Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ဘယ်လို မိန်းကလေးမျိုးကိုမဆို သင် အရယူနိုင်ဖို့ ဒီရိုးရှင်းတဲ့ နည်းလေးတွေက ကူညီပေးနိုင်

ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေး၊ ချစ်မြတ်နိုးရတဲ့ မိန်းကလေးရှိနေပြီဆိုရင် သူမ ကိုယ့်ကို ကြွေလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရတဲ့အခါ နည်းနည်းတော့ ခေါင်းခြောက်နိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ အခုဖော်ပြပေးမယ့် အချက်အလက်လေးတွေ၊ နည်းလမ်းလေးတွေအတိုင်း ကြိုးစားသွားမယ်ဆို၇င် ဘယ်လိုမိန်းကလေးမျိုးပဲဖြစ်နေပါစေ ကိုယ့်ကိုကြွေသွားစေမှာ အသေအချာပါပဲ။

(၁) သူမကို အပြင်ထွက်ဖို့  ခေါ်ထုတ်ပါ။

သင် သက်တောင့်သက်သက်တာရှိတယ်လို့  ထင်တဲ့အခါ သူမကို အပြင်တစ်နေရာသွားဖို့ ဒါမှမဟုတ် သင်နဲ့ အတူ တစ်ခုခုလုပ်ဖို့  ဖိတ်ခေါ်ပါ။သင်တို့ လုပ်မယ့်အရာက နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့အရာမျိုးတော့ ဖြစ်ပါစေ။သင်ဆန္ဒရှိမယ်ဆိုရင် သင့်ရဲ့ ဘ၀ အကြောင်း သူမကို သိခွင့်ပေးပါ။ သင်အဆင်ပြေနိုင်တဲ့ နေရာမျိုးကို သူမကိုခေါ်သွားပြီး သင်ဆန္ဒရှိမယ်ဆိုရင် သင် လုပ်ရတာ ဂုဏ်ယူတဲ့အရာတစ်ခုခုကို အဲ့ နေရာမှာလုပ်ပြပါ။

သင်သူမရဲ့ ကမ္ဘာလေးအကြောင်း(သူမရဲ့ ဘ၀အကြောင်း) ကို သိရှိမြင်တွေ့ လိုကြောင်း ဖော်ပြပါ။သူမက ဂီတကိုဝါသနာပါတဲ့ သူလား။ ဒါမှမဟုတ် သူမ ဖျော်ဖြေတာကို ကြည့်ခွင့်ရမလား သင်တောင်းဆိုကြည့်ပါ။သူမက သချာင်္ဘာသာကို စိတ်ဝင်တစား သင်ယူနေသူ တစ်ယောက်ဆိုလျှင်တော့ သူမရဲ ဘွဲ့ သုတေသနစာတမ်းကို ဖတ်ခွင့်ရမလား တောင်းဆိုကြည့်ပါ။

အဲ့ အဆင့်လောက်ထိ သင့်ရဲ့ ကိုယ်ပိုင်အတွင်းရေး အကြောင်းတွေကို သူမကိုပြောပြဖို့ စိတ်ကူးနဲ့ ပတ်သက်ပြီး သင်အဆင်သင့် မဖြစ်သေးဘူး၊ အဆင်မပြေသေးဘူးဆိုရင် သူမ အကြောင်း ပိုသိနိုင်စေဖို့ နေရာတစ်နေရာမှာ နေ့ လည်စာ သုံးဆောင်ဖို့  ဒါမှမဟုတ် သူမနဲ့  အတူတူ ရိုးရှင်းတာလေး တစ်ခုခုလုပ်ပါ။

(၂.)သူမဟာ သင့်အတွက် အရေးပါတဲ့သူဖြစ်ကြောင်း သူမ သိပါစေ။

ကိုယ်ရံတော် တပ်မှူးလေးတွေက မိန်းမပျိုလေးတွေကို လိုက်လံစောင့်ရှောက်ပေးတဲ့ ခေတ်က မကုန်ဆုံးသေးပါဘူး။ ကိုယ်ရံတော်တပ်မှူးလေးအဖြစ် သူမအတွက် ရှိနေပေးပါ။သူမအတွက် ပြတင်းတံခါးပေါက်တွေ ဖွင့်ပေးတာမျိုး ၊ မိုးရွာရင် သူမအပေါ် ထီးကလေးမိုးပေးတာမျိုး ၊ သူမ လက်တွေမှာ ပစ္စည်းတွေနဲ့ ပြည့်နေတဲ့အခါ ကိုယ်က ကူသယ်ပေးတာမျိုး ၊ရာသီဥတု အေးလာတဲ့ အချိန်မျိုးမှာ သင့်ရဲ့ အနွေးထည်ကို သူမကို ၀တ်ပေးတာမျိုး အစရှိတဲ့ သူမကို သင်ဂရုစိုက်ကြောင်း ဖော်ပြပေးနိုင်မယ့်  အရာလေးတွေကို လုပ်ဆောင်ပါ။ ယောကျာင်္ကောင်းတစ်ယောက်ရဲ့ ထူးခြားတဲ့ အမှတ်အသားဟာ မိန်းကလေးတစ်ယောက်ကို မိန်းမတစ်ယောက်ပီပီ ခံစားသွားစေနိုင်အောင် လုပ်ပေးနိုင်တာပါ။ မိန်းမတစ်ယောက်ဟာ လူတစ်ယောက်အတွက် အရေးပါတဲ့သူမျိုး ဖြစ်ချင်ပါတယ်။ တန်ဖိုး အထားခံရတဲ့သူမျိုး ဖြစ်ချင်ပါတယ်။သူမနဲ့ ပြောဆိုဆက်ဆံနေတဲ့အခါမှာ သူမကို စကားလိုတာထက် များများပိုပြောပေးပါ။ ပြောသမျှ အကြောင်းအရာတွေကလည်း အခြားအထွေထွေ အကြောင်းအရာတွေထက် ကိုယ်ရေးကိုယ်တွေကို ပဲ ပြောပါ။သင် သူမကို အပြင်ထွက်ဖို့  တောင်းဆိုတဲ့အခါ သင့်နဲ့ အတူတူ တစ်ခုခုကို လုပ်ဖို့ တောင်းဆိုတဲ့ အခါ သူမရဲ့ အိမ်မှာပဲ လူကိုယ်တိုင် ပြောပြီး ခွင့်တောင်း သင့်ပါတယ်။သင်ဟာ သူနဲ့ သိပ်မဝေးတဲ့ နေရာမျိုးကိုသာ သွားဖို့ ပြင်ထားကြောင်း သူမကို အသိပေးပြီး သူမကို တစ်ခုခုပြောတဲ့အခါ သူရဲဘောကြောင်တာမျိုး ဖြစ်မနေပါနဲ့။

(၃). စိတ်ကူယဉ်ဆန်ပါ။

အချစ်ရနံ့ လေးသင်းပျံ့ နေပါစေ။ ထုံးစံအတိုင်း အချစ်ရဲ့  သင်္ကေတလေးတွေဖြစ်တဲ့ နှင်းဆီပန်းလေးတွေ၊ ဖယောင်းတိုင်လေးတွေ၊ ချောကလက်လေးတွေနဲ့ ၀က်ဝံရုပ်ကလေးတွေသာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။သင့်ရဲ့ အထူးဧည့်သည်တော်လေးကို တကယ် စိတ်လှုပ်ရှားသွားစေအောင် လုပ်ပေးနိုင်မယ့် အရာကို သေချာစဉ်းစားပါ။ သူ့မှာ ရှိတဲ့ သူများနဲ့ မတူ ထူးခြားချက်ကလေးတွေကို မှတ်ထားပါ။ သူမ သဘောကျမယ့် အရာလေးတွေကိုသာ ရှာဖွေ လုပ်ဆောင်ပါ။အချစ်ရနံ့ လေးတွေနဲ့ သင်းထုံစေခြင်း၊ စိတ်ကူးယဉ် ဆန်ဆန် အချစ်စိတ်ကို ခံစားစေခြင်းဆိုတာဟာ မိန်းကလေးတစ်ယောက် ယောင်္ကျားတစ်ယောက်အတွက် ဘယ်လောက်ထူးခြားမှု ရှိလဲဆိုတာကို ၀န်ခံပြီး၊ သူမမှာရှိတဲ့ အများနဲ့ မတူတဲ့ သူမတစ်ဦးသာ ပိုင်ဆိုင်ထားတဲ့ ထူးခြားချက်ကလေးတွေက ဒီကမ္ဘာကြီးမှာ သင်တစ်ယောက်သာလျှင် အသိဆုံးဆိုတာကို လက်တွေ့ သရုပ်ဖော် ပြသခြင်းပဲဖြစ်ပါတယ်။

