Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ေပ ၄ဝ ခန္႔ရွိ ေဝလငါးႀကီး မြမ္ဘိုင္းကမ္းေျခတြင္ ေသာင္တင္ေသဆံုး၊ ကရိန္းျဖင္႕ဖယ္ရွားခဲ႕ရ



နယူးေဒလီ ဇန္နဝါရီ ၂၉

ေပ ၄ဝ ခန္႔ရွည္လ်ားၿပီး အေလးခ်ိန္ တန္ ၂ဝ ခန္႔ရွိ ေဝလငါးႀကီးတစ္ေကာင္ အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ ဂ်ဴဟူကမ္းေျခ၌ ဇန္နဝါရီ ၂၈ ရက္ညတြင္ ေသာင္တင္ေသဆံုးလ်က္ရွိရာ ကရိန္းျဖင့္ ဖယ္ရွားခဲ့ရသည္။

အဆိုပါ ေဝလငါးႀကီး ေသာင္တင္ေသဆံုးေနမႈကို ကမ္းေျခတြင္ သြားလာလႈပ္ရွားေနသူမ်ားက ျမင္ေတြ႕ခဲ့ၿပီး သစ္ေတာဌာနသို႔ အေၾကာင္းၾကားခဲ့ၿပီးေနာက္ ဝန္ခ်ီကရိန္းျဖင့္ ဖယ္ရွားခဲ့ရျခင္းျဖစ္သည္။

''ေဝလငါးႀကီးမွာ ထိခိုက္ဒဏ္ရာ ရရွိတဲ့လကၡဏာေတာ့ မေတြ႕ရပါဘူး။ ဒါေပမယ့္ ခြဲစိတ္စစ္ေဆးၾကည့္ရပါဦးမယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ေဝလငါးႀကီးရဲ႕အ႐ိုးစုကို မပ်က္စီးေအာင္ ထိန္းသိမ္းသြားမွာပါ'' ဟု မြမ္ဘိုင္း သစ္ေတာထိန္းသိမ္းေစာင့္ေရွာက္ေရး ဌာနမွ မကာရန္ ဘီ ေဂါ့ဒ္ကီ က ေျပာၾကားသည္။

အဆိုပါ ဧရာမေဝလငါးႀကီးကို သစ္ေတာဌာနက ကရိန္းျဖင့္ ဖယ္ရွားေနစဥ္ လူမ်ားက စိတ္ဝင္တစားျဖင့္ ဝိုင္းအံုၾကည့္႐ႈေနသည္ကို ေဒသခံ ႐ုပ္သံလိုင္းမ်ားက ႐ိုက္ကူးထုတ္လႊင့္ ျပခဲ့သည္။

''ဒီငါးႀကီးေသဆံုးရတာ အေၾကာင္းအမ်ဳိးမ်ဳိးရွိႏိုင္ပါတယ္။ ေရထုညစ္ညမ္းမႈနဲ႔ စက္႐ံုေတြကစြန္႔ထုတ္တဲ့ အညစ္အေၾကးေတြေၾကာင့္လည္း ေသဆံုးေစႏိုင္သလို ပလတ္စတစ္ကို စားမိလို႔လည္း ေသႏိုင္ပါတယ္။ ေရာဂါတစ္ခုခုေၾကာင့္ ေသသြားခဲ့ရင္ ငါးႀကီးရဲ႕ ခႏၶာကိုယ္အျပင္ပိုင္းမွာ ဒဏ္ရာေတြ႕ရမွာ မဟုတ္ပါဘူး'' ဟု သႏၲာေက်ာက္တန္း ေစာင့္ၾကည့္ ေလ့လာေရးပညာရွင္ အနီမက္ရွ္ လီမာရီက ေျပာၾကားသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
...................................
12 နာရီ ခန့်က)


နယူးဒေလီ ဇန်နဝါရီ ၂၉

ပေ ၄ဝ ခန့်ရှည်လျားပြီး အလေးချိန် တန် ၂ဝ ခန့်ရှိ ဝေလငါးကြီးတစ်ကောင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဂျူဟူကမ်းခြေ၌ ဇန်နဝါရီ ၂၈ ရက်ညတွင် သောင်တင်သေဆုံးလျက်ရှိရာ ကရိန်းဖြင့် ဖယ်ရှားခဲ့ရသည်။

အဆိုပါ ဝေလငါးကြီး သောင်တင်သေဆုံးနေမှုကို ကမ်းခြေတွင် သွားလာလှုပ်ရှားနေသူများက မြင်တွေ့ခဲ့ပြီး သစ်တောဌာနသို့ အကြောင်းကြားခဲ့ပြီးနောက် ဝန်ချီကရိန်းဖြင့် ဖယ်ရှားခဲ့ရခြင်းဖြစ်သည်။

''ဝေလငါးကြီးမှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့လက္ခဏာတော့ မတွေ့ရပါဘူး။ ဒါပေမယ့် ခွဲစိတ်စစ်ဆေးကြည့်ရပါဦးမယ်။ ကျွန်တော်တို့အနေနဲ့ ဝေလငါးကြီးရဲ့အရိုးစုကို မပျက်စီးအောင် ထိန်းသိမ်းသွားမှာပါ'' ဟု မွမ်ဘိုင်း သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ မကာရန် ဘီ ဂေါ့ဒ်ကီ က ပြောကြားသည်။

အဆိုပါ ဧရာမဝေလငါးကြီးကို သစ်တောဌာနက ကရိန်းဖြင့် ဖယ်ရှားနေစဉ် လူများက စိတ်ဝင်တစားဖြင့် ဝိုင်းအုံကြည့်ရှုနေသည်ကို ဒေသခံ ရုပ်သံလိုင်းများက ရိုက်ကူးထုတ်လွှင့် ပြခဲ့သည်။

''ဒီငါးကြီးသေဆုံးရတာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ရေထုညစ်ညမ်းမှုနဲ့ စက်ရုံတွေကစွန့်ထုတ်တဲ့ အညစ်အကြေးတွေကြောင့်လည်း သေဆုံးစေနိုင်သလို ပလတ်စတစ်ကို စားမိလို့လည်း သေနိုင်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သေသွားခဲ့ရင် ငါးကြီးရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းမှာ ဒဏ်ရာတွေ့ရမှာ မဟုတ်ပါဘူး'' ဟု သန္တာကျောက်တန်း စောင့်ကြည့် လေ့လာရေးပညာရှင် အနီမက်ရှ် လီမာရီက ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment