံးရှုံးနေပြီ ဖြစ်တဲ့ မြန်မာပါလီမန်”ဟူ၍ ခေါင်းစဉ်တပ်ကာ "လွှတ်တော်အစည်းအဝေးတွေကိုမျှော်လင့်တကြီးနဲ့ စောင့်နေကြချိန်မှာ နိုင်ငံအတွက် သိက္ခာကျစရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဖြူကောင်တွေက မြန်မာတွေရဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကိုသင်တန်းပို့ချကြတာမီဒီယာတွေကလည်းအမွှမ်းတွေတင်။ သြော်မြန်မာတွေ အချုပ်အခြာပျောက်သွားပြီဆိုတာတောင် မသိကြတော့အထိပါပဲ" ၊ " ပြည်ထောင်စုရဲ့ အမြင့်ဆုံးလွှတ်တော်ကြီးမှာအဖြူကောင်တွေ လတ်လျားလတ်လျားနဲ့ သွားလာနေကြတာ မြန်မာပါလီမန်လား၊ ပြည်ပသြဇာခံရုပ်သေးပါလီမန်လားထင်မှတ်မှားစရာ ဖြစ်နေပါတယ်" စသဖြင့် ဖေဖော်ဝါရီ ၁၆ရက်က ရေးသားထားသည်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်ရုံးကမူ "လူမှုကွန်ယက်အချို့တွင် အထက်ပါအစီအစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် ဥပဒေပြုလွှတ်တော်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် UNDP၊ IPUအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကို ထိခိုက်စေသောအချက်များ၊ ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သည့် ထင်မြင်ယူဆချက်များကို ရေးသားဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်" ဟု  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က "လွှတ်တော်က တည်တည်ကြည်ကြည်နဲ့ တုံ့ပြန်လိုက်တာပဲ။ အဲ့လိုပဲ ကျွန်တော်သဘောရတယ်" ဟု ဖေဖော်ဝါရီ ၁၈ရက်တွင် ပြောသည်။

UNDPနှင့် IPUတို့ ဦးဆောင်ပြုလုပ်သော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အမတ်များအား လွှတ်တော်ဆိုင်ရာလုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်သည် လွှတ်တော်အမတ်တို့အား ဥပဒေပြုခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ထားသည်။

"သင်တန်းဆိုပေမယ့် အပြန်အလှန်ဆွေးနွေးတဲ့သဘောပါ။ သူတို့ဆီက ဥပဒေပြုရေးအတွေ့အကြုံတွေကို အများကြီးလေ့လာခွင့်၊ သိခွင့်ရပါတယ်" ဟု သင်တန်းတက်ရောက်နေသော လွှတ်တော်အမတ်တစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ အစီအစဉ်တွင် နိုင်ငံတကာလွှတ်တော်အမတ်များက တက်ရောက်ကာ ဦးဆောင်ဆွေးနွေးလျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်အမတ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်အမတ်များ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြံုများကို အချိန်တိုအတွင်း လေ့လာသိရှိခွင့်၊ ပါဝင်ဆွေးနွေးခွင့်ရရှိစေသည်ဟုလည်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

NLDအမတ်အများဆုံးနေရာယူထားသော ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ရက်ကတည်းက စတင်ပြုလုပ်နေပြီဖြစ်သည်။
- See more at: http://mizzimaburmese.com/article/11337#sthash.g7LRTnqt.dpuf

No comments:

Post a Comment