သူမစကားပြောနေတဲ့အချိန် အလေးထားပါ။သူမကို သူမတူအောင် ထူးခြားစေတဲ့ အကျင့်စရိုက် လဏ္ခာလေးတွေနဲ့  သူမ ချစ်မြတ်နိုးတာလေးတွေကို သင့်စိတ်ထဲမှာ မှတ်သားထားပါ။ သူမရဲ့  ထူးဆန်းတဲ့ အလွယ်တကူ မသိနိုင်အောင် လျှို့ ဝှက်ထားတဲ့ စိတ်ဝင်စားမှုလေးတွေ၊မြတ်နိုးနှစ်သက်တာတွေ နဲ့ စိတ်ကူးယဉ်အိမ်မက်လေးတွေဟာ ဘာဖြစ်နိုင်မလဲ။ မိန်းကလေးတွေဟာ သူတို့  ဟိုးရှေးရှေးက ပြောထားခဲ့တာလေးတွေကို သင်က အမှတ်တရ ပြန်ပြောနေတယ်ဆိုရင် သူတို့ သင့်ကို လျှက်တစ်ပြက်ဆိုသလို သတိပြုမိကြပါတယ်။

(၄). တစ်ယောက်အတွင်းရေးကို တစ်ယောက်အပြန်အလှန် ယုံယုံကြည်ကြည် မျှဝေပါ။

သင်ကို့ စိတ်လှုပ်ရှားစေတာလေးတွေ၊ သင်ဘ၀မှာ သင်နှစ်သက်တာတွေကို ပြောပြပါ။ သူမကို စိတ်လှုပ်ရှားစေတာလေးတွေကိုလည်း နားထောင်ပါ။ အမြဲ အကောင်းမြင်ပါ။ သင် တစ်နေ့တာမှာ အဆင်မပြေတာတွေရှိနေရင်တောင် သူမကို အပြုံးမပျက်ပဲ နှုတ်ဆက်ပါ။ အရေးအကြီးဆုံးကတော့  သူမ ပြောသမျှအားလုံးကို နားထာင်ပါ။ သူမပြောနေသမျှကို နားထောင်ပြီး သင်နားထောင်နေတယ်ဆိုတာက သူမ သိစေဖို့  သူမပြောတာကို ပြန်တုံ့ ပြန်ပြောဖို့ လည်း မမေ့ပါနဲ့။မိန်းကလေးတွေက သူတို့ ပြောတာကို ရိုးရိုးသာသား စိတ်ဝင်စားကြောင့် ပြတဲ့ ယောကျာင်္းတွေကို အလွန် တန်ဖိုးထားတတ်ကြပါတယ်။

(၅) သင်ဟာ သင်ကိုယ်တိုင်ပဲဖြစ်ပါစေ။

သင်ဟာ သူများနဲ့ မတူပါဘူး။ဒါကြောင့် သင့်သာ သင်ကိုယ်တိုင်ပဲဖြစ်နေပါစေ။သင့် အကောင်းဆုံး လုပ်နိုင်စွမ်းတွေကို ထုတ်ဖော်ပါ။သင်ဟာ ဘယ်လိုလူမျိုး အစစ်အမှန်ဖြစ်တယ်ဆိုတာကို သူမကို သိရှိပါစေ။သင့် မှာ ဟာသဥာဏ်ရှိတယ်ဆိုပါက သူမကို ဟာသတွေပြောပါ။သင်ဟာ သိပ္ပံပညာ၊ ဂီတ၊ကဗျာ နိုင်ငံရေး၊ သို့မဟုတ် အားကစား စတာတွေကို သူမကို အသိပေးပါ။ သင့်အတွက် သင့်တော်မှန်ကန်တဲ့ မိန်းမသား တစ်ဦးဟာ သင့်ကို မြတ်နိုးစုံမက်ပြီး သင့် ကို အရှိအရှိအတိုင်း ချစ်နေမယ့် သူပါ။

Ref:wikihow.com
http://www.trend.com.mm/2015/01/16/relationships-5509

No comments:

Post a Comment