Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 27, 2015

Baltimore အရေးပေါ် အခြေအနေ ကြေငြာ

Baltimore မြို့က အဓိကရုန်းမြင်ကွင်း။ 
အမေရိကန် ပြည်ထောင်စု အရှေ့ဖက်ခြမ်း Baltimore မြို့မှာ အခုလဆန်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိမ်းသိမ်းထားစဉ် ရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ လူမည်းအမျိုးသားရဲ့ အသုဘ အခမ်းနား ပြုလုပ်အပြီး လမ်းမတွေပေါ်မှာ တနင်္လာနေ့ က တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး Larry Hogan ကBaltimore မြို့မှာ အရေးပေါ် အခြေအနေ ကြေငြာလိုက်ပြီး အကြမ်းဖက် ဆူပူမှုတွေကို ကူညီ ထိန်းသိမ်းပေးဖို့National Guard လို့ခေါ်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တာဝန် ပေးအပ်လိုက်ပါတယ်။

ရာနဲ့ ချီရှိတဲ့ လူငယ်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် (၇) ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Baltimore ရဲတပ်ဖွဲ့က အရာရှိ Captain Eric Kowalczyk က ပြောပါတယ်။

လူငယ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ပုလင်းတွေ အပါဝင် တခြား အရာမျိုးစုံနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရုပ်သံထုတ်လွှင်ချက် တခုက ပြသရာမှာ ရဲကားတစီးကို မီးတင်ရှို့နေတာတွေ့ရသလို၊ လူတစုဟာ စတိုးဆိုင်တွေ အတွင်းကို ၀င်ရောက်ပြီး ပစ္စည်းတွေ လုယက်နေကြတာကို တွေ့ရပါတယ်။

တနင်္လာနေ့ စောစောပိုင်းကတော့ သေဆုံးသွားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် Freddy Gray ရဲ့ အသုဘ အခမ်းနားကို လူတွေထောင်နဲ့ချီပြီးတော့ တက်ရောက်ခဲ့ကြပါတယ်။

Freddy Gray သေဆုံးမှုဟာ အမေရိကန်ပြည်ထောင်စုမှာ လူနည်းစုဝင်တွေအပေါ် ရဲတပ်ဖွဲ့ရဲ့ တိုင်တွယ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ မေးခွန်းထုတ်စရာ ပေါ်လာတဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Baltimore အရေးပေါ် အခြေအနေ ကြေငြာ http://www.themeltingpot4u.com/2015/04/baltimore.html

Posted by The Melting Pot 4 U on Monday, 27 April 2015

No comments:

Post a Comment