နောင်တဆိုတာ နောက်မှ ရတယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ဟုတ်ပါတယ်။ နောင်တဆိုတာ
ကြိုပြီးရတဲ့ အရာမဟုတ်ပါဘူး။ လုပ်သမျှကို နောင်တမရတက်ဘူးဆိုတဲ့ သူတွေတောင်
ဘဝမှာ အနည်းဆုံး တစ်ခါလောက်တော့ နောင်တရလေ့ရှိပါတယ်။ ဒီလေ့လာချက်ကိုတော့
အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဆန်းစစ်ထားတာဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝမှာ လုပ်ခဲ့သမျှတွေထဲ နောင်တအရဆုံဖြစ်တက်တဲ့
ကိစ္စတွေကို ဒီလေ့လာချက်က ဖော်ပြပေးထားပါတယ်။ ထူးခြားတာက ငယ်စဉ်က
ကျောင်းမှာစာမကြိုးစားခဲ့လို့ ဆိုတဲ့အချက်က အမျိုးသမီးတွေဘဝမှာ
နောင်တအရတက်ဆုံးကိစ္စဖြစ်နေတာပါပဲ။
သုတေသနပြုခဲ့တဲ့ အထဲမှာ
အမျိုးသမီးတွေ နောင်တအရတက်ဆုံးမှာ ကျောင်းတက်စဉ်တုန်းက အတော်ဆုံး
ကျောင်းသားစာရင်းထဲမှာ မဝင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီနောင်တက အမျိုးသမီး ၃၄
ရာခိုင်နှုန်းမှာ ဖြစ်လေ့ရှိတဲ့ အရာလို့ သုတေသနပြုချက်က ဆိုပါတယ်။
ဒုတိယလိုက်တဲ့ နောင်တကတော့ ကိုယ်အလေးချိန်ထိန်းဖို့ ပျက်ကွက်တဲ့
ကိစ္စဖြစ်ပါတယ်။ တတိယနောင်တအရဆုံး ကိစ္စကတော့ အလုပ်အရွေးမှာခြင်းပဲ
ဖြစ်ပါတယ်။ ဒီနောင်တသုံးမျိုးဟာ ခေတ်သစ်ပျိုမေတွေကို စိတ်ဖိစီးမှု
အများဆုံးပေးတဲ့ အရာတွေဖြစ်နေပါတယ်။
အမျိုးသမီးတွေအများစု
အခြားနောင်တရလေ့ ရှိတဲ့ ကိစ္စတွေကတော့ မိခင်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘူးလို့
ခံစားရတာ။ အလားတူခံစားရတာက သာယာစရာကောင်းတဲ့ မိသားစုကို ဖန်တီးဖို့
ပျက်ကွက်ခဲ့မှုဖြစ်ပါတယ်။ နောက်ပြီးမိန်းကလေးအများစုဟာ Romantic
ဆန်တဲ့မင်္ဂလာပွဲမျိုးကို စိတ်ကူးယဉ်ဖူးကြသူတွေဖြစ်ပါတယ်။ ဒီလိုစိတ်ကူးထဲ
မင်္ဂလာပွဲအတိုင်ဖြစ်အောင် မလုပ်နိုင်ခဲ့တာကိုလည်း မိန်းကလေးအများစုက
နောင်တလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီလေ့လာချက်ကို Diet Coke က
အမျိုးသမီးပေါင်း တစ်ထောင်ကိုမေးမြန်းပြီး စာရင်းပြုစုခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးအများစု နောင်တအရတက်ဆုံး လုပ်ရပ် ၁၀ မျိုးက
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ စာသင်ကျောင်းတွင် စာမကြိုးစားမိခဲ့ခြင်း (၃၄ %)
၂။ ကိုယ်အလေးချိန် မချမိခဲ့ခြင်း (၃၄ %)
၃။ အလုပ်အရွေးမှားခြင်း (၃၂ %)
၎။ ချမ်းသာကြွယ်ဝမည့်လမ်းကို မရွေးမိခြင်း (၂၂ %)
၅။ အတူမနေသင့်သော ယောကျာ်းနှင့် အတူနေမိခြင်း (၂၁ %)
၆။ သူငယ်ချင်းကောင်း မထားမိခြင်း (၂၀ %)
၇။ သမီးကိုလိမ္မာအောင် မလုပ်နိုင်ခဲ့ခြင်း (၁၈ %)
၈။ စိတ်လိုက်မာန်ပါလုပ်မိခြင်း (၁၈ %)
၉။ အိမ်ထောင်မကျခင် ခရီးမထွက်မိခြင်း (၁၃ %)
၁၀။ သားသမီးမရခြင်း (၁၁ %)
စတဲ့ အရာတွေဟာ ဒီနေ့ခေတ် အမျိုးသမီးတွေ နောင်တအရဆုံး ကိစ္စတွေဖြစ်ပါတယ်။
ဒီတော့ သင်လည်း နောင်တမရလေအောင် ရှောင်သင့်တာ ရှောင်ပြီး၊ လုပ်သင့်တာ
လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
planet
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 20, 2015
အမျိုးသမီးတွေ နောင်တအရဆုံး ဖြစ်ရပ်များ
အမျိုးသမီးတွေ နောင်တအရဆုံး ဖြစ်ရပ်များ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 20, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment