Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ရေဘေးလှူဖို့ လေလံတင်ရောင်းတဲ့ စီးရီးကာဗာအတွက် သိန်းခြောက်ဆယ်ရသွားတဲ့ ရန်ရန်ချန်း


သိန်းခြောက်ဆယ်ဖြင့် လေလံအောင်ခဲ့သည့် 'အစာမကြေဘူး" တေးစီးရီးကာဗာကိုတွေ့ရစဉ် Photo-ရန်ရန်ချန်းဖေ့စ်ဘွတ်
 ရေဘေးသင့်ပြည်သူများ အား လှူဒါန်းရန် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ၎င်းသိမ်းဆည်းထားခဲ့သည့် တေးစီးရီးတစ်ခု၏ ကာဗာကို လေလံတင် ရောင်းချခဲ့ရာ ကျပ်သိန်းခြောက် ဆယ်ရရှိခဲ့ကြောင်း အဆိုတော် ရန်ရန်ချန်းက ပြောသည်။
အဆိုပါ သီချင်းခွေကာဗာ မှာ ၁၉၉၉ ခုနှစ်က အောင်မြင် ခဲ့သည့် အက်ဆစ်အဖွဲ့အပါအဝင် အဆိုတော်များ ပါဝင်သီဆိုခဲ့သည့် ‘‘အစာမကြေဘူး’’စီးရီး ဖြစ်ပြီး ဩဂုတ် ၉ ရက်တွင် MEP ၌ ဂီတအနုပညာရှင်များ စုပေါင်း ဆောင်ရွက်သည့် ရေဘေးသင့် ပြည်သူများအား လှူဒါန်းမည့် ရန်ပုံငွေရှာပွဲ၌  ယင်းသို့လေလံ တင်ရောင်းချခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်က အမှတ်တရ ပစ္စည်းလေးတွေစုဆောင်းတာ ဝါသနာပါတော့ ကိုယ်ဖြတ်သန်း ခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ သိမ်းထားခဲ့တာလေးတွေရှိတယ်။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းမယ့် ဂီတအနုပညာရှင် တွေ ဈေးရောင်းပွဲလုပ်တော့ ကျွန် တော်လည်း တတ်နိုင်သမျှပါဝင် အားဖြည့်မယ်ဆိုပြီးရှိတဲ့ ပစ္စည်း လေးတွေ ပထမရောင်းချပေးဖို့ပဲ။ အိမ်ကလူကြီးတွေက ဒီအတိုင်း ရောင်းတာထက်စာရင် ရေဘေး သင့်ပြည်သူတွေကို ပိုမိုလှူဒါန်း နိုင်အောင် အခုလိုအကြံပေးလို့ လုပ်ဖြစ်တာပါ’’ဟု ရန်ရန်ချန်းက ပြောသည်။
လေလံရရှိခဲ့သည့် အလှူငွေ များကို ရန်ရန်ချန်းက အဆိုပါ စီးရီးတွင်ပါဝင်ခဲ့သည့်  ဟိန်းဇော်၊ဗျိုက်၊ ကိုင်ဇာတင်မုံ၊ ဇာနည်၊ အနဂ္ဂ၊ ဇေယျာသော်၊ သားစိုး၊ဘာဘူ၊ အုပ်ကြီး၊ ရွှေဂျော်ဂျော်နှင့် သုခမိန်လှိုင်တို့အားလုံးကိုယ် စားလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
‘‘အခုရေဘေးသင့်ပြည်သူ တွေအတွက် လှူဒါန်းရာမှာ ကျွန် တော်တစ်ယောက်တည်းအတွက် သာမဟုတ်ဘဲ ကျွန်တော့်ရဲ့လုပ် ဖော်ကိုင်ဖက်သူငယ်ချင်းများ၊ မိတ်ဆွေများအားလုံးအတွက်ပါ ရည်စူးပြီး လှူဒါန်းတာပါ’’ဟု ရန်ရန်ချန်းက ပြောသည်။
အဆိုပါ သီချင်းခွေကာဗာ ကို လေလံတင်ရာတွင် ပိုင်ရှင်ဖြစ် သူ ရန်ရန်ချန်းက ကြမ်းခင်းဈေး ခေါ်ထားခြင်းမရှိဘဲ လေလံဆွဲသူ တစ်ဦးက ကြမ်းခင်းဈေးငါးသောင်းကျပ်မှ စတင်ခေါ်ခဲ့ရာ နောက်ဆုံး တွင် ကျပ်သိန်းခြောက်ဆယ်ဖြင့် လေလံရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေလံအောင်မြင် ခဲ့သည့် ကျပ်သိန်းခြောက်ဆယ် အနက် ကျပ်သိန်းလေးဆယ်ကို ဂီတရန်ပုံငွေရှာပွဲတွင် ရန်ရန်ချန်း က ချက်ချင်းလှူဒါန်းခဲ့ပြီး ကျန် ကျပ်သိန်းနှစ်ဆယ်ကို ရေဘေး သင့်ဒေသများအား ခွဲဝေလှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။
ရန်ရန်ချန်းသည် ဂျေမီ၊ G Tone တို့ဖြင့် သုံးယောက်ပေါင်း အခွေကို ဩဂုတ်တွင် ထွက်ရှိရန် စီစဉ်ခဲ့သော်လည်း ရေဘေးအခြေ အနေကြောင့်အခွေထွက်ရက်ကို နောက်ဆုတ်ထားသည်။
http://7daydaily.com/story/43899

No comments:

Post a Comment