Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

အမျိုးသားတစ်ဦး မိုတယ် လေသာဆောင်ပေါ်မှ ပြုတ်ကျသေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၂

၁.၁.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်တွင် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းတွင် အမျိုးသား တစ်ဦး မိုတယ်အပေါ်ထပ်(၄)လွှာမှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းမိုတယ်မှ ၀န်ထမ်းဖြစ်သူ ကြည့်မြင်တိုင်မြို့နယ်နေ မောင်အောင်ဇော်၊ (၁၉)နှစ်မှာ ဦးခေါင်းထိပ်ကွဲအက်၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူသည် မိုတယ်အပေါ်ဆုံးထပ်(၄)လွှာ လေသာဆောင်တွင် ကာရံထားသော ခါးတစ်ဝက်ခန့်အမြင့်ရှိ သံပိုက်လုံးတန်း အားမှီ၍ နေလှန်းထားသည့် မွေ့ယာပေါ်သို့ ပြေး၍ခုန်တက်ရာမှ အရှိန်လွန်ပြီး အမြင့်ပေ(၆၀)ခန့်မှ အောက်သို့ပြုတ်ကျကာ ဒဏ်ရာများ ရရှိသေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment