Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 29, 2015

Congratulation အကယ်ဒမီ ၀တ်မှုံရွှေရည်











၂၀၁၃ ခုနှစ် အတွက်ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီ ၀တ်မှုံရွှေရည်အတွက် အကယ်ဒမီ ဂုဏ်ပြုပွဲကို Huaweiu က ပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲလေးက ၀တ်မှုံရွှေရည်ကို ချစ်ကြတဲ့ အနုပညာမောင်နှမများ၊ သူ့ရဲ့ပရိသတ်များတက်ရောက်ကြပြီး ပျော်ရွှင်ကြည်နူးကြတဲ့ပွဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က Huawei ရဲ့ Brand Ambassdor တစ်ယောက်ဖြစ်တာရယ်ကြောင့် ဒီဂုဏ်ပြုပွဲကို Huawei ကပြုလုပ်ပေးတာလဲဖြစ်ပါတယ်။ ဂုဏ်ပြုပွဲမှာ ၀တ်မှုံရွှေရည်ရဲ့ ဘသဖြတ်သန်းမှုကို ဗီဒီယို ဖိုင်လေးနဲ့ ပြသပေးခဲ့ပါတယ်။ ပြသပြီးတာနဲ့ ၀တ်မှုံရွှေရည်ကို မော်ဒယ်လ်ကောင်လေး အယောက် ၂၀ က လျှောက်လှမ်းတစ်ဖက်စီမှာ ခြံရံပြီးစင်မြင့်ပေါ်ကို ဖိတ်ခေါ်ပေးခဲ့တာပါ။ စင်မြင့်ပေါ်ရောက်တဲ့ ၀တ်မှုံရွှေရည်က အကယ်ဒမီ ဧည့်ခံပွဲကိုသူ့တစ်ဦးအနေနဲ့ဆိုရင် ဧည့်ခံပွဲကိုပြုလုပ်ဖြစ်တော့မှာ မဟုတ်ကြောင်း ဒါပေမယ့် Huawei က ဂုဏ်ပြုပေးတာဖြစ်တဲ့အတွက် လုပ်ဖြစ်ကြောင်း၊ ဒီနေ့ တက်ရောက်ပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ကြာင်း ဆိုပါတယ်။ ၀တ်မှုံရွှေရည်က ဒါရိုက်တာ ၀ိုင်းရိုက်ကူးတဲ့ နင်စေရင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ ၀ိုင်းကလဲ ဒီညလေး ကအရမ်းကို ကြည်နူးစရာကောင်းကြောင်း၊ ကြည်နူးတယ်လို့ပြောရတာက အနုပညာရှင်တွေမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေများစွာ ရှိတာကြောင့် အခုလိုပြောတာဖြစ်ကြောင်း ၊ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး စင်ပေါ်မှာပြောရတာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ဒီဇာတ်ကားရိုက်ကူးချိန်မှာလဲ ၀တ်မှုံရွှေရည်အတွက် စိန်ခေါ်မှုတွေရှိခဲ့ကြောင်း၊ ၀တ်မှုံရွှေရည်လဲ ဒီဇာတ်ကားရိုက်ကူးနေရင်းနဲ့ ဆေးသွင်းယူရတဲ့အထိ ဖြစ်ခဲ့ကြောင်း၊ နောက်ထပ်ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာလဲ အာရုံစိုက် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးကြောင်း အမှတ်တရ စကားဆိုပါသေးတယ်။
ဝတ်မှုံရွှေရည်က နင်စေရင် ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦး၊ မင်းဦးစတဲ့သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ နင်စေရင် ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ပြေတီဦးကလဲ ၀တ်မှုံရွှေရည်နဲ့ ပတ်သက်ပြီး အမှတ်တရ စကားဆိုခဲ့ပါသေးတယ်။ အကယ်ဒမီ ၀တ်မှုံရွှေရည်က ကြော်ငြာပေါင်း ၃၀၀ နီးပါးနဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁၄၀ ကျော်၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ကျော် ရုံတင်ပြီးထားပါတယ်။ အကယ်ဒမီ ၀တ်မှုံရွှေရည် နောက်ထပ်အကယ်ဒမီဆုများစွာကို ဆွတ်ခူးနိုင်ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေလို့ Yangon Life က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အဲဒီ​နေ့က တက်​​ရောက်​လာတဲ့သူများကို Huawei Mate 7 သုံးလုံး ကံစမ်းမဲ​ဖောက်​​ပေးခဲ့ပါတယ်​။
 http://yangonlife.com.mm/mm/article/13541



No comments:

Post a Comment